မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၉)

(၂၉)

ကိုဖြိုးဆီမှာ အငယ်အနှောင်းရှိမှန်းရုတ်တရက်သိလိုက်ရတော့ နန်းမြတ်ပါးစပ်အဟောင်းသားဖြစ်တဲ့အထိ အံသြရသည်။ ရည်ရည်မွန်မွန်နဲ့ မိန်းမဖြစ်သူကို သစ္စာရှိရှိပေါင်းသင်းမယ့်ရုပ်လေး၊ ဒီကောင်လေးက ဘယ်လိုဖြစ်လို့။

“တစ်လလောက်ရှိပြီဟ၊ သူအိမ်လည်းမပြန်ဘူးလေ၊ ရန်ကုန်ကဧည့်သည်ကောင်မလေးရောက်ကတည်းက သူ့မိန်းမကို စိတ်ချလက်ပစ်ထားပြီး အငယ်နဲ့သာယာနေတာလေ”

ဈေးထဲမှာက လူစုံတော့ အတင်းအဖျင်းအကြောင်းအရာအားလုံးလည်းစုံလေသည်။

“အဲလိုအငယ်အနှောင်းထားတဲ့ယောင်္ကျား၊ မိန်းမကိုနှိပ်စက်တဲ့ယောင်္ကျားဆို သိပ်မုန်းတာပဲဟယ်”

နန်းမြတ် ဟန်မဆောင်နိုင်ဘဲပြောမိတော့ အားလုံးကိုခေါင်းညိတ်ကြ၏။ နန်းမြတ်ရဲ့အဖေအကြောင်းကို သူတို့တင်မဟုတ် ကျောက်မဲတစ်မြို့လုံးနီးပါးသိထားကြတော့ နန်းမြတ်ကိုကိုယ်ချင်းစာကြမှာပင်။ ကိုဖြိုးရဲ့အငယ်အနှောင်းဆိုတဲ့မိန်းကလေး သတင်းကိုစုံစမ်းကြည့်တော့ ကျောက်မဲကမဟုတ်။ တစ်ခြားနယ်ကလာပြီး အလုပ်လုပ်တာတဲ့။

“ကိုဖြိုးမှာ မိန်းမငုတ်တုတ်ရှိတာကို မသိဘူးတဲ့လား”

“အေး ကောင်မလေးကမသိဘူးတဲ့၊ ကိုဖြိုးမိန်းမက အကြောင်းစုံကိုသိပြီး လင်မယားချင်းစကားများကြသေးတယ်ဆိုပဲ”

အဖေတုန်းကတော့ ဟိုမိန်းမကသိသိကြီးနဲ့တမင်တကာကြောင်တောင်နှိုက်ခဲ့တာ။ အဖေရောဟိုမိန်းမရောအလွန် အခုဟာ က ကိုဖြိုးအလွန်ဖြစ်နေပြီမို့ နန်းမြတ်ရဲ့သွေးကြွနေတဲ့လက်တွေကိုဖြိုးအတွက် ဖြစ်လာခဲ့လေသည်။

“တွေ့ကြပြီပေါ့ ချာတိတ်ရယ်”

တကယ်တမ်း အကောင်အထည်ဖော်တဲ့နေရာမှာ အရင်လူတွေထက်ပိုပြီးခက်ခဲခဲ့လေသည်။ နန်းမြတ်နဲ့ တစ်ရပ်ကွက် တည်းဆိုပေမယ့် ရင်းနှီးလှတဲ့သူမဟုတ်တော့ ဘယ်လိုပုံစံမျိုးနဲ့ချည်းကပ်ရမလဲဆိုတာ စဉ်းစားစရာဖြစ်လာသည်။ နောက်ဆုံးတော့ ဆိုင်ကယ်နဲ့တိုက်သတ်မယ့်လမ်းကိုပဲ ရွေးချယ်ခဲ့၏။ လူရှင်းတယ်လို့ထင်ရတဲ့နေရာ ညအမှောင်မှာ သူ့ကို နန်းမြတ်ရဲ့ဆိုင်ကယ်နဲ့ဝင်တိုက်ပစ်ခဲ့သည်။

မှောင်နေတာမို့ ဘယ်သူလုပ်မှန်းသူမသိပါ။ ပထမဆုံးတိုက်ချက်ကြောင့် သူလမ်းဘေးထိုးလဲကျသွားခဲ့ပြီး ဒေါသတကြီးနဲ့ ဘယ်သူလုပ်တာလဲ ပြုးပြဲကြည့်နေခဲ့သည်။

နန်းမြတ်သူ့ကိုအလွတ်မပေးဘဲ ဆိုင်ကယ်ကိုလှည့်ပြီး ဆင့်ကာဆင့်ကာဆက်တိုက်သည်။ အရင်ဆုံးသူ့ ခြေတောက်တွေကို မပြေးနိုင်အောင်တိုက်ပစ်ပြီးခန္ဓာကိုယ်ကိုတိုက်သည်။ သူမပြေးနိုင်တော့တာသေချာတော့မှ ဆိုင်ကယ်ပေါ်ကဆင်းကာ သူ့ကိုလူလုံးထွက်ပြခဲ့၏။

“ဘယ်သူလဲလို့သိချင်နေတာလား၊ အေး ငါပဲ၊ နင်တို့နဲ့တစ်ရပ်ကွက်တည်းမှာနေတဲ့နန်းမြတ်ဝေ၊ ဗဟိုဈေးနားမှာ ခေါက်ဆွဲ ရောင်းတယ်၊ ကဲ သိပြီလား”

သူ စကားတစ်ခွန်းမှမဆိုနိုင်တော့ဘဲ ကြောင်ကြည့်နေလေ၏။

“ဘာကြောင့်အခုလိုလုပ်ရတာလဲသိချင်လို့လား၊ အေး ကိုယ်ကျင့်တရားမကောင်းတဲ့သူတွေကိုငါအခုလိုမျိုးလိုက်သတ် နေတာ၊ နင့်ကိုအိမ်ထောင်ရေးဖောက်ပြန်တဲ့ယောင်္ကျားမျိုးကိုကမ္ဘာပေါ်မှာမထားချင်လို့၊ နင့်အရှေ့မှာသုံးယောက်သတ်ခဲ့ပြီး ပြီ၊ နင်က လေးယောက်မြောက်၊ နောက်ထပ်လည်းတစ်ခြားသူတွေကို သတ်ဦးမှာ”

အသင့်ဆောင်ထားတဲ့ သံတုတ်နဲ့လည်းဦးခေါင်းတွေ မျက်နှာတွေကိုလေးငါးချက်ဆင့်ရိုက်ပစ်လိုက်၏။  အဲဒီလိုလုပ်နေတုန်း မှာပဲ ဆိုင်ကယ်သံတစ်ချို့ကြားရတာကြောင့် နန်းမြတ်ဆိုင်ကယ်ပေါ်ကိုအမြန်တက်လိုက်ကာ တစ်ခြားတစ်နေရာ ပုန်းနေလိုက်သည်။ ကံကောင်းတာက ဖြစ်သွားတဲ့ဆိုင်ကယ်တွေ ကိုဖြိုးကိုမမြင်သွားကြပါ။ ခြုံတွေထူတဲ့ လမ်းဘေးမှာလဲ ကျနေတာမို့သတိမထားမိကြတာလည်းဖြစ်နိုင် သည်။ ဆိုင်ကယ်တွေ ကျော်သွားတော့နန်းမြတ်ပြန်ဆင်းလာကာ သူ့ကိုနှစ်ချက်ဆက်အရိုက်ကားလာသံကိုဆက်တိုက်ကြားလာရပြန်သည်။

” အင်း၊ ဒီလောက်ဆို သူသေလောက်ပါပြီ”

ရိုက်ချက်တွေလည်းများနေပြီမို့ သေပြီလားလို့ဆန်းစစ်မနေတော့ဘဲ ပြန်တော့ဖို့ဆုံးဖြတ်လိုက်သည်။ ကားတွေ အဲဒီနားကိုမဖြတ်ခင်မှာ ဆိုင်ကယ်ပေါ်အမြန်တက်လိုက်ပြီး သူ့ရှေ့ကဖြတ်မောင်းခဲ့လိုက်သည်။ သူကမှောက်ရက်အနေ အထား လက်နှစ်ဖက်ကိုအရှေ့ဆန့်ကာမေ့မျောနေတာကြောင့် သူ့လက်ဖျားထိပ်ကလေးတွေကို နန်းမြတ်ရဲ့ဘီးတွေက သေသေချာချာတက်ကြိတ်ပစ်လိုက်နိုင်ခဲ့သည်။

အဲဒါက နန်းမြတ်အတွက်အားသာချက်ဖြစ်ခဲ့လေသည်။ သူမသေခဲ့ပါ။

မသေတဲ့အပြင် သူ့နေအိမ်အရောက်သွားနိုင်ခဲ့၏။ သူအသက်ရှင်ရက်သား ရှိနေသေးတယ်ဆိုတာ နန်းမြတ်သိလိုက်ရတော့ တုန်လှုပ်မိခဲ့သည်။ သတိပြန်ရလာရင် ငါ့အကြောင်းတော့ပြောပြီ၊ ငါတော့သွားပြီဆိုပြီး စိတ်ပူနေခဲ့မိသည်။ ပြီးတော့ နန်းမြတ်လက်စွပ်၊ သူနန်းမြတ်ရိုက်ချင်ကိုလှမ်းကာတဲ့သဘောနဲ့လက်ကိုလှမ်းဆွဲရင်း နန်းမြတ်လက်စွပ်ကျွတ်ထွက်သွား ခဲ့ပြီးသူ့ဆီရောက်သွားတာအပြန်ကျမှ သိခဲ့ရသည်။

“ငါ့လက်စွပ်ကိုလည်းသူရသွားတယ်၊ အဆိုးဆုံးကအသက်ရှင်ရက်ရှိနေသေးတာပဲ၊ ငါတော့သွားပြီလား မသိပါဘူး”

သတင်းကြားရတာတော့ သူစကားလည်းမပြောနိုင်ဘူး၊ စာလည်းမရေးနိုင်ဘူးတဲ့။ ပြီးတော့ လက်စွပ်ကလည်း ဘယ်သူ့ လက်စွပ်ဆိုတာမပြောပြနိုင်ဘူးတဲ့ မောင်လေးဆီကနေတစ်ဆင့်အကြောင်းစုံကို သိခဲ့ရတဲ့အပြင် ရပ်ကွက်ထဲမှာလည်း တစ်ခုခုဆိုသတင်းကပြန့်ြ့ပီးသားမို့ နန်းမြတ်အတွက် အကြောင်းစုံကို သိခွင့်ရခဲ့သည်။ သူစကားမပြောနိုင်တာဘာကြောင့် လဲလို့တော့စဉ်းစားမိလိုက်သေးသည်။ နန်းမြတ်သူ့ကိုဆိုင်ကယ်နဲ့တိုက်ပစ်တုန်းက သူ့လည်ပင်းတွေဆီတက်ကြိတ်မိ သွားတာကြောင့်လို့ပဲတွေး မိလိုက်၏။ ဒါကနန်းမြတ်ကိုကံကောင်းစေခဲ့တဲ့အချက်ပေါ့။

သူသတိပြန်လည်လာပြီဆေးရုံကဆင်းပြီဆိုတော့ နန်းမြတ်ဘာလုပ်လို့လုပ်ရမှန်းမသိအောင် စိုးရိမ်နေမိခဲ့ကာသူရှိရာဆီကို မုန့်တွေပြင်ရင်းလိုက်သွားခဲ့လိုက်၏။ အရာအားလုံးကအကွက်ချထားသလိုပါပဲ မောင်လေးရော၊ နှင်းငွေရည်ရော၊ သိမ့်သီ တာရော နန်းပြောတဲ့စကား၊ နန်းဆင်တဲ့ထောင်ချောက်ထဲကို ဝင်ခဲ့လေသည်။ သူတို့အောက်မှာ မုန့်စားနေတုန်း အိမ်ပေါ်ကို တက်လာပြီး ကိုဖြိုးကိုပြုံးပြလိုက်သည်။

“နင်ငါ့လက်ကမလွတ်ပါဘူး ကိုဖြိုးရယ်၊ နင့်ကိုငါမသေမချင်းလိုက်သတ်နေမယ်ဆိုတာသဘောပေါက်”

နန်းမြတ်ကိုလည်း သူတွေ့ရော မျက်လုံးမျက်ဆန်တွေပြူး စူးဝါးဝါးအော်ဖို့ကြိုးစားလေသည်။ သူ့အသံကထွက်မလာတာ ကြောင့် နန်းမြတ်အခွင့်သာသွားခဲ့၏။

“မထွက်တဲ့နင့်အသံကို ဖြဲကားပြီးအော်မနေပါနဲ့တော့ချာတိတ်ရယ်၊ နင့်အကုသိုလ်ကနင့်ဘဝရဲ့နေဝင်ချိန်ကိုတွန်းပို့လိုက် တယ်လို့မှတ်ပါ၊ ဒီမှာ နင့်ကိုငါအသံမထွက်ဘဲသတ်ပြမယ်”

သူ့ဘေးနားက ခေါင်းအုံးကိုယူကာ သူ့မျက်နှာဆီကိုအားကုန်ဖိထည့်လိုက်သည်။

“အူး အူး အူး”

သူ့ခြေတောက်ရော လက်ရော ပတ်တီးတွေစည်းထားပြီးနာကျင်နေတာမို့ မလှုပ်နိုင်မယှက်နိုင်တဲ့အနေအထားမှာတတ်နိုင် သမျှရုန်းကန်ရင်း အသက်ဆုံးပါးခဲ့လေသည်။

“အမလေး လုပ်ကြပါဦးဟဲ့၊ ဒီမှာ ကိုဖြိုးဘာဖြစ်သွားလို့လည်းမသိဘူး၊ မောင်လေးရေ…သိမ့်သီတာရေ”

သူငြိမ်သက်သွားတော့မှ ဝရုန်းသုန်းကားအခြေအနေကို နေရာတကျပြန်ထားပြီး ရုပ်ရှင်ရိုက်ရလေသည်။ နန်းမြတ်ရဲ့ အမူအရာကောင်းလှတယ်လို့ ကိုယ့်ကိုကိုယ်ထင်ထားပေမယ့် နှင်းငွေရည်ဆိုတဲ့ရန်ကုန်သူကတော့ နန်းမြတ်ကို ပဟေဠိ အကြည့်တွေနဲ့ကြည့်နေခဲ့၏။

နန်းမြတ်တို့နှစ်ယောက်သာ အပြန်အလှန်သတိထားမိခဲ့ပြီးကျန်တဲ့နှစ်ယောက်ကတော့ ကိုဖြိုးဆီကိုသာ အာရုံစိုက်နေလေ သည်။ ရန်ကုန်သူရဲ့ပဟေဠိအကြည့်တွေက နန်းမြတ်ကိုတစ်ညလုံးခြောက်ချားစေခဲ့လေသည်။

×××××××××××××××××