ကိုဗစ်ကာလမှာ အလုပ်ဘယ်လိုရှာမလဲ

အလုပ်ပြုတ်တဲ့သူ လူလျှော့ခံရတဲ့အထဲပါသူ လစာလျှော့ခံရသူ အစရှိသည်ဖြင့် ကိုဗစ်ကာလက အခက် အခဲတွေနဲ့ရင်ဆိုင်နေရပြီဆိုရင်တော့ အလုပ်သစ်ရှာကြရတော့မှာပါ။ အလုပ်လည်းလျှောက်ထားတာပဲ ခေါ်လည်းမခေါ်ဘူး ဆိုရင်တော့ မခေါ်မချင်းလျှောက်ရတော့မှာပေါ့။

တစ်ချို့အလုပ်ရှင်တွေက ပေါ်ပင်မှာပျော်ရွှင်ချင်လို့ ကိုဗစ်ကာလမှာ အလှူဒါနလုပ်ပြီး ဆိုရှယ်မီဒီယာတွေ မှာ ကြွယ်ကြတယ်။ ဝန်ထမ်းကိုကျတော့ လစာအပြည့်မပေးနိုင်ဘူး။ တစ်ချို့အလုပ်ရှင်တွေကျတော့ လည်း ကိုယ်လစာမပေးနိုင်တဲ့အကြောင်းကို အပြင်ကိုမသိစေချင်လို့ဝန်ထမ်းတွေနဲ့ တိုးတိုးတိတ်တိတ် ညှိကြတယ်။ တစ်ချို့လုပ်ငန်းရှင်ကျပြန်တော့လည်း လစာကို လကုန်ရက်ပေးမယ် ဟိုနေ့ပေးမယ်ဒီနေ့ ပေးမယ်နဲ့ လဆန်းလောက်မှ လစာတစ်ဝက်လောက်ကိုထုတ်ပေးတယ်။ လုပ်ငန်းရှင်ရော ဝန်ထမ်းရော ထိခိုက်နစ်နာမှုတွေရှိတဲ့ကာလဖြစ်သလို ကိုယ့်အလုပ်ရှင်ကကိုယ့်အပေါ်စေတနာဘယ်လောက်ထားသ လဲဆိုတာကိုရှင်းရှင်းလင်းလင်းသိနိုင်တဲ့ကာလလည်းဖြစ်ပါတယ်။

ဒီအချိန်မှာ တော်တော်များများကအလုပ်သစ်ရှာချင်တဲ့စိတ်တွေဖြစ်ပေါ်နေတတ်ကြပါတယ်။ ဒါကြောင့် ကိုဗစ်ကာလမှာ အလုပ်သစ်ရှာနိုင်ဖို့ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးဆိုင်ရာဝက်ဘ်ဆိုက်အချိုု့၊ Page အချို့ ကိုစု စည်းဖော်ပြလိုက်ပါတယ်။ Active ဖြစ်တဲ့ Page နဲ့ Group တွေကိုကျွန်တော် လက်လှမ်း မီသလောက်ရှာထားတာမို့ နောက်ထပ် ဝက်ဘ်ဆိုက်၊ ပေ့ချ်တွေ ရှိရင်လည်း ဖြည့်ခဲ့ပေးဖို့ ဖိတ်ခေါ်ပါရစေ။

(၁) www.jobnet.com.mm

(၂) https://myjobs.com.mm/

(၃) http://www.themimu.info/jobs-for-myanmar-nationals/

(၄) http://jobseeker.com.mm/

(၅) https://www.24jobs.com.mm/

(၆) http://www.achievecareermyanmar.com/job-opportunities-vacancies-myanmar/

(၇) ဝန်ထမ်းအလိုရှိသည် FB Group- https://bit.ly/2Z02CCu

(၈) အလုပ်အကိုင်အခွင့်အလမ်းများ FB Group – https://bit.ly/3fLuh0L

(၉) အလုပ်အကိုင်ရှာဖွေရေး (ရန်ကုန်) FB Group- https://bit.ly/316R03w

(၁၀) အလုပ်အကိုင်ရှာဖွေရေးနှင့်အခွင့်အလမ်းများ FB Group- https://bit.ly/2BxaBid

(၁၁) အလုပ်အကိုင်အခွင့်အလမ်းဆုံစည်းရာ FB Group – https://bit.ly/3epa1lr

(၁၂) IT Job Opportunity FB Group – https://bit.ly/3hMkI3H

(၁၃) Job Myanmar FB Group – https://bit.ly/314EYYd

(၁၄) Job in Myanmar FB Group – https://bit.ly/310rnRM

(၁၅) Job in Yangon FB Group- https://bit.ly/37P1O7w

(၁၆) https://www.jobexpress.com.mm/

(၁၇) ajoobeemyanmar – https://bit.ly/32dLNar

အခြေခံအလုပ်တွေကိုတော့ FB Group တွေကနေအလွယ်တကူတွေ့နိုင်ပါတယ်။ Management Level, Senior Level တွေကိုတော့ ဝက်ဘ်ဆိုက်တွေမှာသာတွေ့ရတာများပါတယ်။ အကောင်းဆုံးကတော့ ကိုယ်ပိုင် Linkedin အကောင့်ဖွင့်ထားပြီး ရှာတာပိုပြီးစမတ်ကျသလို လစာကောင်းကောင်းလည်းရပါတယ်။

CV ကောင်းကောင်းရေးတတ်ဖို့တော့ https://bit.ly/37OdaZy ဒီမှာဖတ်လို့ရပါတယ်။

အလုပ်ပြောင်းမယ်ဆို https://bit.ly/2YkQzAy ဒါလေးကိုအရင်ဖတ်စေချင်ပါတယ်။

အားလုံး မေတ္တာရိပ်မှာအေးချမ်းပါစေ။

တိမ်တိုက်ထွန်း