မပြိုဘဲနဲ့ ညို အပိုင်း (၂)

(၂)
ကောင်မလေးရဲ့ပြုံးစိစိဟန်က ကျွန်တော့်စူးရဲရဲမျက်လုံးတွေကြောင့်ရုပ်တည်ကြီးဖြစ်သွားတော့တယ်။ ကျွန်တော့်ဒေါသငယ်ထိပ်ရောက်နေပြီဆိုတာ ခန့်မှန်းမိသွားတာသေချာတာပေါ့။ ကိုယ်နဲ့ ဘယ်တုန်း ကမှ မသိတဲ့ယောင်္ကျားလေးတစ်ယောက်ကို အဲဒီလိုမျိုးပြက်ချော်ချော်စနောက်တတ်တဲ့ မိန်းကလေး ကို ဘယ်သူကအထင်ကြီးမှာလဲ ညို။
“ဟို ကျွန်မလေ”
ကျွန်တော့်ဒေါသကိုပြောရာပြေကြောင်းပြောဖို့ ကောင်မလေးအားယူနေပြီး ဘာပြောမလဲဆိုတဲ့အထာနဲ့ ကျွန်တော်မေးငေ့ါမျက်လုံးပြူးကြည့်နေလိုက်တယ်။
“ရှင့် ရှင့်ကိုမြင်ရင်စချင်စိတ်ဖြစ် ဖြစ်နေတယ်။ အဲဒါနဲ့…..”
“ဘာဗျ…ကျွန်တော်က ခင်ဗျားစ စရာနောက်စရာသတ္တဝါတစ်ကောင်မဟုတ်ဘူး၊ ခင်ဗျားနဲ့လည်းဘယ် တုန်းကမှမသိဘူး၊ ကိုယ်နဲ့မသိတဲ့သူစိမ်းတစ်ယောက်ကို အခုလိုပြက်ချော်ချော်အမှုအရာတွေနဲ့စသလို နောက်သလိုအထာပေးတတ်တဲ့ ခင်ဗျားလိုမိန်းကလေးမျိုးကိုလည်း ကျွန်တော်အရမ်းအထင်သေး တတ်တယ်ဗျ”
“ဟာ”

ကျွန်တော်ပြောတာနည်းနည်းများလွန်သွားပြီလားဆိုတဲ့အသိကနောက်ကျခဲ့ပြီ။ သူငယ်ချင်းကျော်ငြိမ်း က ဟာ ခနဲဖြစ်သွားပြီးကျွန်တော့်ပခုံးကိုလာဖက်၊ ကောင်မလေးဆီကိုကြည့်ပြီးတောင်းပန်စကားပြော ဖို့ဟန်ပြင်တယ်။
“ဟေ့ရောင် မင်းဘာမှတောင်းပန်စရာမလိုဘူး၊ ငါမှားတာမဟုတ်ဘူး၊ သူမှားတာ၊ မိန်းကလေးဖြစ်ပြီး”
ကျွန်တော်ဆက်မပြောတော့။ ဘာဆက်ပြောမလဲဆိုတာကိုကောင်မလေးကလည်းကောင်းကောင်းသ ဘောပေါက်မယ့်ဟန်နဲ့ မျက်နှာတင်းခနဲဖြစ်သွားတယ်။ ဟုတ်တယ်လေ။ မိန်းကလေးဖြစ်ပြီး က္ကနြေကို မရဘူးဗျာ။
“ရှင် ရှင် အဲလောက်တော့မစော်ကားသင့်ဘူး”
“ဟာ ကျွန်တော်ဘာစော်ကားလို့လဲ၊ အမှန်ကိုအမှန်အတိုင်းပြောတာ၊ ခင်ဗျားကဘယ်လောက်တောင် များ က္ကနြေသိက္ခာကြီးမားနေလို့လဲ”
“မင်းပိုင်ဇေ တော်တော့”
“ဟင်”
ကျွန်တော့်နာမည်ပီပီသသကြီးခေါ်လိုက်တော့ ရုတ်တရတ်အံအားသင့်သွားမိတာအမှန်ပဲ။ ဘယ်လို လုပ်သိသွားတာလဲ။ စက်အဖွဲ့သားတွေ သူငယ်ချင်းတွေခေါ်တာကိုများကြားသွားလို့လား။
“ခင်ဗျား ကျွန်တော့်ကိုသိတယ်”
ကောင်မလေးရဲ့ကျေနပ်တဲ့ဟန်နဲ့ခေါင်းညိတ်လိုက်တာကို ကျွန်တော်မျက်တောင်မခတ်စိုက်ကြည့်နေမိ တာပေါ့။ ဘာဆက်ပြောမလဲ။
“အခု ဒီမှာလာရိုက်တဲ့ဇာတ်လမ်းတွဲနာမည်က “သူ့အတွက်” ဆိုတာမှလား၊ အဲဒါကိုရိုက်တာက Next Gents မီဒီယာကလေ၊ ရုပ်သံလိုင်းမှာ ဒီဇာတ်လမ်းအကြောင်းကိုအင်တာဗျူး ကြည့်လိုက်ရတယ်၊ ဗီဒီယိုတည်းဖြတ်လုပ်တဲ့မင်းပိုင်ဇေရယ်၊ ဒါရိုက်တာရယ်၊ ဇာတ်ညွှန်းဆရာရယ်ကိုမေးသွားတာ လေ”
အော်။ ဟုတ်သားပဲ။ ဒီဇာတ်လမ်းတွဲအကြောင်းကို ရုပ်သံအင်တာဗျုးတွေလုပ်သွားတာမို့ ကျွန်တော့် မျက်နှာကို ကောင်မလေးမြင်ဖူးပြီးသားဖြစ်နေတာ။ ကျွန်တော်တို့မီဒီယာကုမ္ပဏီက ရုပ်သံဇာတ်လမ်း လေးတွေရိုက်ပြီး ရုပ်သံလိုင်းကိုရောင်းတဲ့ နာမည်အတော်အသင့်ရနေတဲ့အချိန်၊ Next Gents က အဖွဲ့သားတွေအားလုံးကို ပရိတ်သတ်ကသိဖို့ကြိုးစားနေတဲ့အချိန်မှာ အခုလိုမျိုး မပြောမဆိုသင့် ပါဘူးဆိုပြီး ကျွန်တော်စိတ်ထိန်းလိုက်ပြန်ပါတယ်။
ဇာတ်လမ်းတွဲတွေရဲ့နောက်ကွယ်က လူတစ်ယောက်ကို ဖန်သားပြင်ပေါ်မှာတစ်ခါမြင်ဖူးရုံနဲ့မှတ်မိနေ ပါလား ဆိုတဲ့အသိကြောင့် နည်းနည်းလေးတော့ဘဝင် လေဟပ်သွားမိတာပေါ့။
“ဟုတ်တယ်ဗျ၊ ကျွန်တော်တို့ Next Gents အဖွဲ့သားတွေပါ၊ ကျူံထော်မှာရိုက်ကွင်းတည်တာ နှစ်ရက်ရှိပြီ”
ကျော်ငြိမ်းကဝင်ပြောပြီးသူ့ကိုယ်သူမိတ်ဆက်၊ ကျွန်တော့်ကိုပါထပ်မိတ်ဆက်ပေးလိုက်တော့ ကောင်မ လေးက လှိုက်လှိုက်လှဲလှဲပြုံးပြတယ်။ ကျွန်တော်ကတော့ ဘာဆက်လုပ်လို့လုပ်ရမှန်းမသိတော့ငြိမ် နေမိလိုက်တယ်ညို။
“အော် ဒီဇာတ်လမ်းကရော မင်းသားမင်းသမီးကွဲဦးမှာလား၊ ဘယ်နှစ်ပိုင်းရှိမှာလဲဟင်”
“ညားမှာပါဗျာ၊ ဘယ်နှစ်ပိုင်းရှိမလဲဆိုတာတော့ Editing လုပ်တဲ့သူအပေါ်မှာမူတယ်တယ်၊ သူဆွဲဆန့် ရင် ဆွဲဆန့်သလောက်ဇာတ်လမ်းကရှည်မှာပေါ့”
ကျွန်တော့်ကို လှမ်းစတော့ကျွန်တော်ခပ်ပြုံးပြုံးဖြစ်သွားမှာအသေအချာပါပဲ။
“ကျွန်မတို့က ခင်တတ်လို့စတာပါရှင်၊ စိတ်မဆိုးပါနဲ့နော် ကိုမင်းပိုင်ဇေ”
အခုတော့လည်း ကို တပ်ခေါ်ပြန်တယ်။ ရပါတယ်ဆိုပြီးတော့ပဲ အောင့်သက်သက်နေလိုက်ရတော့ တယ်လေ။ ကောင်မလေးကိုကြည့်ရတာ မချိုမချဉ်မျက်နှာပေးနဲ့ သိပ်ကြည့်မရတော့တာမို့ ကျွန်တော် လှည့်ထွက်လာခဲ့တာပေါ့ညို။ ကျော်ငြိမ်းနဲ့တော့ စကားပြောကျန်ခဲ့ကြတာကိုတော့ သတိထားမိလိုက် ပါတယ်။
“မင်းတို့ကိုမိတ်ဆက်နေတာလား”
ကားအနားကိုရောက်တော့ ဇာတ်ညွှန်းရေးတဲ့လွင်ဦးကမေးလို့ ကျွန်တော်ခေါင်းညိတ်ပြလိုက်တယ်။
“အေး ငါတို့ကိုသိတယ်တဲ့၊ နာမည်တွေဘာတွေတောင်အလွတ်ရတယ်ဟ”
“အဲဒါ ငါပြောလိုက်တာလေ”
“ဘယ်လို”
“ဟုတ်တယ်လေ၊ မင်းကို ရေနစ်ပြီဆိုပြီးလှမ်းစတဲ့ကောင်မလေးက အသေးစိတ်ငါ့ကိုအင်တာဗျုးသွား လေရဲ့၊ ဘယ်အဖွဲ့ကလဲ၊ ဘာကားရိုက်တာလဲ၊ နာမည်ဘယ်လိုခေါ်လဲ ဆိုတာတွေအားလုံးပါပဲ၊ ငါ လည်းသူမေးသမျှ စိတ်ရှည်လက်ရှည်ရှင်းပြလိုက်တယ်၊ အဲဒါတွေနဲ့မင်းတို့ကိုပြန်ဖောတာသေချာပြီ”
“သေပြီ”
ကျွန်တော့်နဖူးကို လက်ဝါးနဲ့သာ နာနာလေးရိုက်ချမိလိုက်တော့တယ်။ ဘယ်လိုကောင်မလေးပါလိမ့်။ ရန်ထပ်သွားတွေ့လို့ကလည်းမကောင်းပြန်တော့။ ထွက်လိုက်ထိန်းလိုက်ဖြစ်နေတဲ့ ဒေါသကိုလည်းအ တင်းဆွဲချူပ်ထားပြီးကားပေါ်မှာပဲနေလိုက်ရတော့တာပေါ့။
အဲဒီနေ့ကနေစပြီး မကျေနပ်ချက်ကိန်းအောင်းခဲ့ရတော့တာပါပဲ။ ညိုဆိုတဲ့ ညို့နာမည်ကိုမသိရခင်က တည်းက ကျွန်တော့်ရင်ထဲတစ်နေရာမှာရှိနေခဲ့တာပါ။ ဒါပေမဲ့ ကောင်းသောပုံစံနဲ့ရှိနေခဲ့တာမဟုတ်တာ ကိုတော့ သတိပြုမိတယ်။ ကျော်ငြိမ်းမိတ်ဆက်ပေးတုန်းက ကိုယ်တွေကိုပဲနာမည်ပြောခဲ့တာ။ ညိုတို့ နာမည်ကို မမေးခဲ့မိကြဘူးလေ။
“တော်တော်အကုသိုလ်များတာပဲ၊ ကိုယ့်ဖာသာအေးဆေးနေတာတောင်”
ကျွန်တော် စိတ်တွေတိုနေတော့သူငယ်ချင်းတွေကရယ်ကျဲကျဲလုပ်ကြတယ်ညို။ ကျွန်တော့်ကိုအခုလို မျိုးမိန်းကလေးတစ်ယောက်က ပြက်ချော်ချော်လုပ်သွားတာကိုသဘောကျနေကြတယ်ထင်ပါရဲ့။ ကျုံ ထော်ကနေ မြိုင်ကြီးငူလာရာလမ်းတစ်လျှောက်ရောက်တော့ တောတောင်သဘာဝရှုခင်းတွေကြောင့် ကျွန်တော့်စိတ်တွေ အေးချမ်းသွားပြန်တယ်ညို။
ကျောက်တောင်နံရံကြီးတွေက စိတ်တွေကိုညှို့ခေါ်သွားကြပြီးအေးချမ်းတည်ငြိမ်စေမှုကိုပေးစွမ်းလိမ့် မယ်လို့ ကျွန်တော်တကယ်ပဲထင်မထားခဲ့ပါဘူး။ ထူထပ်နေတဲ့သစ်တောအုပ် စိမ်းစိမ်းကြီးတွေက တောင်ပတ်ပတ်လည်ကိုဖုံးအုပ်ကာရံထားကြတယ်။ ဒီလိုနေရာမှာအလုပ်လာလုပ်ခွင့်ရတာ ကျွန်တော် တို့လောက်ကံကောင်းတဲ့သူဘယ်သူရှိဦးမှာလဲလေ။
“အင်း သူခိုးဓါးပြနဲ့တူတဲ့မိန်းမပဲ”
ရုတ်တရက် အဲဒီကောင်မလေးအကြောင်းကို စဉ်းစားမိပြီး ကျွန်တော်တစ်ကိုယ်တည်းတီးတိုးရေရွတ် မိလိုက်တာကို ဘေးနားကကျော်ငြိမ်းကကြားသွားပြန်တော့ စကားပြန်စရတော့တာပါပဲ။
“မင်း ဟိုကောင်မလေးကိုပြောတာမှလား၊ ဒီအထိတောင်စွဲကပ်ပါလာပြီဆိုတော့ တစ်ခုခုတော့တစ်ခုခု ပဲ၊ ပြောစမ်းပါဦး၊ သူခိုးဓါးပြနဲ့တူတယ်ဆိုတာ”
“အော် သူခိုးတွေကပစ္စည်းဥစ္စာကိုလုယူတိုက်ခိုက်သလိုပဲ မိန်းမဆိုတာ အာရုံငါးဖြာနဲ့လှည့်စား၊ နှုးနှပ် ပြီးပါလာသမျှအရာအားလုံးကိုဖြူကာပြာကာကျအောင်ဆွဲငင်ဖျက်ဆီးတတ်တဲ့သဘောရှိတယ်တဲ့၊ အဲ ဒါကြောင့် မိန်းမဟာသူခိုးဓါးပြနဲ့လည်းတူတယ်လို့ ဆိုထားတယ်”
“မင်းမနက်ကအိပ်ရာထထချင်ဖတ်နေတဲ့စာအုပ်ထဲကမှလား၊ ဆရာအောင်မြတ်ဦးရဲ့ မိန်းမစိတ်၊ မိန်းမ သဘာဝလျှို့ဝှက်ချက်များလေ”
“ဟုတ်တယ်လေ”
အဲဒီစာအုပ်ထဲကအရ မိန်းမတွေထဲမှာ ကျွန်တော်တွေ့ကြုံရတဲ့အဲဒီမိန်းကလေးကဘယ်လို အမျိုးအစား ဖြစ်မလဲ။
“အဲဒါဆိုရင်တော့ အဲဒီကောင်မလေးဟာ မေတ္တာတရားနဲ့ပြည့်စုံတဲ့မိန်းကလေးပဲကွ”
ကျွန်တော်ဒီကောင့်ကို ထရိုက်ချင်စိတ်တွေဖြစ်သွားမိတော့တာပေါ့ညို။ ဟုတ်တယ်လေ။ မကောင်းတဲ့ အမြင်ပဲမြင်နေတဲ့အချိန်မှာ သူကမေတ္တာရှင်မလေးတွေဘာတွေနဲ့နောက်နေပြန်တယ်။ ကျွန်တော်သူ့ ကို ဘုကြည့်ကြည့်တော့ သူကရှင်းပြတယ်။ အမှန်တော့ သူလည်းအဲဒီစာအုပ်ကိုသေသေချာချာဖတ် ထားပြီးသားနေမှာ။
“ဟုတ်တယ်လေ၊ ရူပသျှတ္ထရကျမ်းလာ မိန်းမတို့အကြောင်းအဆိုးအကောင်းခေါင်းစဉ်အရဆိုရင်အဲဒီ မိန်းကလေးဟာ ဝိုင်းစက်ပြီးကျယ်ဝန်းတဲ့မျက်လုံးပိုင်ရှင်ပဲလေ၊ ကောင်မလေးမျက်လုံးဝိုင်းစက်ကြည် လင်ပြီး ဆွဲဆောင်မှုရှိတာကိုတော့ မင်းမငြင်းနဲ့မင်းပိုင်ဇေ”
ကျွန်တော် ခေါင်းညိတ်ပြလိုက်ပါသည်။ သူဘာဆက်ပြောမလဲပေါ့။
“အဲဒီလိုအသွင်သဏ္ဍာန်မိန်းကလေးဟာ လွတ်လပ်မှုကိုနှစ်ခြိုက်မယ်၊ ဖိနှိပ်ချုပ်ချယ်မှုကိုမုန်းတီးမယ်၊ ပြီးတော့ ရဲရင့်ဖျက်လတ်တဲ့အမှုအရာနဲ့ပြည့်စုံမယ်တဲ့၊ အဲဒါကတော့ငါတို့အမြင်ပဲလေ၊ ဟုတ်တယ်မှ လား၊ ဒီလိုမိန်းကလေးမျိုးကို သွေးဆောင်ဖြားယောင်းလို့မရဘူးတဲ့၊ အဲဒီမျက်လုံးပိုင်ရှင်ဟာ နူးညံ့ပျော့ ပျောင်းပြီး မေတ္တာတရားနဲ့ပြည့်စုံတယ်တဲ့”
ကျွန်တော်ဆက်မပြောတော့။ အဲဒီကောင်ကို ဆက်ပြောနေလို့လည်းထူးလာမှမဟုတ်။ လောလောအခု လက်ရှိမှာတော့ ကျွန်တော်ကအစအနောက်ခံထားရတဲ့သူဆိုတော့ စိတ်ထဲမှာစနိုးစနောင့်ဖြစ်နေတာ တော့အမှန်ပင်။
ပြီးတော့ ကျွန်တော်ကြံစည်ထားတာတွေအကုန်မေ့လျော့သွားခဲ့ရသေးတာ။ ဟုတ်တယ်လေ။ ကျုံ ထော်မှာရောင်းတဲ့ ကြက်သား၊ ငါး အသားတုဟင်းတွေကို ကျွန်တော်မြည်းစမ်းခွင့်မရခဲ့ဘူး။ ရေတံခွန် သွားရာလမ်းတစ်လျှောက်ဆိုင်တန်းလေးတွေမှာရောင်းတဲ့ တောပန်းပင်မျိုးတွေကို ကျွန်တော်ဝယ်ခွင့် မရခဲ့ဘူး။ အာရုံက အဲဒီကောင်မလေးနှောက်ယှက်လိုက်တာ အားလုံးကိုပျက်ရော။
“ကြက်သားဆိုရင်လည်းတကယ်ကြက်သားအတိုင်းပဲ အရိုးတွေပါပါတယ်၊ အရသာလည်းကြက်သား နီးပါးလောက်အထိတူတယ်၊ ရောက်တုန်းရောက်ခိုက်စားကြည့်ခဲ့ပေါ့ကွာ”
ရန်ကုန်မှာတုန်းက အစ်ကိုတစ်ယောက်ကကျွန်တော့်ကိုမှာလိုက်သေးတယ်။ တွေးရင်းတွေးရင်းကျွန် တော် ဒေါသတွေထွက်လာမိပြန်တယ်ညို။ မနက်ဖြန် ကျုံထော်ကိုတစ်ခေါက်ထပ်လာရဦးမယ်ဆိုပေ မယ့် ဒီနေ့လုပ်မယ်လို့တွေးထားတဲ့အရာတွေကို အကောင်အထည်မဖော်နိုင်ခဲ့လို့မကျေမနပ်ဖြစ်နေ တာ၊ စိတ်ထဲတင်းနေမိတာ။
“အေး အဲဒီတောင်တန်းတွေကိုတစ်ကတ်လောက်ရိုက်မယ်ဟေ့”
တောင်တန်းတွေပတ်ပတ်လည်ဝိုင်းနေတဲ့နေရာမှာ ကျွန်တော်တို့ကားကိုခဏရပ်လိုက်တယ်။ ဘေး ပတ်ပတ်လည်မှာတော့ တကယ်ကို စိမ်းလန်းနေတာပါပဲ။ ကားရပ်ပြီး ကင်မရာသမားတွေအလုပ်ရှုပ် ကြပြန်တယ်ညို။ ဒါရိုက်တာလုပ်သူကသူလိုချင်တဲ့မြင်ကွင်းအနေအထားကိုပြောပြီး မှိန်ပျပျတောင် တန်းတွေကနေ အနီးကပ်ဆုံးမှာရှိတဲ့တောအုပ်တွေအထိရိုက်ယူနေကြတော့တယ်။ တည်းဖြတ်ဖြစ်တဲ့ ကျွန်တော်ကတော့ သူတို့လုပ်တာကိုတစ်ချက်တစ်လေပဲလှမ်းကြည့်လိုက်ပါတယ်။
“မင်းပိုင်ဇေ”
ဘယ်လိုကနေဘယ်ကျွန်တော့်နားကို အဲဒီကောင်မလေးရောက်လာခဲ့တယ်ဆိုတာမသိလိုက်ဘူး။ ကျွန် တော်ရှိတဲ့နေရာမှာ အဲဒီမိန်းကလေးတွေရဲ့ကားလည်းအဆင်သင့်ရောက်နှင့်နေခဲ့တယ်လေ။ ကျွန် တော်တို့လိုပဲ ရှုခင်းတွေကြည့်နေကြတာများလား။
“ဧည့်သည်တွေက ရှုခင်းကြည့်ချင်တယ်ဆိုတာနဲ့ကားကိုဒီနေရာမှာခဏရပ်ပြီးကြည့်နေတာ၊ ကျွန်မ တို့အရင်ရပ်တာပါ၊ တော်ကြာရှင်တို့နောက်လိုက်နေတယ်ထင်မှာစိုးလို့”
ကျွန်တော် ဘာမှပြန်မပြောလိုက်ပါဘူး။ သူမ ကိုတစ်ချက်လေးပဲကြည့်လိုက်ပြီး ရိုက်ကူးရေးအဖွဲ့ရှိရာ ဆီကိုပဲ ဦးတည်လိုက်တယ်။
“ဟိုလေ…”
ကျွန်တော့်ကို ပန်းသီးလေးတစ်လုံးလှမ်းပေးပါတယ်။
“ကျွန်မလွန်သွားတယ်၊ အဲဒီအတွက်တောင်းပန်ပါတယ်၊ ကျွန်မတို့သူငယ်ချင်းဖြစ်ကြစို့”
ကျွန်တော် ခေါင်းခါလိုက်ပါတယ်။ ဟုတ်တယ်။ အဲဒီအချိန်တုန်းက ကျွန်တော်သူမကိုအမြင်ကတ်နေ တာကလွဲရင် ဘာမှပြောချင်စိတ်မရှိဘူး။ တကယ်တမ်းစကားပြန်ပြောလိုက်တော့လည်းမပြောသင့်တဲ့ စကားဖြစ်သွားခဲ့တယ်ညို။
“စရိုက်ဆန်တဲ့မိန်းကလေးနဲ့ ကျွန်တော်သူငယ်ချင်းမဖြစ်ချင်ဘူး”
“ဘယ်လို”
အံသြသွားတဲ့မိန်းကလေးရဲ့အမှုအရာကို ခုထက်ထိမမေ့နိုင်သေးဘူး။
“ဟုတ်တယ်၊ ခင်ဗျားရဲ့ပြုပြင်ဖို့လိုအပ်နေတဲ့ အကျင့်ဗီဇ စရိုက်တွေကို အရင်ဆုံးပြောင်းလဲလိုက်ပြီး နောက်ပိုင်းမှ သူငယ်ချင်းဖြစ်ဖို့ ကျွန်တော်နဲ့လာတွေ့ပါ”
ကျွန်တော် အဲဒီမိန်းကလေးကိုခပ်ထန်ထန်ကြည့်ပြီးထွက်လာခဲ့တယ်။ သူမ ဒေါသတထောင်းထောင်း ထပြီးကျန်ခဲ့လိမ့်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပေါ့ညို။
“တောက်”
တောက်ခတ်သံကပြင်းလွန်းတာမို့ ကျွန်တော်လှည့်ကြည့်လိုက်မိသေးတယ်။ ပြင်းရှရှမျက်ဝန်းတစ်စုံနဲ့ ကျွန်တော့်အကြည့်ဆုံမိသွားတော့ ပူပြင်းလောင်မြိုက်နေတဲ့လှိုင်းဂယက်တစ်ခုထန်သွားခဲ့တယ်။ ပြ သနာတစ်ခုလား၊ ဇာတ်လမ်းတစ်ပုဒ်လား ဒါမှမဟုတ်ရေစက်တစ်ခုလား အဲဒီကနေအစပြုခဲ့တော့တာ ပါပဲညို။
ဟုတ်တယ်၊ ညိုနဲ့ ကျွန်တော်အဲဒီထက်ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့အဖြစ်အပျက်တွေနဲ့ပြန်လည် တွေ့ဆုံခဲ့ပြန်တယ်။ ဒါပေမဲ့ ကျုံထော်မှာတော့မဟုတ်ခဲ့ဘူး၊ မြန်မာနိုင်ငံအတွင်းထဲမှာလည်းမဟုတ်ခဲ့ ပြန်ဘူး၊ တကယ်ကိုလုံးဝထင်မှတ်မထားတဲ့နေရာမှပေါ့ဗျာ။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx