ကုလားကားတွေကြည့်ရင် လာဘ်စားတဲ့အခန်းတွေတော်တော်များများပါတယ်။ အပြင်လောကမှာကော ဘယ်လိုရှိသလဲ သေချာမသိပေမယ့်အတွေ့အကြုံတစ်ခုကိုအခုထိအမှတ်ရနေတုန်းပဲ။
တစ်ခါတုန်းကပေါ့။ အိန္ဒိယသံရုံးအဆက်အသွယ်နဲ့ ကျွန်တော်တို့တွေ IIMC (India Institute of Mass Communication) မှာ ဂျာနယ်လစ်ဇင် သင်တန်းသွားတက်ရတယ်။ မြန်မာက ၈ ယောက်၊ လာအို ၄ ယောက်၊ ဗီယက်နမ် က ၆ ယောက်၊ ကမ္ဘောဒီယားက ၄ ယောက် ပါတယ်။ တနင်္လာ ကနေ သောကြာ အထိကိုစာသင်ပြီးတော့ ပိတ်ရက်ဆိုရင်တော့ တက်ချ်မဟာရှိတဲ့ အာဂရာမြို့တို့ ဒေလီမြို့ဟောင်းတို့ အစရှိတဲ့ အထင်ကရမြို့တွေ အားလုံးကိုလိုက်ပို့ပေးပါတယ်။ ဗုဒ္ဓဂါယာကိုတောင်လေယာဉ် ခရီးစီစဉ်ပေးပြီး ပန်းစည်းပေး လာကြိုတဲ့အဖွဲ့ တွေဘာတွေနဲ့ အံမယ် ကောင်းစားခဲ့တာများလေ။
ပြောချင်တာက ကျွန်တော်တို့ဘယ် သွားသွား ဘယ်လာလာ အရှေ့မှာရဲကားနှစ်စီး အနောက်မှာရဲ ကားနှစ်စီးက ပိတ်ပြီးကာကွယ်ပေးထားပါတယ်။ ဒေလီရဲ့အကောင်းဆုံးဆိုတဲ့ ကြယ်ငါးပွင့် ခြောက်ပွင့် ဟိုတယ်မှာ နေ့လည်စာ ညစာတွေနဲ့စား ကောင်းသောက်ဖွယ်တွေကို ကျွန်တော်တို့စားနေတဲ့အချိန်မှာ အဲဒီကား လေး စီးက ဝန်ထမ်းတွေကမတ် တပ်ရပ်စောင့်ရင်စောင့် မစောင့်ရင် ကျွန်တော်တို့ရဲ့ခပ်လှမ်း လှမ်းနေရာမှာရှိနေပေးပါတယ်။
တစ်ရက်တော့ ကျွန်တော်တို့လေးနိုင်ငံကျောင်းသားတွေစကားစပ်မိပြီး အဲဒီအကြောင်းကိုတိုင်ပင်ကြပါ တယ်။ ကိုယ်တွေပျော်ပါးစားသောက်နေတဲ့အချိန်မှာ သူတို့ကနေပူထဲမှာစောင့်နေ (အဲဒီတုန်းက ဒေလီရဲ့ အပူချိန်ဟာ နေ့စဉ် ၃၅ နဲ့ ၃၉ ထဲမှာပြေးနေပါတယ်။) ပြီးထမင်းရောစားရဲ့လား ရေကောသောက်ရဲ့လား ကိုယ်တွေနဲ့တစ်နေကုန်နီးပါးအတူတူနေပြီး စားတာသောက်တာလည်းမတွေ့ဘူး။ သနားပါတယ်။ အား လုံးပေါင်းပြီး တစ်ပ် မုန့်ဖိုးလေးဘာလေးပေးရအောင်ဆိုပြီးတိုင်ပင်ကြတာပေါ့။ အသက်အကြီးဆုံးသူ တွေက ဉီးဆောင်ပြီးပိုက်ဆံကောက်လိုက်တော့ ရူပီးနှစ်ထောင်လားမသိဘူး ရတယ်။ အဲဒီပိုက်ဆံကို ကျွန်တော်တို့ကားပေါ်ကပါတဲ့ သက်ဆိုင်ရာလူကြီးတွေမသိအောင် တိတ်တိတ်လေးသွားပေးလိုက်တာ ပေါ့။ အဲလိုသွားပေးလို့ ဟိုကယူလိုက်တာကို တာဝန်ရှိသူတွေကမြင်ဖြစ်အောင်မြင်ပါတယ်။ အဲဒီမှာဇာတ် လမ်း စတော့တာပါပဲ။
ခရီးတစ်ထောက်မှာ ကားကိုရပ်လိုက်ပြီး လူကြီးတစ်ယောက်က တရှူးရှူးတရှဲရှဲဒေါသထွက်ပြီး ကျွန် တော်တို့ကားပေါ်ကိုတက်လာပါတယ်။ ပြီးတော့ “ခုနက ရဲကားကိုပိုက်ဆံပေးလိုက်တာဘယ်သူတွေလဲ” ဆိုပြီးမေးတော့တာပါပဲ။ ကျွန်တော်တို့ဖြစ်ကြောင်း၊ သူတို့တွေကို လက်ဖက်ရည်ဖိုးတစ်ပ်ပေးချင်လို့စု ပြီးပေးလိုက်တာဖြစ်ကြောင်းရှင်းပြကြပါတယ်။ (ကျွန်တော်က ရှင်းပြတဲ့အထဲရော ဦးဆောင်တဲ့အထဲ ရောမပါဘူး၊ ပိုက်ဆံကောက်ရင်ပေးလိုက်တယ်၊ ပြောရင်နားထောင်တယ်၊ ဘာမှမသိဘူးလေ..လေးနိုင်ငံ စလုံးထဲမှာ ကျွန်တော်ကအငယ်ဆုံး အပေါဆုံးဆိုတော့ ကလေးကဘာသိမှာလဲနော့) အဲဒါနဲ့ ခုနကပိုက် ဆံကိုယူတဲ့ခေါင်းဆောင်ဦးရဲကြီးကိုခေါ်ပြီး ပိုက်ဆံပြန်ပေးခိုင်းပါတယ်။ အသက် ၅၀ ကျော်အရွယ် အရိုး ပေါ်အရေတင်၊ သေနတ်တစ်လက်ဘေးချိတ်ပြီး ချွေးတပျံပျံနဲ့ အဲဒီဦးလေးကြီးက ပိုက်ဆံအလိပ်လိုက် လေးကို ပြန်ပေးတဲ့မြင်ကွင်း အခုထိမြင်ယောင်ကြေကွဲတုန်းပါပဲ။ “ငါတို့နိုင်ငံမှာ လာဘ်ပေးလာဘ်ယူမရှိ စေရဘူး၊ အဲဒီအတွက်လည်းကြိုးစားနေတယ်၊ နိုင်ငံတကာကလာတဲ့ မင်းတို့ကျောင်းသားတွေအနေနဲ့ လည်းပူးပေါင်းပါဝင်စေချင်ပါတယ်” ဆိုတဲ့စကားလိုမျိုးကိုပြောပြီး ကားပေါ်ကဆင်းသွားကြပါတယ်။
ကျွန်တော်တို့လည်း တစ်ဝှိုင်းဝှိုင်း (Why? Why?) ပြောပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်ကျန်ခဲ့ကြ တာပေါ့။ အဲဒါနဲ့ ဒုတိယဇာတ်လမ်းကိုထပ်တိုင်ပင်ကြပြန်ပါတယ်။ အခုလိုဖြစ်သွားတဲ့အတွက် ငါတို့က ပြသနာမရှိပေမယ့် သူတို့ကတော့ ပြသနာရှိနိုင်တယ်။ ဘယ်လိုလုပ်ကြမလဲပေါ့။ ခရီးမဆုံးခင်မှာပဲ ကျွန် တော်တို့ရဲ့အကြံအစည်ကိုအကောင်အထည်ဖော်ပါတယ်။ တာဝန်ရှိလူကြီးတွေအားလုံးစုနေတဲ့အချိန်မှာ ကျွန်တော်တို့အထဲက ကျောင်းသူကြီးတစ်ယောက်ကစကားသွားပြောလိုက်တာပါပဲ။ “နိုင်ငံမတူ ဒေသ မတူတဲ့အတွက် ယဉ်ကျေးမှုလည်းမတူလို့ အခုလိုအဖြစ်မျိုးကြုံခဲ့တာဖြစ်ကြောင်း၊ လာဘ်ပေးလာဘ်ယူ ကိစ္စမျိုးကိုရည်ရွယ်လုပ်တာမဟုတ်ကြောင်း၊ ကိုယ်တွေနိုင်ငံအသီးသီးမှာ ခင်ရင်ချစ်ရင် ဂါရဝတရားထား ရင် လက်ဆောင်ပေးတတ်တဲ့ပုံစံရှိတဲ့အတွက် သူတို့ကိုပေးလိုတာဖြစ်ကြောင်း၊ လူကြီးတွေသိရင်တားမှာ စိုးလို့ တိတ်တိတ်လေးပေးတာဖြစ်ကြောင်း” အစရှိသည်ဖြင့်သူတို့နားလည်အောင်ရှင်းပြပြီး ကောက် ထားတဲ့ပိုက်ဆံကို ပြန်ပေးချင်တဲ့အကြောင်းတောင်းဆိုကြပါတယ်။ နောက်ဆုံးတော့ ဟိုဖက်လူကြီးတွေ လည်းမနေသာတော့ဘဲ ရက်စ်ဆိုပြီးပြောလိုက်တော့ အပျော်နဲ့ဇာတ်သိမ်းသွားတာပေါ့လေ။
ဆိုတော့ ရုပ်ရှင်ထဲနဲ့ ပြင်ပလောကဆိုတာ မတူညီနိုင်ပါဘူး။ ရုပ်ရှင်ထဲမှာ လာဘ်စားတဲ့အခန်းတွေပါ ပေမယ့်အပြင်မှာ စားချင်မှစားမှာပေါ့လေနော်။ တစ်ခါတစ်လေမှာ ပြောင်းပြန်လည်းဖြစ် တတ်ပါတယ် နော်။ တစ်ချို့နိုင်ငံတွေမှာပေါ့။ (ဘားမှုတ်ဘူး ညတုန်းက ကုလားကားကြည့်လို့) ပုံမှာ ဦးထွန်းရဲ့ငယ်ရွယ် နုပျိုချောမောမှုနဲ့ ရူပါဒါနပြုပါတယ်။