(၁) ဘာလို့ပြောင်းချင်တာလဲ
ပထမဆုံးစဉ်းစားရမယ့်အချက်ဖြစ်ပါတယ်။ ဒီမေးခွန်းလေးတွေကိုဖြေကြည့်ပါ။ ကိုယ့်အထက်လူကြီးနဲ့ အဆင်မ ပြေလို့လား၊ အလုပ်တွေမတရားပိနေလို့လား၊ လုပ်ငန်းခွင်မှာဆက်ဆံရတဲ့သူတွေနဲ့အဆင်မပြေလို့လား၊ အလုပ်ကို ငြီးငွေ့နေတာလား၊ ကြိုးစားနေပေမယ့် လစာတိုးဖို့အခွင့်အရေးမရှိလို့လား စတဲ့ အချက်တွေကို ကိုယ့်ကိုကိုယ် မေးကြည့်ပါ။ အနည်းဆုံးနှစ်ချက်နဲ့ငြိနေပြီဆိုရင်တော့ ဆုံးဖြတ်ချက်မှန်ကန်နေပါပြီ။
(၂) အလုပ်မပြောင်းခင် ကိုယ့်ကိုကိုယ် ဒါလေးတွေမေးကြည့်ပါ
နောက်အလုပ်မပြောင်းချင်လေးမှာ ဒါလေးတွေကိုလည်း ကိုယ့်ကိုကိုယ်မေးကြည့်စေချင်ပါတယ်။ ကိုယ်လုပ်ချင်တဲ့ နောက်အလုပ်ကဘာလဲ၊ အဲဒီအလုပ်လုပ်ဖို့ကိုယ့်မှာ အရည်အချင်းလုံလုံလောက်လောက်ရှိရဲ့လား၊ ကိုယ့်ရဲ့အဆုံး စွန်ထိရည်ရွယ်ချက်ကဘာလဲဆိုတာကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ လက်ရှိအလုပ်ကနေပြောင်း ရင် အလွယ်တကူပြောင်းနိုင်မယ့်အလုပ်လား၊ အတွေ့အကြုံလုံလုံလောက်လောက်ရှိရဲ့လားဆိုတာကိုလည်းစဉ်းစားရ မှာပါ။ လစာပိုကောင်းမကောင်းဆိုတာကတော့ အားလုံးတွေးတဲ့ကိစ္စမို့မပြောတော့ပါဘူး။
(၃) အချိန်အနည်းဆုံး ၁ လယူပါ
ကောက်ခါငင်ကာမထွက်ပါနဲ့။ အသေအချာပြင်ဆင်ပါ။ အလုပ်တွေကြိုလျှောက်ထားပါ။ ချေမိုးပြီးထွက်နိုင်တဲ့ အနေအထားဖြစ်စေချင်ပါတယ်။ ကိုယ်အလုပ်ထွက်မယ့်အကြောင်းကိုသဲ့သဲ့မျှ ဘယ်သူ့ကိုမှမပြောမိပါစေနဲ့။ တစ် ချို့တွေက လုပ်သက် ၁၀ နှစ်လုံးလုံးအလုပ်ထွက်မယ်ချည်းငြီးငွေ့တဲ့စကားကိုပဲမရိုးအောင်ပြောနေပြီး လက်တွေ့ ကျတော့ခုထက်ထိမထွက်နိုင်တာမျိုးရှိပါတယ်။ ရှက်စရာကြီးပါ။ ဒါကြောင့် အလုပ်တွေအများကြီးကို တစ်လလုံး လုံးလျှောက်ထားပြီးမှထွက်တာအကောင်းဆုံးပါ။ နောက်အလုပ်တစ်ခါတည်းရရင်တော့ အကောင်းဆုံးပေါ့။
ဖြစ်နိုင်ရင်တော့ လက်ရှိလုပ်ငန်းခွင်မှာ အစစအရာရာအဆင်ပြေနေတာအကောင်းဆုံးပဲပေ့ါနော့်။
မေတ္တာရိပ်မှာ အေးချမ်းပါစေ။