ခင်ဗျားလေးတို့ အမှိုက်မပစ်ချခဲ့ဘူးလို့ ကတိပေးရင် မထင်မရှားရေတံခွန်လေးတစ်ခုအကြောင်း ပြောပြ ချင်လို့။ ရန်ကုန်နဲ့သိပ်မဝေးတဲ့နေရာ….တောတွေတောင်တွေကြားထဲမှာ ရှိတဲ့နေရာလေးပါ။ ဒေသခံတွေ ပဲ သွားလာကြတာမို့..ဆယ်လီကိုကိုမမတွေတော့ မရောက်လောက်သေးဘူးရယ်။
ရေတံခွန်အနားမှာရှိတဲ့ရွာနာမည်က ကျောက်တောင်ရွာတဲ့။ ဒီတော့ အဲဒီရေတံခွန်ကို ကျောက်တောင်ရေ တံခွန်လို့နာမည်ပေးလိုက်ပါတယ်။ ရေတံခွန်ရဲ့ပုံတွေနဲ့ သွားလာရတဲ့ဖီလင်တွေကိုတော့ တစ်ပုံချင်းမှာ ကြည့်နိုင်ပါတယ်ဗျာ။
ရန်ကုန်ကနေသွားလို့ ငါးနာရီခွဲလောက်ကြာရင် ကျိုက်က္ကော်ဆိုတဲ့မြို့လေးကိုရောက်ပါတယ်။ သုဝဏ္ဏဝ တီမြို့လို့ဆိုပါတယ်။ မွန်ပြည်နယ် သထုံခရိုင် သထုံမြို့နယ်မှာပါဝင်တဲ့မြို့တစ်မြို့ဖြစ်ပြီး ကျိုက္ကော် ကျေးရွာအုပ်စု၊ သိမ်ဆိပ်ကျေးရွာအုပ်စု နဲ့ တောင်ကြားကျေးရွာအုပ်စုတွေကို စုစည်းပြီးဖွဲ့စည်းထား တာပါ။ အဲဒီမြို့လေးကနေ ကျောက်တောင်ရွာကိုမေးပြီးသွားလိုက်ပါ။
လမ်းမှာလား။ ဘာမှမရှိပါဘူး။ စားသောက်ဆိုင်တွေလည်းမရှိဘူး။ ရွာလည်းမရှိပါဘူး။ ရော်ဘာတောနဲ့ သစ်ပင်သစ်တောအုံ့ဆိုင်းဆိုင်းတွေပဲရှိပါတယ်။ ဆိတ်ငြိမ်အေးချမ်းတဲ့သဘာဝပတ်ဝန်းကျင်ကိုခံစားလို သူ အတွက် သက်သက်များရှိနေသလားလို့ခံစားရပါတယ်။
မိနစ် ၄၀ လောက်မောင်းပြီးတဲ့နောက်မှာ ကျောက်တောင်ရွာကိုစရောက်ပါတယ်။ အဲဒီရွာမှာတော့ တောအရက်ဆိုင်လေးရှိပါတယ်။ သဘာဝတောအရက်မြည်းချင်ရင်တော့ ကားရပ်ပြီးဝယ်ကြတာပေါ့ခင် ဗျာ။
သိပ်မကြာခင်မှာပဲ အလယ်မှာချိုင့်နေတဲ့ တောင်လှလှလေးတစ်လုံးကိုတွေ့ရင်တော့ ရေတံခွန်ရေစီးသံ သဲ့သဲ့ကိုကြားရပါပြီ။ အဲဒီတောင်ရယ် ဘေးနားက စိမ်းစိုစိုပတ်ဝန်းကျင်ရယ် သိပ်လှတယ်ဗျ။ ဘေးပတ် ပတ်လည်မှာတော့ တောနက်အုပ်ကြီးအုံံ့ဆိုင်းနေလေရဲ့။
ကျွန်တော်တို့တောင်ကွဲနဲ့ အလှဓါတ်ပုံရိုက်ကြတာပေါ့ခင်ဗျာ။
အဲဒီတောင်ကွဲနားမှာ ဆိုင်လေးတစ်ဆိုင်ရှိပါတယ်။ ဒေသခံတွေလာတာရှိတော့ သူတို့အတွက် အမြည်းဘာ ညာရောင်းချတဲ့ဆိုင်လေးပေါ့ဗျာ။ ဒါပေမဲ့ အခုတော့ ဆိုင်ရောင်းနေတာလည်းမတွေ့သလို လူတွေလည်းမတွေ့ပါဘူး။ ဒါပေမဲ့ စိတ်မကောင်းစရာက အမှိုက်တွေတော့ တွေ့နေပါတယ်။
သဲနီနီလမ်းလေးကိုခဏတော့လျှောက်အပြီးမှာ ရေတံခွန်အစပ်ကိုစတွေ့ပါပြီ။ ရေအရမ်းကြည်ပါတယ်။
ရေတံခွန်ဘေးနားကတောအုပ်ကနေလျှောက်သွားရင်း ရေတံခွန်ရေစီးကြောင်းက ဘေးချင်းယှဉ်ရက် လိုက်လာပါတယ်။ တောတန်းကိုဖြတ် ဘေးက ရေစီးသံကိုနားထောင်တာပေါ့ခင်ဗျာ။
ရေတံခွန်က အဆင့်ဆင့်ရှိပါတယ်။ အနည်းဆုံးသုံးဆင့်ပါ။ ကျွန်တော်တို့ကတော့ အပေါ်အထိကိုမတက်ခဲ့ တော့ပါဘူး။ အောက်နိမ့်နိမ့်လေးမှာတင် အရမ်းလှလို့ အဲဒီမှာပဲကူးပြီးပြန်ခဲ့ကြတော့တယ်။
အေးချမ်းတယ် ဆိတ်ငြိမ်တယ် ကိုယ်တွေအပြင်ဘယ်သူ့မှမရှိဘူး။ နေရာက ကျောက်တောင်ရွာနားက ကျောက်တောင်ရေတံခွန်လို့ဆိုပါတယ်။
အကြိုက်ဆုံးကတော့ လူတွေရှိမနေဘဲ ကိုယ်တွေသီးသန့် အေးအေးလူလူအနားယူနိုင်တာပါပဲ။
မေတ္တာရိပ်မှာအေးချမ်းပါစေခင်ဗျာ။