သဘာဝအတိုင်း သက်သက်လွတ်ဆန်အရက်ကိုအခုလိုချက်ခဲ့တာပေါ့လေ။ ဓါတုဗေဒဆိုးဆေး ဘာညာ လုံးဝမပါလို့ ဘေးဥပဒ်ကင်းဝေးစေပါတယ်နော်။
ဆန်အရက်ဆိုက ဆန်၊ ကောက်ညှင်း တို့ကိုကစော်ဖောက်ပြီးရလာတဲ့အရက်ဖြစ်ပါတယ်။ သူ့ချက်နည်း အသေးစိတ်ကတော့ အခုလိုဗျ။ တစ်ပုံချင်းမှာ အဆင့်ဆင့်ရေးထားပါတယ်။
ရှမ်းပြည်နယ်အတွင်းက ရွာလေးတစ်ရွာမှာရှိတဲ့ ဆန်အရက်ချက်ဖိုလေးပေါ့ ကဲ စလိုက်ရအောင်
အရင်ဆုံး ဆန်ခွဲကိုရေစိမ်ပြီးပေါင်းရပါတယ်။ ကောက်ညှင်းအရက်ဆိုရင်တော့ ဆန်ခွဲနေရာမှာ ကောက် ညှင်းသုံးတာပေါ့လေ။ ပေါင်းလို့ရလာတဲ့ဆန်ကိုတစ်နာရီခွဲ နှစ်နာရီလောက်အအေးခံထားရမှာဖြစ်ပါ တယ်။ အဲဒီပေါင်းဆန်အေးလာပြီဆိုရင်တော့ တဆေးနဲ့ရောနယ်ရမှာဖြစ်ပါတယ်။
တဆေးဆိုတာက ဆန်ကိုကစော်ဖောက်ဖို့အဓိကလိုအပ်တဲ့ပစ္စည်းဖြစ်ပါတယ်။ အခုပုံတွေကတော့ ရှမ်း ပြည်က ဆန်အရက်ပါ။ ဦီးထွန်းတို့ချင်းတောင်မှာတုန်းကတော့ တဆေးလုပ်ရင် တောတောင်ထဲကသစ် မြစ်သစ်ဖုတွေ အရွက်တွေနဲ့စပ်ပြီးလုပ်ပါတယ်။ ရှမ်းပြည်မှာလည်းထိုနည်းလည်းကောင်းပါပဲ။ ဦးထွန်း မေး ကြည့်သလောက်ကတော့ တဆေးလုပ်ဖို့လိုအပ်တဲ့သစ်မြစ်သစ်ဖု ၁၀ မျိုးဝန်းကျင်းလောက်ရှိပြီး အဲ ဒါကိုရေသမနယ်ထောင်းပြီး လက်သုံးလုံးအရွယ်အဝိုင်းပြားလေးတွေလုပ်ပြီးနေလှမ်းထားတာပါ။ တဆေး ထဲမှာ အစပ်၊ အဖန်အရသာရှိတဲ့ သစ်မြစ်သစ်ရွက်တွေပါဝင်တာဖြစ်ပါတယ်။ ဒါကြောင့်သက်သက်လွတ် လို့ဆိုချင်တာပါနော်။
အခုနောက်ပိုင်းကတော့ တဆေးတွေကိုကိုယ်တိုင်မစပ်ကြတော့ပါဘူး။ စျေးထဲမှာအလွယ်တကူဝယ်ယူ နိုင်ပါတယ်။ စျေးလည်းပေါပါတယ်။ တဆေးကောင်းရင်ကောင်းသလို အရက်ကွာလတီကွာပါတယ်။
ပေါင်းထားတဲ့ဆန်နဲ့တဆေးထောင်းကိုရောနယ်တဲ့အခါ ပညာသားပါပါနယ်ရပါတယ် သူ့နည်းမကျရင် အရက်မကောင်းတော့ဘူးပေါ့။
အဲဒီနောက် ကစော်ဖောက်ဖို့အိုးကိုပြင်ဆင်ရပါတယ်။ အိုးကိုအဖန်အခါးအရသာရှိတဲ့အရွက်တွေနဲ့ အရင် တိုက်ချွတ်ရပါတယ် သင်္ဘောရွက်၊ ကုက္ကိုလ်ရွက်တွေနဲ့တိုက်ကြတာပါ။ ဥပမာ အရက်က အချိုအရ သာကဲချင်ရင်အိုးကိုအခါးအရသာအရွက်နဲ့တိုက်ရပါတယ်။
အိုးကိုပြင်ဆင်ပြီးတဲ့နောက် အိုးထဲကိုတဆေးနယ်ထားတဲ့ထမင်းထည့်ရပါတယ်။ ထည့်ပြီးအပေါ်ကနေ တဆေးမှုန့်ဖြူးရေနည်းနည်းလောင်းထည့်ပြီးနှပ်ထားလိုက်ပါ။ ကစော်အိုးကို ၇ ရက်ပြည့်အောင်ထား ရပါမယ်။ သုံးရက်လောက်မှာကစော်အိုးကိုဖွင့်ပြီးရေအပြည့်ဖြည့်ရပါသေးတယ်။
၇ ရက်ပြည့်တဲ့အခါ အရက်စချက်နိုင်ပါပြီ။ ဦးထွန်းတို့ချင်းပြည်မှာတော့ ချက်တဲ့အချိန်မှာ ကစော်အိုး ကိုအောက်ဆုံးထား အလယ်ပေါင်းအိုးမှာအငွေ့ပျံစေပြီး အပေါ်ဆုံးမှာတော့ရေအိုးထားကြလေ့ ရှိပါတယ်။ ရှမ်းပြည်မှာတော့ အိုးသုံးဆင့်မတွေ့ဘူးရယ်။ ကိုယ်တွေလာလို့များဖြုတ်ထားသလားမသိ။
ပေါင်းထားတဲ့အိုးက ငွေ့ရည်ဖွဲ့ပြီး ကတော့ကနေတစ်ဆင့် အပြင်ကိုလျှံထွက်လာတဲ့အချိန်မှာ အိုးထဲကို ဖောက်ပြီးဆက်သွယ်ထားတဲ့ ဝါးလုံးခေါင်းရှည်ထဲကနေ အရက်ဦး ရည်ကိုရပါတယ်။
အရက်ဦးရည်ကတော့ အပြင်းဆုံးဖြစ်ပြီး အယ်ကိုဟောရာခိုင်နှုန်း ၆၀ လောက်ရှိတယ်လို့ဆိုပါတယ်။ နောက်ထပ်ရတဲ့အရက်ကတစ်ဖြည်းဖြည်းရာခိုင်နှုန်းလျော့လာတာဖြစ်ပါတယ်။ အဲဒါကိုရေရော လိုက်ရင် သောက်လို့ရပါပြီလေ။
ကဲ သက်သက်လွတ်ဆန်အရက်သောက်ကြစို့
ကျေးဇူးတင်ပါတယ်နော်။