မြန်မာပြည်ထဲက ဟာဝိုင်ယီ သို့မဟုတ် သလင်းကမ်းခြေများစု‌ဝေးရာကျွန်း

ဦးထွန်းတို့ ဆီမှာ ဟာဝိုင်ယီကျွန်းထက်လှတဲ့နေရာ ရှိတယ်ဆိုရင်ယုံလား။  သမုဒ္ဒရာပြင်ထက်ကိုထိုးထွက် လာနေတဲ့ သန္တာကျွန်းခွေတွေ ကျောက်ခက်တန်းတွေအပြင် သလင်းလိုကြည်လင်တဲ့ရေလှိုင်းတံပိုးတွေ က တိမ်တွေနဲ့တစ်သားတည်းအထပ်လိုက်အထပ်လိုက်ဖြစ်နေတာ အံအားသင့်စရာကောင်းလှပါတယ်။

ဟုတ်တယ်။ မြန်မာပြည်ထဲက ဟာဝိုင်ယီဆီကို ဦးထွန်းရောက်ခဲ့ပါတယ်။ မျက်စိတဆုံးကျယ်ပြောတဲ့ လှိုင်းရေပြင်ကမ်းခြေတွေတစ်ခုတည်းမဟုတ်ပါဘူး။ ကျွန်းတစ်ကျွန်းတည်းကိုသွားလိုက်တာ သီးခြားစီ ဖြစ်နေတဲ့ ကမ်းခြေသုံးခုကိုတစ်ပြိုင်တည်းရောက်ခဲ့ပါတယ်။ ဉပမာအားဖြင့် ပင်လယ်တစ်ဆက်တည်း ဖြစ်နေတဲ့ ချောင်းသာ၊ ငွေဆောင်၊ ‌ရွှေသောင်ယံ ကမ်း‌ခြေ တွေကို သီးခြားစီသွားရလို့အချိန်ကုန်ပေမယ့် ဉီးထွန်းရောက်ခဲ့တဲ့ကမ်းခြေတွေကတော့ သုံးခုစလုံးကို တစ်နေ့တည်းမှာ မိနစ်ပိုင်းအတွင်းမှာ ရောက်နိုင်သွားနိုင်ပါ တယ်။

ဘယ်နေရာလဲ၊ ဘာတွေရှိသလဲ၊ ဘယ်လိုသွားရသလဲ

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 

 ရခိုင်ပြည်နယ်ထဲက မာန်အောင်ကျွန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမြေပုံမှာ ဘယ်ဖက် ရခိုင်ပြည်နယ်အတန်း ရှည်ကြီးဘေးမှာ သီးခြားကွဲထွက်နေတဲ့ ကျွန်းအစုစုလေးတွေထဲက တစ်ကျွန်းပေါ့။ ရုပ်ရှင်မင်းသားနေတိုး မွေးဖွားနေထိုင်ရာ နေရာလည်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဆိုပြီး တစ်မျိုးဖြစ်မသွားပါနဲ့။ ကြည်လင် ရှင်းသန့် ခိုးဝှက်တတ်သူရှားပါး ဟိုလူမျိုးစုလည်းတစ်ယောက်မှမရှိ ဘေးကင်းရာသဘာဝကျွန်း လေးဖြစ်ပါတယ်။ ကျွန်းပေါ်မှာ မာန်အောင်မြို့နဲ့ အခြားရွာလေးတွေအများကြီးတွေ့ရပါတယ်။ အရမ်းလှတဲ့သလင်းရောင်ကမ်းခြေတွေ နဲ့ မိုး‌မျှော်ကျောက်ဆောင်ကျောက်တန်းတွေဝန်းရံနေတဲ့နေရာ တွေအပြင် စိမ်းစိုစိုသစ်တောတွေ မြစိမ်းရောင်ကွင်းပြင်တွေကို Man-made မဟုတ်ဘဲသဘာဝအတိုင်း တွေ့မြင်ရသေးတဲ့နေရာဖြစ်ပါတယ်။

ရန်ကုန်ကနေတောင်ကုတ်ကိုကားစီး (ခန့်မှန်းခြေ ၁၃ နာရီ) တောင်ကုတ်ကနေ မာန်အောင်ကျွန်းကို သွားတဲ့သင်္ဘာကို ၃ နာရီ ဝန်းကျင်လောက်စီးရပြီးမှရောက်ပါတယ်။ လမ်းမှာ Express ရပ်တာ၊ သ‌င်္ဘောစောင့် ဆိုတော့ ဒီနေ့ညနေ ၃ နာရီကားနဲ့ သွားရင် မနက်ဖြန်မနက် ၁ဝ နာရီလောက်မှ ရောက်ပါ တယ်။ ခရီးကြာတယ်ဆိုပြီးညည်းသမျှအားလုံး ကျွန်းပေါ်ရောက်တာနဲ့ပျောက်ခြင်းမလှပျောက်ကုန်ပါ တော့တယ်။ အရမ်းမိုက်တာကိုး။

ကျွန်းပတ်ခြင်း

>>>>>>>>>> 

 ကျွန်းပတ်ပတ်လည်မှာရှိတဲ့ Beach တွေအကြောင်းပြောချင်တာပါ။ သိပ်လှတဲ့ ကမ်းခြေတွေကိုတွေ့ရဖို့ ဦးထွန်းတို့ ၂ဝ၂ စတုရန်းမိုင် (၅၂၃ စတုရန်း ကီလိုမီတာ) ရှိတဲ့ ကျွန်းကို တစ်ပတ်ပတ်ခဲ့ကြပါတယ်။ ကား ငှားပြီးပတ်တာပေါ့လေ။ ‌‌ဒေသခံတွေကတော့ ဆိုင်ကယ်နဲ့ပတ်လေ့ရှိကြပါတယ်။ ကျွန်းပေါ်မှာရှိတဲ့ ဟာနုမာန်မျောက် ဆေးအရှာထွက်ခဲ့တဲ့တောင်နီတောင်နဲ့ အခြားနေရာတွေကိုတော့ သပ်သပ်ပြောပြပါ့ မယ်။ ဒီမှာတော့ သလင်းရောင်ကမ်းခြေအ‌ကြောင်းပဲပြောပြချင်တာပါလေ။ ကျွန်းကိုကားလေးနဲ့ပတ်တာ နဲ့ ကမ်းခြေတွေရဲ့အရသာကိုတစ်ခုပြီးတစ်ခုခံစားနိုင်ပါပြီ။ အခြားကမ်းခြေတွေလိုတော့ စားသောက်ဆိုင် တွေစားစရာရောင်းတဲ့အသည်တွေမရှိ၊ ရေလာကစားလည်းလူလည်းမရှိပါဘူး။ ကိုယ်တွေသွားတဲ့အချိန် ကိုယ့်အချိန် ကိုယ်ပိုင်ကျွန်းပါပဲ။

ပုလဲငွေရောင်ကမ်းခြေ

>>>>>>>>>>>>>>>> 

ပထမဆုံးရောက်ဖြစ်ခဲ့တာက ပုလဲငွေရောင်ကမ်းခြေလို့နာမည်ပေးထားတဲ့နေရာပါ။ အဲဒီကမ်း‌ခြေက နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းက ကျောင်ဆောင်ကျောက်တန်းတွေထိုးထွက်နေတဲ့နေရာပါ။ ရေကူးလို့မရ ပေမယ့် ဓါတ်ပုံကောင်းကောင်းရိုက်လို့ရတဲ့နေရာပေ့ါ။ ပြာလဲ့လဲ့ရေကြည်ပေါ်မှာ ညိုနက်နက်ကျောက် သားထုတွေက ထိုးထိုးထောင်ထောင်နဲ့အလှကို အပြာရောင်ကောင်းကင်ပြင်ကျယ်ကြီးကပံ့ပိုးပေးပါ တယ်။ မသိရင်ထိုင်ဝမ်လိုလို ဗီယက်နမ်က ဟလောင်ဘေးလိုလိုပေါ့။ ဒါပေမဲ့ သူတို့ထက်မိုက်တယ်ဗျ။ နောက်တစ်ပိုင်းကတော့ အိုးလားလား တကယ့်ဟာဝိုင်ယီကျွန်းအတိုင်းပဲ။ ပင်လယ်နဲ့ ကောင်းကင်ခွဲ ခြား လို့တောင်မရဘူးရယ်။ ပင်လယ်ရေအောက်ကြမ်းပြင်ဆီကိုထိုးရိုးပေါက်မြင်နေရသလို လှိုင်းတွေကလည်း ဖွေးခနဲ ဖွေးခနဲအထပ်လိုက်အထပ်လိုက်ပါ။ အခြားကမ်းခြေတွေမှာလို လှိုင်းလာတာကိုစောင့်စီးစရာမ လိုပါဘူး။ လှိုင်းလုံးကြီးတွေအထပ်လိုက်တစ်လုံးပြီးတစ်လုံးလာရိုက်တာကိုကမ်းခြေကထိုင်စောင့်စီးရတဲ့ အရသာလောက်ကောင်းတာ ဘယ်မှာများရှိဦးမှာလဲ။ အဲဒီမှာဟိုတယ်ဇုန်အသစ်ဆောက်နေပါတယ်။ နောက်သုံးနှစ်လောက်ဆိုရင်တော့ လူတွေများလာမှာ ခရီးသွားနေရာဖြစ်လာမှာကိုဝမ်းသာမိပေမယ့် အမှိုက်တွေပေါလာမှာကိုတော့ ရင်လေးလှပါတယ်။ စနစ်တကျအမှိုက်ပစ်ကြတာမတွေ့သေးဘူးရယ်။

ကအီးကမ်းခြေ

>>>>>>>>>>> 

ပုလဲငွေရောင်ကနေ ၁၅ မိနစ်လောက်မောင်းအပြီးမှာတော့ ကအီးကမ်း‌ခြေကိုရောက်လာပါတယ်။ သူ့ ထူးခြားချက်က ဖွေးဖွေးလှုပ်နေတဲ့ ဂဏန်းတွေပါပဲ။ ကမ်းခြေတစ်လျှောက်လုံးသူတို့နဲ့ပြိုင်ပြီးရေကူးရ မလိုတောင်ပျားပန်းခတ်နေပါတယ်။ အဲဒီမှာတော့ ကျောက်ဆောင်ကျောက်တန်းတွေနဲ့သလင်းရေပြင်ကို တစ်ပြိုင်တည်းတွေ့ပြီး သောင်ပြင်ညီညီမှာ အေးအေးလူလူရေကစားနိုင်ပါတယ်။ ရေဆော့ရတာပျော် လွန်းလို့ နေပူလို့ပူမှန်းမသိဘူးရယ်။ ပတ်ပတ်လည်မှာ မျက်စိတစ်ဆုံးပင်လယ်ရေနဲ့ကောင်းကင်ကိုပဲ မြင်ရလို့ ဘယ်နေရာဆုံး ဘယ်နေရာစမှန်းတောင်မသိပါဘူး။ မိုးကုတ်စက်ဝိုင်းဆီကိုလမ်းလျှောက်နေသ လိုတောင်ခံစားလိုက်ရတယ်။ ကျေနပ်လိုက်တာဆိုတာဗျာ။

သိမ်ဗလကမ်းခြေ

>>>>>>>>>>>>> 

 စာလုံးပေါင်းမှန်မမှန်တော့မသိဘူးရယ်။ မာန်အောင်မြို့အနားကကမ်း‌‌ခြေကိုပြောတာပါ။ အရှေ့က ကမ်း‌ခြေနှစ်ခုစလုံးမှာ လူအရောက်အပေါက်နည်းပါးသေးပေမယ့် သိမ်ဗလကမ်းခြေမှာတော့ လူတွေ အများကြီးရှိပါတယ်။ အမှိုက်တွေလည်းပေါပါတယ်။ ရေလည်း ဟိုနှစ်ခုနဲ့ယှဉ်ရင်သိပ်မကြည်ပေမယ့် ဆော့လို့တော့ကောင်းမှာပါ။ ဦးထွန်းတို့သွားတဲ့အချိန်က ဒီရေကျချိန်နဲ့တိုးလို့ ကမ်းခြေကနေ ရေရှိရာဆီ ကို မိနစ်နှစ်ဆယ်လောက်သောင်ပြင်ပေါ်လမ်းလျှောက်လိုက်ရတယ်။ အော် ဒီကမ်းခြေမှာတော့ စား သောက်ဆိုင်တစ်ဆိုင်ကိုလည်းတွေ့ရတယ်ခင်ဗျ။

 ဘယ်လောက်ကုန်လဲ၊ အစားအသောက်ကောအဆင်ပြေလား

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 

 အရမ်းမိုက်တဲ့ကမ်းခြေတွေကိုတစ်ပြိုင်တည်းရောက်တာနဲ့တင် ဘယ်လောက်ကုန်ကုန်တန်နေပြီလို့ဆို ချင်ပါတယ်။ ရန်ကုန်ကနေ တောင်ကုန်ကိုအသွားအပြန်ကားခ ၂၆၀၀၀ (တစ်‌ကြောင်းကို ၁၃၀၀၀)၊ သ‌‌‌င်္ဘာခ နှစ်ကြောင်းစာ ၁၄၀၀၀ (တစ်ကြောင်း ၇၀၀၀) ကုန်ပါတယ်။ ကျန်တာ တည်းခိုစရိတ်ကတော့ တစ်ည ၈၀၀၀ ကနေ အစားစားရှိပါတယ်။ ထမင်းအဝစားတစ်နပ်ကို ၃၀၀၀ ကျပ်ပါ။ ကျွန်းပတ်ကားခကတော့ ခြောက်သောင်းပါ။ စျေးတွေကတော့ ကျွန်းပေါ်မှာမို့လို့ ရန်ကုန်နဲ့ယှဉ်ရင်ကြီးပါ တယ်။ လေယာဉ်နဲ့သွားမယ်ဆိုရင်လည်း ကျွန်းပေါ်မှာလေ ယာဉ်စဆိုက်နေပါပြီ။ ကားနဲ့သွားမယ်ဆိုရင် တော့ ဦးထွန်းတို့စီးခဲ့တဲ့ မျိုးဆက်သစ်ကားလိုင်းစီးလို့အဆင် မပြေပါဘူး။ ခရီး‌ဝေးကိုအလယ်ခုံလူတင်တဲ့ အပြင် ကားပေါ်အထိပစ္စည်းတွေတင်လို့ စကားပြောရပါ သေးတယ်။ သ‌င်္ဘာစီးမယ်ဆိုရင်လည်း ရွှေလင်းယုန်ကိုမစီးစေချင်ပါဘူး။ လူတွေပြည့်ညှပ်နေအောင်တင် ပြီး အကြာကြီးစောင့်ရပါတယ်။ အပြန်တုန်းကစီးလာတဲ့ ရွှေပြည်တန်က သူ့ထက်စာရင်ဝန်ဆောင်မှု ကောင်းပါတယ်။

အရမ်းမိုက်တဲ့နေရာမှာ ဂျင်းတွေရှိနေတာကလွဲရင် သွားသင့်တဲ့သဘာဝနယ်မြေပါ။ မေတ္တာရိပ်မှာ အေး ချမ်းပါစေ။