ရင်းငြိမ် သို့မဟုတ် တစ်သက်လုံးအမှတ်ရနေမယ့်ရွာ

အခုနေ အဲဒီရွာကလူတွေနေကောင်းကျန်းမာရဲ့လား။ အလုပ်အကိုင်အဆင်ပြေရဲ့လားလို့ မကြာခဏ သတိတရတွေးမိပါရဲ့။ လူတွေအများကြီးကိုအုပ်စုလိုက်ခွဲပြီးတည်းခိုခွင့်ပေးခဲ့တဲ့ရွာလေး။ ဘီယာကြိုက် တဲ့ ကျွန်တော်တို့အဖွဲ့ကို နေ့စဉ်မပျက်ဧည့်ဝတ်လာကျေတဲ့ဒေသခံ၊ အားနာမှန်းသိလို့ တိတ်တိတ်လေး လာ မသိမသာခေါ်ကျွေးမွေးတဲ့ချစ်စရာရွာသူရွာသားတွေ နေကောင်းပါစေ။

ကြာခဲ့ပါပြီ။ ကြာတာမှ ဆယ်စုနှစ်တစ်ခုလောက်ကိုရှိခဲ့တာပါ။ တောင်နဲ့မြောက်သွယ်တန်းနေတဲ့ မုတ္တမ တောင်တန်းရဲ့ အနောက်ဖက်ဆင်ခြေလျှောမှာပေါင်မြို့နယ်တည်ရှိပါတယ်။ ပေါင်မြို့နယ်ကိုဖြတ်တဲ့ လမ်းတစ်လျှောက်မှာရွာလေးတွေရှိတဲ့အထဲက ရင်းငြိမ်ဆိုတဲ့ရွာကို အလုပ်ကိစ္စနဲ့ရောက်ဖြစ်ခဲ့ရာကနေ တစ်သက်တာအမှတ်တရချစ်စရာအဖြစ်အပျက်လေးတွေ ကြုံခဲ့ရတာပါပဲ။

SANYO DIGITAL CAMERA
SANYO DIGITAL CAMERA
SANYO DIGITAL CAMERA

သစ်ပင်သစ်တောတွေအုံ့ဆိုင်းဆိုင်းရှိပြီး ခရီးသွားအလည်အပတ် မရှိသလောက်နည်းပါးတဲ့ရွာကလေးပါ။  ကားလမ်းမဘေးနားမှာရှိတာမို့ ဖြတ်သွားဖြတ်လာလည်းမြင်နိုင်ပါတယ်။ ရောက်သွားတဲ့အခိုက် ကျွန်တော်တို့က ရိုက်ကူးရေး ကိစ္စနဲ့မို့လူတော်တော်များပါတယ်။ ရွာမှာဟိုတယ်လည်းမရှိဘူး။ တည်းခို ခန်းဆိုဝေး။ ဒီတော့ လာတဲ့ဧည့်သည်တွေကို အိမ်ကောင်းယာသာရှိတဲ့ဒေသခံတွေက တာဝန်ခွဲပြီး တည်းခိုစေပါတယ်။ ကျွန်တော်တို့တည်းတဲ့အိမ်က နှစ်ထပ်တိုက်ခပ်သေးသေးပါ။ လေးငါးယောက်ကို အပေါ်ထပ်မှာ တစ်ပြေးညီအိပ်ရာ ခင်းပြီး လွတ်လွတ်လပ်လပ်နေစေပါတယ်။ တစ်ရွာလုံးကလာကြနှုတ် ဆက်ကြ မသိပေမဲ့ နေကောင်းလား ကျန်းမာလားလာမေးကြနဲ့ မသိရင် မင်းသားမင်းသမီးတွေရောက် လို့လာကြတဲ့အတိုင်းပါပဲ။

SANYO DIGITAL CAMERA
SANYO DIGITAL CAMERA
SANYO DIGITAL CAMERA

ဧည့်သည်ကိုခင်တတ် ချစ်တတ်တဲ့ ဓလေ့ ဖြူစင်တဲ့မေတ္တာတွေကို အတိုင်းသားမြင်နေရပါတယ်။ သူတို့ ရဲ့အထိမ်းအမှတ်ပွဲတွေကိုလည်း တခုတ်တရခေါ်သွားတတ်ပါတယ်။ မြန်မာတို့ရဲ့ထုံးစံအတိုင်း သီတင်းကျွတ်၊ တန်ဆောင်မုန်း ဆိုရင်တော့ ပျော်စရာတွေများပါတယ်။ ရင်းငြိမ်ဘက်မှာဆိုရင် ဇာတ်ပွဲတွေကြည့်၊ ပွဲစျေးတန်း တွေလျှောက်လို့အရမ်းပျော်စရာကောင်းပါတယ်။ ဗုဒ္ဓဘာသာထွန်းကား တာနဲ့အညီ အလှူအဒါန်းလည်းရက် ရောသလားမမေးနဲ့။ ဆွမ်းကြီးလောင်းပွဲ၊ စတုဒီသာ အပြင် ကျီးမနိုးပွဲတွေကိုလည်းပျော်ပွဲရွှင်ပွဲတွေ အဖြစ်ကျင်းပတတ်လေရဲ့။

ရွာမှာသူစိမ်းလာရင် အားလုံးဝိုင်းကြည့်တတ်တဲ့သဘာဝရှိပါတယ်။ ဘယ်သူ့ကိုမဆိုကိုယ်က စကားသွား ပြောကြည့်ရင်လည်းဖော်ဖော်ရွေရွေနဲ့ သိပ်ချစ်စရာကောင်းပါတယ်။ ကျွန်တော်တို့တည်းတဲ့အိမ်က မိသားစုဆိုရင် အမြဲပြုံးလို့ ရောင့်ရဲမှုတွေနဲ့ ဘဝကိုအေးအေးလူလူဖြတ်သန်းနေကြတာတွေ့ရပါတယ်။ ဧည့်သည်ရဲ့အနေအထားကိုလည်း အကဲခတ်တတ်ပြီး ဘီယာသောက်၊ အရက်သောက်တတ်တဲ့သူတွေပါ လာရင်လည်း ကြိုက်နှစ်သက်ရာယာမကာတွေကို မရမကရှာ ဧည့်ခံတာမျိုးက ကျေးဇူးလည်းတင် အားလည်းနာရပါတယ်။

လည်စရာနေရာတွေ

အနီးဆုံးမှာ တန်ခိုးကြီးဘုရားဖြစ်တဲ့ နွားလပို့တောင်စေတီကိုဖူးမျှော်နိုင်ပါတယ်။ ဇော်ဂျီရေတွင်းနဲ့ တောင်ပေါ်သဘာဝရှုခင်း တွေကို ဓါတ်ပုံရိုက်မှတ်တမ်းတင်လို့ရတာပေါ့။ ရွာမျက်နှာဖုံးတစ်ယောက်ရဲ့ အကူအညီနဲ့ပဲ ကျွန်တော်တို့တွေဟာ နွားလပို့တောင်တစ်ဝိုက် ပေါင်မြို့တစ်ဝိုက်ကိုလှည့်လည်သွားလာ လည်ပတ်ခွင့်ရခဲ့ပါတယ်။ ကျုံကသဘာဝခြံထဲမှာသီးနေတဲ့အသီးအနှံပန်းမန်တွေကိုစိတ်ကြိုက်လေ့လာ နိုင်ခဲ့တာပေါ့။

SANYO DIGITAL CAMERA
SANYO DIGITAL CAMERA
SANYO DIGITAL CAMERA
SANYO DIGITAL CAMERA

ရွာခံအိမ်ကလိုက်ပို့ပေးတဲ့ပွဲဈေးမှာ‌ စားခဲ့ဖူးတဲ့ကွေ့သယို အရသာကိုအခုထိမှတ်မိနေသေးတယ်။ သူတို့ ပြောပြတဲ့ကျီးမနိုးပွဲအကြောင်းတွေ ရော်ဘာခြံထဲကစိုက်ပျိုးရေးအကြောင်းတွေကို ပြန်ပြောင်းသတိရ အမှတ်ရနေတုန်းပါပဲ။ တည်းခဲ့တဲ့အိမ်ရှင်နာမည် လိုက်ပို့လိုက်ကျွေးတဲ့သူတွေရဲ့နာမည်ကိုတော့ မမှတ်မိ တော့ကြောင်းဝန်ခံပါတယ်။ အိမ်မှာ ကိုကိုနဲ့ညီညီ ဆိုတဲ့ ညီအစ်ကိုကလေးလေးနှစ်ယောက်ရှိတယ်။ အိမ် ဆိုင်ဖွင့်ထားတယ် ဒါပဲမှတ်မိနေတယ်။ တစ်ရွာလုံးကိုတော့ ရင်ထဲမှာစွဲကျန်အမှတ်ရနေတုန်းပါပဲ။

ကျွန်တော်ရောက်ခဲ့တဲ့အချိန်က ရင်းငြိမ်ဆေးရုံဖွင့်ပွဲပါ။ အခုဆိုရင်တော့ ဆေးရုံကြီးတောင်ဟောင်းနေ ရော့ပေါ့။

SANYO DIGITAL CAMERA
SANYO DIGITAL CAMERA