ဘန်ကောက်မှာစျေးဝယ်ထွက်ရတာရိုးလာရင်တော့ ဟောင်ကောင်ကိုသွားကြည့်စေချင်ပါတယ်။ ဟောင်ကောင်ဟာ အာရှရဲ့ Brand မြို့တော်၊ ဖက်ရှင်မြို့တော်ဖြစ်သလို လည်စရာပတ်စရာလည်း သိပ်များတဲ့နေရာပါ။ ဒါပေမဲ့ တစ်နေရာနဲ့တစ်နေရာလည်း နီးနီးလေးဆိုတော့ စျေးဝယ်လို့ကောင်း၊ လည်လို့ကောင်းတဲ့ နိုင်ငံပေါ့။ ဆိုတော့ကာ ကျော် ဟောင်ကောင်သွားခဲ့တယ်ပေါ့ဗျာ။ ဟောင်ကောင် ဟာ ဖက်ရှင်အိုင်ကွန် (Fashion icon) လို့ဆိုစမှတ်ပြုသလိုပဲ ဝယ်စရာ ဖက်ရှင်ကျကျအဝတ်အစား တွေ သိပ်ကိုပေါပါတယ်။ ပြည်တွင်းဖြစ်ဝယ်မလား၊ နိုင်ငံတကာဘရန်းဒတ်တွေပဲ ဝယ်မလား အားလုံး ကို စုံစုံလင်လင်တွေ့နိုင်မှာပါ။ ဟောင်ကောင်တံဆိပ်တွေဖြစ်တဲ့ Bossini, Giordano, G2000, Baleno, Bess တို့ကို မဖြစ်မနေဝယ်သင့်တယ်လို့တောင်ညွှန်းဆိုကြတာပါ။ ဒီ (၁၀) နေရာကတော့ အွန်လိုင်းမှာတွေ့တာရယ် ကျော်တို့သွားခဲ့လို့ တကယ်ပဲ ဝယ်လို့ကောင်းတာရယ်ကြောင့်စုစည်းဖော်ပြ လိုက်တာဖြစ်ပါတယ်။
စာရေးသူတစ်ယောက်အနေနဲ့သွားတဲ့ခရီးအတွေ့အကြုံကိုပြန် လည်ဝေမျှတဲ့သဘောပါ။
(၁) Temple street night market
ဟောင်ကောင်ရဲ့အကြီးဆုံးညစျေးတစ်ခုထဲမှာ အပါအဝင်ပါ။ ဒီတော့ ဆိုင်တွေကမရေမတွက်နိုင် အောင်များတာပေါ့။ တကယ်လို့များစျေးမဝယ်ဘူး၊ ဟိုကြည့်ဒီကြည့် ကြည့်မယ်ဆိုရင်လည်းအဆင်ပြေ ပါတယ်။ ဖျော်ဖြေရေးပြပွဲတွေ၊ street food တွေ နဲ့စိတ်လှုပ်ရှားစရာကောင်းတာပေါ့။ တရုတ်ရိုးရာ လက်ဖက်ရည်ပန်းကန်လိုမျိုးအမှတ်တရပစ္စည်းတွေ၊ လက်ဆောင်ပစ္စည်းလေးတွေ၊ အမှတ်တရပစ္စည်း တွေနဲ့ တီရှပ်၊ တရုတ်ထည်တွေကို အဲဒီစျေးမှာဝယ်လို့ရပါတယ်။ စျေးအရမ်းအကြီးကြီးတွေမဟုတ်ပါ ဘူး။ စျေးသက်သာစွာနဲ့လက်ဆောင်ပေးလို့ကောင်းတဲ့ အမှတ်တရပစ္စည်းတွေရှာချင်တယ်ဆိုရင်တော့ အဲဒီစျေးကိုသွားလိုက်ပါ။ ညနေ ၄ နာရီဆိုစဖွင့်တဲ့ အဲဒီစျေးဟာ Jordan MTR နဲ့ Yau Ma Tel MTR ရထားဘူတာနှစ်ခုကြားမှာရှိတာမို့ ရထားနဲ့ရော၊ ကားနဲ့ရော သွားလို့လွယ်တာပေါ့။
(၂) Granville Road
တကယ်လို့သင်ဟာ ဖက်ရှင်ကျကျအဝတ်အစားတွေ၊ ဖိနပ်တွေ၊ အိတ်တွေကိုဝယ်ချင်တယ်ဆိုရင် တော့ Granville Road ကို ပတ်သင့်ပါတယ်။ ဒါဟာ street market မို့ လမ်းလျှောက်လို့ကောင်း၊ ဝယ်လို့ကောင်းတဲ့နေရာပေါ့။ Bossini, Alena, Apex, Hang Ten, Millies Shoes, Union Shoes, Stock Mark, Vigo Fashion, Westwood, YOU YU Shoes, Mass Mass, and Sample Nook စတဲ့ တံဆိပ်တွေကို စျေးသက်သက်သာသာနဲ့ဝယ်လို့ရတဲ့နေရာလည်းဖြစ်ပါတယ်။ လိပ်စာကတော့ Granville Road, Tsim Sha Tsui, Kowloo ဖြစ်ပါတယ်။
(၃) Fa Yuen Street
အားကစားဖိနပ်တွေရဲ့ကောင်းကင်ဘုံလို့ဆိုကြပါတယ်။ ဟောင်ကောင်ရဲ့လူငယ်တွေအားကစားဖိနပ် လာဝယ်ကြတဲ့နေရာပေါ့။ အဲဒီမှာ Brand ပေါင်းစုံရှိပြီး စျေးအပေါဆုံးကနေ စျေးအကြီးဆုံးအထိဝယ် နိုင်ပါတယ်။ Converse, Nike, Adidas, Puma, Reebok, K-Swiss, Merrell, and New Balance တံဆိပ်တွေအကြိုက်ဆုံးပေါ့ဗျာ။ အားကစားဖိနပ်တင်လားဆိုတော့ မဟုတ်ပါဘူး။ အာရှရဲ့ဖက်ရှင်စ တိုင် ခါးပတ်၊ လက်ကိုင်အိတ်၊ အခြား accessories တွေလည်းရပါတယ်။ စျေးတွေကလည်း မဆိုးလှ ပါဘူး။ နေ့စဉ် မနက် ၁၀ နာရီခွဲကနေ ည ၁၀ နာရီခွဲအထိဖွင့်တဲ့ အဲဒီစျေးဟာ Fa Yuen Street, Mong Kok, Kowloon မှာရှိတာမို့ ရထားရော ကားရော ဘာနဲ့ပဲသွားသွားအဆင်ပြေပါတယ်။
(၄) Cat Street
မြန်မာလိုဆိုရင်တော့ ကြောင်လမ်းပေါ့လေ။ Upper Lascar Row လို့လည်းခေါ်ပါတယ်။ အဲဒီလမ်း ကတော့ ရှေးဟောင်းပစ္စည်းတွေအများဆုံးရောင်းတဲ့နေရာပေါ့။ Cat Street နဲ့ Hollywood လမ်းဟာ ဟောင်ကောင်ကိုလာတဲ့ခရီးသွားတိုင်အလာများဆုံးနေရာထဲမှာပါဝင်တယ်လို့ဆိုပါတယ်။ လက်မှုပညာ ပစ္စည်းတွေကို စျေးပေါပေါနဲ့ရနိုင်တဲ့နေရာလည်းဖြစ်ပါတယ်။ ရေနွေးကရားတို့ သစ်သားနဲ့လုပ်ထားတဲ့ ပစ္စည်းတို့ပေါ့။ ဒါ့အပြင်ဟောင်ကောင်အမှတ်တရလက်ဆောင်ပစ္စည်းတွေကိုလည်းစျေးသက်သက်သာ သာနဲ့ဝယ်နိုင်ပါတယ်။ နေ့စဉ် နံနက် ၁၁ နာရီကနေ ညနေ ၆ နာရီအထိဖွင့်ပါတယ်။ နေရာလား။ Upper Lascar Roadm Sheung Wan, ဟောင်ကောင်ကျွန်းမှာပါ။
(၅) Golden Computer arcade and Golden Computer Center
Golden Building, 146-152 Fuk Wa St, မှာရှိတဲ့ အဲဒီနေရာကို Sham Shui Po station မှာဆင်းပြီး D2 ကနေထွက်ရင်ရောက်ပါတယ်။ နေ့စဉ် နံနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိဖွင့်တဲ့အဲဒီနေရာမှာ ဟောင်ကောင်ရဲ့ကွန်ပျုတာပစ္စည်းတွေကို စျေးပေါပေါနဲ့ရနိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ပုံစံတွေကိုပြော ပြီး စိတ်တိုင်းကျပြုပြင်ဖန်တီးပေးတဲ့နေရာလည်းဖြစ်ပါတယ်။ ဂိမ်းတွေ၊ ဂိမ်းစက်တွေ ဂိမ်းနဲ့ပတ်သက် တာတွေကိုလည်း အဲဒီနေရာမှာဝယ်ယူနိုင်ပါတယ်။
(၆) Apliu streer fiea market
ယောကျင်္ားလေးတွေကြိုက်တဲ့စျေးပေါ့။ အီလက်ထရောနစ်ပစ္စည်းတွေပေါတယ်လို့ဆိုပါတယ်။ Gadgets တွေအစုံအလက်ရပြီး အဓိကတော့ second hand ပစ္စည်းတွေပေ့ါ။ စျေးဆစ်လို့ဝယ်ရတဲ့ စျေးလည်းဖြစ်ပြီး ဂိမ်းပစ္စည်းတွေ၊ မိုဘိုင်းဖုန်းတစ်ပတ်ရစ်တွေ၊ တက်ဘလက်တွေ၊ ဓါတ်ပုံဆိုင်ရာ ပစ္စည်းအတိုအထွာလေးတွေလည်းရပါတယ်။ နေ့လည်ခင်းကနေညဖက်အထိဖွင့်ပါတယ်။ နေရာက တော့ Apliu Street, Sham Shui Po, Kowloon မှာပါ။ Sham Shui Po ဘူတာမှာဆင်းပြီး C2 ကနေ ထွက်လာ Apliu Street ကိုသွားရုံပါပဲ။ တစ်ခုတော့ရှိတယ်ဗျ။ စျေးဆစ်တတ်ဖို့တော့လိုတယ်နော်။ ဆစ်ပြီးရင်လည်း ယူမှ မယူရင် ကျော်တို့ ရန်ကုန်က ဂျင်းစျေးတွေအတိုင်းပဲဗျို့။
(၇) Ladies street
Ladies Market လို့လည်းခေါ်ကြပါတယ်။ မိန်းကလေးတွေအတွက်ချည်းလို့မထင်လိုက်ပါနဲ့။ ကလေး၊ လူကြီး၊ ကျား၊ မ အစုံရှိပါတယ်။ Branded ယူမလား ပေါချောင်ကောင်းယူမလား အကုန်ရပါတယ်။ မုန့် တွေဝယ်စားလို့ကောင်းတဲ့စျေးလည်းဖြစ်ပါတယ်။ ကျော်တော့ အဲဒီစျေးကိုနှစ်ခေါက်တောင်ရောက်ခဲ့ တယ်။ Branded မှာ Bossini တွေစျေးလျှော့နေတာကိုရခဲ့တယ်။ အလယ်တည့်တည့်လောက်မှာ လမ်း အရှည်ကြီးရှိပါတယ်။ အဲဒီလမ်းကိုလျှောက်လို့အကောင်းဆုံးပဲဗျို့။ လက်ဆောင်ပစ္စည်းအတိုအ ထွာလေးတွေ စျေးဆစ်ပြီးဝယ်လို့ရတယ်၊ အကျင်္ီပေါပေါတွေဝယ်ချင်ရင်အဲဒီမှာရပါတယ်။ ဟောင် ကောင်အမှတ်တရတံဆိပ်အကျီင်္ပါးပါးတွေဆို ဟောင်ကောင်ဒေါ်လာ ၁၀၀ ဖိုး (မြန်မာငွေတစ်သောင်း ရှစ်ထောင်) လောက်ကို ခြောက်ထည်ရပါတယ်။ ညနေစောင်းလောက်ကနေ ညဖက်အထိဖွင့်ပါတယ်။ Kowloon မှာရှိပြီး Tung Choi Street မှာပါ။ Mong Kok station မှာဆင်း E2 ကိုဆင်းပါ။
(၈) China Hong Kong City
Outlet ထည်တွေကိုစျေးသက်သက်သာသာနဲ့ရချင်ရင်တော့ ဒီနေရာကိုသွားပါ။ အဲဒီမှာ Esprit, G2000, Miss Sixty, Tonino Lamborghini, LaFuma အစရှိတဲ့တံဆိပ်တွေရပါတယ်။ အဝတ်အစား တင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ လက်ကိုင်အိတ်၊ ခရီးဆောင်အိတ်၊ အလှအပရေးရာပစ္စည်း၊ လက် ဝတ်ရတနာ အစုံအလင်ရပါတယ်။ နံနက် ၁၀ နာရီကနေည ၇ နာရီအထိဖွင့်ပါတယ်။ Tsim Sha Tsui station (exit A1) မှာဆင်းရမှာဖြစ်ပြီး 33 Canton Road, Tsim Sha Tsui, Kowloon မှာရှိပါတယ်။
(၉) Cheung Sha Wan Road
ဟောင်ကောင်ရဲ့လက်ကားလမ်းဘေးစျေးဆိုရင်မမှားပါဘူး။ အရည်အသွေးကောင်းကောင်း၊ စျေးပေါ ပေါရနိုင်တဲ့နေရာတွေထဲကတစ်ခုဖြစ်ပါတယ်။ အစားအသောက်ကောင်းတွေလည်းအဲဒီမှာရှိပါတယ်။ Sham Shui Po station, C1 မှာဆင်းရပြီး Cheung Sha Wan Road, Sham Shui Po မှာရှိတဲ့ အဲဒီစျေးဟာ အဝတ်အစား၊ accessories, ခါးပတ်၊ လက်ကိုင်အိတ်၊ နာရီ နဲ့အခြားအသုံးအဆောင် ပစ္စည်းအမျိုးမျိုးရပါတယ်။ နံနက် ၁၀ နာရီကနေ ညနေ ခြောက်နာရီလောက်အထိဖွင့်ပြီး တနင်္ဂနွေဆို ရင်တော့ ညနေ ၄ နာရီမှာ ပိတ်ပါတယ်။
(၁၀) Hong Kong Industrial Center
အွန်လိုင်းမှာရေးထားတာကတော့ ဘန်ကောက်က ပလက်တီနမ်မောလ်နဲ့နှိုင်းယှဉ်ပြီးပြောကြတဲ့နေရာ လို့ဆိုပါတယ်။ ဆိုတော့ စဉ်းစားသာကြည့်တော့ဗျို့။ ပစ္စည်းအစုံအလင်ရနိုင်တဲ့နေရာ၊ စျေးဝယ်လို့ ကောင်းတဲ့နေရာပေါ့လေ။ အရည်အသွေးမြင့် ဟောင်ကောင်အဝတ်အစားတွေလည်းရနိုင်တယ်လို့သိ ရပါတယ်။ 489/491 Castle Peak Road, Lai Chi Kok မှာရှိပြီး Lai Chi Kok ဘူတာ C အပေါက်က နေဆင်းရပါတယ်။ နေ့လည် ၁၁ နာရီကနေ ည ၈ နာရီအထိဖွင့်ပါတယ်။
တကယ့် Branded ကိုပဲဝယ်မယ်ဆိုရင်တော့ Fashion Walk ကိုသွားစေချင်ပါတယ်။ ကမ္ဘာကျော်တံ ဆိပ်ပေါင်းစုံ၊ ဟောင်ကောင်တံဆိပ်ပေါင်းစုံရနိုင်တဲ့နေရာမို့လို့ပါ။ ကျော့်အတွက်တော့ စျေးမြောက်တာ မို့ သွားပြီးဘာမှမဝယ်ဘဲပြန်လှည့်လာခဲ့ရတဲ့ဘဝပါ။ (ကျော်ကြိုက်တဲ့ ဟောင်ကောင်မှာလည်စရာနေ ရာလေးတွေနဲ့ စားစေချင်တဲ့အစားအသောက်အကြောင်း ကိုလည်း ရေးခွင့်ပြုပါဦးနော်၊ ဓါတ်ပုံ တစ်ချို့ကိုအင်တာနက်ကနေယူထားတာပါ)
ကိုးကား။ https://www.travelvui.com
×××××