ရှင်းလင်းသပ်ရပ်သော CV ဖောင်ရေးသားနည်း

ကျွန်ပျုတာဆိုင်မှာ အရံသင့် CV ဖောင်ဝယ်ပြီး ဖြည့်စွက်အလုပ်လျှောက်တဲ့ခေတ်ကျော်သွားပါပြီ။ ကိုယ် လစာဘယ်လောက်များများရနိုင်သလဲ၊ အရည်အချင်းကိုလုပ်ငန်းရှင်သိအောင်ဘယ်လိုလုပ်မလဲ၊ ကိုယ်နဲ့အလုပ်ရှင်မတွေ့ခင်မှာ ကိုယ့်ကိုအလုပ်ခန့်ချင်လာအောင်ဘယ်လိုဆွဲဆောင်မလဲဆိုတာတွေက  CV ဖောင် သေသပ်လှပမှုနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ဒီအချက်လေးတွေက သင်အလုပ်လျှောက် ရာမှာ အကောင်းဆုံးအကူအညီပေးပါလိမ့်မယ်။

(၁) CV ၏ ထိပ်ဆုံးတွင် အမည်အပြည့်အစုံ၊ လိပ်စာ၊ အီးမေးလ်၊ ဖုန်းနံပါတ် တို့ကိုရေးပါ။ ဓါတ်ပုံကိုလည်း ညာဖက် သို့မဟုတ် ဘယ်ဘက်ထိပ်တွင်ကပ်ထားရပါမည်။ ရုပ်တည်ကြီးပုံရိုက်သောခေတ်ကုန်သွားပါ ပြီ။ ဒါကြောင့် ပြုံးနိုင်သမျှပြုံးပြုံးလေးသာဖြစ်ပါစေ။

(၂) ကိုယ်အကျွမ်းကျင်ဆုံးလုပ်တတ်သောအလုပ်များကို ပထမဆုံးဦးစားပေးအချက်အဖြစ် ထည့်သွင်းပါ။ အများဆုံး လေးကြောင်းသာရေးသင့်ပါသည်။ ဥပမာ Over 5 years’ experience in video editing, 3 years’ experience in photo shooting, etc.

(၃) ကိုယ့် Achievement များကိုလိုတိုရှင်းဖော်ပြပါ။ ဥပမာ- လုပ်ငန်းခွင်မှာ အထူးချွန်ဆုံးဆုရရှိခဲ့သည့် အောင်မြင်မှု၊ ရောင်းအားအကောင်းဆုံးဆုဖြစ်ခဲ့သည့်အဖြစ်အပျက် စသည်ဖြင့် ကိုယ်အောင်မြင်မှုများကို တစ်ဖက်အလုပ်ခန့်သူမှ မြင်အောင် စာသုံးကြောင်းခန့်ရေးသင့်ပါသည်။

(၄) Skills တွေကိုဖော်ပြသင့်သည့်နေရာရောက်လာပါပြီ။ အင်္ဂလိပ်စာ level, ကွန်ပျုတာ Level, ဘာသာစကား ကျွမ်းကျင်မှု အစရှိသည်တို့ကို Skills နေရာတွင်ဖော်ပြသင့်ပါသည်။

(၅) ပညာရေးအကြောင်းဖော်ပြရန်ဖြစ်ပါသည်။ ရရှိသည့် ဘွဲ့များ၊ တက်ရောက်ဖူးသည့် သင်တန်းများ အကြောင်းကိုရေးသားထည့်သွင်းရပါမည်။ Skill နှင့် Certificate ကို ကွဲကွဲပြားပြားရေးစေချင်ပါသည်။

(၆) ကိုယ် CSR လုပ်လျှင်ဖော်ပြဖို့မမေ့ပါနှင့်။ Volunteer အဖြစ်ပါဝင်ခဲ့သည့်နေရာများ၊ ရရှိခဲ့သည့် ဆုများ အကြောင်းကို လုပ်ငန်းရှင်များမှ စိတ်ဝင်စားတတ်ပါသည်။

(၇) စာလုံးရေ ၂၀၀ ခန့်ရှိသော Cover Letter ကို သီးသန့်ရေးသားရန်လည်းလိုအပ်ပါသည်။ Cover Letter တွင် ဓါတ်ပုံထည့်ပြီးသေသေသပ်သပ်လုပ်သင့်ပါသည်။ မလုပ်တတ်လျှင် ခင်ရာမင်ကြောင်းအပေါင်းအ သင်းများထံအကူအညီတောင်းပါလေ။