လည်စရာအချို့နဲ့ ရွှေတောင်မြို့

မြို့လေးက ကျဉ်းကျဉ်းလေး။ နာမည်က ရွှေတောင်။ ကျွန်တော်ရောက်ခဲ့တာက ခဏလေး။ ဒါပေမဲ့ လည်စရာတွေအများကြီး၊ ခမ်းနားကြီးကျယ်လွန်းတဲ့သမိုင်းကြောင်းတွေအများကြီး။ ရာဇဝင်တွေ ထည်ဝါမှုတွေအများကြီး။

ရန်ကုန်ကနေ ၁၆၉ မိုင်အကွာ ရန်ကုန်-ပြည် ကားလမ်းပေါ်မှာရှိတဲ့ ရွှေတောင်မြို့ကို ပြည်ကနေဆိုင် ကယ်နဲ့ခရီိးထွက်ဖြစ်ခဲ့ပါတယ်။ ကိုဝေလင်းအောင်ကောင်းမှုအကြောင်းပြုပြီး သူ့ဆိုင်ကယ်နောက်က လိုက်၊ မြတ်လူ က ရှေ့ကမောင်းနဲ့ အေးအေးလူလူဖြတ်သန်းရင်း နာရီပိုင်းလေးအကွာမှာရွှေတောင် မြို့ ကိုရောက်လာခဲ့တယ်။ လမ်းမှာမိုးကြီးလေကြီးနဲ့တွေ့တော့ ဆိုင်ကယ်ကိုအပင်ကြီီးတစ်ပင်အောက်မှာ ရပ်၊ အုတ်ခုံလေးပေါ်ထိုင်၊ မိုးရေတွေကြားထဲ စကားပြောကြ ရယ်ကြ မိုးစဲတော့ဆိုက်ကယ်ပေါ်ပြန်တက် ကြနဲ့ သာယာလိုက်တဲ့ဘဝဆိုတာများလေ။

သူရတပမင်းကြီိးတည်ထောင်ခဲ့ပြီး ဒွတ္တပေါင်မင်းလက် ထက်၊ ဗိသနိုးမိဘုရား တို့နဲ့ဆက်စပ်နေတဲ့ ရာဇဝင်ကောင်းတဲ့သမိုင်းတွင်ရာမြို့မှာ ရွှေနတ်တောင် ဘုရား၊ ရွှေမော်ဓောဘုရား၊ ရွှေမျက်မှန်ဘုရား တွေကထင်ရှားပါတယ်။ ကျွန်တော်ရောက်ခဲ့တဲ့ နေရာ နဲ့ စားခဲ့တဲ့အစားအသောက်တွေလား။ အိုး…ဘယ်ပြောကောင်းမလဲဗျာ။ သူငယ်ချင်း၊ အပေါင်းအသင်းတွေကိုလည်း တစ်ခေါက်လောက်တော့သွား လည်ကြည့်စေချင်တယ်။

ရွှေမျက်မှန်ဘုရား
>>>>>>>>>>>

ကိုလိုနီခေတ် နယ်ပိုင်ရုံးစိုက်ရာမြို့ဖြစ်တဲ့ အဲဒီိမြို့မှာ မျက်မှန်တပ်ထားတဲ့ ရွှေမျက်မှန်ဘုရားကိုမဖြစ် မနေရောက်ခဲ့ပါတယ်။ ပျုခေတ်နှောင်း သရေခေတ္တရာမင်းဆက်တည်ထောင်ခဲ့တဲ့ ရွှေမျက်မှန်ဘုရား ရဲ့ ရာဇဝင်က စိတ်ဝင်စားစရာကောင်းတာထက် ကျွန်တော်က ဘုရားဆင်းတုတော်မှာတပ်ထားတဲ့မျက် မှန်ကို ပိုစိတ်ဝင်စားပါတယ်။ စတည်တုန်းကမျက်မှန်မပါဘဲ နောက်မှ ရွှေသားအတိပြီးတဲ့မျက်မှန်အပါ အဝင် မျက်မှန်အဆက်ဆက်တပ်ခဲ့တဲ့ ဘုရားဆင်းတုတော်ဟာ မြန်မာနိုင်ငံမှာ ကျွန်တော်တွေ့ဖူးတဲ့ တစ်ခုတည်းသောမျက်မှန်တပ်ဘုရားဖြစ်ပါတယ်။

 

စိတ်ဝင်စားစရာ အိမ်ကြီိးရခိုင်တွေ
>>>>>>>>>>>>>>>>>>>>>>>

မြို့ပတ်ပတ်လည်ကို ဆိိုင်ကယ်တစ်စီိးနဲ့ ပတ်မောင်းကြည့်တဲ့အခါ အခြားမြို့တွေနဲ့မတူတဲ့ အဆောက် အဦိတော်တော်များများကိုတွေ့ရပါတယ်။ ရုံးစိိုက်အဆောက်အဦတွေမဟုတ်ပါဘူး။ သာသနိကအ ဆောက်အဦတွေမဟုတ်ပါဘူး။ အထင်ကရအမှတ်အသားရှိတဲ့အဆောက်အဦတွေ လည်းမဟုတ်ပါဘူး။ လူနေအိမ်တွေပါပဲ။ လူနေအိမ်ဆိုတာထက်ခမ်းနားကြီိးကျယ်လွန်းတဲ့ရဲတိုက်လို အိမ်တွေဖြစ်ပါတယ်။ နှစ်ပေါင်းရာချီိနီးပါးသက်တမ်းရှိတဲ့အိမ်ကြီီးတွေ၊ ရေနံချေးကိိုမည်းနက်နေအောင် သုတ်ထားတဲ့ ပျဉ်ထောင်အိမ်ကြီးရခိုင်တွေ၊ ကိိုလိုနီီလက်ရာအပြည့်နဲ့တိုက်ကြီးတွေနဲ့ ကနုတ်လက်ရာ၊ အနုပညာဒီဇိုင်းတွေနဲ့ဖော်ထားတဲ့အိမ်တွေအများကြီးမှ အများကြီးပါ။ အိမ်ခြံကျယ်ကြီးတွေကိုရှေးလက် ရာမပျက်ထိန်းသိမ်းတည်ဆောက်ထားတဲ့ မြန်မာနိုင်ငံမှာရှားရှားပါးပါးတွေ့ရတဲ့ အိမ်ကြီးရခိုင်တွေကို ရွှေတောင်မြို့က ပိုင်ဆိုင်ထားပါတယ်။

 

ရဟန္တာ ရှစ်ဆယ်
>>>>>>>>>>>

ရဟန္တာပေါင်း (၈၀) ရဲ့ရုပ်ပွားတော်တွေတွေ့ရှိခဲ့တဲ့နေရာဖြစ်ပါတယ်။ ဆောက်လက်စအဆောက်အဦ တွေအများကြီးနဲ့ နောက်သုံးလေးနှစ်နေရင်တော့ ဒီထက်ပိုပြီးခမ်းခမ်းနားနားတွေ့ရမယ်ထင်ပါတယ်။ ဂေါတမ မြတ်စွာဘုရားတရားဦးဟောခဲ့တဲ့ ပဥ္စဝဂ္ဂီ (၅) ဦိးအမည်အပါအဝင် ရဟန္တာနာမည်အမျိုးမျိိုးတွေ့ ရမှာဖြစ်ပါတယ်။

ရဟန္တာ ရှစ်ဆယ် အသစ်
>>>>>>>>>>>>>>>>

နောက်မှတူးဖော်တွေ့ရှိခဲ့တဲ့ ရဟန္တာရှစ်ဆယ်အသစ်ကိိုလည်းသွားလည်ခဲ့ပါသေးတယ်။ အဲဒီမှာလည်း အရင်တည်ထားပြီးတဲ့ ရဟန္တာရှစ်ဆယ်မှာရှိတဲ့ ပုံစံနဲ့မတူတဲ့ ရဟန္တာဆင်းတုတော် ၈၀ ကိုတွေ့ရပါတယ်။ ကျွန်တော်ရွှေတောင်ကိုရောက်တာသုံးခေါက်မြောက်မှာ ရဟန္တာ ရှစ်ဆယ် အသစ် ကို ပုံစံသုံးမျိုးနဲ့တွေ့ ရပါတယ်။ အရင်စတင်တူးဖော်တွေ့ရှိတုန်းကပုံစံထက် အဆောက်အဦခမ်းခမ်းနားနားတွေအသစ်လုပ် ထားပေးတာတွေ့ရပေမယ့် ဘေးနားပတ်ပတ်လည်မှာ ချုံနွယ်ပိတ်ပေါင်းဖုံးလွှမ်းနေတဲ့ ရှေးဟောင်း အဆောက်အဦတွေ ပုထိုးတော်တွေရှိနေတာ စိတ်မကောင်းစရာပါ။ ပိုက်ဆံများရှိလို့ကတော့ အဲဒီးနား ပတ်ဝန်းကျင်တစ်ဝိုက်က သစ်ပင်တွေဖုံးနေတဲ့ ရှေးဟောင်းအဆောက်အဦတွေကို ဖယ်ရှားပြီး ခရီးသွား နယ်မြေအသစ်ဖန်တီီးချင်တဲ့စိတ်ဖြစ်ပေါ်မိလိုက်ပါသေးတယ်။

ရွှေနတ်တောင်ဘုရား
>>>>>>>>>>>>>

ရွှေရောင်တောက်ပနေတဲ့ နတ်ရုပ်ထုကြီိးကို ဌာပနာထားပြီးတည်ခဲ့တဲ့ ရွှေနတ်တောင်စေတီိက အစဉ် အလာကြီးမားသလို နှစ်စဉ်ဘုရားပွဲတိုင်းလည်း ကျိိတ်ကျိိတ်တိုးစည်ကားနေဆဲပါပဲ။ စေတီကို နေ့အခါ မှာ လူတွေတည်ပြီိး ညအခါမှာ နတ်တို့တည်ခဲ့တယ်လို့ဆိုကြပါတယ်။ ဒီတစ်ခေါက် ရွှေတောင်ကိုရောက် တော့ ရွှေနတ်တောင်ကိုမရောက်ဖြစ်ခဲ့ပါဘူး။

အင်ဖက်နဲ့ထုတ်ထားတဲ့ ရွှေတောင်မုန့်ဟင်းခါး
>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရွှေမျက်မှန်ဘုရားကိုရောက်ရင် ဘုရားရှေ့က ရွှေတောင်မုန့်ဟင်းခါးဆိုင်ကိုစားဖြစ်ခဲ့တယ်။ အဓိက တော့ မြတ်လူညွှန်းတာ။ သူတို့လင်မယားဆိုရင် ပြည်ကနေတကူးတကလာစားတာတဲ့။ တစ်ခါ စားရင်တစ်ယောက်ကို လေးပွဲစီကုန်တယ်ဆိုပဲ။ အဲဒါနဲ့ပဲ ကိုယ်တွေလည်းစားကြည့်ခဲ့တာရယ်။ နန်းလုံး၊ နန်းပြားနှစ်မျိုးရှိပြီး မုန့်ဟင်းရည်ပျစ်ပျစ်လေးထဲ မုန့်ဖတ်တွေထည့်ပေးတာပါ။ ပဲကြော်၊ ငါးဖယ်ကြိုက် ရာနဲ့စားနိုင်ပြီး အရသာက မုန့်ဟင်းခါးအရသာလည်းမဟုတ် အုန်းနို့ခေါက်ဆွဲအရသာလည်းမဟုတ်ပါ ဘူး။ သူတို့နှစ်ခုကြားထဲက ကောင်းတဲ့အရသာနှစ်ခုကိုပေါင်းထားသလိုစားကောင်းပါတယ်။ တစ်ပွဲကို ၃၅၀ ပဲကျပါတယ်။ သဘောကျတာက ပါဆယ်ဝယ်ရင် အင်ဖက်ကြီးတွေနဲ့ထုတ်ပေးတာပါ။

အင်ဖက်နဲ့ထုတ်ရောင်းတဲ့ ရွှေကျီဆနွင်းမကင်း
>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒါက မသဲဝေဖြိိုးချဉ်ခြင်းတက်တဲ့မုန့်ပါ။ ဟိုကွေ့ဒီကွေ့နဲ့ သွားပြီးနောက်ပိုင်းမှာ ဒေါ်အိငွေ ဆနွင်းမကင်းဆိိုပြီးမထင်မရှားဆိုင်းဘုတ်ကပ်ထားတဲ့ အိမ်တစ်အိမ်ကိုတွေ့ပါတယ်။ ထင်ထင်ရှားရှား အိမ်ရှေ့မှာ ကပ်ထားတာမဟုတ်ဘဲ အိမ်ကြီးထဲကအရှေ့မျက်နှာစာမှာ ဗီနိုင်းကပ်ထားတာပါ။ ဗီနိိုင်းမှာ ရေးထားတာက ရွှေတောင်မြို့တွင် နှစ်ပေါင်း (၇၀) တိုင်အောင်လူကြိုက်များပြီး နှစ်သက်စွာ စားသုံးခဲ့သော ဒေါ်အိငွေဆနွင်းမကင်းလို့ရေးထားပါတယ်။ ဆိုင်ကလည်းသပ်သပ်ရပ်ရပ်တော့မဟုတ် ပါဘူး။ သူ့ဆီကဆနွင်းမကင်းက ဆီတွေအိနေအောင်လည်းမပါဘူး၊ အရမ်းလည်းချိုတဲ့အရသာမဟုတ် ဘူး၊ ဆိမ့်နေအောင်ကောင်းတဲ့ဆနွင်းမကင်းဖြစ်ပါတယ်။ ဝယ်တဲ့သူတိုင်းကို အင်ဖက်နဲ့ထုတ်ပေးပါ တယ်။ ၅၀၀ ဖိုး ၁၀၀၀ ဖိုး ဝယ်လာတဲ့ အထုတ်လေးတွေက ချစ်စရာကောင်းတယ်ဗျ။

ရွှေတောင်ခေါက်ဆွဲ
>>>>>>>>>>>>>

ဂျပန်မှာဆုရခဲ့တဲ့ ရွှေတောင်ခေါက်ဆွဲဆိိုလား။ တော်တော်များများသွားစားကြပါတယ်။ အိုဆာကာ ရွှေတောင်ခေါက်ဆွဲဆိုင်ကိုတော့ ဒီတစ်ခေါက်မရောက်ဖြစ်ခဲ့ပါဘူး။ ရွှေတောင်ရောက်ရင် မဖြစ်မနေသွားစားကြတဲ့အထဲမှာ ရွှေတောင်ခေါက်ဆွဲက အဓိကပါ။

ရွှွေတောင်မာလကာသီိး
>>>>>>>>>>>>>>>>

ပွလည်းမပွ ကျစ်လည်းမကျစ်တဲ့မာလကာသီးအရသာဖြစ်ပါတယ်။ ရွှေတောင်ကနေထွက်လား မထွက် လားတော့မသိ။ အခုချိန်ဆိုရင်မာလကာသီးတွေကတော့ ရွှေတောင်မှာပေါမှပေါ။ စားလို့လည်းကောင်း တန်လည်းတန်တော့ လက်ဆောင်ဝယ်လို့ကောင်းပါတယ်။

ရိုးရာအထည်များ
>>>>>>>>>>>

ရွှေတောင်ရဲ့ ရိုးရာရက္ကန်းထည်တွေကလည်းထင်ရှားတဲ့ထဲမှာအပါအဝင်ဖြစ်လို့ တစ်ခေါက်တုန်းကတော့ သူများဝယ်တာလိုက်ကြည့်ဖူးပါတယ်။ အဆင်လှတယ် ဒီဇိုင်းလှတယ်လို့ ပြော စမှတ်တွင်ပြီး ရွှေတောင်ရောက်ရင် ပိုးလုံချည်၊ ကျီးသဲစည်းလုံချည်တို့ကို တခုတ်တရမှာတတ်လေ့ရှိ ပါတယ်။

မေတ္တာရိပ်မှာ အေးချမ်းပါစေ။