သင့်ရဲ့ Page မှာ လူများများလာအောင် လုပ်နည်း (၁၀) ချက်

အွန်လိုင်းရှော့ပင်၊ စားသောက်ဆိုင်၊ အထည်ဆိုင်အပါအဝင်အရောင်းအဝယ်ပြုလုပ်သူတွေ၊ Lead Management ပြုလုပ်နေသူတွေအတွက်ရည်ရွယ်ပါတယ်။ အခုမှ စတင်လုပ်ကိုင်နေတဲ့လုပ်ငန်းတွေအတွက်ဖြစ်ပါတယ်။

(၁) လျှော့စျေး (Discount)

လူတိုင်းစိတ်ဝင်စားဆုံးအရာက လျှော့စျေးဖြစ်ပါတယ်။ အွန်လိုင်းပေါ်ကစျေးရောင်းတာပဲဖြစ်ဖြစ်၊ ကိုယ့် ဆိုင်အကြောင်းကို အွန်လိုင်းပေါ်မှာကြေညာတာပဲဖြစ်ဖြစ် လူတွေရဲ့စိတ်ဝင်စားမှုခံရအောင်လုပ်တဲ့အ ချက်တွေထဲမှာ လျှော့စျေးပေးတာကထိပ်ဆုံးကပါပါတယ်။ Discount ဆိုတဲ့အသံ ကိုယ့် Page မှာ ညံနေ ဖို့လိုပါတယ်။ တကယ်လျှော့တာမလျှော့တာကတော့ Page ပိုင်ရှင်အပိုင်းပါနော်။

(၂) Free Trial

အခမဲ့ပေးတာကိုမလိုချင်ဘူးလား။ ကိုယ့် Page ကနေ အခမဲ့ပေးနိုင်တဲ့အရာလေးတွေကို မဲဖောက်ပေး တာမျိုး အလှပြင်ဆိုင်ဆိုရင်လည်း Message Box မှာ လာ Hi တဲ့သူဘယ်နှစ်ယောက်မြောက်ကိုအခမဲ့ ပြင်ခွင်ပေးတာမျိုးကို လူစိတ်ဝင်စားတာများပါတယ်။

(၃) မှတ်သားစရာ

သင့် Page က အားကစားပစ္စည်းဆိုင်ဆိုပါစို့။ ဘောလုံးကိုဘယ်နိုင်ငံကနေစတင်ခဲ့တာလဲ၊ ဘယ်သူက စ ပြီး ကစားခဲ့တာလဲဆိုတဲ့ အသိပညာရပ်ဆိုင်ရာမျိုးကို Google ရဲ့အကူအညီယူပြီး Content လေးတွေ ရေးသားပြီး ရံဖန်ရံခါတင်သင့်ပါတယ်။ ဒါမျိုးက လူများများ Share မယ့် Post မဟုတ်လား။ များများ Share တော့ engagement များများတိုးတာပေါ့ခင်ဗျာ။

(၄) A free mini-course

သင်တန်းတွေအတွက် အားသာစေတဲ့အချက်ဖြစ်ပါတယ်။ အွန်လိုင်းပေါ်ကပဲဖြစ်ဖြစ် အပြင်ကကိုယ်သင် နေတဲ့သင်တန်းမှာပဲဖြစ်ဖြစ် အခမဲ့ရက်တိုသင်တန်းလေးတစ်ခုပေးလိုက်ရုံနဲ့ လူတွေလည်းများလာမယ်၊ prospect လည်းရှိလာမယ်လေ။

(၅) Access to an Event

ကိုယ်ဆိုင်ရဲ့နှစ်ပတ်လည်ဖြစ်ဖြစ်၊ သင်တန်းကျောင်းရဲ့အခန်းအနားတစ်ရပ်ပဲဖြစ်ဖြစ် ကျင်းပခဲ့ရင် Facebook ပေါ်က Fan တွေကို ဖိတ်ဖို့မမေ့ပါနဲ့။ အမြဲသတိတရရှိစေခြင်းက page viewer တိုးလာခြင်း အချက်တစ်ခုဖြစ်ပါတယ်။

(၆) ebook, guide တွေ Share ပေးပါ

ကိုယ့် Page နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ebook လုပ်ပြီးတော့ပဲဖြစ်ဖြစ် လိုင်းပေါ်ကနေ share ပေးလိုက်ပါ။ သူတို့အတွက်အကျိုးရှိတဲ့အရာတွေဆို like and share လုပ်ပေးဖို့တောင်းဆိုစရာမလိုပါဘူး။ အလိုလျောက် like and share ပြီးသားပါ။

(၇) 30-day Challenge

Cosmetic တွေ GYM တွေ အစရှိသည်ဖြင့် ခန္ဓာကိုယ်အလှအပဆိုင်ရာပစ္စည်းတွေရောင်းတဲ့နေရာ မှာ ပရိုးမိုးရှင်းလုပ်တဲ့ပုံစံဖြစ်ပါတယ်။ တစ်လအတွင်းဘာဖြစ်တယ် ညာဖြစ်မယ် စိန်ခေါ်ပြီး ကိုယ့်ပစ္စည်းအ ရည်အသွေးကို ပြသနိုင်ပါတယ်။

(၈) Webinar

အင်တာနက်ပေါ်မှာ Seminar လုပ်တာကို Webinar လို့ခေါ်ဆိုတာလို့ပြောပါတယ်။ အချင်းချင်းစုရုံး ပြောဆိုရင်း Page Engagement ကိုရယူနိုင်ပါတယ်။ ဆွေးနွေးစရာခေါင်းစဥ်တစ်ခုပေးပြီး အဲဒါကိုဝိုင်း ဝန်းဆွေးနွေးလိုက်တာမျိုးပါပဲ။

(၉) ဒီဇိုင်းလှလှ

ကိုယ့် Page လူများများလာဖို့ ဒီဇိုင်းနဲ့ဆွဲဆောင်လို့ရတယ်ဆိုတာမမေ့ပါနဲ့။ ဒီတော့ ဓါတ်ပုံလှလှ ဒီဇိုင်း လှလှတွေက ဆွဲဆောင်မှုအရှိဆုံးအရာထဲမှာပါဝင်ပါတယ်။

(၁၀) Group တွေထဲမှာ Share ခြင်း

ကိုယ်တင်လိုက်တဲ့ Post တွေကို သက်ဆိုင်ရာ Group တွေမှာ Share ခြင်းအားဖြင့် Page ကိုလူများများ လာစေပါတယ်။ ဥပမာ အင်္ဂလိပ်စာအကြောင်းရေးထားတဲ့ page ထဲက ပို့စ်ကို အင်္ဂလိပ်စာစိတ်ဝင်စားသူ များ Group တို့ အင်္ဂလိပ်စာအကြောင်းဆွေးနွေးမယ် Group တို့မှာ သွား Share ခြင်းက Engagement တိုးစေတဲ့အရာဖြစ်ပါတယ်။

Arwa Katib ဆိုတဲ့ Digital Marketing Specialist တစ်ဦးကသူ့ Linked in မှာ Share ထားတာကိုဆီ လျော်အောင်ဘာသာပြန်၊ တန်ဆာဆင်ထားတာဖြစ်ပါတယ်။ ကျွန်တော့် page အတွက်လည်း ဒီနည်း တွေသုံးပြီးစမ်းသပ်ကြည့်ပါဦိးမယ်။ ကျေးဇူးပါ။
>>>>>