အစားအသောက်ကောင်းတွေနဲ့ စပိန်မြို့တော်ဘာစီလိုနာ

ဥရောပမှာ မြန်မာအစားအစာနဲ့နီးစပ်တဲ့နေရာတစ်ခုကိုညွှန်းပါဆိုရင် စပိန်နိုင်ငံကိုညွှန်းဆိုပါရစေ။ စပိန် နိုင်ငံမှာ အခြားဥရောပနိုင်ငံနဲ့မတူတဲ့ အစားအသောက်ပုံစံရှိတယ်။ ဒါ့အပြင် ကမ္ဘာကျော်ဝက်ပေါင် ခြောက်တွေအရမ်းပေါတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ အခုလိုဆောင်းရာသီမှာပဲ မြို့တော်ဘာစီလိုနာကို ကျော်ရောက်ခဲ့ပါတယ်။

ဘာစီလိုနာရဲ့အကောင်းဆုံးအစားအသောက်တွေအကြောင်းကို ဆိုရရင်တော့ ပြောလို့ပြီးမှာ မဟုတ်ပါ ဘူး။ ဒါပေမဲ့ ဘာစီလိုနာရောက်ရင်မဖြစ်မနေစားသင့်တယ်လို့ထင်တဲ့ အစားအသောက်ငါး မျိုးကို ကျော် ပြောပြချင်ပါတယ်။ လည်ခဲ့တဲ့နေရာတွေထဲမှာလည်း ကျော်အကြိုက်ဆုံးနေရာတွေရှိသေး တယ်။ အရင်ဆုံးလည်တဲ့ပတ်တဲ့အကြောင်းပြောပါရစေခင်ဗျာ။

ဘာစီလိုနာမှာ လည်စရာ

ဗိသုကာမြို့ကြီးဖြစ်တာနဲ့အညီ ကမ္ဘာကျော်ဗိသုကာ ဂေါင်ဒီရဲ့လက်ရာတွေနဲ့နေရာတော်တော်များများ ကိုထုံမွှန်းလို့ထားပါတယ်။ အဲဒီတော့ လည်စရာကနေရာတိုင်းလို့ဆိုရမှာ။ သူ့ရဲ့အထင်ကရနေရာတွေ ကိုတော့မရောက်မဖြစ်ပေါ့။ အဲဒီအထဲကသဘောကျဆုံးနေရာတွေကိုပြောရရင်တော့ ပထမဆုံးအမျိုး သားပြတိုက်ကိုညွှန်းချင်ပါတယ်။ မြို့ရဲ့မြင်ကွင်းကိုအပေါ်စီးကနေမြင်ရပြီး အပန်းဖြေစရာပန်းခြံလေး လိုဖြစ်နေပါတယ်။ အထဲကိုမဝင်နဲ့ဦး။ အပြင်ရဲ့ခမ်းနားမှုနဲ့တင်ကြွေလောက်တယ်။ ဧရာမအရုပ်ကြီး တွေ၊ အဆောက်အဦတွေဆိုတာ ဗိသုကာလေ့လာစရာမြို့အဖြစ်ကမ္ဘာကအသိအမှတ်ပြုထားတာမ ဆန်းကြောင်းသက်သေထူနေပါတယ်။

နောက်တစ်နေရာကတော့ ဘာစီလိုနာဘောလုံးကွင်းပေါ့။ သူကလည်းတော်ရုံနဲ့နာမည်ကြီးတာမှမ ဟုတ်ဘဲလေနော့။ Camp Nou ကွင်းဟာ လက်ရှိအချိန်အထိမှာ ဥရောပရဲ့အကြီးဆုံးဘောလုံးကွင်း ကြီးဖြစ်ပါတယ်။ ဝင်ကြေး ၂၆ ဒေါ်လာခွဲပေးရပါတယ်။ များတယ်လို့ထင်ရပေမယ့် တကယ်သွားတဲ့အ ခါ မများဘူးဗျ။ ကစားသမားတွေရဲ့အကျီင်္အစစ်တွေရောင်းတဲ့နေရာ၊ ဘောလုံးတွေ၊ ဘောလုံးကွင်းမှာ ခင်း ထားတဲ့မြက်တွေ စတဲ့စတဲ့ အမှတ်တရပစ္စည်းတွေဝယ်လို့ရမယ့်ဆိုင်၊ ဘောလုံးကွင်းနဲ့ပတ်သက် တဲ့ သမိုင်းကြောင်းပြခန်း၊ ဖလားအမျိုးမျိုးနဲ့ဓါတ်ပုံရိုက်ကူးခွင့်၊ TV room, press room အပါအဝင် presidential box အထိလည်လို့ရပါတယ်။ ကျော်ကတော့ ကွင်းအနှံ့ပတ်ကြည့် နည်းပြခုံမှာခပ်တည် တည်နဲ့ဓါတ်ပုံရိုက်ခဲ့တယ်။ ဘောလုံးကွင်းအကြောင်းပြောပြီးရင်တော့ နာမည်ကြီး Familia ဘုရား ကျောင်းဘက်ကိုလှည့်ရအောင်။ စပိန်ရောက်ရင် အဲဒီဘုရားကျောင်းကိုမဖြစ်မနေရောက်အောင်သွား သင့်ပါတယ်။ စပိန်ရဲ့ပြယုဂ်တစ်ခုလို့ဆိုရမယ့် THE SAGRADA FAMILIA ဘုရားကျောင်းကို ကမ္ဘာကျော်ဗိသုကာကြီး ဂေါင်ဒီ (ANTONI GADI) ကရေးဆွဲခဲ့တာဖြစ်ပါတယ်။ အခုချိန်ထိ ဆောက်လို့မပြီးသေးတဲ့ဘုရားကျောင်းပေါ့။

အဲဒီအဆောက်အဦကို ၁၈၈၂ ခုမှာစတင်ပြီးတည်ဆောက်ခဲ့တယ်၊ ဂေါင်ဒီကသူ့လက်ရာဒီဇိုင်းတွေနဲ့ ထုံမွှန်းထားတာပေါ့၊ သူသေဆုံးတဲ့အချိန်အထိ ဒီအဆောက်အဦအတွက် စိတ်နှစ်အလုပ်လုပ်ခဲ့တယ်၊ ဂေါင်ဒီကွယ်လွန်တဲ့ ၁၉၂၆ ခုနှစ်မှာ ဒီအဆောက်အဦကလေးပုံတစ်ပုံတောင်မပြီးသေးဘူး၊ ဒီနောက်ပိုင်း စပိန်ပြည်တွင်းစစ်ကြောင့်အဆောက်အဦ ဆောက်လုပ်မှုရပ်နားခဲ့ပြီး ၁၉၅၀ ကျမှပြန် လည်စတင်ခဲ့တယ်။ အဆောက်အဦကမပြီးသေးဘူးဒါပေမဲ့ ယူနက်စကိုစာရင်းဝင်သွားခဲ့ပြီလေ၊ ဂေါင်ဒီ ကွယ်လွန်တဲ့ နှစ်တစ်ရာပြည့် ၂၀၂၆ မှာ ဒီအဆောက်အဦကို အပြီးတည်ဆောက်ဖို့ မျှော်မှန်း ထားကြတယ်တဲ့၊ မပြီး သေးပေမယ့် အခုအချိန်မှာတော့ ဘာစီလိုနာရဲ့အထင်ကရအဖြစ်ဆုံး အဖြစ်နေ့ စဉ်လူသွားလူလာ မပြတ်စည်းကားနေတာပါပဲ။

နောက်တစ်နေရာကတော့ အထင်ကရ La Rambla ပေါ့။ ဘာစီလိုနာရဲ့ ပေါ်ပြူလာအဖြစ်ဆုံး လမ်းလေးဖြစ်တာနဲ့အညီ ခရီး သွားတွေ ပြည်တွင်းလမ်းသွားလမ်းလာတွေ La Rambla မှာ အပြည့်။ ၁.၂ ကီလိုမီတာလောက်ရှည် တဲ့အဲဒီလမ်းကနေသွားရင် Port Vell (ပို့ဘလဲယားဆိပ်ကမ်း) နားမှာရှိတဲ့ Christopher Columnus Monument ကိုလည်း တစ်ဆက်တည်းသွားလို့ရပါတယ်။ သစ်ပင်စိမ်းစိုစိုလေးတွေ ဘေးတစ်ဖက်စီမှာကာရံထားပြီး အလယ်မှာ ကမ္ဘာကျော် La Rambla လမ်းရှိနေတာပါ။ ကတ်တလူးနီးယားဒေသ ရဲ့အမှတ်တရ ပစ္စည်းတွေကိုဝယ် ချင်ရင် La Rambla မှာဝယ်လို့ရပါတယ်။ နောက်ဆုံးတစ်ခုအနေနဲ့ကတော့ မြေထဲပင်လယ်ဘက်ကို အပျင်းပြေလမ်း လျှောက်ထွက်စေချင်ပါတယ်။ အရမ်းမိုက်တဲ့နေရာပေါ့ဗျာ။ ကမ်းခြေကိုငေး၊ ပင်ဘယ်ကဗွီးတွေရဲ့ တ ဝူးဝူးမြည်သံအပေါ်နားစွင့် ဘီကနီကောင်မလေးတွေကိုတစ်ချက်ရှိုး။ တကယ်အရသာကောင်းပါပဲဗျာ။

ကဲဗျာလျှောက်လည်မယ့်နေရာတွေလည်းများနေပြီ အစားအသောက်အကြောင်းလေး ဆက်ကြရ အောင်လား။

Paella (ပဲလာ)

ဆန်ကိုအခြေခံပြီးချက်ထားတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ ပယ်လာလို့ ကျော် တို့အလွယ်ခေါ် လိုက်ကြပါတယ်။ သူ့နာမည်က Paella ပါ။ ထမင်းထဲကိုအခြားအစား အစာတွေရောစွက်ထားတဲ့ ရိုးရာအစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒီနေ့ စပိန်(ဘာစီလိုနာ) မှာတော့ ဂုံးတွေ၊ ပုဇွန်တွေ ရောပြီးစား လေ့ရှိပါတယ်။ တကယ့်ရိုးရာအစားအစာဆိုရင်တော့ ကြက်သားနဲ့ယုန်သားကိုရောစွက် ထား ပြီးစားကြတယ်လို့သိရပါတယ်။ အဲဒီလိုအသားငါးတင်မဟုတ်ပါဘူး။ ပဲစိမ်းစေ့တွေနဲ့အခြား အသီး အရွက်တွေရောစွက်စားကြပါသေးတယ်။ ပင်လယ်စာကတော့မပါမဖြစ်ပေါ့။ ဒီတော့ ဒီနေ့ခေတ် စပိန်အစားအစာပယ်လာလို့ ဆိုရင်တော့ ထမင်းကို ပုစွန်၊ ဂုံး၊ ပဲစိမ်းစေ့ နဲ့ရောမွှေထားတဲ့ အစားအစာတစ်မျိုးအဖြစ်မြင်မိပါတယ်။ ဘာစီလိုနာကိုအလုပ်ကိစ္စနဲ့သွားဖြစ်တုန်းကတော့ ပယ်လာကို သုံးလေးရက်လောက်စားခဲ့ဖူးပါတယ်။ တစ်ချို့နေရာတွေမှာတော့ ဆန်ကိုနူးအောင်မချက်လို့ မာဆတ် ဆတ်ကြီးဖြစ်နေတာတော့ မကြိုက်ပါဘူး။ မြန်မာတစ်ယောက်အနေနဲ့ဝက်ပေါင်ခြောက် တွေစားနေရ မယ့်အစား ထမင်းအလွမ်းပြေတော့စားပျော်ပါတယ်။ အဲဒီကဆိုင်တစ်ချို့မှာတော့ ကိုယ်ထည့်ချင်တဲ့ အမယ်ကိုပြောပြီးထည့်စားနိုင်တယ်လို့သိရပါတယ်။ ဥပမာ ကိုယ်က ဘဲသားတို့ ငါးရှည့်တို့ထည့် စားချင်တယ်ဆိုရင်လည်း ထည့်ပေးပါတယ်တဲ့။ ဒီတော့ မြန်မာဒံပေါက်နဲ့ခပ်ဆင်ဆင်လိုဖြစ်နေတဲ့ ပဲလာကို မဖြစ်မနေမြည်းစမ်းသင့်တာပေါ့။

Tapas ဟင်းလျာများ

Tapas ဆိုတာ ဟင်းပွဲတွေကိုအလယ်မှာဘုံအနေနဲ့တည်ခင်းထားပြီး ကြိုက်နှစ်သက်ရာကိုယူစားရ တဲ့ဟင်းလျာတွေဖြစ်ပါတယ်။ အခြားဥရောပနိုင်ငံတွေမှာဆိုရင် ကိုယ်စားတဲ့ပန်းကန်နဲ့သူများစားတဲ့ ပန်းကန်တွေကို Share စားကြတာမျိုးအလေ့အထမရှိတာကြောင့် စပိန်ရဲ့ Tapas ဟင်းပွဲတွေကထင် ရှားပါတယ်။ ပဲရစ်ရောက်ရင် အီဖယ်မျှော်စင်ကိုမဖြစ်မနေသွားရသလိုပဲ စပိန်ရောက်ရင် Tapas ဟင်း ပွဲတွေကိုမဖြစ်မနေမြည်းစမ်းဖူးရတယ်လို့ပြောကြပါတယ်။ ဟင်းပွဲသေးသေးလေးတွေကိုအလယ်မှာ ဘူဖေးပုံစံပုံထားပြီး ၀ိုင်းစားကြရတဲ့အရသာသိပ်ကောင်း။ နာမည်ကြီး Tapas ဟင်းလျာထဲမှာ ရေဘဝဲ အချဉ်၊ ဝက်ပေါင်ခြောက် နဲ့ ကတ်တလန်နိုရိုးရာအစားအစာ တွေပါဝင်ပါတယ်။

ဝက်ပေါင်ခြောက်

နေရာတကာမပါမဖြစ်ဟင်းလျာတွေကတော့ ဝက်ပေါင်ခြောက်ပါပဲ။ ကမ္ဘာပေါ်မှာနာမည်အကြီးဆုံးဝက် ပေါင်ခြောက်ကို ဘာစီလိုနာမှာဝယ်လို့ရပါတယ်။ Pata negra (ပါတာနီဂရာ) ဆိုတဲ့ဝက်ပေါင်ခြောက် ပါ၊ အရသာလည်းသိပ်ရှိတယ်။ အဲဒီဝက်ပေါင်ခြောက်ကို ဝက်သစ်ချတောထဲမှာကျက်စားတဲ့ ဝက်နက် ကြီးတွေဆီက ရတယ်လို့ဆိုပါတယ်။ တာရှည်ခံအောင် ၃၆ လကြာအောင် အခြောက်လှန်း ထားရတာ လို့ ဆောင်းပါးတစ်ပုဒ်ထဲဖတ်ဖူးပါတယ်။ ဝက်ပေါင်ခြောက်တစ်ချောင်းတစ်ချောင်းဟာ အမဲပေါင် လောက်ကြီးတာတွေ့ရပါတယ်။ အမျိုးအစားပေါ်လိုက်ပြီးစျေးနှုန်းတွေလည်းကွာပါတယ်။ ကျော်ကြည့် ခဲ့တဲ့ဆိုင်မှာတော့ အနည်းဆုံး ယူရို ၁၀၀ ရှိပါတယ်။

ကြက်ဥကြော်

စပိန်ရိုးရာတွေနဲ့ထုံမွှန်းထားတဲ့ကြက်ဥကြော်ပါ။ ကြက်သွန်နီ၊ အာလူးနဲ့ရောကြော်ထားတဲ့ကြက်ဥမွှေ ကြော်ကို ကြက်သွန်ဖြူကင်နဲ့တွဲစားရတဲ့အရသာ ကောင်းမှကောင်းပါပဲ။

ရိုးရာမနက်စာ

အထူးဆန်းကြီးမဟုတ်ပေမယ့် သူတို့ရိုးရာမနက်စာကချစ်စရာကောင်းပါတယ်။ ပေါင်မုန့်ကြမ်းကိုထက် ခြမ်းလှီးပြီး အလယ်မှာငရုတ်ကောင်းမှုန့်၊ သံလွင်ဆီ၊ ခရမ်းချဉ်သီးဆော့တွေထည့်ပြီးစားရတာပါ။ အဲဒါ ကို အာလူး၊ ကြက်သွန်နီတို့နဲ့ရောကြော်ထားတဲ့ ကြက်ဥကြော်၊ အာလူးကင်၊ ဝက်ပေါင်ခြောက်နဲ့တွဲ ဖက်စားသောက်လေ့ရှိပါတယ်။

အဲဒါတွေက ကျော်ကြိုက်တဲ့အစားအစာတွေပါ။ အခြားရိုးရာအစားအစာ၊ နာမည်ကြီးအစားအစာတွေ လည်းရှိပါသေးတယ်။ အီကြာကွေးသေးသေးလေး (ချုရော့စ်)၊ Bombas, Esqueixada, Escalivada, Mato, Crema Catalana စတဲ့ စတဲ့အစားအစာတွေကလည်းမဖြစ်မနေစားသင့်တဲ့အရာတွေလို့ဆိုချင် ပါတယ်ဗျို့။
မေတ္တာရိပ်မှာ အေးချမ်းပါစေ။
×××××