ချင်းပြည်နယ်ရဲ့အထင်ကရထဲမှာ ဘုံတလာရေတံခွန်ပါဝင်ပါတယ်။ ဘာလို့အထင်ကရဖြစ်တာလဲဆို တာတော့ မြင်တဲ့သူတိုင်အံအားသင့်စေလောက်အောင်လှလွန်းလို့ဖြစ်ပါတယ်။ ဘုံခုနစ်ဆင့်အမြင့်ဆို တဲ့စာသားက ဘုံတလာရေတံခွန်ရောက်မှ ကွက်ကွက်ကွင်းကွင်းသိနိုင်မယ်ဗျ။ ဘာလို့လဲဆိုရင်တော့ ဘုံတလာရေတံခွန်က ၇ ဆင့်ရှိနေလို့ပါ။ ကျော့်ကင်မရာနဲ့တော့ ၇ ဆင့်လုံးရိုက်လို့မပေါ်ဘူး။ ဒရုန်းနဲ့မှ ရမယ်ထင်တယ်။ မြင်ရတဲ့အဆင့်တိုင်းအဆင့်တိုင်းက လှတယ်ဆိုတာထက်ပိုပါတယ်။
ရေတံခွန်ပဲ လားဆိုတော့ မဟုတ်သေးဘူး။ သိကြားမင်းရဲ့မာတုကဗ္ဗလာမြကျောက်ဖျာ ဆိုတာ အဲဒီလိုမျိုးလားလို့ ထင်ရစေတဲ့ ရေတံခွန်အနီးတစ်ဝိုက်က ကျောက်ဖျာတွေ ကျောက်တောင်တွေ ဆိုတာများ အနုစိပ်နံရံ မှာ သေသေသပ်သပ်စီထားသလားအောက်မေ့ရတယ်။ ကျန်သေးတယ်။ ပျားအုံတွေဆိုတာများ ကျောက်နံရံတွေမှာ တွယ်နေတာ စကောကြီးအချပ်လိုက်အချပ်လိုက် ကပ်ထား သလိုပါပဲ။ တစ်ခုနှစ်ခုတည်းမဟုတ်ဘူးဗျာ။ ပျားအုံပေါင်းရာချီရှိပါတယ်။ ကဲဒီတော့ ဘာလိုသေးလဲဗျာ။ သဘာဝတရားဆိုတာ လူတွေဖန်တီးထားတာထက် အံအားသင့်စရာပိုကောင်းတတ်တာလဲရှိ တာပဲ နော့။
ရေတံခွန်အဆင့် ၉ ဆင့်ရှိတယ်လို့လဲပြောကြတယ်
တကယ်တမ်းမှာ ရေတံခွန်အဆင့် ၉ ဆင့်ရှိတယ်လို့လည်းဒေသခံတွေကပြောကြတယ်။ ကျော်က ရေတံခွန်ကြီးကိုမြင်လိုက်တာနဲ့အံအားသင့်လွန်းတာကြောင့် အဆင့်တွေလည်းမရေကြည့်ခဲ့မိပါဘူး။ ရေတံခွန်ရဲ့အမြင့်ပေက ၁၆၀၀ အထိရှိပြီး လက်ရှိမှာ အဆင့် ၅ အထိပဲတောင်တက်ဝါသနာရှင်တွေ တက်နိုင်သေးတယ်တဲ့လေ။

ဘယ်လိုသွားရသလဲ
ရန်ကုန်ကနေ ပခုက္ကူကိုကားစီးပြီး ပခုက္ကူကနေ မတူပီမြို့ကိုသွားပါတယ်။ လမ်းမှာ တိမ်တွေ၊ တောင် တွေအစချီတဲ့ ချင်းပြည်နယ်ရဲ့အလှဆုံးသောအလှတရားတွေကိုလည်းခံစားနိုင်ပါတယ်။ မတူပီမှာည အိပ်ပြီး ဘုံတလာရေတံခွန်ရှိရာဆီကို ကားလေးနဲ့လာခဲ့ကြပါတယ်။ မတူပီမြို့ကိုထွက်တာနဲ့ တိမ်တွေ ကြားထဲမှာ လှေကားထစ်စိုက်ခင်းတွေ၊ ဒေသခံတွေရဲ့နေထိုင်မှုပုံစံတွေကိုဖြတ်ကျော်ပြီး ထီးဆောင်း ရွာဆိုတာကိုရောက်မှာဖြစ်ပါတယ်။ အဲဒီရွာလေးမှာ ကျော်တို့ရဲ့ကားလေးကိုထားခဲ့ပြီး ရွာကိုဖြတ်ရင်း ရေတံခွန်ဆီကိုအရောက်လှမ်းခဲ့ကြတာပဲဖြစ်ပါတယ်။ လွယ်လွယ်နဲ့ရောက်လို့မထင်လိုက်ပါနဲ့။ ရွာထဲကို ဖြတ်၊ တောတောင်တွေကိုဖြတ်ပြီး ခက်ခက်ခဲခဲရောက်လာတာပါ။ ရွာထဲမှာ ဝဥတွေကိုခုတ်ထစ်ပြီး အိမ်နောက်ဖေးမှာလှမ်းထားတာတွေလည်းတွေ့ရပါတယ်။ ချင်းခွေးလေးတွေ အမွှေးစုတ်ဖွားလေးနဲ့ သိပ်ချစ်စရာကောင်းတာတွေကိုလည်းတွေ့ရပါတယ်။
ပြီးတော့ရော။ ကျော်တို့ရန်ကုန်မှာလိုအမှိုက်တွေရှုပ်ပွမနေဘူး။ ရွာရဲ့လမ်းတွေပြောင်းပြူးသလိုအမှိုက် တွေလည်း တစ်စက်မှမရှိဘဲပြောင်သန့်နေလေရဲ့။ NGO တစ်ခုက အမှိုက်ပုံးတွေထားထားတာကို လည်းတွေ့ရတယ်။ အမှိုက်ပစ်ချင်ရင်တောင် မလှမ်းမကမ်းမှာထားထားပေးတဲ့အဲဒီအမှိုက်ပုံးတွေမှာ ပစ်လို့ရတာပေါ့နော့။ ဒေသခံကလေးတွေလည်း အသက်မတိမ်းမယိမ်းအရွယ်တွေတစ်ယောက်ကို တစ်ယောက်ကျော်ပိုးပြီးထိန်းနေတာလည်းတွေ့ရပါတယ်။ သူတို့လေးတွေရဲ့ဖြူစင်တဲ့မျက်ဝန်းတွေကို အတိုင်းသားမြင်ရပါတယ်။ သူတို့အတွက် မုန့်ထုတ်လေးတွေလက်ဆောင်ပေးရင်ကျေးဇူးတင်တဲ့မျက် ဝန်းတွေနဲ့ပြန်ကြည့်တတ်ပါတယ်။ ရွာကိုဖြတ်ပြီးတဲ့နောက်မှာ တောတောင်တွေကိုလည်းဖြတ်ရပါ တယ်။ တောင်ကအရမ်းတော့မမြင့်ပေမယ့် နိမ့်လိုက်မြင့်လိုက်သွားရတော့ မောတယ်။ ရေဘူးလေး ဆောင်သွားရင်တောင်တက်တက်စင်ပြောင်တယ်။
ကျော်တို့ဘာတွေလုပ်ခဲ့သလဲ
ကျော်တို့လား။ အဲဒီမှာ ထမင်းသွားစားကြတာပါ။ မတူပီကနေ ထမင်းဘူးတွေ၊ မီးဖိုတွေ၊ ခေါက်ဆွဲ ခြောက်ထုတ်တွေသယ်ပြီးတော့ ဘုံတလာကိုလာခဲ့ကြတယ်။ ဟိုရောက်တော့ ဂတ်စ်မီးဖိုကို မီးညှိပြီး ခေါက်ဆွဲပြုတ်ကြတယ်။ လမ်းမှာခူးလာတဲ့ တောထဲက စားလို့ရတဲ့အသီးအရွက်အချို့ကိုထည့်တယ်။ ပြီးတော့ ထမင်းဘူးတွေကိုဖွင့် ဆိုင်ကဝယ်လာတဲ့ နွားနောက်သား၊ ဝက်သား၊ အသီးအရွက်တွေနဲ့ ခေါက်ဆွဲပြုတ်ပူပူကို ၀ိုင်းဖွဲ့စားသောက်ကြပါတယ်။ ခေါက်ဆွဲခပ်ဖို့ ဇွန်းမပါလာတော့ သစ်ပင်ကိုင်းလေး တစ်ကိုင်းကိုဖြတ်ပြီး တူ လုပ်ပြီးခပ်ကြတာအမှတ်တရပါပဲ။
စားသောက်ပြီးသကာလ ဂတ်စ်မီးဖိုပေါ်ကို ကော်ဖီအိုးတင်ပြီး ကျောက်ဖျာတွေပေါ်မှာအေးအေးလူလူ အပန်းဖြေကြတာပေါ့။ ဓါတ်ပုံရိုက်သူကရိုက် ရှုခင်းကြည့်သူကကြည့် ဆယ်လ်ဖီဆွဲသူကဆွဲပေါ့ဗျာ။ ကျော်ကတော့ ရေတောင်ချိုးခဲ့သေးတယ်။ ရေစိမ်တယ်လို့ဆိုရမှာပါ။ အဲဒီအချိန်တုန်းက ရာသီဥတု အေးတာထက်ပိုအေးတော့ ဘုံတလာမှာရေချိုးနိုင်ရင်အကောင်လို့ဆိုရမှာပေါ့နော့။ အခုချိန်လား ရေချိုးဖို့မပြောနဲ့ အဲဒီကရေနဲ့စက္ကန့်ပိုင်းပဲထိကြည့် တစ်ကိုယ်လုံးကျဉ်တက်သွားသလိုအေးပါတယ်။
တမေ့တမောနားပြီး အပြန်ကျတော့ တစ်ချို့ကခြေလျင်မပြန်နိုင်ကြတော့ဘူး။ တောလမ်းကိုပဲဖြတ်လာ ပြီး ရွာထဲကိုရောက်တော့ ဆိုင်ကယ်ကယ်ရီရှာပြီး ပြန်ဆင်းရတယ်လေ။ ကျော်ကတော့ အလာတုန်းက လိုပဲ ခြေလျင်ဆင်းလာခဲ့ပါတယ်။ ကားဆီကိုရောက်တော့ မိုးနည်းနည်းချုပ်နေပါပြီ။ ဆိုတော့ကာ ဘုံ တလာကိုသွားရင် တစ်ရက်တာအချိန်ပေးပြီး အေးအေးလူလူသွားစေချင်ပါတယ်လို့ပြောကြားရင်း။
မေတ္တာရိပ်မှာအေးချမ်းပါစေဗျာ။
×××××