ခွန်ဆန်လောနဲ့ နန်းဦးပြင် တို့မြေက ကျိုင်းတောင်း ရေတံခွန်သို့

အားပြင်းပြင်းနဲ့စီးကျနေတဲ့ ရေတံခွန်အရှိန်က အမြှောင်းလိုက်အမြှာင်းလိုက်ကြီး။ လှတာတော့ တော်တော်လှပြီးကြည့်လို့ကောင်းပါတယ်။ လာရတာလဲမပြောနဲ့လေ အဝေးကြီးမှအဝေးကြီးရယ်။ ရှမ်း ပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ကျိုင်းတောင်းမြို့ကနေ ၁၈ မိုင်အကွာမှာ ကျိုင်းတောင်းရေတံခွန် ရှိပါတယ်။

ကျိုင်းတောင်းဟာ မြန်မာနိုင်ငံရဲ့အကြီးဆုံးရေတံခွန်ထဲတစ်ခုအပါဖြစ်ပါတယ်။ ရေတံခွန်စီးကြောင်းကြီး တွေ  ၇ ခုအထက်ရှိပြီး မိုးရာသီဆိုရင် စီးကြောင်း ၉ ကြောင်းအထိတွေ့နိုင်ပါတယ်။ ကျွန်တော်တို့သွား တုန်းကတော့ စီးကြောင်းငါး ကြောင်းပဲတွေ့ရပြီး မိုးတွင်းဆိုရင်တော့ ရေစီးအကုန်ဖွင့်ပေးတယ် လို့ဆိုပါတယ်။ စီးလာတဲ့ရေအားက လည်းအရမ်းသန်တာမို့ ဓါတ်ပုံရိုက်လို့အကောင်းဆုံးပဲဗျို့။ လျှပ်စစ် ဓါတ်အားထုတ်ပေးနေတဲ့ရေတံခွန်မို့ အများပြည်သူအတွက် သဘာဝအရကော၊ နေထိုင်မှုအတွက်ပါအား ကိုးအားထားရတဲ့အရာတစ်ခုလို့ဆို ချင်ပါတယ်။

ရေအားပြင်းတာကြောင့်ရေကူးလို့တော့မရခဲ့ဘူးရယ်။ ဒါပေမဲ့ ဓါတ်ပုံတွေတော့ရိုက်လို့မိုက်တယ်ဗျ။ အပေါ်တွေရော အောက်တွေရော အလယ်တွေရောရိုက်ခဲ့တာပ။ စိမ်းလန်းစိုပြေနေတဲ့တောတောင်တန်း ကြားမှာ အဖြူရောင်ရေတံခွန်စီးကြောင်းကြီးတွေက ထင်းနေတာမို့ အဝေးတစ်နေရာကနေကြည့်ရင် အစိမ်းရောင်ထဲမှာ အဖြူရောင်အစင်းတွေခြယ်ထားသလိုပါပဲ။ အမြင့်ပေ ၃၀၀ ကျော်ရှိတာမို့ တော်တော် ကြီးတဲ့ရေတံခွန်လို့ဆိုရမှာပါ။

ဘယ်လိုသွားကြသလဲ

တောင်ကြီးကနေတစ်ဆင့်ကားငှားရင်ငှား ဒါမှမဟုတ် ကျိုင်းတောင်းကိုလိုင်းကားစီးပြီးသွားကြပါတယ်။ လမ်းနှစ်မျိုးနဲ့သွားကြပါတယ်။ တောင်ကြီး-လွိုင်လင်-နမ့်စန်-ခိုလန်-ကျိုင်းတောင်းလမ်း နဲ့ နမ့်စန်-မိုးနဲ-ကျိုင်းတောင်းလမ်းဖြစ်ပါတယ်။

ကျွန်တော်တို့ကတော့ နန့်စမ်ကနေ ခိုလန်ကိုသွားပြီး ခိုလန်ကနေတစ်ဆင့် ကျိုင်းတောင်းကို သွားကြ တာဖြစ်ပါတယ်။ မိုးနဲမြို့ကနေ ၁၅ မိုင်လောက်သွားပြီးရင် တဝေါဝေါနဲ့အံအားသင့်စရာကောင်းတဲ့ ရေတံခွန်စီးကြောင်းကြီးကိုတွေ့ရမှာဖြစ်ပါတယ်။ မြစိမ်းရောင်တောင်တန်းတွေ၊ နေကြာရိုင်းဝါဝါတွေ ကိုဖြတ်သန်းရပြီး အစီအရီစိုက်ပျိုးထားတဲ့ ကျွန်းပင်တွေကိုလည်းတွေ့နိုင်ပါတယ်။ ပြီးတော့ အဲဒီနေရာက ခွန်ဆန်လော နဲ့ နန်းဦးပြင်တို့ရဲ့နယ်မြေလေးပါ။ ရေတံခွန်သွားလည်ရင်းနဲ့ သူတို့နှစ် ယောက်ရဲ့အချစ်သက်သေထူတဲ့ နေရာလေးကိုလည်းလည်ပတ်နိုင်မှာဖြစ်ပါတယ်။

လမ်းကောင်းပါတယ်။ တစ်ချို့နေရာတွေကတော့ မြေသားလမ်းဆိုပေမယ့် ကောင်းကောင်းမောင်းလို့ရ ပါတယ်။ လမ်းမှာ ဇီးဖြူသီးပင်တွေတွေ့လို့ တစ်ပွေ့ကြီးခူးစားခဲ့သေးတယ်။ တောထဲမှာပေါက်နေတာ များ စိုက်ခင်းစိုက်ထားသလားအောက်မေ့ရတယ်။

ရေတံခွန်အပြင် အခြားလည်လို့ရတဲ့နေရာတွေ

ရေတံခွန်အလှကိုငေးမောတာ ဓါတ်ပုံရိုက်တာနဲ့တင်အချိန်ကတော်တော်လင့်ပါတယ်။ ရေတံခွန်နဲ့ မလှမ်းမကမ်းမှာ လျှပ်စစ်ဓါတ်အားပေးစက်ရုံရှိပြီးအဲဒီကနေ ရှမ်းပြည်နယ်တစ်ခွင်ကို ဓါတ်အားပေးနေ တာဖြစ်ပါတယ်။ အထဲကိုဝင်ကြည့်လို့ရပြီး ပုံလည်းရိုက်လို့ရပါတယ်။ မတ်မတ်တွေ ကိုကိုတွေရိုက်လာ ခဲ့တာသာကြည့်ပါတော့။

ရေတံခွန်အထက်ကိုလည်းသွားကြည့်လို့ရပါတယ်။ အဲဒီမှာ နန့်တိန်းချောင်းဆိုတာရှိပြီး နန့်တိန်းချောင်း ကနေ တောင်ကျရေတွေစီးပြီးကျိုင်းတောင်းရေတံခွန်ဖြစ်တာပါ။ ချောင်းရေကိုလည်းသွားကြည့် ရေစစ် ကန်လုပ်တာတွေ ရေသွယ်မြောင်းတွေ ရေထိန်းတံခါးတွေကိုလည်း သွားလေ့လာလို့ရပါတယ်။ သူငယ် ချင်းတွေအဖွဲ့လိုက်ဆိုရင်တော့ စလိုက်နောက်လိုက် စိတ်ဆိုးလိုက်နဲ့ ပိုပျော်စရာကောင်းသား။ ဒေသခံ တွေလာတာအနည်းအကျဉ်းရှိပြီး လူရှင်းတဲ့နေရာမို့သီးသန့်ဖြစ်တယ်လို့ဆိုရမှာပါ။

အပြန်မှာတော့ ပါဆာကျေးရွာကိုဝင်ပါတယ်။ ခွန်ဆန်လောနဲ့နန်းဦးပြင် အမှတ်တရပြခန်းရှိတယ်လေ။ သူတို့ရုပ်ထုတွေ အမှတ်တရသမိုင်းတွေအဲဒီမှာရှိပြီး အချစ်သူရဲကောင်းကြီးတွေရဲ့ရင်နင့်ဖွယ်ရာပုံပြင်ကို ပြန်ပြောင်းအမှတ်ရနေမိရဲ့။