ဘားအံကိုလည်းသွားချင်တယ် လူများမှာလည်းကြောက်တယ်ဆိုရင် ကြာအင်းတောင်ကိုသာသွားပါ

လူလည်းသိပ်မများဘူး။ သွားရတာလည်းသိပ်မပင်ပန်းဘူး။ အရမ်းလည်းလှတယ်။ ကျွန်တော်တို့သွားတဲ့ ပုံကိုတော့ တစ်ပုံချင်းထောက်ကြည့်နိုင်ပါတယ်နော်။

အခုချိန် ရန်ကုန်တစ်မြို့လုံးများ ဘားအံနဲ့ ပုဂံကိုရောက်နေသလားမှတ်လောက်အောင်သွားကြပါတယ်။ ပိတ်ရက်တွေမှာ လည်လည်သွားဖို့နေရာရှာနေရင်တော့ ကြာအင်းတောင်ကိုညွှန်းချင်ပါတယ်။

မျောက်ကလေးတွေလည်းရှိတယ်။ အရမ်းလှတဲ့ကျောက်တောင်ကြီးတွေလည်းရှိတယ်။ အံအားသင့်စရာ ကောင်းတဲ့ မြင်ကွင်းလည်းမြင်ရတယ်။

မြူတွေဆိုင်းနေတဲ့တောင်ပတ်ပတ်လည်ရဲ့အလယ်မှာမတ်တပ်ရပ်ကြည့်တဲ့အရသာက သိပ်မိုက်တယ်။ ဒီ နေရာကိုလာဖို့က ကားနဲ့တက်လို့လည်းရသလို ခြေလျင်တက်လို့လည်းရပါတယ်။ ဒါမှမဟုတ် တစ်ဝက်ကို ကားနဲ့တက်ပြီး တစ်ဝက်ကိုခြေလျင်တက်လို့လည်းရပါတယ်။

ဘားအံတက္ကသိုလ်အနောက်ဖက်ကလမ်းအတိုင်းမေးပြီးသွားရင် သိပ်မကြာပါဘူး။ ကြာအင်းတောင်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ပါလိမ့်မယ်။ တောင်ပေါ်မှာ ဘုရားဖူး ရှုခင်းကြည့်ပြီး အလှဓါတ်ပုံရိုက်တဲ့ သူ တွေကတော့ အများဆုံးပါပဲ။

တစ်နေရာနဲ့တစ်နေရာ ဆက်ထားတဲ့သံတံတားလေးကိုလည်း ဖြတ်ရတယ်။

ကျောင်တောင်ကြီးတွေကြားထဲ ကြွကြွရွရွလမ်းလျှောက်ရတာပေါ့။ ခြေစူးလို့။