ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လွိုင်လင်-မိုင်းပန်သွားလမ်း ၄၆ မိုင်မှာ မိုးနဲမြို့တည်ရှိ ပါတယ်။ လွိုင်လင်၊ မိုင်းပန်၊ မန္တလေး၊ ကျိုင်းတောင်း၊ လင်းခေး စတဲ့မြို့တွေနဲ့လမ်းပန်းဆက် သွယ်ရေးရှိတဲ့မြို့လည်းဖြစ်ပါတယ်။
ပင်လယ်မျက်နှာပြင်အထက် ၃,၁၇၉ ပေမြင့်တဲ့နေရာမှာရှိပါတယ်။ မိုးနဲဆိုတာ ရှမ်းဘာသာနဲ့ မိုင်းခင်းဖြစ်ပြီး အဖွားမြို့လို့ဆိုပါတယ်။
မိုးနဲမြို့မှာလည်စရာ
ပြီးခဲ့တဲ့ နိုဝင်ဘာပိတ်ရက်မှာ တောင်ကြီးကနေ နမ့်စန်၊ နမ့်စန်ကနေမှ မိုးနဲကိုရောက်ဖြစ်ခဲ့ပါတယ်။ မိုးနဲမြို့ရဲ့အရှေ့ဘက်မှာ နောင်ကျော့အင်းနဲ့ နောင်ကျော့ချောင်း ရှိပြီးအနောက်တောင်ဘက်နဲ့ မြောက်ဘက်မှာ မြို့ရိုးပျက်တွေရှိပါတယ်။ မြို့ရဲ့ အနောက်ဘက်မှာ တံခွန်တောင်၊ မြတောင်၊ ငွေတောင်စတဲ့ တောင်ကုန်း တောင်စွယ်တွေရှိပါတယ်။ အဲဒီ တောင်တွေပေါ်မှာတော့ စေတီတစ်ဆူစီ တည်ထားတယ်လို့သိရပေမယ့် မရောက်ဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့ရောက်ဖြစ်ခဲ့တဲ့နေရာက စေတီ၊ ပုထိုးအဟောင်းတွေ ရှိရာနေရာပါ။
မိုးနဲမြို့ဟာ အနောက်ဘက်ကိုမြင့်ပြီး အရှေ့ဘက်ကိုနိမ့်ဆင်းတယ်လို့သိရပါတယ်။ မိုးနဲမြို့နယ် အတွင်း ထင်ရှားတဲ့စေတီပုထိုးတွေအနေနဲ့ နှစ်ကျိပ်ရှစ်ဆူ စေတီ၊ ဦးရွှေအောင်စေတီနဲ့ ဆင်တောင် စေတီတို့ဖြစ်ပါတယ်။ ရှေးဟောင်းအဆောက်အဦတွေကိုတွေ့ရပြီး ထိန်းသိမ်းထားတာမျိုးတွေကို မတွေ့ရတော့ နှမြောမိတာအမှန်ပါပဲ။ ရှေးအရင်စော်ဘွားခေတ်တွေတုန်းက ရုံးစိုက်ရာမြို့လည်းဖြစ် တယ်လို့သိရပါတယ်။ နယ်ပိုင်ရုံး၊ မြို့ပိုင်ရုံး၊ လမ်းဝန်ထောက်ရုံး အစရှိတဲ့ အစိုးရအဆောက်အအုံ တွေရှိတယ်လို့သိရပါတယ်။
မြန်မာမင်းတွေလက်ထက်က ရှမ်းပြည်နဲ့ပတ်သက်ရင် မိုးနဲမြို့ကို အချက်အခြာထားပြီး အုပ်ချုပ်ခဲ့ တယ်လို့သိရပါတယ်။ သမိုင်းအစဉ်အလာကြီးမားတဲ့မြို့မို့လို့ထင်ပါတယ်။ စေတီပုထိုးတော်တော် များများကိုတွေ့ရတာတော့အမှန်ပါပဲ။ ဒါပေမဲ့ ထိန်းသိမ်းမှုအားနည်းတယ်လို့မြင်မိပါတယ်။ လက်ရှိအချိန်မှာအထိ မြို့ရဲ့အလယ်ဗဟိုတွင် ယခင်နယ်ရှင် စော်ဘွားကြီးနေထိုင်ခဲ့တဲ့ဟော်နန်း ရှိ တယ်လို့သိရပါတယ်။
မိုးနဲဟာ လည်စရာများတဲ့ မြို့ကျဉ်းလေးဖြစ်ပါတယ်
အရှေ့နဲ့ အနောက် ၃/၄ မိုင်ခန့်၊ တောင်နဲ့ မြောက် ၁/၄ မိုင်ခန့် ရှိတယ်လို့သိရပါတယ်။ ခန့်မှန်းခြေ အကျယ်အဝန်းက စတုရန်းမိုင် တစ်ဝက်ခန့်ရှိပါတယ်။ အိမ်ခြေ ပေါင်း ၆၁၄ ခန့်ရှိပြီး လူဦးရေ နှစ် ထောင်ကျော်နေထိုင်တယ်လို့သိရပါတယ်။ ရှမ်းလူမျိုးအများအပြားနေထိုင်ပြီး ထုံးစံအတိုင်း တရုတ်၊ ကုလား အနည်းငယ်ရှိတယ်လို့ဆိုပါတယ်။ နောက်ပြီး လီရှော၊ ယင်းနက်၊ ယင်းကြားနဲ့ပလောင် လူ မျိုးတွေလည်းနေထိုင်ပါတယ်။ တောင်ယာလုပ်ငန်းတွေလုပ်ငန်း၊ လယ်လုပ်ငန်းအဓိကလုပ်ကိုင် ကြတယ်လို့သိရပါတယ်။ ဒါကြောင့် သူ့ဆီကထွက်ကုန်က ဆန်စပါးဖြစ်ပါတယ်။
စော်ဘွားခေတ်ကရှေးဟောင်းပုထိုး၊ အဆောက်အဦတွေကိုလေ့လာချင်ရင်တော့ မိုးနဲမြို့ကိုသွား လည် သင့်ပါတယ်။ (ကိုးကား ဝီကီပီးဒီးယား)