စစ်ကိုင်းတစ်ခွင်မှ စားစရာများ

စစ်ကိုင်းရောက်လို့ ဒါတွေမှမစားရရင် ရောက်ရကျိုးဘယ်နပ်မလဲနော်။ တကယ်ဆိုရင် စစ်ကိုင်းတိုင်း ဒေသကြီးမှာ လည်စရာ သွားစရာ လာစရာတွေ အကြောင်းပြောရရင်ပြောမဆုံးပေါင် တောသုံးထောင်ပါပဲ။ ခရီးသွားဘလော့ ဂါတွေလည်း ပုံစံအမျိုးမျိုးနဲ့ရေးခဲ့ကြတာကို ဖတ်ဖူးပြီးပါပြီ။ အချိန်ကလည်းမရ လျှောက်လည်ဖို့လည်း ပင်ပန်းတာကြောင့် စားစရာတွေချည်းရှာဖွေစားသောက်ခဲ့ပါတယ်။

ဆိုတော့ စစ်ကိုင်းတစ်ခွင်ကိုရောက်ခဲ့ရင် ဒီအစားအသောက်အတွေကို မဖြစ်မနေစားစေချင်တာပါ။ အခြားနေရာမှာ ရှိနိိုင်ရနိုင်ပေမယ့် အရသာမတူသော တစ်မူထူးခြားသောအစားအစာတွေဖြစ်ပါတယ်။

လေခြူးသီး
>>>>>>>

စစ်ကိုင်းမြို့တစ်မြို့လုံးနီးပါး ညွှတ်နေအောင်သီးနေတဲ့အပင်ကိုပြပါဆိုရင် အဲဒီလေခြူးသီးအပင်တွေ ပါပဲ။ တရုတ်ဇီးသီး၊ ယိုးဒယားလိုင်ချီိး အစရှိသည်ဖြင့် နာမည်အမျိုးမျိုးနဲ့ခေါ်ဝေါ်နေကြတဲ့အဲဒီအသီးတွေ ဟာ စစ်ကိုင်းမှာ စိုက်စားနေတာ နှစ်ပေါင်း ၆၀ ကျော်ပြီတဲ့လေ။ အံအားသင့်မိပါတယ်။ တရုတ်ပြည်က ဒါမှမဟုတ်ယိုးဒယားကလာတဲ့အသီးလို့ထင်ပြီး ရန်ကုန်မှာ ဝယ်စားတဲ့အသီးဟာ စစ်ကိုင်းမှာလည်း ထွက်နေပါလားပေါ့။ စစ်ကိုင်းသီးက စစ်ကိုင်းသီးသပ်သပ်တဲ့ ရန်ကုန်မှာဝယ်စားလို့ရတဲ့အသီးတွေကျ တော့ ပြည်ပကဝင်တာတွေတဲ့လေ။ ဘာကွာသလဲမြည်းကြည့် တော့ အားပါး။ ကွာတယ်ဗျ။ စစ်ကိုင်းသီးကပိုချိုတယ်၊ ပိုအရသာရှိတယ်၊ အခွံပါးပြီး အသားထူတယ်၊ အစေ့သေးတယ်။ အခြားအသီးတွေကတော့ အစေ့ကြီးအခွံထူပြီးအရသာ ပေါ့ပါတယ်။ စျေးလည်းကွာပါတယ်။ စစ်ကိုင်းသီးက တစ်ပိသာကို လေးငါးထောင်ပေးရပြီး အခြားအသီး တွေကတော့ တစ်ပိသာကို သုံးထောင်အများဆုံးရယ်။ ဆွမ်းဦးပုညရှင်ဘုရားမှာဆို တစ်ပိ သာကို နှစ်ထောင်နဲ့အပြိုင်အဆိုင်ရောင်းနေလေရဲ့။ ဆိုတော့ စစ်ကိုင်းရောက်ရင် စစ်ကိုင်းလေခြူးသီး မဖြစ်မနေစားသင့်တယ်လို့ညွှန်းချင်ပါတယ်။

တရုတ်စံကားပွင့်သုပ်
>>>>>>>>>>>>>

တစ်ခါမှမစားဖူးဘူးရယ်။ “အပွင့်ကိုပြုတ်ပါ လက်သုပ်သုပ်စား၍ရသည်” ဆိုတဲ့ တရုတ်စံကားပွင့်အ ကြောင်းကဗျာကိုတောင် အခုမှ အမှတ်ရမိလိုက်ပါတယ်။ စစ်ကိုင်းတောင်ရိုးတစ်လျှောက် ဘုရားစောင်း တန်းတွေမှာ ရောင်းလေ့ရှိပါတယ်။ ကျွန်တော်တို့စားခဲ့တာကတော့ ဆွမ်းဦးပုညရှင်ဘုရားအောက်က စျေးဆိုင်တန်းမှာပါ။ ရေစိမ်ထားတဲ့ ရေနွေးဖျောတရုတ်စံကားပွင့် တွေကို ဆယ်ပြီး ပဲမှုန့်၊ ကြက်သွန်ဆီချက်တွေနဲ့သုပ်ထားတာ တော်တော်လေးစားကောင်း ပါတယ်။ ပွင့်ဖတ်တွေကတော့ ဆိမ့်ဆိမ့်လေးပေမယ့် အပွင့်ရဲ့ရိုးတံကတော့ ခါးသက်သက်အရသာရှိ ပါတယ်။ စားလို့အတော်လေးမြိန်လှတဲ့ သွားရည်စာပါပဲ။ စံကားပွင့်သုပ်နဲ့ရေနွေးကြမ်း အလိုက်ဖက်ဆုံး ပေါ့လေ။

အခွံစိမ်းငှက်ပျောသီး
>>>>>>>>>>>>>

သီးမွှေးလိုပါပဲ။ ဒါပေမဲ့အခွံကအစိမ်း။ ခွံစိမ်းသီးလို့သူတို့ကခေါ်ပါတယ်။ ဒေသထွက်မို့ စျေးလည်းချိုပါ တယ်။ တစ်ဖီးကိုငါးရာဆိုရင် အလုံး ၂၀ လောက်ပါတာမို့ ကားဆံ့ရန် ရန်ကုန်ကို အခိုင်လိုက်သယ်သွား ချင်တာပါပဲ။ စားလို့လည်းသိပ်ကောင်း၊ သိပ်ချိုပေါ့။

ဆူးပုတ်ရွက်၊ ကြက်ဥ တို့နဲ့ကြော်ထားတဲ့ ဘိန်းမုန့်
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အံမယ် ဘိန်းမုန့်ကို ပဲပြုတ်နဲ့ကြော်ရတာအားမရဘဲ ဆူးပုပ်ရွက်၊ ကြက်ဥတွေခေါက်မွှေပြီးကြော် ထားတာဗျ။ လှည်းတန်းမီးပွိုင့်မှာ မနက်မနက်ဆိုရောင်းတဲ့ ဘိန်းမုန့်သည်တောင်သွားပြီးပြေးမြင်လိုက် သေးတယ်။ ဒါပေမဲ့ ဒါကတော့ အညာပဲမို့ အလုံးအကြီးကြီးတွေပါပါတယ်။ စားလို့ကလည်း ကောင်းမှ ကောင်း။

ငါးရံ့ပတူရွက်သုပ်
>>>>>>>>>>>>

အရွက်အသားက ခပ်မာမာရှရှလေးကို ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူဆီချက်၊ ပဲမှုန့်၊ ငရုတ်သီးစိမ်းခပ် ပါးပါးလှီး ထားတာတွေနဲ့ ရောသုပ်လိုက်တဲ့အခါ အင်မတန်စားလို့ကောင်းတဲ့ ငါးရံ့ပတူရွက်သုပ်ဖြစ် သွားတာပါပဲ။ လက်ဖက်ရွက်နုနုတွေလိုမျိုး ပုံစံတူပေမယ့် အရသာကတော့ ဖန်မနေပါဘူး။ အချဉ်ဖက်ကိုနည်းနည်းလေးသမ်းတယ်။ စစ်ကိုင်းတောင်ရိုးတစ်လျှောက်က ဆိုင်တွေမှာရပါတယ်။ တစ်ပွဲကို တစ်ထောင်တဲ့။ အများကြီးပဲစားရတယ်။

ညောင်ရွက်နဲ့ထုတ်ထားတဲ့ မုန့်ပေါင်း
>>>>>>>>>>>>>>>>>>>>>>>

စျေးထဲမှာရောင်းပါတယ်။ ငှက်ပျောရွက်နဲ့လည်းမဟုတ်၊ ကျွတ်ကျွတ်အိတ်နဲ့လည်းမထုတ်ပါဘူး။ ညောင်ရွက်ခပ်ကြီးကြီးတွေနဲ့ ထုတ်ပေးတဲ့ မုန့်ပေါင်းဖြစ်ပါ တယ်။ နှမ်းနဲ့ ပဲပြုတ်အကြီးကြီးတွေရောဖြူးထားပြီး ညောင်ရွက်န့ံသင်းသင်းလေးနဲ့ အင်မတန်ဆိမ့်လှ ပါတယ်။

နာနတ်သီး
>>>>>>>

လက်သီးဆုတ်အရွယ်တောင်မရှိတဲ့နာနတ်သီးလေးတွေပါ။ စားလိုက်ရင်နှစ်ကိုက်စာတည်းရယ်။ ဒါ ပေမဲ့ အရမ်းချိုတယ်။ စစ်ကိုင်းမြေကိုရောက်ရင် မြည်းစမ်းခဲ့စေချင်တဲ့အထဲ ချစ်စရာ နာနတ်သီး လေးတွေလည်းပါပါတယ်။ ဓါတ်ပုံတော့ရိုက်မလာမိဘူးရယ်။

အညာအရွက်စုံသုပ်
>>>>>>>>>>>>>

အညာဒေသထွက် အရွက်တွေအစုံသုပ်ထားတာပါ။ အဲဒီအထဲမှာ ပဲညွှန့်၊ သခွတ်ပွင့်၊ ခါးတက်ချဉ်ရွက်၊ ငါးရံ့ပတူရွက် အစရှိတဲ့ အရွက်ပေါင်းစုံပါပါတယ်။ အရသာပေါင်းစုံမို့ ဟိုဆတ်ဆတ် ဒီဆတ်ဆတ်မစား ချင်တဲ့သူတွေအတွက် ဒီအသုပ်တစ်ပွဲတည်းမှာစားရုံနဲ့ အရသာအကုန်လုံးကိုမြည်းစမ်းနိုင်တာပေါ့။

ဒေါ်စက်ညို မုန့်တီ
>>>>>>>>>>>>

တကယ်တော့ နန်းကြီးသုပ်ပေါ့။ ဒေါ်စက်ညို (စစ်ကိုင်း) မုန့်တီကိုစားဖို့ မနက်စောစောထရပါတယ်။ ၇ နာရီဆိုရင်ကုန်ပြီဆိုတော့ ခြောက်နာရီလောက်အရောက်သွားမှစိတ်ချရမယ်။ မုံရွာ-မန္တလေး လမ်းမ ကြီးပေါ်မှာရှိပြီး ကောင်းမှုတော်ဘုရားမရောက်ခင်လမ်းမြောက်ဘက်အခြမ်းမှာဆိုင်းဘုတ်အကြီးကြီး ကပ်ထားပါတယ်။ ဘာကောင်းသလဲမမေးနဲ့ ကြိုက်တဲ့သူဆို စစ်ကိုင်းရောက်ရင်သာသွားစားကြည့်ပါ လေ။ ကျွန်တော်ကတော့ နန်းကြီးသုပ်မကြိုက်လို့ သိပ်ခံတွင်း မတွေ့သလို တစ်ပွဲကို ၁၅၀၀ မို့ စျေးကြီးတယ်လို့ထင်တယ်ဗျ။ ဟင်းရည်တော့ကြိုက်တယ်။ ငါးဖယ် ဖတ်တွေအများကြီးပဲ။ (ဓါတ်ပုံကို ဖေ့စ်ဘုတ်ကနေယူထားတာမို့ မူရင်းပိုင်ရှင်ကို Credit ပေးပါတယ်)

ပတ္တမြားငါးမောက် သရက်သီး
>>>>>>>>>>>>>>>>>>>

အသီးအလုံးအကြီးကြီး ပန်းရောင်နည်းနည်းသန်းသေးတယ်။ ရန်ကုန်မှာလည်းရပါတယ်။ ဒါပေမဲ့ စစ်ကိုင်းကအသီးတွေက အလုံးကြီးပြီးစျေးကောင်းတယ်။ တစ်လုံးကို ၇၀၀ နဲ့ ၁၀၀၀ ဝန်းကျင်ရှိပါ တယ်။ အရသာက အရမ်းချိုပြီးအီမနေဘူး။ အရမ်းအမှည့်ကိုမစောင့်ဘဲ ခပ်တင်းတင်းအရွယ်ကိုလှီးပြီး စားတာ ပိုကောင်းပါတယ်။

မေတ္တာရိပ်မှာ အေးချမ်းပါစေ။