ကမ်းခြေ ဂေါ်ရင်ဂျီ

အခုချိန်မှာ ကမ်းခြေခရီးတစ်ခုခုသွားသင့်တယ်လို့မထင်ဘူးလား။ ကျော်ကတော့ Beach Mood လိုချင်ပေမယ့် လတ်တလောမဖြစ်နိုင်သေးတာကြောင့် အရင်သွားခဲ့တဲ့ ဂေါ်ရင်ဂျီကိုတမ်းတမှန်းဆ ပါ ရစေ။ ကမ်းခြေသွားမယ်ဆိုရင် ဂေါ်ရင်ဂျီကိုတစ်ခါလောက်ရွေးလိုက်ပါ။ မှင်သက်သွားစေရမယ် အာ မခံတယ်ဗျို့။

ဘာကြောင့် သွားသင့့်တာလဲ

အခြားကမ်းခြေတွေက ရိုးနေပါပြီ။ နီးနီးနားနားလည်းဖြစ် ဆန်းဆန်းပြားပြားစွန့်စားခန်းလည်းဖြစ် တာမို့ ဂေါ်ရင်ဂျီကိုရွေးချယ်သင့်တာပေါ့။ ပြီးတော့ အဲဒီနေရာက သဘာဝအတိုင်းတည်ရှိနေသေးတဲ့ နေရာဖြစ်တဲ့အပြင် ပင်လယ်ရေမျက်နှာပြင်အောက်ဆီကို တိုးလျှိုး ပေါက်မြင်နေရတဲ့ ရှားပါးကမ်းခြေ တစ်ခုဖြစ်နေလို့ပေါ့။ အရမ်းလှတဲ့နေရာတွေအပြင် ဒဏ္ဍာရီဆန်ဆန်ကျွန်းတွေလည်း ဂေါ်ရင်ဂျီမှာရှိ နေတယ်ဗျို့။ ဆိုတော့ကာ သွားသင့်တဲ့နေရာလေးပေါ့။

အစားအသောက်

အခြားကမ်းခြေနဲ့မတူတာတစ်ခုက သံပခြုတ်တွေစားလို့ရနိုင်တာပါ။ တစ်လုံးကို တစ်ထောင်၊ အကောင်သေးရင် နှစ်လုံးတစ်ထောင်နဲ့ ရသေးတယ်။ လူသွားများရင် ရှားသွားမှာတော့ကြောက်ရ ပါတယ်။ ကျော်တို့တုန်းကတော့ သံပခြုတ် နှစ်ကောင်ဝယ်စားခဲ့သေးတယ်။ ဘာညာကောင်းတယ်ဆို လားပဲ။ ပြီးတော့ သဘာဝပြည်ကြီးငါးအကောင်ကြီးကြီးတွေကို ဝယ်ပြီးချက်ခိုင်းလို့ရတယ်။ ဆိုင်တော့ ရှားတယ်၊ အစားအသောက်လည်းရှားတယ်ဗျ။ ကြိုတင်စီစဉ်ပြီးမှ သွားဖို့အကြံပေးပါရစေ။ Tour တွေ နဲ့သွားရင်တော့ တစ်မျိုးပေါ့ဗျာ။ အခုကတော့ ဆိုင်တွေ Tour တွေလည်းများနေပါပြီ။

စက်လှေစီးပြီး လည်ပတ်ပါ

ပင်မကျွန်းကိုရောက်ပြီး စက်လှေတစ်စီးငှားကာ Tour ထွက်ပါ။ အံအားသင့်စရာကောင်းတဲ့အလှ တရားတွေကို ပင်လယ်ထဲစက်လှေပေါ်ကနေပြီး ခံစားပါ။ ရေအောက်ကိုကြည့်လိုက်ရင် ကိုယ့်တစ် ကိုယ်လုံးကို မှန်ကြည့်သလိုကြည်လင်ပြတ်သားစွာမြင်ချင်တယ်ဆိုရင်ကြွေချိုင်ကိုသွားလိုက်ပါ။ ရေ အမုန်းဆော့ပါ။ ကျောက်ဆောင်ကျောက်တန်းတွေအရမ်းလှတာမြင်ချင်ရင် ကုလားမချိုင်ဆိုတဲ့နေရာ ကိုသွားပါ။ ပန်းကန်လုံးကျွန်းသွားပါ။ လိပ်ချိုင်သွားပါ။ စပါးထားကျွန်း ကိုသွားပါ။ သွားလို့ရသမျှနေရာတွေ အကုန်သွားပါ။ အရမ်းလှ အရမ်းမိုက် အရမ်းအံအားသင့်စရာမို့ ရောက်တုန်းရောက်ခိုက်သွားဖြစ် အောင်သွားပါ။ မည်းမှာတော့မပူနဲ့။ ဂေါ်ရင်ဂျီကိုရောက်ပြီဆိုရင် ဘယ်လောက်ကောင်းတဲ့လိုးရှင်းပဲ ဖြစ်ဖြစ် မည်းတာကတော့ မည်းမှာပါပဲ။ ဆိုတော့ မည်းမယ့်အတူတူ သွားဖြစ်အောင်သာနှံ့အောင် သွားလိုက်ပါ။

ဘယ်လိုသွားမလဲ

ရန်ကုန်ကနေ ငရုတ်ကောင်းကို Express စီးရမှာပါ။ ငရုတ်ကောင်းမြို့ကနေ ဂေါ်ရင်ဂျီကျွန်းကို ၁၅ မိနစ်လောက်စက်လှေစီးပြီးလမ်းနည်းနည်းလျှောက်လိုက်ရင်တော့ရောက်ပါပြီ။ Express ကားကို ဒဂုံဧရာအဝေးပြေးမှာသွားစီးရတာဖြစ်ပါတယ်။ ခရီးအစအဆုံးစီစဉ်ပေးတဲ့ Tour တွေလ ည်းရှိပါတယ်။ အပြီးအစီးမှ ၆၅၀၀၀ ဆိုလားပဲ။ သိပ်အလုပ်ရှုပ်မခံချင်ဘူးဆိုရင်တော့ အဲဒီလိုသွားပါ။ ဒါပေမဲ့ သူတို့အစီအစဉ်အတိုင်းပဲ လိုက်နေရမှာဆိုတော့ ကျော် တော့ သိပ်မကြိုက်မိ။ ဂေါ်ရင်ဂျီရဲ့ ပင်မကျွန်း ကိုရောက်လို့ ဘယ်မှမသွားခင် မြဝတီတောင် ပေါ်ဘုရားကိုအရင်တက်ဖူး မျှော်လိုက်ပါဗျို့။ စေတီပေါ် ကနေ ကျွန်း တစ်ခုလုံးရဲ့မြင်ကွင်းကို ရင်သပ်ရှုမောဖွယ်မြင်ရမှာဖြစ်ပါ တယ်။
×××××