(၁၃)
“အား”
ကျွန်တော့်အော်သံကြောင့် ဘေးနားမှာရှိတဲ့သူတွေ ထခုန်သူခုန်၊ လန့်သူလန့်နဲ့ ရုတ်ရုတ်သဲသဲဖြစ်ကုန် သည်။
“ဟဲ့ ဟဲ့ လုပ်ကြပါဦး၊ ဟိုလူသတိရလာပြီ”
“အေး မသေသေးဘူးတော့်”
ကျွန်တော့်ပတ်ဝန်းကျင်က ရှိရင်းစွဲဆီကိုပြန်ရောက်လို့နေပေမယ့် စိတ်ကရခိုင်ပြည်နယ်မြောက်ဦးဆီ ကိုတမ်းတနေမိသလို။ ကျွန်တော်အဲဒီကနေအခုလေးတင်ပြန်လာတဲ့ခံစားမှုလိုလို ဖြစ်နေ၏။
“ကျွန်တော်”
“ရှင့်ကို ကျွန်မတို့ကားနဲ့တိုက်မိ အဲ ပွတ်မိလို့လေ ရှင်သတိလစ်သွားတာ”
“ဟုတ်တယ်၊ အမှန်တော့ ရှင်ငေးလာတာပါ၊ ကျွန်မတို့ကသေချာကြည့်မောင်းလာတာ၊ ရှင့်ပုံကရပ် ထားတဲ့ကားကိုတောင်တိုက်မိပြီးငါကားတိုက်မိပြီဆိုပြီးမေ့လဲသွားမယ့်အထာနဲ့ ငေးချက်”
တစ်ယောက်ပြီးတစ်ယောက် ကတ်ကတ်လန်ရန်တွေ့နေတဲ့ သူတို့အုပ်စုကိုကျွန်တော်ကြောင်ငေး ကြည့်နေမိသည်။ ယောကျင်္ားလေးတွေကတော့ဘာမှမပြောရှာ။ မိန်းကလေးတွေကတော့တစ်ယောက် တစ်ပေါက် ပေါက်ပေါက်လိုက်ဖောက်နေသည်။ ကျွန်တော့်အရွယ်ကောင်လေးနှစ် ယောက်နဲ့ ကောင်မလေးနှစ်ယောက်။
“ဘယ်အချိန်ရှိပြီလဲဟင်”
ပြောပြောဆိုဆိုနဲ့ ယောကျင်္ားလေးတစ်ယောက်ရဲ့လက်ကလက်ပတ်နာရီကိုဆွဲယူကြည့်လိုက်မိသည်။ နှစ်နာရီခွဲပြီးလေပြီ။
“ခင်ဗျားဘယ်နေရာထိသွားသေးလဲ”
ခေါင်းခါပြလိုက်သည်။ ကျွန်တော့်ခေါင်းထဲမှာတော့ ကျော်ကျော်ဘာဆက်ဖြစ်သလဲဆိုတာကိုပဲသိချင် စိတ်ကလွှမ်းမိုးလို့နေလေသည်။
“ဟူး တော်သေးတာပေါ့၊ အခုအေးဆေးပဲလား၊ အခြေအနေကောင်းတယ်မှလား”
“ဟုတ်၊ ကောင်းပါတယ်”
“အဲဒါဆို ခင်ဗျားသွားမယ့်နေရာကိုကျွန်တော်တို့လိုက်ပို့ပေးမယ်လေ၊ ဘယ်နေရာလဲပြော၊ ကျွန်တော် တို့လည်းသွားစရာရှိလို့ပါ”
သူတို့ဘယ်သွားမလဲဆိုတာကျွန်တော်သိသားပဲ၊ UMFCCI ပေါ့။ ကျွန်တော်အရမ်းသွားချင်တဲ့နေရာက လည်းအဲဒီနေရာပင်။ အဲဒီနေရာမှာ ကျော်ကျော်နဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ချို့ကြားရလိမ့်မည် ဆိုတာ အတတ်သိနေပါသည်။ ကျွန်တော်ဘာလို့မြောက်ဦးကိုရောက်သွားရတာလဲ၊ လေညှင်းတောင် ကိုရောက်သွားရတာလဲ၊ ကျော်ကျော်ဆိုတဲ့လူငယ်တစ်ယောက်ရဲ့ဘဝဆီကို ရောက်သွားရတာလဲ အရာအားလုံးကိုနားမလည်နိုင်တော့။
“ခင်ဗျားတို့သွားမယ့်နေရာကို ကျွန်တော့်ကိုခေါ်လို့ရမလား၊ လိုက်ချင်လို့ပါ”
“ကျွန်တော်တို့ဘယ်နေရာသွားမှာလဲ ခင်ဗျားသိလို့လား”
“UMFCCI”
“ဟင်”
“ကျော်ကျော်နဲ့ပတ်သက်တဲ့ဇာတ်လမ်းအဲဒီမှာရှိမယ်လို့ကျွန်တော်ယုံကြည်တယ်၊ ခင်ဗျားတို့အဲဒါသွား နားထောင်မှာမဟုတ်လားဟင်၊ ကျွန်တော်လိုက်ချင်တယ်”
သူတို့လေးယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ တိုးတိုးတိုးတိုးလည်းတိုင် ပင်ကြသည်။
“သူ့အခြေအနေက ပုံမှန်ရောဟုတ်ရဲ့လားဟင်၊ တစ်မျိုးပဲ”
“အေး၊ ခေါင်းများချောင်သွားသလား”
“ဘာပဲဖြစ်ဖြစ်လိုက်ချင်တယ်ဆိုတော့လည်းခေါ်သွားလိုက်မယ်လေ၊ ပြီးတော့မှသူ့ဘာသာသူပြန်ပေ့စေ ပေါ့၊ ဟုတ်ဘူးလား”
သူတို့သဘောတူညီမှုရကာ ကျွန်တော့်ဖက်ဆီကိုလှည့်လာသည်။
“အင်း ခင်ဗျားသဘောပဲ၊ လိုက်မယ်ဆိုလည်းသွားမယ်လေ၊ နောက်တောင်ကျနေပြီ”
ကျွန်တော့်ကိုသိပ်ထားတဲ့ကုတင်ဆီကနေဆွဲထူလိုက်ကြသည်။ ဒါပေမဲ့ ကျွန်တော်ကောင်းကောင်းထ နိုင်သလို ဘာနာကျင်မှုဝေဒနာကိုမျှလည်းမခံစားရပါ။
သူတို့လေးယောက် ကျွန်တော့်ကိုဘယ်နေရာမှာထားတာလဲ အသေအချာတော့မသိ။ စိမ်းစိုစိုပတ်ဝန်း ကျင်တစ်နေရာကိုသာတွေ့ရသည်။ ရန်ကုန်မြို့နဲ့မနီးမဝေးခြံတစ်ခြံနေမှာပေါ့။ UMFCCI အဆောက်အ အုံရှိရာကိုနာရီဝက်သာသာလောက်မောင်းပြီးရောက်လာခဲ့သည်။ သူတို့မောင်းလာတဲ့လမ်းကြောင်းက ကားပိတ်ဆို့မနေဘဲ ထူးခြားစွာရှင်းလင်းလို့နေလေ၏။
ဟောပြောပွဲရှိရာခန်းမ မှာတော့လူတွေပြည့်လျှံလို့နေသည်။ ဟောပြောသူနေရာမှာတော့ အသက်သုံး ဆယ်လေးဆယ်ဝန်းကျင်လူတစ်ဦး။ မိုက်ခရိုဖုန်းကိုလက်မှာကိုင်လျှက် စင်ဟိုးဖက်ထိပ်၊ ဒီဖက်ထိပ် လမ်းလျှောက်ကာပရိတ်သတ်ကိုစကားပြောနေသည်။ သူ့အသံကခန်းမတစ်ခုလုံးကိုငြိမ်သက်စေ၏။ ပရိတ်သတ်အများစုမှာဆယ်ကျော်သက်၊ နှစ်ဆယ်ကျော်သက်အရွယ်တွေအများစုကိုတွေ့ရသည်။
“ဟင်”
မယုံကြည်နိုင်လောက်အောင်ပင်။ ဦးကျော်မြင့်ဦးလို့သိရတဲ့အဲဒီလူရဲ့ရုပ်ရည်ကကျွန်တော်လန့်နိုးလာခဲ့ တဲ့အိပ်မက်ထဲကကျော်ကျော်ရုပ်အတိုင်းပင်။ ဘုရား ကယ်တော်မူပါ။ ကျွန်တော်ဘာတွေဖြစ်ကုန်ပြီလဲ။ ဦးကျော်မြင့်ဦးဆိုတာ ကျော်ကျော်ရဲ့ဘဝပဲ၊ ဒါကိုကျွန်တော်သိရက်သားနဲ့၊ ရိပ်လည်းရိပ်မိခဲ့ရဲ့သားနဲ့ တကယ်တမ်းမြင်လည်းမြင်ရရောဘာလို့အံသြနေမိတာပါလဲ။
အဲဒီရုပ်ရည်ကိုကျွန်တော်ဘာလို့ စွဲနေအောင်မှတ်မိနေတာပါလဲ။ ကျွန်တော်နဲ့ဘာမှလည်းမဆိုင်ဘဲနဲ့ လေ။ နေပါဦး၊ သူ့အသံကရော ကျွန်တော်ကြားခဲ့တဲ့အသံအတိုင်းပဲလား။
“မျှော်လင့်ချက်တစ်ခုကိုလက်ဆုပ်လက်ကိုင်ရရှိပြီးမှ ပျက်သုဉ်းခဲ့ရတာ၊ အဲဒီအခြေအနေမျိုးမှာကျွန် တော်ဘာဆက်လုပ်မယ်လို့ ခင်ဗျားတို့ထင်လဲ”
အသံကတော့ သိပ်မတူလှပါ။ အသက်အရွယ်ကွာသွားတာကြောင့်လဲဖြစ်နိုင်သည်။ ကျွန်တော်ကြားခဲ့ ရတဲ့အသံဟာ ဆယ်ကျော်သက်အရွယ်ကျော်ကျော်ရဲ့အသံ။ အခုကျော်ကျော်ကသုံးဆယ်လေးဆယ် ဝန်းကျင်ကိုတောင်ရောက်နေပြီ။ အသံကတော့ပြောင်းတာပေါ့လေ။ ရုပ်ကလည်းပြောင်းတယ်ဆိုပေ မယ့် ကျွန်တော်ကသူ့ငယ်ရုပ်ကိုသေသေချာချာဖမ်းယူနိုင်လေသည်။
“အိမ်ပြန်မှာပေါ့”
ပရိတ်သတ်တစ်ယောက်က မှတ်ချက်လှမ်းပြုသည်။ သူခေါင်းခါပါသည်။
“မြောက်ဦးနဲ့လေညှင်းတောင်ကနီးနီးလေးဆိုပေမယ့် ကျွန်တော်အိမ်မပြန်ဖြစ်ခဲ့ပါဘူး၊ ပြီးတော့ကိုတန်း စီးတို့နဲ့လည်းအတူမနေဖြစ်ပါဘူး”
အားလုံးက သူဆက်ပြောမည့်စကားသံတွေကိုစောင့်မျှော်လို့နေလေသည်။
“ကိုတန်းစီးတို့ကအဲဒီမှာမနေဖြစ်တော့ဘူး၊ သူ့မိန်းမရဲ့အမျိုးတွေရှိတဲ့မြေပုံကိုပြန်သွားကြတယ်၊ ကျွန် တော်သူတို့နဲ့ဆက်မလိုက်ဖြစ်တော့ဘူး၊ သူတို့ကလည်းအိမ်မီးလောင်ထားလို့ ရှိသမျှပစ္စည်းတွေကုန်တဲ့ အပူအပင်နဲ့မို့ သောကတွေနဲ့ပေါ့၊ အဲ ဒါပေမဲ့ ကျွန်တော့်ဘဝရဲ့အပြောင်းအလဲကြီးတစ်ခုကိုတော့သူတို့ လင်မယားနှစ်ယောက်ဖန်တီးပေးခဲ့ပါတယ်”
ဘာဖြစ်မလဲဆိုတာကို ပရိတ်သတ်အားလုံးနီးပါးရိပ်မိကြပါသည်။ တစ်ယောက်တစ်ခွန်းလှမ်းပြောကြ ၏။ ဦးကျော်မြင့်ဦးကတော့ခေါင်းတစ်ညိတ်ညိတ်နဲ့။
“ဟုတ်ပါတယ်၊ စာအုပ်တွေကိုတော့သူတို့ရဲ့အမွေအဖြစ် ကျွန်တော်ရရှိခဲ့တယ်၊ အဲဒီစာအုပ်ဆိုင်လေး ကမီးလောင်တဲ့အထဲပါမသွားဘဲအကောင်းအတိုင်းနီးပါးကျန်ရှိခဲ့တယ်၊ ဒါပေမဲ့ မြေနေရာကတော့ငှား ထားတဲ့နေရမို့ပြန်အပ်ရတာပေါ့လေ၊ အဲဒီစာအုပ်ဆိုင်ဆောက်တဲ့သစ်တွေနဲ့လှည်းလေးဆောက်ပြီး ရွေ့ လျားစာအုပ်ဆိုင်ဆောက်ဖို့ ကျဉ်းထဲကြပ်ထဲအကြံကိုရလာခဲ့တယ်၊ ဒါ ကျွန်တော့်အသက်မွေးဝမ်း ကျောင်းရဲ့စတင်ခြင်းအသစ်ပေါ့”
ရွေ့လျားစာအုပ်အငှားဆိုင်လေးတစ်ဆိုင်က ကျောင်းနေဖို့နဲ့ စားသောက်စားရိတ်တွေ အတွက်ဖူလုံပါ့ မလား၊ မတွေးတတ်တော့။
“နေဖို့အတွက်တော့ မရှားပါဘူး၊ ဘုန်းကြီးကျောင်းတစ်ကျောင်းကို အကူညီတောင်းရတာပေါ့၊ ကျွန် တော်တို့မြန်မာနိုင်ငံက သဒ္ဒါတရားထက်သန်တဲ့နိုင်ငံလေ၊ အဲဒီဘုန်းကြီးကျောင်းမှာပဲစာအုပ်လှည်း လေးကိုထား၊ မိုးလင်းမိုးချုပ်စာအုပ်အငှားထွက်ပြီးအသက်ဆက်ခဲ့တယ်၊ ဆယ်တန်းတစ်နှစ်အောက် လိုက်ရတယ်၊ ပိုက်ဆံနည်းနည်းပါးပါးစုမိတဲ့ နောက်တစ်နှစ်ကျမှတက်နိုင်ခဲ့တယ်၊ ကျောင်းတက်ဖို့ အတွက်လိုအပ်တဲ့အကူအညီကို သူငယ်ချင်းနှစ်ယောက်ကလုပ်ပေးတပေါ့၊ အဲဒီနှစ်ကျွန်တော် ဆယ်တန်းကျခဲ့တယ်”
အင်းပေါ့။ လုပ်သမျှကြိုးစားသမျှလည်းအောင်မြင်တတ်တာမှမဟုတ်တာ။
“ကျွန်တော်ဆယ်တန်းဒုတိယနှစ်မှာတော့ သူငယ်ချင်းနှစ်ယောက်လည်းတက္ကသိုလ်ဒုတိယနှစ်ပေါ့၊ သူ တို့နှစ်ယောက်လုံးအဝေးသင်ပဲတက်ပြီးမြောက်ဦးမှာပဲအလုပ်လုပ်ကြတယ်”
သူစကားကိုခဏရပ်လိုက်ပြီး ပရိတ်သတ်ကိုဝေ့ဝဲကြည့်လိုက်သည်။ တစ်မိနစ်လောက်အထိကြာလိမ့် မည်။ နောက်ဆုံးအလယ်တည့်တည့်လောက်မှာမတ်တပ်ကြီးရပ်နေတဲ့ကျွန်တော်နဲ့ သူ ခဏတာအ ကြည့်ချင်းဆုံမိသွား၏။ သူကျွန်တော့်ကိုစိုက်ကြည့်လိုက်သည်။ ဘုရား။ သူကျွန်တော့်ကိုရင်းနှီးတဲ့ အကြည့်တွေနဲ့ကြည့်နေသလိုခံစားရသည်။ ကျွန်တော်လည်းအံသြခြင်းကြီးစွာနဲ့ သူ့ကိုမျက်တောင် မခတ်စိုက်ကြည့်နေမိသည်။ မကြာပါ။ သူအကြည့်လွှဲသွားလေသည်။
“ခင်ဗျားတို့ဘဝမှာ မချစ်ဖူးတဲ့သူဘယ်နှစ်ယောက်ရှိမလဲ၊ ရှိရင်ကျေးဇူးပြုပြီး လက်ထောင်ပြပါ လားကျွန်တော့်ကို”
အားလုံးရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။ ရယ်သံတွေလည်းထွက်ပေါ်လာလေ၏။ လက်ထောင်တဲ့သူက တော့ တစ်ယောက်တစ်လေမျှရှိမနေပါ။
“အားလုံးချစ်ဖူးတဲ့သူတွေချည်းပဲပေါ့နော်၊ ကျွန်တော့်ဘဝမှာလည်း အချစ်နဲ့ပတ်သတ်တဲ့ဇာတ်လမ်း လေးရှိခဲ့တာပေါ့ဗျာ၊ ကျွန်တော်ကြယ်နဲ့တင်စားခဲ့တဲ့ကောင်မလေး အဲဒီကြယ်လေးကျွန်တော့်ရင်ခွင်မှာ ကြွေကျဖို့မျှော်လင့်နေခဲ့တဲ့ဇာတ်လမ်းလေးပေါ့၊ ကဗျာဆန်ဆန်ပြောရရင်တော့ ကြယ်ကြွေဇာတ်လမ်း လေးပေါ့ဗျာ၊ အားလုံးနားထောင်ချင်မယ်လို့မျှော်လင့်ပါတယ်”
နားထောင်ချင်နေတဲ့သူတွေအထဲမှာ ကျွန်တော်ကရှေ့ဆုံးကပါဝင်လေသည်။ ရွှေရည်ကကျော်ကျော့် ရဲ့အချစ်ကိုလက်ခံခဲ့လေသလား။ ကျော်ကျော်ရဲ့ဘဝခရီးလမ်းကဘာတွေဆက်ဖြစ်ခဲ့သလဲ။ အခုလို ချမ်းသာတဲ့သူတစ်ယောက်ဘယ်လိုဖြစ်ခဲ့တာလဲ။ အားလုံးကိုကျွန်တော်သိချင်လေသည်။
Xxxxxxxxxxxxxxxxxxxxxx