ရင်နှင့် အမျှ အပိုင်း (၆)

(၆)

“Story အကောင်းဆုံးဆု”
အားလုံးရဲ့ အကြည့်က တက်ချ်မဟာ အကြောင်းပြောပြခဲ့သော ဆရာထံရောက် သွားသည်။ ဘာပဲဖြစ်ဖြစ် အားလုံးလိုချင်ကြတာပဲလေ။ ဒါပေမယ့် သေချာတာကတော့ အားလုံးရဲ့ ဆောင်းပါးက ပုံမှန်ရေးခဲ့ကြသည့် သတင်း၊ ဆောင်းပါးများလောက်ကောင်း လိမ့်မည်မဟုတ်ပါ။ ညက Happy Hour မှာ အရှိန်ကောင်းကောင်းနဲ့ စကားတွေများ ခဲ့ကြသလို ပြီးတော့လည်း ထမင်းတူတူစားကြ၊ ဧည့်ခန်းထဲ မှာစကားပြောကြနဲ့ ည ၁၁ နာရီထိုးသွားကြသည်။ မနက်ကျမှ အားလုံးလိုလို အစောကြီးထရေးကြတာဖြစ်သည်။ တစ််ချို့ကျတော့ ဖယ်ရီပေါ်ကျမှ Laptop နဲ့ရေးကြသည်။
” မြန်မာက သော်မင်းနောင်”
” ဟာ…”
ကျွန်တော့်ရဲ့ ပါးစပ် အဟောင်းသား အံ့အားသင့်မှုနှင့်အတူ အားလုံးလက်ခုပ်သံ ဆူညံသွားလေသည်။ ကျွန်တော်တကယ်ပဲ ထိုက်တန်ရဲ့လား။ ဆရာ ဘယ်လို သတ်မှတ် ချက်နဲ့ ပေးခဲ့သလဲဆိုတာ ရှင်းပြပါသည်။
“သတင်းက ရိုးစင်းလွန်းလို့၊ ရိုးရိုးစင်းစင်းခေါင်းစဉ်နဲ့ သတင်းအင်္ဂါရပ်နဲ့ ညီညွှတ်စွာ ရေးထားလို့ ပေးလိုက်တာပါ။ တော်တော်များများက အိုင်ဒီယာ အသစ်အဆန်းနဲ့ ကောင်း အောင်ကြိုးစားထားကြပါတယ်။ ဒါပေမဲ့ ဆရာလိုချင်တာက ရိုးရိုးနဲ့ ဆိုလိုရင်း ထိိထိမိမိရှိတဲ့ သတင်းလေးတစ်ပုဒ်ဖြစ်နေတယ်။ အဲဒီ သတ်မှတ်ချက်နဲ့ ကိုက်ညီတာက သော်မျိုးနောင်ရဲ့ သတင်းပါပဲ။ ကဲ ကြည့်လိုက်ရအောင်”
ကျွန်တော််ရေးထားသည့် သတင်းကို ပရိုဂျက်တာပေါ်ထိုးပြပါသည်။
“အာဆီယံ ဂျာနယ်လစ် ၂၄ ဦး တက်ချ်မဟာ သို့လေ့လာရေးခရီးလာရောက်” ခေါင်းစဉ်ဖြင့် ရေးထားတာဖြစ်သည်။ စကား ပြောကုတ် (Quotations) သုံးခုထည့်ထား သည်။ သူဇာရယ်၊ Guide ရယ်၊ ကမ္ဘောဒီးယားက တစ်ယောက်ရယ်ပြောသည့် စကား များဖြစ်သည်။
“သတင်းခေါင်းစဉ်က ရိုးရိုးစင်းစင်းလေး၊ ဆရာစဉ်းစားမိတာက ဒီလိုမျိုးခေါင်းစဉ်ကို သူကလွဲပြီး ရေးတဲ့သူ ဘာလို့ ရှိမနေတာလဲ ဆိုတာပဲ။ အားလုံးက တက်ချ်မဟာနဲ့ ပတ် သက်ရင် ဆောင်းပါးပဲ ရေးချင်နေကြတယ်”
ခေါင်းစဉ်အောက်မှာ ကျွန်တော််ရေးနေကျ ပုံစံအတိုင်း နေ့စွဲနဲ့ နာမည်ကိုတပ်ထား သည်။ ပထမစာပိုဒ်မှာတော့ သတင်းပုံစံအတိုင်း သတင်းခေါင်းစဉ်ရဲ့ ဆိုလိုရင်း၊ ပြီးတော့ “ဘ” ခြောက်လုံး၊ စကားပြောကုတ်၊ background တွေနဲ့ သာမန်သတင်းတစ်ပုဒ်မျှဖြစ် သည်။
” တက်ချ်မဟာသို့ ခရီးတစ်ခေါက်၊ အာဆီယံ စာနယ်ဇင်းများ၏ တက််ချ်မဟာ ခရီးစဉ်၊ ကမ္ဘာ ့ အံ့ချီးဖွယ် အဆောက်အဦး၊ တက်ချ်မဟာကို ရောက်ခဲ့တယ်စတဲ့ ခေါင်းစဉ် တွေနဲ့ ဆောင်းပါးတွေကို တွေ့ရတယ်၊ ပြောရေးဆိုခွင့်ရှိသူ ပြောထားတာမဟုတ်လို့ မခိုင် လုံတဲ့ သတင််းတစ်ချို့ကိုလည်း တွေ့ရတယ်၊ ဥပမာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က တက်ချ် မဟာသို့ ခရီးသွားဦးရေစံချိန်တင် လာရောက်၊ တက်ချ်မဟာသို့ အဝင်လုံခြုံရေး ပိုမိုတင်း ကြပ်လာစတဲ့သတင်းတွေပေါ့၊ ဘာပဲဖြစ်ဖြစ် ၂၄ ယောက် ရေးထားတဲ့ ဒီသတင်းတွေထဲမှာ သော်မျိုးနောင်ရဲ့သတင်းက ရိုးစင်းလွန်းတဲ့အတွက် အကောင်းဆုံးဖြစ်သွားတာပေါ့”
ဆရာပေးသောဆုမှာ တက််ချ်မဟာပုံစံ စကျင်ကျောက်လက်ရာဖြစ်လေသည်။ ရူပီး သောင်းချီနီးပါးတန်သည့်ပစ္စည်းမို့ တက်ချ်မဟာကိုသွားတဲ့နေ့က မဝယ်နိုင်ခဲ့သည့် ပစ္စည်း လေး။ အခုတော့ ကျွန်တော့်လက်ဝယ်ပိုင်ဆိုင်ရပြီ ဖြစ်သည်။
လက်ခုပ်သံတွေကြားထဲ အူတိုနေသည့်ကောင်မလေးပုံစံကို ကျွန်တော်မြင်ဖြစ် အောင်မြင်လိုက်ပါသည်။
အဲဒီနောက်တော့ ဆရာက သတင်းတစ်ပုဒ်အကြောင်းကို ဆွေးနွေးခိုင်းပါသည်။ AFP သတင်းဌာနမှ သတင်းဟောင်းလေးတစ်ပုဒ်ဖြစ်သည်။ ခေါင်းစဉ်က “Living Symbol of Vietnan War becomes a Canadian” ဖြစ်သည်။
ဗီယက်နာမ်စစ်ပွဲကာလအတွင်းက ဓာတ်ပုုံဖြင့် နာမည်ကြီးထင်ရှားခဲ့သော Ms. Kim Phuc နှင့် ခင်ပွန်းဖြစ်သူတို့က ကနေဒါ နိုင်ငံသားအဖြစ် ကျမ်းသစ္စာကျိန်ဆိုနေသည့် ဓာတ်ပုံရယ်၊ ပူလစ်ကဆုရသွားတဲ့ Ms. Kim Phuc ဓာတ်ပုံရယ်ကို သတင််းနှင့််အတူ ယှဉ်တွဲပြထားသည်။
သတင်းရေးသားပုံ၊ ရေးသားနည်း အကြောင်းကိုဆွေးနွေးကြပြီးနောက် သတင်း ဓာတ်ပုံအကြောင်းရောက်သွားသည်။
ဗီယက်နာမ် စစ်ပွဲအတွင်းမှာ ပြေးလွှားနေတဲ့ ကလေးငယ်တစ်ဦး၊ ကိုးနှစ်အရွယ် မိန်းကလေး၊ အဝတ်အစားမပါဘဲ ပြေးလွှားနေပုံက အသက်ဝင်လှသည်။ လက်နှစ်ဖက်ကို ဆန့်ကားလျက် အော်ဟစ်ငိုကြွေးကာ ကင်မရာရှိရာ ဖက်တည့်တည့်ကို ပြေးလာနေသည်။ ဘေးမှာလည်း သူမလိုပဲ ပြေးလွှားနေသူတစ်ချို့၊ အနောက်မှာတော့ စစ်သားတစ််ချို့ကို လည်းတွေ့ရသည်။ ဓာတ်ပုံထဲမှာ စစ်၏ အငွေ့အသက်ကို ကွက်ကွက်ကွင်းကွင်းမြင်နေရ သည်။
” ဒီဓာတ်ပုံကိုရိုက်တဲ့ ဓာတ်ပုံဆရာ Nick ut က ပူလစ်ဇာဆုရခဲ့တယ်။ မင်းတို့ထဲက တစ်ယောက်ယောက်ဟာ သတင်းစာနဲ့ပတ်သက်လို့ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူဆိုရင် ဒီ ဓာတ်ပုံကို သတင်းစာရဲ့ မျက်နှာဖုံးမှာထည့်မလား”
ဆရာရဲ့စကားအပြီးမှာတော့ လက်ထောင်တဲ့သူ လေးငါးယောက်ကိုတွေ့ရသည်။ လာအိုတစ််ယောက်ကို ဖြေခိုင်းလေသည်။
” Mr. Pao”
သင်တန်းသားတွေကို နာမည် မှတ်မိစေဖို့အတွက် Nick Name တွေကို ကတ်ပြား ပေါ်မှာရေးပြီး ရင်ဘတ်မှာ ကပ်ထားစေတာမို့ အလွယ်တကူပင်ခေါ်နိုင်လေသည်။
“ကျွန်တော်သာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အယ်ဒီတာတစ်ယောက်ဆိုရင်တော့ ဒီဓာတ်ပုံကို မျက်နှာဖုံး သို့မဟုတ် သတင်းစာထဲမှာထည့်ဖြစ်မယ် မထင်ပါဘူး”
“ဘာကြောင့်လဲ”
” ဒီပုံဟာ မထည့်သင့်တဲ့ပုံလို့ ကျွန်တော်ယူဆထားလို့ပါ။ ဒီ ကောင်မလေးရဲ့ အနာဂတ်ကို တွေးမိမလားလို့”
“Ms. Hoa”
ငနာမလေးအလှည့်။
“ကျွန်မလည်း Pao လိုပဲ၊ ဒီပုံကို မသုံးဖြစ်လောက်ဘူး ထင်ပါတယ်။ ဒီကောင်မလေး ကြီးလာတဲ့အခါ ဒီဓာတ်ပုံဟာ သူ့အတွက် အတိတ်ဆိုးကြီးတစ်ခုလို သမိုင်းတွင်သွားမှာကို ကြောက်မိတယ်။ သူ ဖွင့်မပြောချင်တဲ့ သတိမရချင်တဲ့ အတိတ်ဟောင်းကို သားသမီးတွေ ကို ပြောပြလာရမယ့် အခြေအနေ ရောက်လာမှာ စိုးရိမ်တယ်။ အဓိကကတော့ အဝတ်အ စားမပါတဲ့ ဒီပုံကြောင့် သူရှင်သန်ရမယ့် ဘဝ တစ်လျှောက် အစွန်းအထင်းမဖြစ်စေချင်ဘူး”
ကျွန်တော် လက်ထောင်လိုက်သည်။
“Mr. Naung”
“ကျွန်တော့် အထင်ပြောရရင်တော့ အဲဒီလောက်ထိ အခြေအနေမဆိုးလောက်ဘူး ထင်တယ်။ အခုလက်ရှိ အခြေအနေကိုပဲကြည့် သူ့ဘဝတစ်လျှောက်မှာ ဒီပုံကြောင့် နာမည် ကြီးထင်ရှားခဲ့တာပဲလေ။ ဒီလောက်ကောင်းတဲ့ သတင်းဓာတ်ပုံတစ်ပုံကို လက်ဝယ်ရှိရက် သားနဲ့မသုံးရင် တော်တော်မိုက်မဲတဲ့ သတင်းစာ ဆရာဖြစ်မနေဘူးလား”
“Ms. Quynh”
“ကာလံဒေသံကိုလိုက်ပြီး သုံးသပ်မယ်ဆိုရင်တော့ အဲဒီ သတင်းစာ ထုတ်တုန်းက အဲဒီပုံက သုံးသင့်တယ်လို့ထင်ပါတယ်။
“Mr. Va”
“ဒီ ကောင်မလေးရဲ့ အနာဂတ်အတွက် ကျွန်တော်ဆိုရင် ဒီပုံကို မသုံးဖြစ်ပါဘူး။ စစ်ပွဲရဲ့ တခြားပုံကို ရွေးချယ််ဖြစ်လိမ့်မယ်ထင်ပါတယ်။”
သတင်းစာ၊ သတင်းဌာန တိုက်တစ်ခုနဲ့တစ်ခု အမြင်ချင်း အာပေါ်ချင်း မတူနိုင်တာ ကို ကောင်းကောင်းနားလည်သူပီပီ ဆရာက အဲဒီသတင်းဓာတ်ပုံနှင့် ပတ်သက်၍ တိကျ ခိုင်မာသော မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ပါ။ သို့သော်လည်း သတင်းတစ်ပုဒ်၊ သတင်း ဓာတ်ပုံတစ်ပုံကိုသုံးခါနီး ဘက်လိုက်မှုအမြင် ကင်းရှင်းတတ်ရမည်ကိုတော့ ရှင်းပြခဲ့ပါ သည်။
“ဘာပဲဖြစ်ဖြစ် ကျွန်မ အနေနဲ့ကတော့ အမျိုးသမီးထုအတွက် ဘက်လိုက်တယ်ပဲဆို ဆို ဒီပုံကို သုံးမှာမဟုတ်ဘူး။ တစ်ခြားပုံကိုပဲ ရွေးချယ်ဖြစ်မယ်။”
ကလိချင်နေသော ကျွန်တော့် စိတ်ကိုထိန်းချုပ်မရတော့။
“ဒီ ဓာတ်ပုံထဲက အရွယ်ဟာ တကယ်တမ်းစဉ်းစားကြည့်ရင် ကလေးအရွယ်ပဲရှိပါ သေးတယ်။ ခင်ဗျားတို့ ကျွန်တော််တို့လည်း အဲဒီ အရွယ်တုန်းက အဲဒီလိုမျိုးပဲ အမေ ရေမချိုးပေးခင်ပုံစံနဲ့ ဓာတ်ပုံရိုက်ပြီး အမှတ်တရ သိမ်းထား၊ အခုချိန် ဧည့်သည်တွေ အိမ် လာရင် ငါ ငယ်ငယ်တုန်းကပုံလေဆိုပြီး ထုတ်ကြွားတာပဲ မဟုတ်လား”
ဝေါခနဲ ရယ်သံနဲ့အတူ သူမ၏ မျက်နှာလေး စူပုပ်သွားသည်။ ပြီးတော့ ကျွန်တော့် ကို တုန့်ပြန်စကားဆို၏။
“အဲဒီ အရွယ်တုန်းက ကိုယ်လုံးတီးပုံ ကျွန်မမှာ မရှိဘူး။ ရှိရင်လည်း ထုတ်ကြွားမှာ မဟုတ်ဘူး”
“ကျွန်တော်က သဘောပြောတာပါ။ ပူလစ်ဇာ ဆုတောင်ရသွားတဲ့ ပုံကို မသုံးချင်တဲ့ အယ်ဒီတာဆိုရင်တော့ တော်တော်အံ့သြဖို့ကောင်းနေပြီ။ ကောင်မလေးရဲ့ ကိုယ်ပေါ်မှာ ပွန်းပဲ့ဒဏ်ရာတွေ၊ စစ်ကြောင့် ပြေးလွှားနေရတဲ့ လူတွေရဲ့ ဒုက္ခ… အိုး… ဘယ်လောက် တောင် အသက်ပါလှတဲ့ပုံလဲ”
“ဒီ ပုံနေရာမှာ ရှင့်မိသားစုထဲက တစ်ယောက်ယောက် ဥပမာ- အမေ၊ ညီမပေါ့။ သူတို့ကို အစားထိုးကြည့်ပါ၊ အဲဒီ ပုံရှင်သုံးမလား၊ အရမ်းကို ဘက်လိုက်မှု ကင်းတဲ့ အယ်ဒီ တာတစ်ယောက် မျှတပါဦးမလား”
“ဒါပေမဲ့ ကျွန်တော်တို့ ကျင့်ဝတ်မှာ ဘက်လိုက်မှုကင်းရမယ်လို့ ဆိုထားတယ်လေ”
“ခြောက်ပြစ်ကင်းသဲလည်းစင်အောင် တော်တဲ့ သတင်းစာဆရာ ကမ္ဘာပေါ်မှာ ဘယ် နှစ် ယောက်ရှိမလဲ။ အားလုံးကတော့ ကျင့်ဝတ်နဲ့ ညီအောင်အကောင်းဆုံးဖြစ်အောင် လုပ်ကြတာပဲ။ ဒါပေမဲ့ ကျဉ်းထဲကျပ်တည်း အချိန်တွေတော့ ရှိကြတာပဲမဟုတ်လား”
“အဲဒါဆိုရင်တော့ ခင်ဗျား အခုနက ဆရာပြောသွားတာကို သေချာ နားမလည်လိုက် လို့ပဲ၊ ဘက်လိုက်မှုကင်းရမယ်လို့ ဆရာက ပြောတယ််လေ”
“ကျွန်မတို့က ကင်းအောင်ကြိုးစားနေဆဲလူတွေပါ”
ဆရာက တော်တော့လို့ပြောမှ ကျွန်တော်တို့ရဲ့ ငြင်းခုံမှုကပြီးသွားသည်။ ဆက်ပြော ရင် အခြေအနေက တင်းမာလာနိုင်ပါသည်။ ဒါတောင် ဖယ်ရီပေါ်တက်ခါနီး ကျွန်တော့်ကို ပြောသွားသေး သည်။
“သူ့လိုတော်တဲ့၊ သူ့လိုမျိုး ကမ္ဘာကျော်တဲ့ သတင်းစာသမားတွေ အများကြီးရှိနိုင်ပါ တယ်။ ဒါပေမဲ့ လောလောဆယ်မှာ ရှင်ရော ကျွန်မရော မဖြစ်နိုင်သေးဘူး”
× × × × ×