ရေးကြီးဂွင်ကျယ်ပြသနာမဟုတ်တဲ့အရာကိုပြသနာအဖြစ်သတ်မှတ် အရာရာချုပ်ချယ်တတ်တဲ့ မိန်း ကလေးတွေ ကျော်တို့ပတ်ဝန်းကျင်မှာအများကြီးရယ်။ လူတစ်ယောက်နဲ့တစ်ယောက်ချစ်တယ်ဆိုတာ အရာရာကိုနားလည်တတ်ဖို့ ညှိယူတတ်ဖို့လိုပါတယ်။ နေရာတကာ ကိုယ့်အပေါ်ဦးစားပေးခံချင်လို့မရ ဘူးလို့ထင်ပါတယ်။ ပတ်ဝန်းကျင်မှာတွေ့ရတဲ့ ဘဝမကျတဲ့မိန်းကလေးတွေရဲ့အပြုအမူလေးတွေဖြစ်ပါ တယ်။ ဘယ်သူ့ကိုမှမရည်ရွယ်ပါဘူးနော်။ ယူတို့ယောင်္ကျားတွေကော ဘာကောင်းလို့လဲဆိုလာရင် လည်း မကောင်းပါဘူး တစ်စက်မှမကောင်းပါဘူးလေ။
(၁) ပုံတင်ရင် tag တွဲခိုင်းတဲ့ ကောင်မလေး
တစ်နေရာရာသွားရင်ပဲဖြစ်ဖြစ် ကိစ္စတစ်ခုအကြောင်းပဲဖြစ်ဖြစ် ဘာကိစ္စမဆိုဆိုရှယ်မီဒီယာပေါ်ကိုတင် ရင် သူ့ကိုအော်တို Tag တွဲခိုင်းတာမျိုးတဲ့ဗျာ။ ဘာဆိုင်လဲနော်။ ကျော့်ဘော်ဒါတစ်ပွေဆိုရင် အလုပ်ကိ စ္စနဲ့ခရီးသွားတာ ပုံလေးရိုက်တင်တာ့ သူ့စော်ကိုပါ Tag တွဲလိုက်တယ် (စော်ကလုပ်ခိုင်းထားလို့)။ အဲဒီ မှာပြသနာတက်တော့တာပါပဲ။ သူ့အလုပ်က သူ့ကိုဘာလို့စော်ခေါ်သွားတာလဲ အပျော်ခရီးထွက်ခိုင်း တာမဟုတ်ဘူး ဘာညာနဲ့ကွိုင်ရှာပါလေရော။ ကိုယ့် Privacy သူ့ Privacy လေးတွေတော့ရှိသင့်တယ် လို့ထင်ပါတယ်။
(၂) ဖုန်းမအားရင်ရစ်တဲ့ကောင်မလေး
ကိုယ်ကအလုပ်ကိစ္စပဲဖြစ်ဖြစ် အခြားအကြောင်းတစ်ခုကြောင်းဖြစ်ဖြစ် ဖုန်းပြောနေတာနဲ့ သူဖုန်းဆက် တဲ့အချိန်နဲ့တိုက်မိရင် ကွိုင်ရှာတတ်တဲ့ကောင်မလေးတွေရှိတယ်ဗျ။ အကြောင်းပြချက်ခိုင်ခိုင်လုံလုံပေး ရင်လည်းမယုံသင်္ကာနဲ့။ တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုမရှိရင် အဲဒီ RS တွဲမနေသင့်တော့ဘူး လေနော့။
(၃) သူငယ်ချင်းတွေနဲ့သွားရင်မကြိုက်တဲ့ ကောင်မလေး
သူငယ်ချင်းတွေနဲ့ဘီယာဆိုင် လက်ဖက်ရည်ဆိုင်ထိုင်တာမျိုးကို လုံးဝမကြိုက်တတ်တဲ့မိန်းကလေးမျိုး လည်းရှိတယ်ဗျာ။ ယောင်္ကျားလေးနဲ့သွားရင် ကျားကျားချင်း မိန်းကလေးနဲ့သွားရင် ကျားမချင်းပေးစား ပါလေရော။ ကိုယ့်သူငယ်ချင်းသူ့သူငယ်ချင်းတစ်သားတည်းဖြစ်ပြီး နားလည်တတ်ဖို့လိုတယ်လို့မြင်မိ တာပေါ့လေ။
(၄) လူရှေ့မှာ ကိုယ့်ဘဲကို နိုင်ကြောင်း ကြွားတဲ့ကောင်မလေး
လူရှေ့သူရှေ့ရောက်ရင် ငါ့ဘဲကငါ့ကိုဘယ်လိုဂရုစိုက်တာဆိုတာမျိုးပြောတာကတော့ကောင်းတာ ပေါ့။ ဒါပေမဲ့ ကြွယ်ပြတာမျိုးကအကျဉ်းတန်ပါတယ်။ သူငယ်ချင်းတွေနဲ့လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း ဟဲ့ လာစမ်း တို့ ငါခေါ်နေတာဘာလို့မလာတာလဲတို့ ငါ့ကိုနင်အရေးမလုပ်ဘူးလားတို့ အမိန့်တွေအာ ဏာတွေနဲ့ ပိုင်စိုးပိုင်နင်းဆန်တဲ့မိန်းကလေးမျိုးလည်းတွေ့ဖူးတယ်ဗျို့။ အံမယ် တစ်ခါတစ်လေ ကိုယ့်ဘဲ ရဲ့သူငယ်ချင်းတွေကိုတောင် အထင်အမြင်သေးတဲ့ပုံစံနဲ့ဆက်ဆံသွားသေး။
(၅) သူများပို့စ်အောက် ကွန်မန့်ရေးရင်ပြသနာရှာတဲ့ ကောင်မလေး
ဆိုရှယ်မီဒီယာဆိုတာအပျော်သုံးကြတာပါ။ ကိုယ့်သူငယ်ချင်းပဲဖြစ်ဖြစ် ဖေ့စ်ဘုတ်ထဲမှာခင်တဲ့သူပဲဖြစ် ဖြစ် အပျော်သဘောနဲ့ကွန်မန့်တွေပေး Love react တွေပေးတာမျိုးတွေရှိမှာပဲလေ။ အဲဒါကိုလိုက် စောင့်ကြည့်ပြီး ပြသနာရှာတတ်ရင်တော့ အဲဒီမိန်းကလေးဖြတ်သာပစ်လိုက်ပါတော့လို့ဆိုချင်တာပေါ့။ ကွန်မန့်လေးတစ်ခုကိုတောင်မယုံရင် တစ်သက်လုံးဘယ်လိုယုံကြည်သွားကြမှာလဲ။
(၆) Virtual Life နဲ့ပတ်သက်လို့ ပြသနာရှာတဲ့ကောင်မလေး
Facebook မှာ သူနဲ့ ကာပယ်ပုံကိုပြောင်းလိုက်လို့ အလုပ်ကမိန်းကလေးနဲ့ဓါတ်ပုံတူတူရိုက်လို့ သူများ အောက်ကွန်မန့်ဝင်ပေးလို့ စတဲ့ Virtual Life က လှုပ်ရှားမှုတွေကို ပြသနာမျိုးစုံရှာတာမျိုးရှိနေပြီဆိုရင် တော့ ဖြတ်သာပစ်လိုက်ပါတော့။ Facebook password မပေးထားလို့ဆိုပြီး ကွိုင်ရှာတာမျိုး လည်းရှိတယ်ဗျာ။ ကိုယ်ချင်းမစာလို့မဟုတ်ပါဘူး။ နှစ်ယောက်သားရှေ့ရေးမှာ မိသားစု စီးပွားရေး စား ဝတ်နေရေး စတဲ့ပြသနာမျိုးစုံကြုံလာရမှာမို့ အဲဒီပြသနာကြီးတွေကိုရင်မဆိုင်ခင်မှာ အခုလိုဘာမဟုတ် တဲ့အရာတွေကို ပြသနာအသေးလေးတွေအဖြစ်မြင်နေမယ်ဆိုရင် နောက်ရေးအတွက်မခက်ပေဘူး လား။
(၇) မိသားစုကိစ္စဝင်ပါတတ်တဲ့မိန်းကလေး
ဘယ်သူမဆို ကိုယ့်မိသားစုကိုထိရင် မကောင်းပြောရင်မကြိုက်ပါဘူး။ ရည်းစားဘဝမှာ ချစ်လို့ဘာမှ မပြောဘူးဆိုပေမယ့် တကယ်လက်တွဲတဲ့အခါကျရင် ဒုက္ခရောက်တာမို့ ဟိုစပ်စပ်ဒီစပ်စပ်ပါတတ်တဲ့ မိန်းကလေးကိုလက်တွဲထားမိရင်တော့ ညှိယူစေချင်ပါတယ်။
(၈) ဘဲနဲ့ပတ်သက်လို့အရာရာအသေးစိတ်သိချင်တဲ့ကောင်မလေး
လူတစ်ယောက်မှာ အရေးကိစ္စပေါင်းစုံရှိတာမို့ ကိုယ့်အကြောင်းအကုန်အစင်ကို ကိုယ်ကိုယ်တိုင် တောင်တစ်ခါတစ်လေမှတ်မိတာမဟုတ်ဘူးရယ်။ ဒါကို သူ့ကိုမပြောရကောင်းလား ဆိုပြီး ကွိုင်ရှာလာ ရင်တော့ စဉ်းစားပေါ့နော်။ ကိုယ်ကိုယ်တိုင်က သူလုပ်သမျှလေးတွေကိုကြိုက်နေရင်တော့တစ်မျိုးပေါ့။
ဘယ်သူ့ကိုမှမရည်ရွယ်ပါဘူးနော်။ သပ်သပ်အဆဲတောင်းတဲ့ပို့စ်လည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပတ်ဝန်း ကျင်မှာ မြင်နေရတာတွေက အဆင်မပြေဘူးလားလို့။ တကယ်တော့ အဆင်ပြေပြေ အရမ်းချစ်ကြတဲ့ သူတွေကိုပဲရှိနေစေချင်တာပါ။ ဒါမှ ကမ္ဘာကြီးကလှပသာယာမှာမဟုတ်လား။ ပုံ ဆြာကြီး FA
မေတ္တာရိပ်မှာအေးချမ်းပါစေ။