ဒီလိုအချိန် ဒီလိုရာသီမှာ သွားနေကြတဲ့ သံတောင်ကြီးဖီလင်အကြောင်းပြောချင်လို့ပါ။ ကရင်ပြည် နယ်မြောက်ပိုင်းမှာရှိတဲ့ နေရာလေးတစ်ခု၊ ရန်ကုန်နဲ့လည်း သိပ်မဝေးတာမို့ ပိတ်ရက်အများကြီးမရတဲ့ သူတွေအတွက် သွားလည်လို့ကောင်းတဲ့နေရာလေးတစ်ခု ဖြစ်ပါတယ်။ တောင်ငူရဲ့မိုင် ၃၀ အကွာ၊ ပင် လယ်ရေမျက်နှာပြင်အထက် ၄၈၂၄ ပေမှာရှိပါတယ်။ ကျော်ကတော့ သံတောင်ကြီးကိုကားငှားပြီး တော့ တစ်ခေါက်၊ သူငယ်ချင်းတွေစုပြီး တောင်ငူကနေတစ်ခေါက်နဲ့ ရုံးကအစ်မတစ်ယောက်မင်္ဂလာ ဆောင်သွားရင်းတစ်ခေါက် စုစုပေါင်း သုံးခေါက်ရောက်ခဲ့ပါတယ်။
သံတောင်ကြီးမှာ ဘာတွေရှိသလဲ
အဓိကတော့ နော်ဘူဘောဆုတောင်းတောင်ကိုသွားကြတာပါ။ အဲဒီတောင်ထိပ်မှာ တိမ်တွေရစ်ဝိုင်း နေတော့ တိမ်တွေနေတဲ့အရပ်လို့တောင်တင်စားကြပါတယ်။ တောင်တန်းနဲ့ပင်လယ်ပြာကြီးကို လတ် ဆတ်တဲ့လေရှူရှိုက်ရင်းခံစားလို့ရတာပေါ့။ တောင်ထိပ်ပေါ်ကိုရောက်ဖို့ လှေကားထစ်လေးတွေကို တက်ရမှာဖြစ်ပါတယ်။ စုစုပေါင်း လှေကားထစ် ၄၀၀ နီးပါးရှိပါတယ်။ ပိတ်ရက်တွေဆိုရင် လူနည်းနည်း များတတ်ပါတယ်။ အရင်ကနယ်မြေမအေးချမ်းဘူးလို့သိရပေမယ့် အခုတော့သာသာယာစည်စည်ကား ကားနဲ့ အရမ်းမိုက်တယ်။ ခရစ်ယာန်ဘာသာဝင်တွေအတွက်ဆုတောင်းတောင် ဆိုပေမယ့် ကျော်တို့ လည်းဆုဝင်တောင်းခဲ့တာပါပဲ။ ပြီးတော့ ကျောက်တောင်ကြီးတွေပေါ်မှာ ဓါတ်ပုံရိုက်ဖို့တော့ဘယ်သူမှ မမေ့လောက်ပါဘူးနော့။ လေအေးကိုတစ်ဝကြီးရှူရှိုက်လို့အပြီး တစ်နာရီလောက်အပန်းဖြေအပြီးမှာ တော့ အဲဒီကနေပြန်ဆင်းခဲ့ပါတယ်။ တောင်အောက်မှာ ဒူးရင်းသီး၊ လိုင်ချီးသီး၊ လက်ဖက်ခြောက်၊ ပျား ရည် စသည်ဖြင့် ရာသီအလိုက်အမှတ်တရအသီးအနှံ၊ စားစရာတွေဝယ်နိုင်ပါတယ်။ တောင်ပေါ်မှာ အရက်သေစာ ဘာညာသုံးစွဲမှှီဝဲခြင်းမပြုရဘူး၊ အဝတ်အစားလုံလုံခြုံခြုံဝတ်ရမှာဖြစ်ပါတယ်။ အသိပေး ဆိုင်းဘုတ်တွေလည်းကပ်ထားပါတယ်။
ကရင်နှစ်သစ်ကူးနေ့တွေဆို စတုဒီသာကျွေးပါတယ်။ ညအိပ်ညနေတည်းခိုမယ်ဆိုရင်တော့ တည်းခို ဆောင်တွေရှိပါတယ်။ ဟိုတယ်လိုမျိုးမကောင်းပေမယ့် အဆင်ပြေပါတယ်။ စျေးတွေကလည်း နှစ်ယောက်ခန်းကို နှစ်သောင်းခွဲ သုံးသောင်းဝန်းကျင်ပါ။ ကျော်တို့ကတော့ တောင်ငူကိုအခြေတည်ပြီး သွားတာမို့ အဲဒီမှာညမအိပ်ခဲ့ဘဲ တောင်ငူကိုပဲပြန်လာခဲ့ကြတာပေါ့။ အဆင်းလမ်းမှာ ရေပူစမ်းကိုဝင်လို့ ရပါတယ်။ လမ်းညွှန်ဆိုင်းဘုတ်လေးရှိတယ်ဗျ။ သံတောင်ကြီးတောင်စခန်းမြို့လေးအနီးတစ်ဝိုက်က ဒေသခံတွေရဲ့ နေထိုင်မှုကိုလည်းလေ့လာလို့ရပါတယ်။
ကျော်တို့သွားတုန်းက အရက်သမားတစ်ကောင်ပါလာတော့ လမ်းကျဉ်းတဲ့အထဲ အပြန်မှာ အရက်ဆင်း ဝယ်တယ်တဲ့ဗျာ။ ကားဆရာကိုတော့ ကွမ်းဝယ်မယ်ပြောပြီး ခွက်ပုန်းသွားကစ်နေတုန်း သူ့ကိုစောင့်နေရတုန်း ဟိုကြည့်ဒီ ကြည့်နဲ့ ဒေသခံတွေကိုလေ့လာကြည့်မိခဲ့တာပါ။ တာလပေါဟင်းနဲ့ ထမင်းစားတာ၊ တောင်ငူနဲ့နီးတယ် ပဲခူးတိုင်းဒေသကြီးနဲ့နီးတယ်ဆိုပေမယ့် အနွေးထည်တွေနဲ့သွားလာ လှုပ်ရှားနေရတာ တွေမြင်ခဲ့တာပြောပါတယ်။
ဘယ်လိုသွားရသလဲ
ရန်ကုန်ကနေခြောက်နာရီဝန်းကျင်လောက်မောင်းရပါတယ်။ တောင်ငူကိုသွားပြီး တောင်ငူကနေတစ် ဆင့်သွားရင်လည်းရပါတယ်။ နေ့ချင်းပြန်ခရီးရပေမယ့် ညအိပ်တာကပိုကောင်းပါတယ်။ အပန်းဖြေခရီး ဆိုတော့ တစ်ညအိပ်လောက်တော့ သွားသင့်တာပေ့ါ။ ရန်ကုန်မန္တလေးအမြန်လမ်းမအတိုင်းမောင်းပြီး မိုင်တိုင် ၁၄၆မှာ တောင်ငူသို့ဆိုတဲ့ဆိုင်းဘုတ်တွေ့ပါလိမ့်မယ်။ အဲဒီလမ်းလေးအတိုင်းသွားရင်ရပါပြီ။ လိုင်းကားနဲ့သွားမယ်ဆိုရင်တော့ အောင်မင်္ဂလာအဝေးပြေးဂိတ်ကနေ တောင်ငူကားစီးရပါတယ်။ ကား ငှားသွားတာတော့ အကောင်းဆုံးပေါ့ဗျာ။ သံတောင်ကြီးအပြင်အခြားနေရာတွေကို လွတ်လွတ်လပ် လပ်လည်လို့ရတယ်လေ။
ဘယ်နေရာတွေလည်လို့ရသေးလဲ
သံတောင်ကြီးအပြင် ရေပူစမ်း ပြီးတော့ဖိုးကျားဆင်စခန်း၊ တောင်ငူမြို့ကအထင်ကရနေရာတွေကို လည်လို့ရတာပေါ့။ ပြီးတော့ ပသိချောင်းမှာရေစိမ်၊ တာလပေါဟင်းနဲ့ထမင်းစားလို့ရတယ်လေ။ မေတ္တာ ရိပ်မှာအေးချမ်းပါစေဗျာ။ တိမ်တိုက်ထွန်း။
×××××