ခရီးသွားလို့ပဲဖြစ်ဖြစ် အခမ်းအနားမှာပဲဖြစ်ဖြစ် အမှတ်တရတစ်နေရာပဲဖြစ်ဖြစ် တစ်ဖက်လူစိတ်တိုင်း ကျ ဓါတ်ပုံရိုက်ပေးဖို့ဆိုတာ တော်ရုံစိတ်ရှည်ရုံနဲ့မရပါဘူး။ ကိုယ်ကပုံတွေအများကြီးရိုက်ပေးပေမယ့် သူက တစ်ပုံတစ်လေတောင်ကြိုက်ချင်မှကြိုက်မှာဆိုတော့ သူကြိုက်အောင်ဘယ်လိုရိုက်ပေးရမလဲဆို တဲ့မေးခွန်းရှိလာလို့ ဒီနည်းလမ်းလေးတွေကို စမ်းကြည့်စေချင်တာပါ။
(၁) တစ်ကိုယ်လုံးလား တစ်ဝက်လား အရင်မေးပါ
•••••••••••••••••••••••••••••••••••••••••••••••••••••
ဓါတ်ပုံတစ်ပုံလောက်ရိုက်ပေးပါလို့ဆိုလာရင် တစ်ကိုယ်လုံးပါအောင်ရိုက်မှာလား တစ်ဝက်ပဲအကြပ် ရိုက်မှာလားအရင်မေးကြည့်ပါ။ တစ်ချို့က Body တစ်ခုလုံးကိုပြချင်သလို တစ်ချို့ကျတော့ တစ်ဝက်ပဲ ပါချင်ကြပါတယ်။ ကြိုမေးတော့ မမှားဘူးပေါ့။
(၂) ရှုခင်းအသားပေးလား လူအသားပေးလားမေးပါ
••••••••••••••••••••••••••••••••••••••••••••••••••••••••
သူက နောက်ခံ Background ကိုပါချင်လို့အမှတ်တရရိုက်တာဆိုရင်တော့ လူကိုခပ်သေးသေးတောင့် မှာ (rule of third စွန်းစွန်း) ကပ်ထားပြီးရိုက်ပေးလိုက်ပါ။ လူအသားပေးဆိုရင်တော့ ရှုခင်းနေရာကို သိပ်ဂရုစိုက်စရာမလိုဘဲနဲ့ လူကို Focus ထောက်ပြီးရိုက်ရုံပါပဲ။ နှစ်ခုလုံးပါချင်တယ်ဆိုရင်တော့သူ အဓိ ကပါချင်တဲ့ ရှုခင်းရှုကွက်ကဘယ်နေရာလဲဆိုတာမေးပြီး နှစ်ဖက်မျှအောင်ရိုက်ရမှာပေါ့လေ။
(၃) ပြုံးခိုင်းပါ
••••••••••••••
ဓါတ်ပုံရိုက်ခံတဲ့သူတစ်ချို့က ရုပ်တည်ကြီးနဲ့နေတတ်ပါတယ်။ ပုံထွက်လာတော့မှ ဟာငါ့ပုံကြီးက ရုပ်တည်ကြီးနဲ့ဆိုပြီးပြောတတ်တာမို့ စရိုက်ကတည်းက ပြုံးခိုင်းပေးတာအကောင်းဆုံးလေ။ လူတိုင်းက အပြုံးနဲ့လိုက်ဖက်ပါတယ်။
(၄) Timer ရေပေးပါ
••••••••••••••••••••••
ကိုယ်ရိုက်တော့မယ်ဆိုတာကို သူသိအောင် ရယ်ဒီ ဝမ်းတူးသရီးဆိုပြီး တိုင်းမ်မာရေပေးလိုက်ပါ။ ဒါမှ သူ ပြင်ဆင်ချိန်ရမှာကိုး။ ဘယ်ချိန်ရိုက်လို့ရိုက်သွားမှန်းမသိရင် မျက်လုံးမှိတ်ပြီးပါသွားတာမျိုး ဆံပင်မ သပ်ဘဲပါသွားတာမျိုးရှိတတ်တယ်လေ။
(၅) ဝတဲ့သူဆို Body ကို စောင်းခိုင်းပါ
••••••••••••••••••••••••••••••••••••••••
ပြည့်ပြည့်ဖောင်းဖောင်းသူတွေဟာ သူတို့ဝတာ လူသိမှာကြောက်လို့ ဓါတ်ပုံရိုက်ရင် တစ်စောင်းနေ ခိုင်းသင့်ပါတယ်။ တစ်ပုံရိုက်ပြီးပြန်ပြရင်ဝတယ်ပြောလိုက် နောက်တစ်ပုံရိုက်ပေးရလိုက်နဲ့ သံသရာ ရှည်နေတတ်တာမို့ အစကတည်းက ခပ်စောင်းစောင်းလေးနေခိုင်းပြီးရိုက်ပေးလိုက်ပါ။ Group ပုံရိုက် ရင် သူတို့ကို နောက်မှာနေရာထားပေးလိုက်ပါ။
(၆) ပုတဲ့သူဆို ထိုင်ရိုက်ပေးလိုက်ပါ
••••••••••••••••••••••••••••••••••••••
ကိုယ်ဓါတ်ပုံရိုက်ပေးမယ့်သူက အရပ်ပုတဲ့သူဆိုရင် သူနဲ့ Level ညီအောင်မနေဘဲ ကိုယ်ကထိုင်ပြီး သူ့ကိုရိုက်ပေးပါ။ ဒါမှ သူအရပ်ရှည်သယောင်ထင်မှာကိုး။ ပုတဲ့သူကို ရိုက်ရင်တော့ အနီးကပ်ပုံ၊ Close up အကြပ်တွေရိုက်ပေးရင်ပိုသင့်တော်ပါတယ်။
(၇) လူကောင်သေးရင် ဦးထုတ်မဆောင်းခိုင်းပါနဲ့
••••••••••••••••••••••••••••••••••••••••••••••••••••
သူငယ်ချင်းထဲမှာ လူ့ဖလံလေးတွေပါလာရင် Group ပုံရိုက်ပေးတဲ့အခါ သူ့ကိုရှေ့ဆုံးမှာထားတာတို့ တစ်ယောက်တည်းရိုက်ပေးတဲ့အခါ အနီးကပ်ခပ်ကြီးကြီးရိုက်ပေးတာတို့ လုပ်ပါ။ ဦးထုတ်လုံးဝမ ဆောင်းခိုင်းပါနဲ့။ သူ့ဦးထုတ်က သူ့ထက်ကြီးနေတတ်လို့ဖြစ်ပါတယ်။
(၈) ဗိုက်ခေါက်ရှိတဲ့သူကို ဗိုက်ချပ်ခိုင်းပါ
••••••••••••••••••••••••••••••••••••••••••
ဗိုက်ခေါက်တွေဟာ ဖုံးကွယ်သင့်တဲ့အရာလို့ထင်တဲ့သူကို ဓါတ်ပုံရိုက်ပေးမိရင်တော့ ဗိုက်ချပ်ခိုင်းလိုက် ပါ။ လူ ၁၀၀ မှာ ၉၉ ယောက်က သူတို့ဗိုက်ခေါက်ကို ဓါတ်ပုံထဲပေါ်မှာကြောက်ကြပါတယ်။
(၉) အဝတ်အစားသေသပ်မှုရှိမရှိကြည့်ပေးလိုက်ပါ
••••••••••••••••••••••••••••••••••••••••••••••••••••••
ဆံပင်၊ အကျီင်္၊ ထမီလှန်နေလား၊ ပုဆိုး ကွ နေလား ကြည့်ပေးလိုက်ပါ။ ကိုယ်ရိုက်ပေးမယ့်သူရဲ့ဆံပင်အနေအထားကပိုကရိုဖြစ်နေလား၊ အဝတ်အစားသေသေသပ်သပ်ရှိ နေလား ကြည့်ပေးတာပေ့ါ။ ရုပ်အဆင်ပြေပေမယ့်အဝတ်အစားကပိုကရိုဆိုရင်တော့ပုံထွက်မကောင်း ဘူးလို့အပြောခံရတတ်ပါတယ်။
(၁၀) အဆင်ပြေအောင်ရိုက်ပေး လို့ပြောရင် အစမ်းတစ်ပုံရိုက်ပြလိုက်ပါ
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
သူကကိုယ့်ကို အဆင်ပြေအောင်သာရိုက်ပေးဟယ် လို့ပြောလာရင်တော့ပြသနာနည်းနည်းရှိပါတယ်။ သူ့ပုံမလှရင် ကိုယ့်ကိုပြောတော့မှာကိုး။ ဆိုတော့ အရင်ဆုံးတစ်ပုံရိုက်ပြီး သူ့ကိုပြလိုက်ပါ။ ဒါမှ Position အနေအထား ဘယ်နေရာမှာ ဘာပြင်မယ်ဆိုတာကိုသူကပြင်နိုင်မှာပေါ့လေ။
(၁၁) ဘယ်လိုမှ အဆင်မပြေရင်တော့ ကင်မရာကိုင်ပေးလိုက်ပါ
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ကဂျီကဂျောင်များတဲ့သူ ပုံ ၂၀ လောက်ရိုက်လို့ တစ်ပုံမှမကြိုက်တဲ့သူရှိလာရင်တော့ သူ့ဖုန်းကင်မရာ ကို Selfie ရိုက်လို့ရအောင်ကိုင်ပေးလိုက်ပါ။ ကိုယ်ကဖုန်းကိုကိုင်ထား သူက Sefie mode ကနေ မှန် ကြည့်သလိုကြည့်ပြီး အလှပြင် timer ပေးပြီး ချလက်ဆိုရင်တော့ အဆင်ပြေပါပြီ။ ပုံထွက်လှတာမလှ တာသူ့အပိုင်းဖြစ်သွားပြီပေါ့။ ကိုယ်ကကင်မရာပဲကိုင်ပေးတာလေနော့။
(၁၂) ကိုယ်လိုချင်တဲ့ပုံကိုလည်းသူ့ကိုပြောပါ
••••••••••••••••••••••••••••••••••••••••••••••
သူ့ကိုရိုက်ပေးပြီးလို့ ကိုယ့်ကိုသူကပြန်ရိုက်ပေးတော့မယ့်အခါကျတော့လည်း လိုချင်တဲ့အနေအထား ကိုပြောတာမျိုး တစ်ပုံစမ်းရိုက်ပြတာမျိုးလုပ်ပေးပါ။ တစ်ချို့တွေက သူကျတော့ ပုံအကောင်းအလန်း လိုချင်ပြီး သူများကိုပြန်ရိုက်ပေးတဲ့အခါကျရင် စိတ်မရှည်တာမျိုး ဖြစ်သလိုရိုက်ပေးတာမျိုးရှိတတ် ပါတယ်။
ပိတ်ရက်မှာ ခရီးသွားရင်း ဓါတ်ပုံလှလှလေးတွေအများကြီးရိုက်နိုင်ကြပါစေ။ အော်..ဒီနည်းလမ်းတွေက ဘယ်ကမှသင်တန်းတက်ထားလို့မဟုတ်ပါဘူးဗျာ။ လူပေါင်း ၁၂ သိန်းလောက်ကိုဓါတ်ပုံရိုက်ပေးပြီးမှ အော်တိုထွက်လာတာပါ။
မေတ္တာရိပ်မှာ အေးချမ်းပါစေ။ တိမ်တိုက်ထွန်း
Xxxxx