(၃၂)
ကျွန်တော် အမုန်းဆုံးမိန်းမတစ်ယောက်။
အဲဒီ မိန်းမက ကျွန်တော့်ကို အားကိုးတကြီး အကူအညီတောင်းသတဲ့လေ။ ဘဝနဲ့ ရင်းရမယ့် အကူညီမျိုး ဘယ်သူက ပေးချင်မှာလဲ။
Hoa။ ဟင့်အင်း။ Hoa နဲ့ ကျွန်တော်ဝေးလို့မဖြစ်။ မေမြသွယ်ရဲ့ ခခယယ တောင််း ပန်တဲ့ပုံစံကို စက္ကန့်တိုင်း မြင်ယောင်နေလေသည်။ အဲဒီ အခန်းထဲက ထွက်ပြီးနောက်ပိုင်း ကျွန်တော့်စိတ်တွေ လေးလံသွားခဲ့ပြန်၏။
”မင်းတို့ဘာဖြစ်ခဲ့လို့လဲ”
”သေချာတယ် နောင်နောင်၊ မင်းတစ်ခုခု ဖြစ်နေတယ်”
သူငယ်ချင်းတွေ စိုးရိမ်တကြီးမေးကြပါသည်။
” ငါဘာမှမဖြစ်ပါဘူး။ စိတ်ရှုပ်သွားလို့ပါ”
အားလုံးက သံသယဖြစ်ပုံရသည်။ မိန်းမတစ်ယောက်နဲ့ အခန်းတစ်ခန်းထဲမှာ တစ်ညလုံး ဘာမှမဖြစ်ဘဲနေပါ့မလားပေါ့။
Hoa။ ကိုယ့်ဘာလုပ်သင့်လဲ။ ဘာလုပ်ရမလဲ ဟန်နီ။
မေမြသွယ်။ ခင်ဗျား ကျွန်တော့်အပေါ် ဘာလို့ ဒီလောက် ဒုက္ခတွေပေးနေရတာလဲ။ ခင်ဗျားရဲ့ အရှက်တရားအတွက် ကျွန်တော့်ဘဝကို စတေးပစ်ရမှာလား။ မဖြစ်နိုင်တာ။ ကျွန်တော့်ခေါင်းထဲမှာ အဲဒီအကြောင်းပဲ ထပ်ခါထပ်ခါတွေးနေမိ သည်။
ပင်လယ်ကြီးလဲ မလှတော့။ ကျွန်တော်လည်းလာတုန်းကလောက်မပျော်တော့ပါ။ ကမ်းစပ်ထိုင်ခုံပေါ်ထိုင်၊ တဟူးဟူး တိုက်ခတ်နေတဲ့ လေပြင်းတွေကို ရှူရှိုက်ရင်းတွေးနေမိ သည်။ လေကလည်း ဒီနေ့ကျမှ ပြင်းလိုက်တာ။ အရင်နေ့တွေ တုန်းကလာထိုင်တော့ ဒီနေရာမှာလေညှင်းပဲတိုက်တာပါ။
အဲဒီ အမျိုးသမီးအကြောင်း သေသေချာချာ စဉ်းစားဖြစ်သည်။ အတ္တကြီးပြီး အရာ ရာကို တဇွတ်ထိုုးလုပ်တတ်တဲ့ အမျိုးသမီး။ ပုံစံကမာကြောကြော ကြွတ်ဆတ်ဆတ်။ တစ်လောကလုံးကို အနိုင်လိုချင်တဲ့ပုံစံ။ ကျွန်တော့်အပေါ်ကို လည်း တစ်စက်ကလေးမှ မကောင်းခဲ့။
ဒီလိုလူက ခခယယ အကူအညီတောင်းသတဲ့လေ။ တော်တော်အခက်အခဲတွေ့နေ လို့ပဲဆိုတာ စဉ်းစားမိလိုက်သည််။
ကျွန်တော် ဘာလုပ်ချင်လဲ။
”ကိုယ့်အပေါ် တင််စီးတာဆိုရင် နည်းနည််းလေးမှ ဆတ်ဆတ်ထိမခံတတ်တဲ့ မိန်းမ တစ်ယောက်ရဲ့ ဒူးထောက်အည့ံခံ မှုပါ”
သူမ စကားကြားယောင်လာသည်။ ကျွန်တော်ဘာလို့ တွေးနေမိပါလဲဆိုတာ ကိုယ့် ကိုယ်ကိုယ် ပြန်သုံးသပ််ကြည့်မိပြန်သည်။ ဖြစ်နိုင်တာက သူမကို သနားလို့။ ဟုတ်တယ်။ ကျွန်တော်သူမကို သနားမိနေသည်။
သူမ ဘယ်လိုအားမွေးမလဲ။
မိခင်တစ်ယောက်ဖြစ်လာမယ်ဆိုတဲ့ အသိနဲ့ အရင်က အမြင်တွေကို ပြောင်းပြန် လှန်နိုင်ခဲ့တာ။ ကူကယ်ရာမဲ့ မိန်းမ တစ်ယောက်ရဲ့ဘဝ။ ကူညီသင့်ရဲ့လား။
စဉ်းစားကြည့်တော့ အဖြေက ကူညီသင့်တယ််လို့ပဲထွက်သည်။ ဒါပေမဲ့ ဘဝနဲ့ ရင်းပြီး။ ဟင့်အင်း အဲဒီလိုကျတော့လည်း ပုတုဇဉ်ပီပီ ကျွန်တော် နောက်ဆုတ်ချင်သွားရ ပြန်သည်။ ကျွန်တော် ဥပေက္ခာပြုထားဖို့တွေး မိပြန်တော့လည်း…။
မိန်းမတစ်ယောက်က သူ့အရှက် သိက္ခာတရားကို လျစ််လျူရှုပြီး ပြောပြခဲ့တာပဲ။ မေမြသွယ်ကို ရန်သူတစ်ယောက်ဖြစ်ခဲ့တဲ့ အမြင်နဲ့မတွေးမိပဲ မိန်းကလေးတစ်ယောက် အဖြစ် မြင်ယောင်မိလိုက်သည်။
”မိန်းကလေးတွေ ကိုယ်ဝန်ဆောင်တဲ့ အချိန်ဟာ သူတို့ဘဝမှာ အားအငယ်ဆုံး အချိန်ပဲ။ အားကိုးမရှိရင် ပိုဆိုးတယ်။ သူ့အလိုလို စိတ်အားငယ်တတ်တယ်”
မေမေပြောဖူးတဲ့စကားကို သတိရမိသွားသည်။
သူမရော…အားငယ်နေမှာပေါ့။
”နောင်နောင်။ မင်းပျော်ရွှင်ဖို့ အတွက်အဓိက ရည်ရွယ်ပြီးလာတာ။ အခုလိုမျိုးမှိုင် နေတော့ ငါတို့ ဘယ်စိတ်ကောင်း မလဲကွ”
”အေး၊ ငါ အဲဒီမိန်းမကို တွေ့ပြီး အခုလို စိတ်မကြည်မလင်ဖြစ်သွားရတာပဲ။ ခဏပါ ကွာ”
အတတ်နိုင်ဆုံး ဟန်ဆောင်ပေမယ့်မရ။ ညီညီကသိသည်။
”အဲဒီညက မင်းနဲ့သူနဲ့ ဘာဖြစ်ခဲ့ကြလဲ”
ညီညီက သူနဲ့ကျွန်တော် နှစ်ယောက်တည်းရှိတဲ့ အချိန်မေးသည်။ ဘာအကြောင်းပဲ ဖြစ်ဖြစ် ကျွန်တော်ကသူ့ကို အရင်ဆုံးပြောပြနေကျ။ လျှို့ဝှက်ချက်ဆိုရင်လည်း ပေးသိ နေကျ။
သို့ပေမယ့်။
ကျွန်တော် ပြောပြလိုက်ရင် အင်း။ ဒါ သူမရဲ့ အရှက်သိက္ခာအတွက် ပြောပြလို့ မဖြစ်ပါဘူး။ ပြောပြသင့်တဲ့ ကိစ္စမဟုတ်။
” ဟင့်အင်း၊ ငါတို့ဘာမှမဖြစ်ခဲ့ပါဘူး”
ငြင််းလိုက်သည်။
”မင်းလိမ်တာ…”
”ဟင်”
မရဘူး။ ဒါလုံးဝပေးသိလို့မဖြစ်ဘူး။
”မင်း ငါ့ကို လိမ်နေတယ်”
”ငါဘာလို့ လိမ်ရမှာလဲ ညီညီရာ၊ ငါ ဘာပဲဖြစ်ဖြစ်မင်းကို တိုင်ပင်နေကျ။ ပြောပြနေ ကျပဲလေ။ အဲဒီမိန်းမနဲ့ ပတ်သက်ပြီး မပြောပြစရာအကြောင်းဘာမှမရှိဘူး။ ငါတို့ကြားမှာ လျှို့ဝှက်ထားဖို့မှမလိုတာ”
သူ ယုံသွားသည််။
အဲဒီတော့မှ မေမြသွယ်အတွက် သက်ပြင်းချမိသည်။ သူမ ပတ်ဝန်းကျင်ကို ဘယ်လို ရင်ဆိုင်ပြီး ရှင်သန်မလဲ။
”အေး၊ ငါက မင်းအတွက် စိုးရိမ်လို့ပါ။ ထားပါ။ မေ့ထားလိုက်ကြရအောင် မင်းလည်း မှိုင်နေတာကိုရပ်တော့။ မေမြသွယ်လည်းပြန်တော့မှာဆိုတော့သူ့ကိုတွေ့ပြီး စိတ်ဆင်းရဲ နေစရာလည်း မလိုတော့ဘူး”
”ဘယ်လို မေမြသွယ် ပြန်တော့မယ်”
”အေးလေ၊ မနက်စာ စားတုန််းကတွေ့လိုက်တယ်။ မင်းကအခန်းထဲကို အစောကြီး ပြန်သွားတာကိုး၊ သူ… ဒီမနက်ပြန် မယ်လို့ ငါနဲ့စကားပြောတုန်း ပြောလို့”
”မင်းနဲ့ သူစကားပြောဖြစ်လို့လား”
”အင်း၊ နှုတ်ဆက်တာပါ”
အော်… ပြန်တော့မှာကိုး။
ကျွန်တော် သူမ တည်းခိုရာ အခန်းထဲကို ရောက်သွားပါသည်။ တံခါးစေ့ထားတာ တွေ့တော့ တွန်းဖွင့်လိုက်မိသည်။
” ဟင်”
သူမ မရှိတော့။
ဟိုတယ် ဝန်ထမ်းတွေ အခန်းသန့်ရှင်းရေးလုပ်နေတာကိုပဲ တွေ့ရသည်။ အခုလေး တင်် ထွက်သွားတာဆိုပဲ။ ကျွန်တော် ဟိုတယ်ဧည့်ကြိုကောင်တာရှိရာကို အပြေးတစ်ပိုင်း လိုက်သွားမိသည်။
ဟော…။
တော်ပါသေးရဲ့။ ဧည့်ကောင်တာမှာတွေ့လိုက်ရသည်။ ကျွန်တော်…ကျွန်တော် ဘာ ဆက်လုပ်ရမလဲ။ ဘာအတွက် လာခဲ့တာလဲ။ သူမ..ကိုဘာအတွက် လာကြည့်တာပါ လဲ။ ဟင့်အင်း။ ကျွန်တော် မသိတော့ပါ။ သေချာတာကတော့ သူမ အပေါ် ကျွန်တော် သနားမိတာ အမှန်ပဲဖြစ်သည်။
”မေမြသွယ်”
ခေါ်လိုက်မိသည်။ သူမ ကျွန်တော့်ကို ပြန်ကြည့်တဲ့ အကြည့်တွေ… အား… ကွာ လိုက်တာ။ ဟိုးအရင်တုန်းက အကြည့်တွေထက် အဆပေါင်းများစွာ ကျိုးငယ်နေခဲ့ လေသည်။
”ပြန်တော့မှာလား”
ဒါပဲပြောရမှာပေါ့လေ။ အမှန်ဆို ကျွန်တော် နှုတ်ဆက်ဖို့မလိုပါဘူး။ ဒါပေမဲ့…။
”အင်း ၊ ပြန်တော့မယ် သော်မင်းနောင်”
ကျွန်တော်နဲ့ ပြောခဲ့တဲ့ စကားတွေထဲမှာ အနူးညံ့ဆုံးအသံပဲ ဖြစ်ပါလိမ့်မည်။
”ကျွန်တော်…”
ဘာဆက်ပြောရမလဲ။
စဉ်းစားမိသည်။ ဒါပေမဲ့…
”ကျွန်တော်စိတ်မကောင်းပါဘူး”
ကျွန်တော့် ပါးစပ်က အဲဒါပဲထွက်သွားမိသည်။
ဒါပဲတတ်နိုင်တယ်ပေါ့။
”ရပါတယ်”
သူမက ပြုံးလျှက်ခေါင်းညိတ်သည်။
ကျွန်တော်တို့နှစ်ယောက်ကြားမှာ ဒီလောက်ထိ အဆင်ပြေတဲ့စကားပြောလာ ဖြစ်လိမ့်မယ်ဆိုတာ ဘယ်တုန်းကမှ မတွေးမိခဲ့ပါ။ သူမ နှုတ်ဆက်သည်။ ပြီးတော့ ကျွန်တော့် လက်တစ်ကမ်းအလိုနေရာကနေ တစ််ဖြည်းဖြည်းကျောခိုင်း ထွက်ခွာသွားခဲ့လေ သည်။ သူမရဲ့ ကျောပြင်က ကျွန်တော်နဲ့ဝေးရာ…ဝေးရာ ဆီသို့။
”ဟူး”
ကျွန်တော် သက်ပြင်းကြီးတစ်ချက်ချလိုက်မိသည်။
အဲဒီတဒင်္ဂ။ ကျွန်တော် မသိစိတ်ကဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာ ချမှတ်ခဲ့လိုက် လေသည်။ ကျွန်တော့်အတွက် မဟုတ် Hoa အတွက်မဟုတ်၊ မေမြသွယ် အတွက်လည်း မဟုတ်။
ကျွန်တော် အမုန်းဆုံး မိန်းမတစ်ယောက်ကို ကျွန်တော့်ဘဝနဲ့ရင်းပြီး ကူညီတာဟာ ကျွန်တော့်တစ်ဘဝအတွက် အမွန်မြတ်ဆုံးပေးဆပ်ခြင်း အဖြစ်သတ်မှတ်မည်။ မေမြသွယ် ဆိုတဲ့ အမည်နာမအတွက်မဟုတ်။ မိန်းမတစ်ယောက်အတွက် (ဒီထက်ပိုပြီးပြောရရင်) မိခင်လောင်းတစ်ယောက်အတွက်။ ကျွန်တော်အဲဒီလိုပဲ သတ်မှတ်သည်။
” မနက်ဖြန် ရန်ကုန်ပြန်မယ်ညီညီ၊ ငါ…ငါမေမြသွယ်ကို လက်ထပ်မယ်”
ညီညီရဲ့ ပါးစပ်အဟောင်းသားကို တွေ့လိုက်ရသည်။
x x x x x