ဘားအံရဲ့ လူသွားလူလာနည်းသေးတဲ့နေရာထဲမှာ ရေလိုဏ်ဂူလည်းပါဝင်ပါတယ်။ သဘာဝကျောက် ဆောင်အထပ်လိုက်အထပ်လိုက်တွေ စုလစ်မွန်ချွန်းလိုကျောက်စက်တွေကို လှေစီးရင်းဓါတ်မီးတစ်လက် နဲ့ ဟိုထိုးကြည့်ဒီထိုးကြည့် စူးစမ်းလို့ရတဲ့အခိုက်အတန့်မှာ စိတ်လှုပ်ရှားချင်တယ်ဆိုရင်တော့ သဘာဝရေ လိုဏ်ဂူကိုသွားတာအကောင်းဆုံးပဲလို့ဆိုချင်တာပေါ့ခင်ဗျာ။
ဆန္ဒန်ဂူနဲ့ဘာကွာလဲဆိုတော့ အများကြီးကွာပါတယ်။ ဂူအောက်ကိုဖြတ်ရင်းလှေစီးတဲ့အရာတစ်ခုကလွဲ ရင်ခံစားမှုချင်း၊ ပုံစံချင်းအကွာကြီးကွာပါတယ်။ ပြီးတော့ လူသွားလူလာလည်းနည်းလို့ ခပ်မိုက်မိုက်ပုံ တွေ စိတ်ကြိုက်ရိုက်လို့လည်းကောင်းပါတယ်။ အဲဒီနေရာပေါ်တာ နှစ်တွေ သိပ်ကြာသေးပုံမရပါဘူး။ ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သွားလည်ခဲ့ရာကနေ လူတော်တော်သိလာတာလို့ဆိုရမှာပါ။ ဒါတောင် ဒေသခံ တွေကို ရေလိုဏ်ဂူသွားချင်လို့ဘယ်လိုသွားရမလဲမေးတာတော်တော်များများမသိကြပါဘူး။ တွေ့မယ့် တွေ့တော့လည်း ရသေ့ပျံဂူအရှေ့ကလှေဆိပ်ကနေသွားခဲ့ရတာရယ်။ အရင်တုန်းက အဲဒီလှေဆိပ်မှမရှိ ဘဲကိုး။
ရသေ့ပျံဂူဘယ်လိုသွားရလဲမေးပြီး အဲဒီကိုအရင်သွားလိုက်ကြပါတယ်။ ရသေ့ပျံဂူကျတော့အားလုံးကသိ ကြတာကိုး။ အဲဒီရဲ့အရှေ့မှာလှေဆိပ်ရှိပါတယ်။ သဘာဝရေလိုဏ်ဂူသို့ဆိုတဲ့ဆိုင်းဘုတ်ကိုလည်းတွေ့ရ ပါတယ်။ အထဲကိုဝင်သွားရင် ကရင်အမိုးတွေကလှေခကောက်ပါတယ်။ တစ်ယောက်ကိုတစ်ထောင် တည်းရယ်၊ အသက်ကယ်အင်္ကျီတွေလည်းပေးပါတယ်။ လှေတစ်စီးကို ၆ ယောက်စီးလိုရပြီးတော့ စက် လှေဖြစ်ပါတယ်။ ရေပြင်ကိုဖြတ်ပြီး ဂူထဲရောက်မှလက်နဲ့လှော်ပေးတာပါ။ လှေစီးသူက ဓါတ်မီးထွန်းပြီး လှေဆရာကိုလမ်းပြပေးရတာပေါ့။ လှေပေါ်မှာ ဓါတ်မီးသုံးလက်ထားပေးထားလေရဲ့။
နန်းဘင်းကိုများရောက်နေသလား
လှေစထွက်တာနဲ့ တောရိပ်တောင်ရိပ်တွေရဲ့အငွေ့အသက်နဲ့အတူ သဘာဝလေညှင်းကို ခပ်ဖွဖွရှူရှိုက်မိ လေရဲ့။ ဘေးပတ်ပတ်လည်မှာ ကျောက်တောင်ကြီးတွေနဲ့ရေပြင်ခပ်နောက်နောက်က ပနံရနေပါတယ်။ ပုံစံချင်းက ဗီယက်နမ်မြောက်ပိုင်း နန်းဘင်းကိုရောက်နေသလိုပါပဲ။ ရေပြင်ကိုဖြတ်လိုက်၊ ကျောက် တေင်ကြီးတွေအောက်ကိုလှေနဲ့ဝင်သွားလိုက်ပြန်ထွက်လိုက်နဲ့အရမ်းမိုက်။
ကျောက်တောင်အောက်ကိုဝင်လိုက်တာနဲ့ ညီညာပြီးအနုစိတ်ရေးခြယ်ထားတဲ့ပန်းချီကားတွေကိုတွေ့နေ ရသလိုပါပဲ။ ကျောက်နံရံတွေက အပွင့်အခက်၊ အချွန်အတက်၊ အကွက်အစိပ်အကျဲတွေညီညီညာညာနဲ့ တော်တော်လေးကြည့်ကောင်းပါတယ်။ ကိုယ်ကဓါတ်မီးထိုးပေးလိုက်တာနဲ့ မှောင်နေတဲ့ပတ်ဝန်းကျင်မှာ ဓါတ်မီးအလင်းကဝင်းခနဲဖြစ်သွားပြီး လှေဆရာသွားမယ့်လမ်းကိုပြပေးပါတယ်။ လှေပေါ်မှာပါလာတဲ့ ဓါတ်မီးတွေအားလုံးပိတ်ကြည့်လိုက်တော့ မှောင်မှောင်မည်းမည်းနဲ့လမ်းပျောက်သွားပါတော့တယ်။ ကျောက်တောင်ကြီးရဲ့အောက်မှာရှိတဲ့ ရေပြင်ပေါ်ကကျောက်သားနံရံတွေဟာ တစ်နေရာနဲ့တစ်နေရာ မတူညီပေမယ့် ဆွဲဆောင်မှုရှိတာကျတော့ အတူတူပါပဲ။ ရေပြင်ပေါ်နဲ့ကျောက်တောင်အောက်ကြားမှာ ရောက်နေတယ်ဆိုပေမယ့် အောက်ဆီဂျင်မပြတ်ပါဘူး။ လေညှင်းတိုးတိုးလေးအငွေ့အသက်ကိုကောင်း ကောင်းရှူရှိုက်မိပါတယ်။
ဂူနံရံတစ်ချို့မှာ မြားပုံစံကိုဆေးအနီရောက်နဲ့သုတ်ထားတာတွေ့ရပြီးအဲဒါကလမ်းပျောက်မသွားစေဖို့ညွှန် ပြထားတာဖြစ်ပါတယ်။ ရေကြည်တဲ့နေရာတစ်ချို့မှာဆိုရင် ငါးကလေးတွေကိုအတိုင်းသားတွေ့ရသေး တယ်ဗျာ။ ဝင်ပေါက်တစ်နေရာပဲရှိပြီး အဲဒီနေရာကပဲပြန်ထွက်ရတာပါ။ ဒါပေမဲ့ ကျောက်သားတွေပိတ် နေတဲ့ ကျောက်ဆောင်ထပ်ကြီးတွေနားမှာ လှေကိုခဏရပ် ဓါတ်ပုံရိုက်လို့ရပါသေးတယ်။ အဝင်လည်း ဒီ နေရာ အထွက်လည်းဒီနေရာဆိုတော့ အသွားနဲ့အပြန်မှာ ဒီမြင်ကွင်းကိုပဲမြင်ရမယ်လို့မထင်ပါနဲ့။ လှေဆ ရာက မတူညီတဲ့နေရာကနေ အပြန်လမ်းကိုလှော်ပေးတာမို့ အသစ်အသစ်သော လျှို့ဝှက်ဆန်းကြယ် ကျောက်သားနံရံတွေကိုတွေ့ရပါသေးတယ်။ ဓါတ်မီးကိုအပေါ်ကိုထောင်ကြည့်တော့ သေသေချာချာ ထုဆစ်ထားတဲ့မျက်နှာကြက်ကြီးလို အကွက်လှလှတွေကိုလည်းတွေ့ရပါသေးတယ်။
မိနစ်အတော်ကြာလှေစီးရပေမယ့် စိတ်လှုပ်ရှားစရာ စိတ်ဝင်စားစရာအပြည့်နဲ့ပါပဲ။ နန်းဘင်းမှာလှေစီး တာတောင် သူနဲ့ယှဥ်ရင်ပျင်းစရာကောင်းနေပါသေးတယ်လို့ခံစားရရဲ့။ ဘားအံရောက်ရင်တော့ နောက် တစ်ခေါက်ထပ်သွားကြည့်ပါဦးမယ်။ မေတ္တာရိပ်မှာ အေးချမ်းပါစေ။
>>>>>