ငပလီစျေးကြီးတယ်ဆိုတာကို ဆန့်ကျင်ဖို့အတွက် ပိုက်ဆံတစ်သိန်းနဲ့ငပလီထွက်ခဲ့တဲ့အခိုက် အတန့် ရှိပါတယ်။ တကယ်လည်းပြန်လာရော တစ်သိန်းမကျပါဘူး။ ရှစ်သောင်းလောက်ပဲကျတယ်ဗျ။ ကျွန် တော်တို့လူများတာလည်းပါမှာပေါ့လေ။ အဖွဲ့လိုက်သွားရင်တော့ တစ်ယောက်ကို တစ်သိန်းနဲ့လုံ လောက်ပါတယ်။
ပွင့်လင်းရာသီထဲကတစ်ရက်မှာတော့ ငပလီကို ကားနဲ့ထွက်လာခဲ့ပါတယ်။ ဘတ်ဂျက်ခရီးရဲ့အစဟာ သာယာဖြောင့်ဖြူးလို့ပေါ့။ ရန်ကုန်- ငပလီ ကားခ တစ်ကြောင်းကို ၁၆၅၀၀ ပါ။ အသွားအပြန်ဖြတ်လိုက် ရင် ၃၃၀၀၀ ပေါ့။ အောင်မင်္ဂလာအဝေးပြေးဂိတ်ကနေစီးရပါတယ်။ ဒီနေ့ညထွက်ရင် နောက်နေ့မနက် ရောက်ပါတယ်။ ပျှမ်းမျှကြာချိန် ၁၄ နာရီလောက်ပါ။ ဖြစ်ချင်တော့ ကျွန်တော့်မှတ်ပုံတင်ပါမလာခဲ့ဘူး ရယ်။ ကျွန်တော့်ရုပ်ကလည်း လူမည်းရုပ်ဆိုတော့ ပါလာတဲ့အစ်ကိုတွေအစ်မတွေက ကျော့်ကိုစိုးရိမ် လို့ပေါ့လေ။ ခိုးဝင်ဘင်္ဂလီများလား ဘာလား ထင်စေတာပေါ့။ အဲဒါကပဲ စိတ်လှုပ်ရှားစရာကောင်းနေ ခဲ့ပါတယ်။ အစစ်အဆေးအရမ်းများပါတယ်။ ခဏကြာရင်ဆင်းခိုင်းပြီ ခဏကြာရင်ထပ်ဆင်းခိုင်းပြန်ပြီ။ စစ်ဆေးရေးဂိတ်တစ်ခုရောက်တိုင်း ကားပေါ်ကနေ ခရီးသည်အကုန်ဆင်းပြီးမှ ကိုယ့်မှတ်ပုံတင်လေး တွေပြပြီး တစ်ယောက်ချင်းကားပေါ်ပြန်တက်ပေါ့။ ကံကောင်းပါတယ်။ ကျွန်တော့်ရုပ်က လူမည်းရုပ် မဟုတ်ဘူးဆိုတာ သေချာခဲ့ပါပြီ။ ကျော့်မှာ မှတ်ပုံတင်ပါမလာဘူးလို့ ဆိုတော့ ရတယ်ညီလေးဆိုပြီး အသာတကြည်တက်ခွင့်ပေးပါတယ်။ အဆင်ပြေပါတယ်။ အေးဆေးပါပဲ။ ဒီလိုနဲ့ပဲ ငပလီရောက်သွား ခဲ့တယ်ဆိုပါတော့။
ငပလီကို အဓိကခွဲလိုက်ရင်း နှစ်ပိုင်းရှိပါတယ်။ လူချမ်းသာတည်းတဲ့နေရာနဲ့ ဘတ်ဂျက်သမားတွေ တည်းတဲ့နေရာပေါ့။ ကျော်တို့က ဘတ်ဂျက်ခရီးသွားတာမို့ လူချမ်းသာတွေတည်းတဲ့ရပ်ကွက်မှာမ တည်းပါဘူး။ ဟိုတယ်ဇုန်မဟုတ်တဲ့ အပိုင်းမှာဆင်းခဲ့ပါတယ်။ ကားသမားကို ကိုယ်ဆင်းချင်တဲ့နေရာ ပြောလိုက်ရင်ရပ်ပေးပါတယ်။ အလွယ်တကူမှတ်ရအောင် သူတို့အခေါ်အတိုင်း ငပလီချိုင်နဲ့ မြပြင်ချိုင်ဆိုပြီး နှစ်ပိုင်းခွဲလိုက်ပါတယ်။ ငပလီချိုင်ကတော့ ဘတ်ဂျက်သမားတွေ ပြည်တွင်းခရီးသွား တော်တော်များများအုပ်စုလိုက်တွေတည်းတာများပါတယ်။ ကမ်းခြေနဲ့အနီးကပ်ဆုံးမရှိပေမယ့် လမ်း လေးနည်းနည်းလျှောက်သွားရင်ရောက်ပါတယ်။ ရေသူမရုပ်ထုရှိတဲ့နေရာပေါ့။ အဲဒီတော့ ငပလီချိုင်မှာ ဆင်းလိုက်ပါတယ်။ တည်းခိုခန်းတွေအများကြီးမှအများကြီးပါပဲ။ ကမ်းနဲ့ကပ်တဲ့ဖက်ကိုရွေးပြီးတည်းပါ တယ်။ ကားလမ်းတစ်ဖက်က Guest House က စျေးပိုသက်သာတာပေမယ့် လမ်းလျှောက်ရတာဝေး တယ်လေနော့။ ရေချိုးခန်း၊ အိမ်သာတွဲရက်ပါတဲ့ Guest House ကိုငှားလိုက်ပါတယ်။ အဲကွန်းလည်း ပါ ပါတယ်။ ဟိုတယ်ရဲ့ Facilities မရပေမယ့် ဟိုတယ်အသေးစားလေးလိုပါပဲ။ အခန်းတွေတော့ သိပ်မ သပ်ရပ်ဘူးပေါ့လေ။ နှစ်ယောက်ခန်းမှ ၂၂၀၀၀ တည်းရယ်။ သုံးယောက်ခန်းဆိုရင် ၂၅၀၀၀ ပဲရှိတယ် ဗျာ။ စျေးအရမ်းတန်ပါတယ်။
မြပြင်ချိုင်ကတော့ ဟိုတယ်ဇုန်မို့ ကြယ်ငါးပွင့်ဟိုတယ်တွေများပါတယ်။ ကမ္ဘာကျော် Brand တွေရှိတာ ပေါ့။ ဥပမာ Hilton တို့ဘာတို့ပေါ့။ ရေကူးကန်တွဲရက်ပါတယ်၊ ကမ်းခြေနဲ့လည်းနီးတယ်၊ စျေးလည်း ကြီးပါတယ်။ တစ်ညကို အနည်းဆုံး ၈၀၀၀၀ လောက်ရှိပါတယ်။ ကျော်တို့ကတော့ ငပလီချိုင်မှာ တည်းတာပေါ့လေ။ အဲဒီဖက်ကတော့ စျေးသက်သာတာတွေစုစည်းနေတာပဲပေါ့ဗျာ။ မနက်စာကို ရခိုင်မုန့်တီသုပ်စားပါ တယ်။ အဝအပြဲစားမှ ၁၀၀၀၊ ၁၅၀၀ ထက်ပိုမကျဘူး။ အဲဒီပိုက်ဆံနဲ့ ထမင်းကြော် လည်းစားလို့ရပါ တယ်။ နေ့လည်စာ၊ ညစာ တစ်နပ်ကို ၃၅၀၀ ဆိုရင်ဗိုက်ရိုက်ပြီးစားလို့ရပါတယ်။ ကျော်တို့ကအဖွဲ့နဲ့ လာတာမို့ အုပ်စုလိုက်မှာစားတာ ပိုတောင်သက်သာသေးတယ်။ ရေကူးရင်း အုန်းရေသောက်ပါတယ်။ တစ်လုံးကို ၅၀၀ တည်းရယ်။
ရောက်ရောက်ချင်းမနက် ခဏ နားပြီး ရေကူးပါတယ်။ အုန်းရေသောက်ပါတယ်။ ညဖက်တော့ ရန်ကုန် ကဝယ်လာတဲ့ အရက်ပုလင်းထောင်သောက်ပါတယ်။ အဲဒီတစ်ညကို ပင်လယ်အလှကိုခံစားရင်းဖြတ် သန်းခဲ့တာပေ့ါ။ နောက်နေ့ကျတော့ မနက်အစောကြီးကနေထပြီး ပုလဲကျွန်း သဲဖြူကျွန်းတွေသွား ပါတယ်။ Snorkeling လုပ်ပါတယ်။ အဲဒီအတွက် စက်လှေစင်းလုံး ငှားလို့ရပါတယ်။ လူ ၁၀ ယောက်စီးလောက်မှ ၂၀၀၀၀ ပဲပေးရတယ်။ ကျောက်ဆောင်ကျောက်တုံးတွေကြားခရုကောက် ဟို ဟိုဒီဒီဆော့ရင်း တစ်နေကုန်နီးပါးပျော်ပါးဖြတ်သန်းပါတယ်။ အဲဒီဖက်မှာတော့ စျေးကြီးတာမို့ အသွား ကတည်းက စားစရာတွေဝယ်သွားကြတာပေါ့။ ကျွန်းတွေပေါ်မှာ တစ်နေကုန်နီးပါးအပန်းဖြေပြီး ၀ အောင်လျှောက်သွားခဲ့ပါတယ်။ ငပလီရဲ့အလှက စာဖွဲ့စရာမလိုလောက်အောင်ပါပဲ။ အာရှရဲ့မိန်းမပျို လို့တင်စားကြတာ တင်စားထိုက်ပါတယ်။ ပင်လယ်ရဲ့အကောင်းဆုံးဆိုတဲ့အခြေအနေကို S သုံးလုံးနဲ့ တိုင်းတာပါသတဲ့။ သဲမြေ (Sand) ကောင်းရမယ်၊ Sea (ပင်လယ်ရေသန့်ရမယ်)၊ Sun (နေရောင်ခြည် ထွက်တဲ့အခါအရမ်းလှရမယ်) ဆိုတဲ့ အချက်သုံးခုလုံးငပလီမှာပြည့်စုံပါတယ်။
နောက်တစ်ရက်မနက်ကျတော့ ပြန်မယ့်ကားက ကျော်တို့တည်းတဲ့ Guest House အထိလာကြိုပေး ပါတယ်။ အဲဒီမတိုင်ခင် အခြားလည်စရာပတ်စရာနေရာတွေလည်းသွားလို့ရပါသေးတယ်။ ပြီးတော့ ငပလီချိုင်မှာ စျေးဝယ်စရာဆိုင်လေးတွေအများကြီးရယ်။ အသွားအပြန်ကားခ ၃၃၀၀၀၊ တည်းခိုခန်းခ နှစ်ယောက်ခန်းကို ၂၂၀၀၀ ဆိုတော့ တစ်ယောက်ကို ၁၁၀၀၀ ပဲကျတယ်။ နှစ်ရက်တည်းတော့ ၂၂၀၀၀ ပေါ့။ တစ်ရက်ကိုထမင်းစရိတ်က ၈၀၀၀ နှုန်းနဲ့ လေးရက်ဆိုတော့ ၃၂၀၀၀ တွက်ပါတယ်။ အသွားတစ် ည အပြန်တစ်ည လမ်းမှာပေါ့လေ။ ငပလီမှာတော့ နှစ်ညအိပ်ရတယ်။ ဆိုတော့ လေးညအိပ်ငါးရက်ခရီး လေးသွားခဲ့တာဖြစ်ပါတယ်။
ကားခ = ၃၃၀၀၀
တည်းခိုခ = ၂၂၀၀၀ (တစ်ရက် ၁၁၀၀၀)
ထမင်းစရိတ် = ၃၂၀၀၀ (လေးရက်စာ)
ဆိုတော့ စုစုပေါင်းကုန်ကျစရိတ် ၈၇၀၀၀ ကျပ်ကျပါတယ်။ ကျန်တဲ့ ၁၃၀၀၀ ကတော့ကျွန်းတွေ ပတ်သွား မုန့်စားတဲ့စရိတ်ထဲထည့်လိုက်ပါတယ်။ လူများလေသက်သာလေပဲမို့ ငပလီစျေးကြီးတယ်ဆို တာ ကျော်တော့လက်မခံပါဘူး။ ခရီးဝေးလို့ ထင်ယောင်ထင်မှားဖြစ်နေကြတာပါနော်။
မေတ္တာရိပ်မှာ အေးချမ်းပါစေ။ တိမ်တိုက်ထွန်း။
×××××