ရင်နှင့်အမျှ အပိုင်း (၃၄)

(၃၄)

ရန်ကုန်
Summit Park View Hotel
ကျွန်တော့်လိုသာမန် သတင်းထောက်တစ်ယောက် အတွက်တော့ အစွမ်းကုန် ဖန်တီးပေးထားသော မင်္ဂလာပွဲဖြစ်ပါသည်။ အသိ မိတ်ဆွေစာနယ််ဇင်း သမားတွေ၊ ဇနီး လောင််း မေမြသွယ်ရဲ့ လက်လှမ်းမီရာ မိတ်ဆွေတွေနဲ့ ကျွန်တော်ရဲ့ ခင်ရာမင်ကြောင်း သတင်းရင်းမြစ်တွေ တော်တော်စုံလင်လှလေသည်။ ဖြူစင်သန့်ရှင်းမှုတွေ လွှမ်းခြုံ စေချင် တဲ့ အဓိပ္ပာယ်နဲ့ သတို့သား၊ သတို့သမီးဝတ်စုံကအစ စားပွဲစုံ၊ အလှဆင်ပန်း၊ ခန်းမအပြင်အ ဆင်တွေအားလုံး အဖြူရောင်တွေချည်းရွေးချယ်ခဲ့ပေမယ့် ကျွန်တော့်စိတ်တွေ ဖြူဖြူစင်စင် သန့်သန့်ရှင်းရှင််း မဖြစ်နို်င်ဘဲရှိလေသည်။
ဟုတ်တယ်။
ကျွန်တော် တစ်ယောက်ယောက်ကို မျှော်နေတာ။
ကျွန်တော် ဖိတ်လည်းမဖိတ်၊ ကျွန်တော့် မင်္ဂလာဆောင်ရှိမှန်းလည်း အကြောင်းမ ကြား၊ ဒီနိုင်ငံမှာလည်းရှိမနေသော သူတစ်ယောက်၊ သူများရောက်လာမလား။
ခမ်းနားထည်ဝါမှု၊ က္ကန္ဒြေကြီးမားမှု၊ မြန်မာ့ရိုးရာအဆင်တစ်မျိုးအဖြစ် အဖြူရောင် လွှမ်းခြုံသော အမရပူရချိတ်ကို ကျွန်တော်တို့နှစ်ယောက်လုံးဝတ်ဆင်ရုံတင် မကဘဲ သတို့သမီး၏ ဝတ်စုံပေါ် ပုလဲလုံးပေါင်းများစွာကို ဆင်မြန်းစေခဲ့သည်။ ပြီးတော့ ရူးမိုက်စွာ ပင် ပုလဲလက်ထပ်လက်စွပ်ကိုလည်း ရွေးချယ်ဝယ်ယူဖို့ ကြံရွယ်ခဲ့ပါသေးသည်။
”ပုလဲဆိုတာ မျက်ရည်နဲ့တူလို့ ပုလဲလက်ထပ််လက်စွပ်၊ စေ့စပ်လက်စွပ်တွေဟာ ကံဆိုးစေတယ်တဲ့။ စိန်ပွင့်သေးသေး လေးနဲ့ လက်စွပ်ပဲရွေးကြတာပေါ့ သော်မင်းနောင်”
ဇနီးလောင်း၏ အကြံအစည်အတိုင်းလိုက်လျောခဲ့ရသည်။ တွေဝေမှုပေါင်း စဉ်းစားမှု ပေါင်းများစွာဖြင့် ဒီမင်္ဂလာပွဲကို ဖန်တီးလာခဲ့ရပြီ။ အခုလည်း ကျရော… ကျွန်တော် ဒီနေရာကနေ ကွယ်ပျောက်သွားချင်လိုက်တာ။
မင်္ဂလာအခါတော်ပေးသီချင်းသံထွက်ပေါ်လာပြီ။
မင်္ဂလာခန်းမထဲကို လျှောက်လမ်းအတိုင်း လက်ချင််းချိတ်လို့ မင်္ဂလာစင်မြင့်ပေါ်ကို သွားရတော့မည်။ ကျွန်တော့်ဘေးမှာ ကျွန်တော်မချစ််မနှစ် သက်သောအမျိုးသမီးငယ််၊ ကျွန်တော်တို့နောက််မှာတော့ မိဘအုပ်ထိန်းသူတွေ အရှေ့ဖက်မှာ ပန်းကြဲ၊ လက်စွပ်ဗန်းကိုင််၊ ပန်းကုံးကိုင် သတို့သားအရံ၊ သတို့သမီးအရံတွေ၊ ဘုရား….ဘုရား။ ဒါ ကျွန်တော့် မင်္ဂလာဆောင်ပါလား။
”ကမ္ဘာပေါ်မှာ ကုန်ကျစားရိတ်အများဆုံး မင်္ဂလာပွဲက ၁၉၈၁ ခုနှစ် မေလမှာ လုပ်ခဲ့တဲ့ ဒူဘိုင်းစော်ဘွားမင်းသား ဆလမာရဲ့ မင်္ဂလာပွဲတဲ့၊ ဒေါ်လာ ၄၄ သန်း ကုန်တယ် ဆိုပဲ။ အခုက နှစ်ပေါင်းများစွာကြာခဲ့ပြီဆိုတော့ လက်ရှိအဲဒီ အ တိုင်းဆောင်ရင် ဒေါ်လာ ၄၄ သန်းမကတော့ဘူးပေါ့။ မြန်မာလို သေသေချာချာလေးဆောင်ရရင် ကျေနပ်တယ် မောင်၊ ကျွန်မပြောသလို ကုန်ကျစားရိတ်အများဆုံးတွေကိုလည်း မမက်မောပါဘူး။ မောင်နဲ့ အတူနေရဖို့ပဲလိုချင််တာ”
သူမဆီက email တစ်စောင်ကို အမှတ်ရမိသည်။
Hoa ရေ။ ကျွန်တော့်နားထဲမှာ ”မောင်” လို့ မပီမသခေါ်တဲ့ ချစ််စဖွယ်အသံတွေ၊ ပုံရိပ်တွေ။
ဒီအချိန်မှာ ဒါတွေ တွေးသင့် ရဲ့လား။
လျှောက်လမ်းအတိုင်း ဖြေးညှင်းစွာ လျှောက်လာရသည်။ ဖြူလွလွ စံပါယ်ပန်းတွေ ပေါ်ကို နင်းလျက်။
အခါတော်ပေး သီချင်းသံတွေ မင်္ဂလာပွဲတစ်ခုလုံးကို စီးနင်းလျက်။ ခန်းမတစ််ခုလုံး အမှောင််ချထားပြီး လျှောက်လမ်း ကိုသာ ဆလိုက်မီးတွေ ထိုးပေးထားပါသည်။ ခန်းမထဲအ ဝင် စားပွဲသုံးလေးလုံးဖြတ်လျှောက်လာအပြီး တစ်စုံတစ်ခုက ကျွန်တော့်ကို ဆွဲငင်ညှို့ ယူနေသယောင် ခံစားလာရသည်။
ဟုတ်တယ်။ ဒါ ညာဖက်အစွန်းခုံနေရာကပဲ။
ဘယ်သူပါလိမ့်။
ကျွန်တော် ဖျက်ခနဲ လှည့်အကြည့် ငွေရောင် သဏ္ဍာန်လက်ခနဲတွေ့လိုက်ရသည်။ ဟင်… ဒါမျက်ရည်စက်ပဲ။
တစ်ယောက်ယောက်ငိုနေတာ။
ဘယ်သူကများ ကျွန်တော့် မင်္ဂလာဆောင်မှာလာငိုနေရတာပါလိမ့်။ ကျွန်တော့် ခြေလှမ်းတွေ တုန့်ခနဲရပ်သွားပြီ။ သေချာကြည့််လိုက်မိပါသည်။ ပခုံးကျော်ကျော်အထိ ဝဲကျနေသော ဆံပင်အုံထူထူတွေကိုသာ မြင်ရသည်။ မျက်နှာကိုတော့ ကွယ်ထားပြီထင် ပါရဲ့။ ကျွန်တော့် ရင်ထဲ ထိတ်ခနဲဖြစ်ကာ ကြက်သီးမွှေးညှင်းများ ပါထသွားရပြီ။
”Hoa”
ဟုတ်တယ်။ ဒါ Hoa ပဲ။ ကျွန် တော် ကိုယ်တိုင် တစ်ခါတစ်ရံမှာ ကိုယ်တွယ်ဖြီး သင်ပေးခဲ့ဖူးသော ဒီ ဆံပင််တွေကို မမှတ်မိစရာအကြောင်းမှမရှိတာ။ မင်္ဂလာ ဆောင်ကို ”Hoa” လိုက်လာ တယ်ဆိုတဲ့ အသိက ကျွန်တော့်အပေါ်သွေး ပျက််တုန်လှုပ်စေခဲ့ပြီ။ ဘုရား…ဘုရား။ ကျွန်တော်ဘာလုပ်ရမလဲ။
စားပွဲဝိုင်းရှိရာကို သွားဖို့ ခြေလှမ်းပြင်စဉ်မှာပဲ သတို့သမီးက လျှောက်လမ်းမှားတယ် အထင်နဲ့ ကျွန်တော့်ကို ထိန်းချုပ်ထားလေသည်။ လျှောက်လှမ်းနေသော ခြေလှမ်းတွေ မမှန်တော့ပြီ။
ဒီ မင်္ဂလာပွဲကို ဖျက်ဖို့ အချိန်မီပါသေးရဲ့လား။ ဒါဘယ်သူရွေးချယ်ခဲ့တဲ့ လမ်းလဲ။ အတွေးပေါင်းများစွာ။
”သူဇာ၊ သူရောက်နေတယ်။ ညာဖက်အနောက်စားပွဲအစွန်းမှာ၊ ကျေးဇူးပြုပြီး သူ့ကို တားထားပေးပါဟာ။ သူမကြာခင် ဒီကထွက်သွားလိမ့်မယ်။ ငါသူ့ကို အရမ်းတွေ့ချင််နေ တယ်။ ခန်းမအပြင်ဖက်မှာပဲဖြစ်ဖြစ် ထိုင်ခိုင်းထားပေးပါ။ ငါအမြန်ဆုံးထွက်လာခဲ့မယ်”
လျှောက်လမ်းနားက စားပွဲမှာရှိနေသော သူဇာ့ကို ခပ်တိုးတိုးလှမ်းပြောပြီး အကူအ ညီတောင်းလိုက်ရသည်။ ဇနီးလောင်းဖြစ်သူက ကျွန်တော့်လက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလေသည်။
သော်မင်း နောင်။
ဒါမင်းအပြစ်နဲ့ မင်းပဲ။ ခံစမ်း။
မင်းရွေးချယ်ခဲ့တဲ့လမ်းလေ။
ကျွန်တော့် ရင်ထဲမှာ ဗလောင်ဆူလျက်။
”ဇေယျတု သဗ္ဗမင်္ဂလံ…”
ကျွန်တော်ဘာမှ မကြားချင်် စိတ်ထဲမှာတုန်ရီနေလျှက်။ မျက်လုံးက အဲဒီစားပွဲဆီ ကိုပဲ ရောက်နေသည်။ သူဇာ…အဲဒီ စားပွဲကို ရောက်သွားတော့ စကားတွေပြောနေကြတာ ၀ိ်ုးတဝါးမြင်နေရသည်။ သော်မင်းနောင် ဟာဒီနေရာမှာ ရှိမနေ သင့််ပါဘူး။ အရှည်ကြာဆုံး မိနစ်တွေကို ဖြတ်သန်းရင််း..။
”ဟော…”
သူမ ရုတ်တရက် ထထွက်သွားတာကို တွေ့လိုက်ရသည်။
မင်္ဂလာပန်းကုံးစွပ်တာ၊ မင်္ဂလာလက်စွပ်ဆင်မြန်းတာ၊ ကတိကဝတ်ပြုတာ၊ မုန့်ခွံ့ ကျွေးရတာ…ဒါတွေပြီးလို့ စင်အောက် ကိုဆင်းတော့မှာပဲ။
ကျွန်တော် ဟန်မဆောင်နိုင်တော့၊ လူကြီးစားပွဲနှစ််ဝိုင်းကို နှုတ်ဆက်ပြီး မေမြ သွယ်ကို ထားခဲ့ကာ ခန်းမရဲ့ အပြင်ဖက်ဆီကို အပြေးတစ်ပိုင်းထွက်လာခဲ့သည်။ သူမ နောက်ကလိုက်သွားပြီး စကားပြောပေးဖော်ရသော သူဇာကို သူမနဲ့ အတူထိုင်နေတာ တွေ့ရသည်။
”Hoa”
ဒီလိုအကြည့်မျိုးတွေနဲ့ တစ်ယောက်ကို တစ်ယောက်ကြည့်ရလိမ့်မည်ဟု ဘယ်တုန်း ကမှ ထင်မထားကြပါ။ သူမ ကျွန်တော့်ကို စိုက်ကြည့် နေသည်။
ဟင့်အင်း။
ကျွန်တော်ရင်မဆိုင်ရဲပါ။ ကျွန်တော်ကအမှားလုပ်ထားတဲ့သူလေ။
”သော်မင်းနောင်၊ ဧည့်သည််ကို အထဲကိုခေါ်လေ။ သူဇာ… အထဲမှာ သူငယ်ချင်း တွေမေးနေတယ််။ ဧည့်သည် အစ်မ အထဲကြွပါရှင်”
မေမြသွယ်လိုက်လာသည်။
စူးစမ်းတဲ့ အကြည့်တွေနဲ့။
”သူ မြန်မာလို နားမလည်ဘူး၊ နိုင်ငံခြားသူပါ”
”ဟင်… ဒါဆို.. ဗီယက်နမ်”
Hoa အကြောင်းကိုတော့ မေမြသွယ် အနည်းနဲ့အများသိထားပါလိမ့်မည်။ ကျွန်တော့် ပတ်ဝန်းကျင်တွေဆီက တစ်ဆင့်။
အဲဒီတော့မှ မေမြသွယ်ဟာ Hoa ကို တစ်ချက််ပြုံးပြကာ မင်္ဂလာခန််းမထဲ ဝင်သွား လေသည်။ သူမ နောက်က သူဇာပါ ပါသွားလေတော့ ကျွန်တော်တို့ နှစ်ယောက်သာ ကျန်ခဲ့လေသည်။
ရင်းနှီးချစ််ခင်ခဲ့သည့် သက်တမ်းတစ်လျှောက်လုံး အခုလို မျိုးအေးစက်စက် ဆက်ဆံ ရေးမျိုးတော့ မရှိခဲ့။ စတွေ့တုန်းက ဘုနဲ့ဘောက်ဖြစ်တာက တစ်ပိုင်းပေ့ါ။ ဆောရီးဆိုတဲ့ စကားတစ်ခွန်းကို ကျွန်တော်ပြောသင့်ပါရဲ့လား။ ဘဝတစ်သက်တာလုံး လက်တွဲဖို့ ဆုံးဖြတ်ခဲ့ပြီး… အစီအစဉ်တွေကို သေသေချာချာချထားခဲ့ပြီး ဘာအကြောင်းပြချက်မှ မပေးဘဲ သစ္စာဖောက်ခဲ့တဲ့ ကျွန်တော့်ကို သူမက ဒီတစ်ခွန်းတည်းနဲ့ ခွင့်လွှတ်ပါ့မလား။
”Hoa… တကယ်တော့”
ကျွန်တော့် ပါးစပ်က ထွက်လာတဲ့စကား။
”ဘာကြောင့်လဲ။ ဘာကြောင့်လဲ မောင်”
Why? Why? ဆိုတဲ့အသံက တိမ်ဝင်သွားသည်။ ပြီးတော့ ဘာစကားမှ ထွက်မလာ ဘဲ ရှိုက်ငိုနေလေသည်။ စက္ကန့်ပိုင်း လောက်အပြီးမှာတော့ စကားသံသဲ့သဲ့ထွက်လာ၏။
”ယူ့ကို သစ္စာဖောက်တယ်လို့မပြောချင််ပါဘူး။ ဒါပေမဲ့ ခိုင်မာတဲ့ ဖြေရှင်းချက်တစ်ခု တော့ကြားချင်တယ်။ ဟိုချီမင်းစီးတီး လူတစ်ယောက်နဲ့ ရန်ကုန်က လူတစ်ယောက်ဆုံ စည်းဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ အကြောင်းပြချက်တစ်ခုက လွဲရင် ပေါ့လေ”
”ကျွန်တော်…”
ကျွန်တော် အတန်ကြာတွေဝေမိသည်။
”ထားပါတော့လေ၊ မောင့်ဘဝရဲ့ အရေးကြီးဆုံး နေ့တစ်နေ့မှာ မောင့်ကိုအခက်တွေ့ အောင် မလုပ်ချင်ပါဘူး။ ကျွန်မ မောင့်အပေါ် နားလည်တဲ့သူပဲဖြစ်ချင်ခဲ့တာပါ။ မောင်စဉ်း စားပြီးမှ မေးလ်ပို့လိုက်ပါ။ ဒီနေရာမှာရှိမနေသင့်တဲ့ လူတစ်ယောက်အနေနဲ့ ထွက်သွား တော့မယ်…”
”Please…”
သူမ အထွက် ကျွန်တော် လှမ်းတားလိုက်သည်။
ဘယ်လို စကားလုံးနဲ့ တားမယ်ဆိုတာတော့ ကျွန်တော် မတွေးမိပါ။ သူမ လက်ကို ဖမ်းဆွဲပြီး တားလိုက်ခြင်းသာ။
”နိုး၊ အိုင်က ဒီနေရာကို မဖိတ်ဘဲနဲ့ ရောက်လာတာပါ။ ဘယ်သူမှ မသိအောင် ပြန်ခွင့်ရှိတယ်လေ”
”ဒါပေမယ့် ….”
”မြန်မာ အမျိုးသားတွေဟာ ဒီလိုပဲ သစ္စာဖောက်တတ်ကြသလားဟင်”
ဘုရား၊ ဘုရား။
ကျွန်တော့်လုပ်ရပ်ဟာ မြန်မာယောင်္ကျားထုတစ်ခုလုံးကို အထင်သေး၊ အမြင်သေး လောက်အောင် ဖြစ်စေခဲ့ပြီလား။ ဟာ…ဒါဆို။
သူမကို ကျွန်တော် ဘာကြောင့် သစ္စာဖောက်ခဲ့သလဲဆိုတာ အမှန်အတိုင်းပြောပြ သင့်သလား။ ဟင့်အင်း။ ပြောပြလို့ မဖြစ်။ ဒါဆို…ကျွန်တော်ဘာလုပ်သင့်သလဲ။
x x x x x