လက်ရှိမှာ ဇွန်ဘီမြို့ ဖြစ်နေပြီး တစ်မြို့လုံးအဝင်အထွက်ပိတ်ထားတဲ့ ဝူဟန်မြို့ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူးပေပြည်နယ်ရဲ့ မြို့တော်ဖြစ်ပါတယ်။
လူဦးရေ ၁၁ သန်းကျော်နေထိုင် ပြီး လွန်ခဲ့သောနှစ်ပေါင်း ၃၅၀၀ ကတည်းက မြို့သမိုင်းကြောင်းစတင်ခဲ့တာမို့အစဉ်အလာကြီးမားခဲ့တဲ့ မြို့တော်လို့ဆိုရမှာပါ။
ပြသနာက အဲဒီမြို့မှာရှိတဲ့ ပင်လယ်စာလက်ကားစျေးကနေစတင်ခဲ့တာလို့ဆိုရမှာပါ။ ဟွာနန်ပင် လယ်စာလက်ကားစျေးကြီးဟာ ဝူဟန်မြို့ရဲ့အဓိကအချက်အချာတစ်ခုထဲအပါအဝင်ဖြစ်ပြီး ပင်လယ်စာအပြင်သားရဲတိရိစ္ဆာန်တွေရောင်းချဝယ်ယူနေကြတဲ့အဖြစ်အပျက်က ကမာ္ဘ့ကျန်းမာရေးအဖွဲ့ အစည်းရဲ့သတိပြုမှုကိုမခံရခင်အထိပါပဲ။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာတော့ အဲဒီစျေးကလူ ၄၄ ယောက်နေမကောင်းဖြစ်တာကနေ အခုလိုပြသနာစတင်ခဲ့တော့တာပါပဲ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ မီဒီယာ တွေကလည်း အဲဒီအချိန်ကတည်းက ဟွာနန်ပင်လယ်စာလက်ကားစျေးကြီးအကြောင်းကိုစတင်သ တိထားမိခဲ့ကြပါတယ်။ အခုတော့ စျေးကိုပိတ်ထားရပါပြီ။ ၅၀၀၀၀ စကွဲမီတာကျယ်ဝန်းထဲစျေးထဲမှာ ငါး၊ ပုစွန် အမျိုးမျိုးအပြင် မြွေ၊ လင်းနို့ အစရှိတဲ့ တော်ရုံလူစား လေ့မရှိတဲ့ သတ္တဝါတွေကိုလည်းရောင်းချတတ်ပါတယ်။ ငါးရှည့်၊ လိပ်၊ ဂုံး၊ ရေဘဝဲ၊ ပြည်ကြီးငါး စတာ တွေအပြင် အရေခွံနွာပြီးသားငှက်အမျိုးမျိုး၊ မြွေအရွယ်စုံအမျိုးအစားစုံ၊ ဒရယ်ပေါက် အစရှိတဲ့ရှားပါး အကောင်တွေကိုရောင်းနေတာရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒါတွေရောင်းဝယ်စားသောက်နေတာတရား ဝင်မဝင်မသေချာပေမယ့် လှောင်အိမ်ထဲမှာတော့ အကောင်အမျိုးမျိုးကိုထည့်ပြီး နေ့စဉ်လှုပ်ရှားနေကြ တာပါပဲ။
ဆိုင်ခန်းတွေက တစ်ခန်းနဲ့တစ်ခန်းကပ်နေအောင်ကျဉ်းမြောင်းတယ်။ ဒါကြောင့်တစ်ခုခုကူးစက်ကြ ကြေးဆိုရင်တော့ အင်မတန်လွယ်လွယ်ကူကူကူးစက်လွယ်တယ်လို့ဆိုပါတယ်။ အခုလိုပြသနာဖြစ်ပြီးတဲ့ နောက်မှာတော့ မီဒီယာတွေဟာ ဟွာနန်စျေးမှာရောင်းတဲ့အကောင်ပလောင်တွေကိုမှတ်တမ်းမှတ် ရာနဲ့ ခွဲခြမ်းစိတ်ဖြာလိုက်ကြတော့ အခုလိုရောင်းနေတဲ့အအကောင်စာရင်းထွက်လာပါတယ်။
ဟွာနန်စျေးတွင်ရောင်းသည့် ထူးထူးဆန်းဆန်းအကောင်များ
>>>>>
(၁) ခွေးတူဝက်တူကောင်
(၂) လင်းနို့အရွယ်အမျိုးမျိုး
(၃) ဖျံ
(၄) မြည်း
(၅) ကုလားအုပ်သား
(၆) ကြက်သား
(၇) ကြောင်ကတိုး
(၈) မိချောင်းသား
(၉) ခွေး
(၁၀) မြေခွေး
(၁၁) ဆေးဘက်ဝင်အပင်အမျိုးမျိုး
(၁၂) Emmental ချီစ်
(၁၃) ခိုအာလားဝက်ဝံငယ်
(၁၄) ဝက်
(၁၅) မာမွတ်မြေအောင်းတိရိစ္ဆာန်ငယ်
(၁၆) ဖျံကြီးမျိုး
(၁၇) ဒေါင်း
(၁၈) ရစ်ငှက်
(၁၉) ဖြူကောင်
(၂၀) ယုန်
(၂၁) ကြွက်အမျိုးမျိုး
(၂၂) သိုး
(၂၃) ဒရယ်
(၂၄) အဆိပ်ပြင်းမြွေအမျိုးမျိုး
(၂၅) ဝံပုလွေ
အဲဒီမြို့ကလူတွေအကြိုက်ဆုံးနဲ့ ပေါ်ပြူလာအဖြစ်ဆုံးအစားအစာကတော့ မြွေကောင်လုံးကြော်၊ မြွေဟောက်သားဟင်း၊ လင်းနို့စွပ်ပြုတ်လို့ဆိုပါတယ်။
တစ်ချို့အကောင်တွေက တရုတ်နိုင်ငံရဲ့ထွက်ကုန်မဟုတ်ပေမယ့် အဲဒီစျေးထဲမှာအလွယ်တကူဝယ် လို့ရနေတယ်လို့ဆိုပါတယ်။ စျေးကြီးပိတ်ထားလိုက်ပေမယ့် ရောဂါပြန့်ပွာမှုနှုန်းကတော့ နည်းမသွား သေးပါဘူး။
ဆားစ်ရောဂါပိုးလိုမျိုးပဲ Corona virus ကလည်းကူးစက်ပြန့်ပွားမှုနှုန်းမြန်နေပါတယ်။ ဇွန်ဘီတွေလိုပဲ လမ်းပေါ်မှာတစ်ယောက်ပြီးတစ်ယောက်တစ်ဖြုတ်ဖြုတ်သေဆုံးနေတဲ့မြင်ကွင်းကို သတင်းမီဒီယာအချို့ မှာတွေ့နေရတာမို့ နိုင်ငံအသီးသီးကလေဆိပ်တွေ ဝင်ပေါက်ထွက်ပေါက်တွေကိုသတိပြုနေကြရပါပြီ။ အဓိကအားဖြင့် မြွေသားနဲ့ လင်းနို့သားစားသုံးရာကနေ အဲဒီဗိုင်းရက်စ်ပြန့်ပွားတာဖြစ်တယ်ဆိုပြီး လက် ရှိသတ်မှတ်ထားကြပါတယ်။ ဘီတာကမာ္ဘ့မြို့တော်အဆင့်သတ်မှတ်ထားခဲ့တဲ့ ဝူဟန်မြို့ကတော့အေး စက်တိတ်ဆိတ်လို့ အကျဉ်တန်လွန်းတဲ့ဇွန်ဘီတို့ရဲ့နေရာဖြစ်နေခဲ့ပါပြီ။
ကျွန်တော်တို့အနေနဲ့ ရောဂါမကူးအောင်ဘာလုပ်နိုင်လဲဆိုတော့ ရောဂါရှိတဲ့အသားတွေကိုမစားဖို့၊ ချောင်းဆိုးမိတဲ့လေကိုမရှုမိဖို့၊ ချွဲ သို့မဟုတ် ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေကိုမထိမိအောင်ရှောင်တတ် ဖို့တွေပဲ တတ်နိုင်မှာပါ။ ဆိုတော့ လူထူတဲ့နေရာကိုမသွားဖို့ အပြင်သွားတိုင်းစိတ်ချရတဲ့ မျက်နှာအုပ်တပ် ဖို့ ရေများများသောက်ဖို့တော့လိုမယ်လို့ဆိုပါတယ်။
ကိုးကား – သတင်းဌာနများ၊ ဝီကီပီးဒီးယား