PR တွေကိုလက်ဆောင်ပေးပြီးတဲ့နောက် Media တွေကိုလည်းလက်ဆောင်ပေးချင်ပါတယ်။ အချင်း ချင်းလက်ဆောင်ပေးရအောင် ကျွန်တော်ကဘယ်လောက်တော်နေတတ်နေ သိနေသလဲ ပြည့်လျှံနေ သလဲမေးရင် တကယ်ပါ I know nothing ပါ။ သွားလာလှုပ်ရှားကျင်လည်နေတဲ့ပတ်ဝန်းကျင်မှာတွေ့ နေတာတွေကိုပြောပြရင်း အဲဒါလေးပြင်လိုက်မယ်ဆိုရင် ဘယ်လောက်တောင်များသာယာလှပမလဲလို့ တွေးမိတာပါ။
ကျွန် တော်တို့ မီဒီယာတွေမှာလည်း အရမ်းသရုပ်ပျက်၊ ရုပ်ပျက်တဲ့ ရိုက်ပေါက် လူတွေအများကြီးပါ။ ပွဲတွေ သွားရင် သတင်းလိုက်ရင်တွေ့ရပါတယ်။ ကျွန်တော့်စိတ်ထဲမှာ အဆင်မပြေတာ၊ မလုပ် သင့်ဘူးလို့ထင် တာတွေပါ။ ဖဲ့တာလည်းမဟုတ်ပါ၊ ဆရာလုပ်တာလည်းမဟုတ်ပါဘူးနော်။
(၁) လက်ဆောင်မက်ခြင်း၊ ပွဲမှန်သမျှလိုက်တက်ချင်ခြင်း
ကုမ္ပဏီတွေ အဖွဲ့အစည်းတွေက မြန်မာ့ယဉ်ကျေးမှုအရ ပွဲတက်ရင်လက်ဆောင်အသေးအမွှားကအစ အိုင်ဖုန်းလိုမျိုးတန်ဖိုးကြီးပစ္စည်းတွေကို ကံစမ်းမဲဖောက်ပေးတဲ့အထိ လက်ဆောင်ပေးတာမျိုးရှိပါ တယ်။ အဲဒီလိုပွဲမျိုးတွေကို တက်ဖို့ချောင်းနေတဲ့ အယ်ဒီတာတွေ ကျွန်တော်တို့လောကမှာတွေ့ရပါ တယ်။ ကိုယ်တက်ချင်တဲ့ပွဲဆိုရင် အသာလေးဥထား စိတ်မဝင်စားတဲ့ လက်ဆောင်မရနိုင်တဲ့ပွဲဆိုရင် သတင်းထောက်တွေကိုလွှတ်လိုက်တဲ့အယ်ဒီတာတွေအများကြီးမှအများကြီးရယ်ပါ။ Ethic ဘာညာနဲ့ သာပြောနေကြတာပါ။ တကယ်တော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်ဓါတ်နဲ့ပဲဆိုင်မယ်ထင်ပါတယ်။ ဘယ်သူက ဘယ်လောက်တန်ဖိုးကြီးပစ္စည်းပေးနိုင်မှာလဲဗျာ။ အသေးအမွှားကို မမက်စေချင်ပါ ဘူး လက်ဆောင်မယူရတားမြစ်ထားတဲ့တိုက်တွေကို လေးစားတန်ဖိုး ထားရပါတယ်။
(၂) မအပ်စပ်သည့်အကြောင်းအရာ လျှောက်မေးခြင်း
အခမ်းအနားတွေ သတင်းစာရှင်းလင်းပွဲတွေမှာ မသက်ဆိုင်တဲ့အကြောင်းအရာတွေကို လျှောက် လျှောက်မေးတတ်တဲ့သူတွေကြုံရဖူးပါတယ်။ သူလာရင် ဟာ ဒီလူတော့လုပ်ပြီဆိုပြီး စိုးရိမ်နေရတာမျိုး ရှိဖူးပါတယ်။ အကြောင်းအရာကိုသေချာမလေ့လာ ပွဲရောက်မှ မဆိုင်တာတွေလျှောက်မေးတာမျိုးက တစ်လှေလုံးပုပ်တာမျိုးမဖြစ်ဘူးလားနော်။
(၃) By Name နဲ့ဖိတ်ခိုင်းခြင်း
ခရီးခေါ်တာပဲဖြစ်ဖြစ် ပွဲတက်တာပဲဖြစ်ဖြစ် ကိုယ်တက်ချင်တယ်ဆိုရင် သတင်း Source ကို ကိုယ့်နာ မည်နဲ့ဖိတ်ခိုင်းတာရှိပါတယ်။ ကိုယ်ကဖိတ်စာပါအကြောင်းအရာနဲ့ ကျွမ်းကျင်ရင်းနှီးမှုမရှိရင်တော့ သက် ဆိုင်ရာ သတင်းထောက်ကိုသွားခိုင်းတာကပိုကောင်းမလားလို့။ Source က ကိုယ်နဲ့အရမ်းခင်ရင်တော့ နှစ်ယောက် သွားတာက ပိုမကောင်းဘူးလားနော့။
(၄) ယုံကြည်မှုလွန်ကဲခြင်း
တစ်ချို့မီဒီယာသမားတွေ တော်တော်လေးယုံကြည်မှုလွန်ကဲတာတွေ့ဖူးပါတယ်။ သူ့လောက်သိတဲ့ သူမရှိတော့ဘူး သူသာအသိဆုံးပုံစံမျိုးနဲ့ ကျန်တဲ့သူကို အထင်သေးအမြင်သေးဆက်ဆံပြောဆိုတာမျိုး ပေါ့။ ခရီးသွားတာပဲဖြစ်ဖြစ် ပွဲအခမ်းအနားမှာပဲဖြစ်ဖြစ် ဆရာအထာနဲ့လက်ချာတွေပေးတာမျိုးကတော့ အဆင်မပြေဘူးထင်မိပါတယ်။ အဲဒီလိုလူကတော့ လက်ချိုးရေလို့ရနိုင်ပါတယ်။
(၅) စနိုက်ကြော်ခြင်း
ဒါကတော့ သတင်းစာတိုက်တိုင်းမှာကြုံရတတ်ပါတယ်။ ကိုယ်ရေးနေကျ round မဟုတ်ဘူး၊ ကိုယ့်ကို ပေးထားတဲ့ လိုင်းမဟုတ်ဘူး။ ဒါကိုသိရက်နဲ့ အခြားသတင်းထောက်ရဲ့ round ကိုကျော်ရေးတာမျိုးပါ။ ဥပမာ နိုင်ငံရေးလိုင်းကိုဇောက်ချလိုက်တဲ့သူက စီးပွားရေးသတင်းကိုရေးတာမျိုးပါ။ ကိုယ်ကရေးတတ် လို့ ကျွမ်းကျင်လို့ရေးတယ်ဆိုပေမယ့် သက်ဆိုင်ရာရေးတဲ့သူရှိပြီးသားမို့ ကိုယ့်စည်းသူ့စည်းရေးတာ ကောင်းပါတယ်။ ကိုယ်ကအရင်သိရင်လည်း ရေးတဲ့သူကိုအသိပေးလိုက်တော့ အချင်းချင်းရန်မဖြစ် ရ တော့ဘူးပေါ့။
(၆) အီးမေးလ်သတင်းရေးခြင်း
အခုနောက်ပိုင်းက PR အေဂျင်စီတွေများလာတာမို့ အီးမေးလ်တွေတစ်နေ့တစ်နေ့လက်ခံရရှိကြတာ မနည်းမနောပါပဲ။ အရင်ခေတ်လို သတင်းထွက်လိုက်စရာမလိုတော့ဘူးပေါ့။ ဆိုတော့ အီးမေးလ်သ တင်းလေးနဲ့သာယာနေတဲ့သူတွေအများကြီးပါပဲ။ အဲဒီလိုမျိုးချည်းမလုပ်စေချင်တာစေတနာပါခင်ဗျာ။
(၇) အချိန်မတိကျခြင်း
ပွဲကစနေပြီး အချိန် နာရီဝက်၊ တစ်နာရီနောက်ကျပြီးမှ ရောက်လာတာမျိုးတွေရှိပါတယ်။ တော်တော် လေးရုပ်ဆိုးတယ်လို့မြင်ပါတယ်။ ပွဲတွေကလည်း မြန်မာစံတော်ချိန်ဆိုပြီးနောက်ကျမှစတာလည်းပါတာ ပေါ့။ ဒါပေမဲ့ သတင်းယူမယ့်သူအနေနဲ့က ပွဲအချိန်မီရောက်လာသင့်တယ်လို့ထင်ပါတယ်။ ကိုယ်အင် တာဗျုးမယ့်လူကိုစုံစမ်းတာမျိုး အခမ်းအနားအခြေအနေကိုသုံးသပ်လေ့လာတာမျိုးလုပ်ဖို့ပေါ့လေ။
(၈) မိုက်ခရိုဖုန်းကိုင်ရင် သတင်းသမားဖြစ်ခြင်း
အခုနောက်ပိုင်း ဒီဂျစ်တယ်မီဒီယာတွေများလာတော့မိုက်ခရိုဖုန်းလေးကိုင်ရင် သတင်းသမားဖြစ်တယ် ဆိုပြီး ခံယူကြတာများလို့ပါ။ မေးသင့်တဲ့မေးခွန်းလားမမေးသင့်တဲ့မေးခွန်းလား လျှောက်လျှောက်မေး တာတွေတွေ့ရလွန်းပါတယ်။ မီဒီယာတွေမှာလည်း ကျင့်ဝတ်ဆိုတာရှိတာမို့ ဖတ်စေချင်လို့ပါ။
(၉) Page ရှိရင်မီဒီယာဖြစ်ခြင်း
Facebook စာမျက်နှာတစ်ခုဖွင့်ပြီး မီဒီယာထောင်တယ်ဖြစ်သွားတဲ့သူတွေလည်းတွေ့ရပါတယ်။ တွေ့ ကရာသတင်း ဆယ်လီတွေရဲ့အတင်းအဖျင်းတွေကို အဲဒီပေ့ချ်အပေါ်မှာတင်ပြီး ဘယ်သတင်းဌာနက ပါ ဘာညာနဲ့ပြောတာအဆင်မပြေဘူးလားလို့နော်။
သူများကိုဖောင်းထုတာလည်းမဟုတ်ပါဘူး။ ကျွန်တော့်စိတ်ထဲအဆင်မပြေဘူးလားလို့ ချရေးကြည့်တာ ပါ။ အဲဒါလေးတွေကောင်းသွားရင်တော့ မိုက်မှာပါလို့ အားလုံး Peace နော်။
×××××