သန်းပေါင်းများစွာသောလင်းနို့တွေက ဂူပေါက်ဝတစ်ခုထဲကနေ နဂါးငွေ့တန်းကြီးလိုထိုးထွက်လာတဲ့ အချိန်ကိုတမင်တကာစောင့်ပြီး ကြည့်ရှုနိုင်တဲ့အခိုက်အတန့်ရှိခဲ့ဖူးပါပြီ။ များလိုက်တဲ့လင်းနို့တွေ မရေမ တွက်နိုင်လောက်အောင်များလိုက်တဲ့လင်းနို့တွေရယ်ပါ။ သန်းနဲ့ချီရှိပြီး မျိုးစိတ်အားဖြင့် ၁၀ မျိုးကျော်ရှိ တယ်လို့ဆိုပါတယ်။ ညနေ ငါးနာရီကျော်လောက်ဆိုရင် သူတို့အဲဒီဂူထဲကနေထွက်လာပြီဆိုတော့ သူတို့ ထွက်လာတဲ့အချိန်ကို သံလွင်မြစ်အပေါ်စီးကနေစောင့်ကြည့်ရတဲ့အရသာ ဘယ်လောက်များကောင်း လိုက်သလဲဆိုတော့ကာ။
ဘယ်လိုသွားရလဲ၊ ဘာတွေထူးခြားလဲ
ဘားအံကိုသွား သံလွင်မြစ်တံတားနားကိုမောင်းသွားလင်းနို့ဂူဘယ်နားလဲမေးရင်ရပါပြီ။ သံလွင်တံ တားအောက်ကနေ ၁၀ မိနစ်လောက်မောင်းရတဲ့အကွာအဝေးမှာ လင်းနို့ဂူတည်ရှိပါတယ်။ လူသွားလူလာ နည်းပြီး အေးအေးလူလူရှိလှတဲ့ခံစားမှုကိုရပါတယ်။ လင်းနို့တွေထွက်တဲ့ အပေါက်ဝကတော့ ညနေခင်း တိုင်းမှာစိတ်ဝင်စားသူတွေနဲ့ပေါ့။
သူတို့လေးတွေထွက်လာတဲ့အချိန်ကိုစောင့်ဆိုင်းကြည့်ရှုဖို့အတွက် ဂူဘုရားတည်ထားရာတောင်ထိပ်လေး ဆီကို သံလှေကားထစ်တွေဖြတ်ပြီးတက်ရပါတယ်။ အမြင့်ကြောက်ရင်တော့ အနောက်ကိုလှည့်မကြည့် တာကောင်းပါတယ်။ သိပ်တော့လည်းမမြင့်ပါဘူး။ ဘုရားပေါ်ကနေ ညနေဆည်းဆာကိုခံစားရင်းဓါတ်ပုံ လှလှတွေရိုက်နိုင်ပါတယ်။ တောင်ပေါ် View Point ပေါ့။ ဘာလို့လဲဆိုတော့ ရေသံသဲ့သဲ့နဲ့စီးဆင်းနေတဲ့ သံလွင်မြစ်၊ သံလွင်တံတားရယ်၊ ဇွဲကပင်တောင်ရယ်၊ ကြာအင်းတောင်ရယ်၊ ဖားပုတောင်ရယ်တို့ကို ကိုယ်ရှိနေတဲ့နေရာကနေအပေါ် View ကနေ လှလှပပမြင်ရလို့ပါပဲ။
လင်းနို့ဂူအကြောင်းလား ဒီလိုပါဗျ။ လိုဏ်ဂူထဲမှာနေတဲ့ လင်းနို့တွေရဲ့ချေးတွေဟာ တိရိစ္ဆာန်တွေရဲ့ ဂေဟ စနစ်တစ်ခုလုံးကိုဖန်တီးပေးရုံသာမက လူ့အဖွဲ့အစည်းအတွက်လည်းအကျိုးပြုတယ်လို့ဆိုပါတယ်။ စိုက် ပျိုးရေးသီးနှံဖျက်ပိုးတွေကိုစားသုံးခြင်း၊ လင်းနို့ချေးတွေကိုသဘာဝမြေသြဇာအဖြစ်သုံးစွဲနိုင်ခြင်းစတဲ့ အထောက်အကူတွေရပါတယ်။ အဲဒီဂူထဲမှာ အသီးစားလင်းနို့လို့ခေါ်တဲ့ Ecnycterisspelaea ကောင်ရေ တစ်သိန်းနီးပါး၊ Chaerephonplicatus လင်းနို့အမျိုးအစား သုံးသိန်းကျော် အပြင်အခြားလင်းနို့သန်း ပေါင်းများစွာနေထိုင်ကြပါတယ်။ ဖော်ပြခဲ့တဲ့မျိုးစိပ်နှစ်မျိုးထဲကနေ လင်းနို့ချေးတော်တော်များများထုတ် ပေးပြီး အပတ်စဥ် ကီလိုဂရမ် ၃၀ နီးပါးရရှိနိုင်တယ်လို့ဆိုပါတယ်။ ညနေခင်းတိုင်းမှာ အစာရှာဖို့အပြင်ကို ထွက်လေ့ရှိကြပြီး ကျွန်တော်တို့ကတော့ သူတို့ထွက်တဲ့အချိန်ကိုမှန်းပြီးသွားကြည့်ခဲ့ကြတာပါ။ အရမ်း မိုက်တယ်ဗျို့။
လင်းနို့တွေနေထိုင်တဲ့ လိုဏ်ဂူရဲ့ဂေဟစနစ်ကပျက်စီးလွယ်ပြီး လာရောက်လည်ပတ်တဲ့အခါသတိပြု သင့် တယ်လို့ဆိုထားပါတယ်။ ဘဝမှာတစ်ခါလောက်တော့ လင်းနို့သန်းပေါင်းများစွာ တစ်နေရာတည်းကပြုံ ပြီးထွက်လာတဲ့နဂါးငွေ့တန်းကြီးကိုမြင်ဖူးခဲ့ပြီပေါ့ဗျာ။
>>>>>