၀ိတိုရိယတောင်ကိုရောက်ရင် ဘာတွေလုပ်သင့်သလဲ

နတ်မတောင် (ခ) ၀ိတိုရိယတောင် (ခ) ခေါ်နူးစုမ် စတဲ့သုံးမည်ရအထင်ကရတောင်အကြောင်း ကတော့ အားလုံးသိတဲ့အတိုင်းပြောမဆုံးပေါင် တောသုံးထောင်ပါပဲ။ မရောက်ဖြစ်သေးရင်တောင် အွန် လိုင်းမှာရေးတဲ့ပို့စ်တော်တော်များများကိုဖတ်ဖူးကြပြီးပြီပေါ့။ အဲဒီတော့ကျော်ထပ်မပြောချင်တော့ပါဘူး။ ဒါပေမဲ့နတ်မတောင်ရောက်ရင်ဘာ တွေလုပ်သင့်သလဲဆိုတာကို ကျော့်သူငယ်ချင်းတွေအတွေ့အကြုံနဲ့ ကျော့် အတွေ့အကြုံတွေရောပြီးပြောပြချင်တာ မျှဝေပေးချင်တာပါ။

ဘယ်လိုသွားရသလဲ၊ ကျော်တို့ဘယ်လိုသွားခဲ့သလဲ

ရန်ကုန်ကနေ ပခုက္ကူကိုကားစီးတော့ ပခုက္ကူကို မနက်စောစာရောက်ပါတယ်။ ပခုက္ကူမှာ ကားတစ်စီးအဆင်သင့်ငှားထားပြီးသားပါ။ အဲဒီ ကားလေးနဲ့ နတ်မတောင်ခရီးကိုစတင်ပါတယ်။ ပခုက္ကူကနေ ချင်းပြည်နယ် ကန်ပက်လက်မြို့ကိုစတင် ထွက်ခွာတာဖြစ်ပါတယ်။ လမ်းမှာ ယောဒေသဖြစ်တဲ့ ကျောက်ထုမြို့မှာခဏနားကြတယ်။ တစ် လျှောက်လုံးယောရွာလေးတွေကိုဖြတ်ကျော်လာရတာဖြစ်ပြီး တောင်တန်းတွေနဲ့ဒေသခံတွေရဲ့ ချစ်စရာကောင်းလှတဲ့ဆွဲဆောင်မှုကို ခံစားမိပါတယ်။ နောက်ဆုံး ဆောမြို့ကိုရောက်ရှိပြီးတဲ့နောက်မှာ တော့ မြေပြန့်ဒေသမရှိတော့ပါဘူး။ တောင်ပေါ်ဒေသရဲ့အရသာကိုစတင်ခံစားနိုင်ပြီပေါ့။ ချင်းပြည်နယ်ဟာ သဘာဝအတိုင်းလှချင်တိုင်း လှနေတာမို့ သူ့ဆွဲဆောင်မှုအောက်မှာ ရောက်ဖူးသူတိုင်းပြေးမလွတ်ကြပါဘူး။ ပင်လယ်ရေမျက်နှာပြင် ပေ ၄၀၀၀ ကျော်မှာတည်ရှိနေတဲ့ကန်ပက်လက်မြို့လေးကိုနေ့မကုန်ခင်မှာပဲ ရောက်မှာဖြစ်ပါတယ်။ ကန် ပက်လက်မြို့ဟာ နတ်မတောင်ရှိရာဒေသလည်းဖြစ်ပါတယ်။ မြို့လေးကချစ်စရာကောင်းပြီး ရိုးသားတဲ့ ချင်းလူမျိုး (ကျော်လည်းချင်းမှာမွေးတာ) တွေရဲ့ပကတိဖြူစင်မှုတွေကိုမြင်နိုင်မှာပါ။ ကျော်တို့ကတော့ နေ့လည်စာကိုတောင်ခြေမှာ ပျော်ပျော်ပါးပါးကြီးစားသောက်ပြီးတဲ့နောက် (နေ့လည်စာစားချိန်ထက် နည်းနည်းတော့ကျော်တာပေ့ါ) တောင်တက်ခရီးစဉ်ကိုစတင်ခဲ့ပါတယ်။ ကိုယ်ပိုင်ကားနဲ့ဆိုရင်တော့ အမြန်လမ်းအတိုင်းမောင်းလာပြီး မိတ္ထီလာကနေ ချောက်-ဆိပ်ဖြူ-ဆော-ကန်ပက်လက်လမ်းအတိုင်း သွားကြတာများတယ်။ ဘတ်စ်ကားနဲ့ချောက်အထိစီးပြီးတော့လည်း ချောက်ကနေဆော၊ ဆောကနေ ကန်ပက်လက် သွားလို့ရပါတယ်။ လေယာဉ်နဲ့ကျတော့ ညောင်ဦးလေဆိပ်ကိုစီးပြီးမှခရီးဆက်ပေါ့။ အဲဒီ လိုပဲ ကိုယ်နှစ်သက်ရာပုံစံအတိုင်းအမျိုးမျိုးသွားကြပါတယ်။ တည်းစရာကတော့ ကန်ပက်လက်မြို့ထဲ မှာ တည်းခိုခန်းတွေရှိပါတယ်။ စျေးတွေလည်းမဆိုးဘူး။ ဟိုတယ်တည်းမယ်ဆိုရင်တော့လည်းပိုမိုက် ပါတယ်။ ဟိုတယ်တွေက တောင်ကုန်းတွေမှာရှိတာမို့ပိုအေးတယ်၊ ဗျူးလည်းပိုကောင်းတယ်ဗျ။ ဘယ် လိုပဲဖြစ်ဖြစ် ကန်ပက်လက်ရောက်ရင်တော့ ကျော်တို့ရန်ကုန်မှာလိုအကျီင်္တစ်ထပ်တည်းနဲ့မရတော့ဘူး။ အထူကြီးတွေဝတ်ရတော့မယ်လေ။

(၁) ခြေလျင်တက်ပါ

လှချင်တိုင်းလှ ပွင့်ချင်တိုင်းပွင့်နေတဲ့ တောင်ဇလပ်ပန်းတွေ ထင်းရှူးတောတွေနဲ့အနီးကပ်တွေ့ရဖို့ တောင်တန်းဒေသရဲ့အလှအပကိုအပြည့်အဝခံစားနိုင်ဖို့ တိမ်တွေ ရဲ့အပေါ်မှာအကြာကြီးနေနို်င်ဖို့ ခြေလျင်တက်ပါလို့ပြောချင်ပါတယ်။ ဆိုင်ကယ်နဲ့တက်ရင်ကော အဲဒီဖီလင်မရဘူးလား ဆိုတော့ ရတယ်။ ဒါပေမဲ့ ခံစားမှုမတူလို့ပါ။ တောင်ဇလပ်တွေနဲ့ဓါတ်ပုံရိုက်တဲ့အ ခါ ပန်းမခူးဖို့တော့ ကျော်တောင်းဆိုချင်တယ်ဗျ။ သီးခြားကမ္ဘာလေးတစ်ခုလိုဖြစ်နေတဲ့အဲဒီဒေသမှာ ဆွဲဆောင် အားအကောင်းဆုံးအရာက ကိုယ့်ခြေတောက်အောက်ကိုရောက်နေတဲ့တိမ်အဆုပ်လိုက်အဆုပ်လိုက် ကြီးတွေနဲ့ တိမ်ပေါ်ကသစ်ပင်မှာမှပွင့်တတ်တဲ့တောင်ဇလပ်ပန်းတွေပါပဲ။

(၂) နွားနောက်သားနဲ့ခေါင်ရည်သောက်ပါ

နွားနောက်သားက ခရီးသွားရာသီမှာရတတ်ပါတယ်။ တစ်ပိသာကိုနှစ်သောင်းခွဲဝန်းကျင်ရှိပါတယ်။ ခေါင်ရည်ခပ်လတ်လတ်တစ်အိုးကိုနှစ်သောင်းပေးရပါ တယ်။ အရမ်းနူးညံ့တဲ့နွားနောက်သားနဲ့ ချင်းရိုးရာခေါင်ရည်ဟာ အရမ်းလိုက်ဖက်ပါတယ်။ အဲဒီတော့ ချင်းပြည်နယ်ကိုရောက်ရင် လုပ်သင့်တဲ့အလုပ်ထဲမှာ နွားနောက်သားနဲ့ခေါင်ရည်သောက်တာကလွဲရင် ဘာရှိဦးမှာလဲ။

(၃) ဆာဗူးသီးနဲ့ ချင်းအစားအစာတွေစားပါ

ပြောင်းဆန်တွေနဲ့အသီးအရွက်တွေကိုရောကြိုထားတဲ့ ချင်းတို့ရဲ့ပင်မအစားအစာ ဆာဗူးသီးစားကြည့် ပါ။ ပြာဟင်းလို့ခေါ်တဲ့ရိုးရာဟင်းတွေစားကြည့်ပါ။ မျှစ်ပြာဟင်း၊ ငါးပြာဟင်း စသည်ဖြင့်အမယ်အမျိုးမျိုး ရှိပါတယ်။

(၄) ချင်းရွာလေးတွေဆီကိုသွားလည်ကြည့်ပါ

အချိန်ရရင်ချင်းရွာတွေကိုသွားလည်ကြဖို့ပြောချင်ပါတယ်။ ကျော်တို့သွားတုန်းကတော့မရောက်ခဲ့ပေ မယ့် ကျော်ကြီးပြင်းခဲ့တဲ့မြို့အနီးတစ်ဝိုက်မှာလည်းချင်းရိုးရာဓလေ့တွေနဲ့အသားကျခဲ့တာမို့ ချင်းရွာတွေ မှာရှိတဲ့ထူးခြားချက်ကိုသိနေတာဖြစ်ပါတယ်။ ပါးရဲထိုးထားတဲ့ရိုးသားဖြူစင်တဲ့မျက်နှာတွေကိုကြည့်ပြီး မျက်လုံးချင်းစကားပြောကြည့်ပါ။ နွေးထွေးမှု၊ စိတ်ချမ်းသာမှုအပျော်တွေကူးစက်သွားပါလိမ့်မယ်။

(၅) စားစရာလက်ဆောင်လေးတွေယူသွားပါ

ကျော်တို့လိုမြို့ပြမှာနေတဲ့သူတွေအတွက် လက်တစ်ကမ်းမှာမုန့်ဝယ်စားနိုင်ပေမယ့် အဲဒီဖက်ကလေး တွေကတော့ ဆိုင်တွေနဲ့အလှမ်းဝေးသလို ဆိုင်တွေလည်းသိပ်မရှိပါဘူး။ သူတို့လေး တွေရဲ့မျက်နှာပေါ်မှာ ရိုးသားဖြူစင်ခြင်းတွေအတိုင်းသားတွေ့နိုင်ပါတယ်။ ဒေသခံကလေး တွေကို လက်ဆောင်မုန့်လေးတွေပေးဖို့မမေ့စေချင်ပါဘူး။ ပြီးတော့ ချင်းတောင်က ခွေးလေးတွေကအရမ်းချစ်စရာကောင်းတယ်ဗျ။ အမွှေးစုတ်ဖွားလေးတွေနဲ့မြင်လိုက်ရင် အူတွေကိုယားလို့။

(၆) တိမ်တွေရဲ့အကြောင်းကို မှတ်တမ်းတင်ပါ

ဆယ်လ်ဖီပဲရိုက်ရိုက် ကင်မရာနဲ့ပဲရိုက်ရိုက် ဖုန်းနဲ့ပဲရိုက်ရိုက် ဓါတ်ပုံတွေများများရိုက်စေချင်တယ်ဗျာ။ ပြီးတော့ ကျော်တို့ရဲ့ တိမ်ပင်လယ်ကြီးအကြောင်းကမ္ဘာကသိအောင်ပြရမယ်လေ။ တောင်ဇလပ်ပန်း တွေမခူးဖို့ ထင်းရှုးပင် တွေမခုတ်ဖို့ သဘာဝတောတောင်တွေမပျက်စီးဖို့ကတော့ ရောက်သွားတဲ့သူတိုင်းဆင်ခြင် ရမယ်မဟုတ်လားဗျာ။ ပြီးတော့ အမှိုက်လုံးဝမပစ်ဖို့လည်း လိုတယ်နော့။ ကျော်ကတော့ အဲဒီနေရာ ကြီးကို ကမ္ဘာကြီးကိုပြပြီး ကြွားချင်လိုက်တာဆိုတာများဗျာ။

မေတ္တာရိပ်မှာ အေးချမ်းပါစေ။
×××××