တစ်ချိန်က သီပေါနယ်ရှင်စော်ဘွားကြီးရဲ့ ရုံးစိုက်ရာမြို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိပြီး လည် စရာ စားစရာ သိပ်ပေါတဲ့မြို့လို့ဆိုချင်ပါတယ်။ ကျော် ရောက်သွားတဲ့ခဏမှာတောင် လည်စရာ၊ စားစ ရာမကုန်နိုင်မခမ်းနိုင်အောင်ပါပဲ။ ရန်ကုန်ကနေသွားရင် လာရှိုးကားစီးလို့ရပါတယ်။ ကျောက်မဲခရိုင် အတွင်းမှာရှိပါတယ်။ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ မြို့တွေကိုဖြတ်ပြီး သီပေါမြို့ကိုရောက်ပါတယ်။
သီပေါဆိုတာ
သီပေါမှာ ဟော်နန်းတည်ဆောက်မယ့်နေရာကိုမြေတူးရင်း ပတ္တမြားတစ်လုံးတွေ့သတဲ့။ အဲဒီပတ္တမြား ကို ရှမ်းဘာသာစကားနဲ့ ဆိုင်ပေါ်လို့ခေါ်ရာကနေ ကာလကြာလာတာနဲ့အမျှ ဆိုင်ပေါ်ကနေ ဆီပေါ၊ ဆီ ပေါကနေ သီပေါဆိုပြီးရွေ့လျားလာတာလို့ဆိုကြပြောကြပါတယ်။ ကျော်တို့အတွက်ကတော့ လည်စ ရာကောင်းတဲ့မြို့ပဲဆိုကြပါစို့ရဲ့။ သီပေါမြို့ရဲ့အထင်ကရအဖြစ်ဆုံးတစ်ခုကတော့ ဒုဌဝတီမြစ်ဖြတ်သန်း စီးဆင်းနေတာပါပဲ။ မြို့ကိုကွေ့ဝိုက်ပြီးစီးဆင်းနေတာများ ကြည့်လို့လှမှလှ။ မြစ်ဘေးရဲ့ ပေ ၁၇၅၀ မြင့် တဲ့မြေပြန့်လွင်ပြင်မှာ သီပေါမြို့ကိုတည်ထားတာဖြစ်ပါတယ်။ မြို့ပေါ်မှာ (၁)မြန်မာရပ်၊ (၂)အနောက်ရပ် (၃)တောင်မြို့ရပ်၊ (၄)ပန်းထိမ်ရပ်(တောင်ပိုင်း)၊ (၅) ပန်းထိမ်ရပ်(မြောက်ပိုင်း)၊ (၆)ဈေးရပ် ၊(၇)မြို့လယ်ရပ်၊ (၈)မြောက်မြို့ (ဇာတ်စုရပ်) (၉) မီးရထားရပ်(ဘူတာရပ်) ဆိုပြီး ရပ်ကွက်ကိုးခု ခွဲခြား သတ်မှတ်ထားတယ်လို့သိရပါတယ်။ မြို့ဧရိယာ ၁ဝ၄၃၅၉ ဧကရှိပြီး အိမ်ခြေ ၁၄၄၆ ဝန်းကျင်ရှိတယ်လို့သိရပါတယ်။
စားစရာပေါတယ်
အဲဒီမြို့မှာလား။ ရှမ်းပြည်ဆိုတော့ ရှမ်းစာတွေပေါတာပေါ့ဗျာ။ လိမ္မော်သီး၊ ရှောက်ချိုသီးပေါတယ်။ မြေပဲလည်းပေါတယ်။ လက်ဖက်လည်းကောင်းတယ်။ သီပေါနာနတ်ဆိုတာလည်းနာမည်ကြီးပဲပေါ့။ ကျော့်သူငယ်ချင်းတစ်ယောက်ပြောတဲ့စာချိုးက စျေးကြီးထဲက အသားလုံးနဲ့ ရှမ်းခေါက်ဆွဲ၊ Gold က လက်ဖက်ရည်၊ အကောင်းကြိုက်ကထမင်း၊ ဇာတ်စုရပ်က ကောက်ညှင်းကျဉ်တောက် တွေက သီပေါ မှာ စားလို့သိပ်ကောင်းတယ်ဆိုပဲ။ ကျော့် ကိုယ်တွေ့ကတော့ ပီရွှေသင်္ဘောသီးထောင်းဆိုင်က သင်္ဘော သီးထောင်း၊ ကြက်ဥကဇော်၊ ချည်စော်ကားသီးထောင်း ကိုအရမ်းကြိုက်တယ်။
လည်စရာပေါတယ်
အားလုံးသတိထားမိတဲ့နေရာကတော့ သီပေါဟော်ပေါ့။ အဲဒီကိုတော့ မဖြစ်မနေသွားလည်ကြတယ် ဗျ။ သီပေါစော်ဘွားစပ်ကြာဆိုင်နေခဲ့တဲ့ဟော်နန်းက ရုပ်ရှင်တွေဘာတွေလည်းရှိတော့ အထင်ကရပေါ့။ ပြီးတော့ ဘိုးဘိုးကြီးနတ်နန်းသွားပြီး ပွဲထိုးရင်လိုရာအောင်မြင်တဲ့အဆိုလည်းရှိတယ်။ ဆုတောင်းပြည့် တယ်တဲ့။ မြို့ပေါ်မှာ အထင်အရှား သာသနိက အဆောက်အအုံတွေကတော့ မဟာမြတ်မုနိ ဘုရားတန်ဆောင်း၊ ရွှေစေတီ၊ သိမ်ကုန်း ဘုရား အပြင် ရေဦးကျောင်း၊ ရွှေကျောင်း၊ ဥယျာဉ်တော်ကျောင်း ၊ဘန်ကာကျောင်းစတဲ့ ဘုန်းတော်ကြီး ကျောင်းပေါင်း ၁၅ ကျောင်းရှိ တယ်လို့သိရပါတယ်။
စန်းမာလာဥယျာဉ်၊ စျေးကြီး၊ နမ္မတူမြစ်ကမ်းဘေးမှာရှိတဲ့ ရေဟော် တို့အပြင် နှစ်စဉ်ဘုရားပွဲတော် ကြီး စည်စည်ကားကားနဲ့ ဘော်ကြိုဘုရားဟာလည်း သီပေါနဲ့ခုနစ်မိုင်အကွာမှာရှိနေပါတယ်။ ပြီးတော့ တိမ် တောင်ကိုလည်းမဖြစ်မနေသွားလည်ကြပါလို့ဆိုချင်တယ်ဗျ။ အဲဒီတောင်ပေါ်ကိုရောက်ရင် တိမ်တွေက ခြေတောက်ထဲအထိတိုးဝင်လာတတ်တယ်လို့ပြောကြတယ်။ ဘုရားလည်းရှိတယ်။ ဘုရားဖူးရင် တိမ် တောင်ပေါ်ကနေ မြို့မြင်ကွင်းကိုကြည့်နိုင်ပါတယ်။
×××××
မေတ္တာရိပ်မှာအေးချမ်းပါစေ။
တိမ်တိုက်ထွန်း။