(၃)
“ဆဝါဒီခပ် ကျွန်တော်ဒီနေရာလေးသွားချင်လို့ပါ၊ ဘယ်လိုသွားရမလဲညွှန်ပြပေးဖို့ကူညီပါခင်ဗျ”
ကျွန်တော်အစားအသောက်မက်လွန်းအားကြီးလို့ အခုလိုလမ်းလည်နေတတ်တာမျိုး ဘန်ကောက် ရောက်တိုင်းဖြစ်တတ်တယ်ညို။ ဘန်ကောက်ကိုဘယ်လိုအကြောင်းနဲ့ပဲရောက်ရောက် ရောက်တိုင်း မသွားမဖြစ်သွားတဲ့နေရာတစ်ခုရှိတယ် အဲဒါကတော့ Siam Paragon ပဲ။ Siam မှာကျွန်တော်လုပ်နေ ကျအလုပ်နှစ်ခုရှိတယ်။ ပထမတစ်ခုကတော့ သင်္ဘောသီးထောင်းစားတာနဲ့နောက်တစ်ခုကတော့ အပေါ်ထပ်ကိုတက်ပြီး 4D ရုပ်ရှင်ကြည့်တာပါ။ ရန်ကုန်ကနေ မနက်ရှစ်နာရီဖလိုက်နဲ့လာခဲ့ပြီးရောက် ရောက်ချင်း ကိုယ်တည်းရမယ့်အခန်းကိုမရှာသေးဘဲ Siam Paragon ကိုရောက်လာခဲ့တယ်။ နေ့လည် စာစားမယ်၊ ပြီးမှအခန်းရှာမယ်ဆိုတဲ့အတွေးနဲ့ပေါ့ညို။
ပိုက်ဆံလဲ၊ ကူပွန်လဲပြီး ကျွန်တော်စားနေကျ သဘောၤသီးထောင်းနဲ့ကြက်ဆီထမင်းမှာစားလိုက်တယ်။ သဘောၤသီးထောင်းကောင်တာက ထိုင်းလူမျိုးအစ်မကြီးက မျက်မှန်းတန်းမိသလိုနဲ့ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲ ရယ်ပြတယ်။ ဂဏန်းနဲ့ထောင်းမှာလားလို့မေးတော့ ခေါင်းညိတ်ပြလိုက်တယ်။ သင်္ဘောသီးမျှင်ကြွပ်ကြွပ်လေးတွေကို ဂဏန်းအနက်သေးသေးလေးတွေနဲ့ ရောထောင်းထားတဲ့ အရ သာက အင်မတန်စားလို့ကောင်း။ ဗိုက်ဆာဆာနဲ့ကြက်ဆီထမင်းနဲ့သင်္ဘောသီးထောင်းကိုမြိန်ရေယှက် ရေစားသောက်ပြီးသကာလ အခန်းရှာဖို့ပြန်ထွက်လာခဲ့တယ်။ 4D ရုပ်ရှင်ကတော့ညကျမှအေးအေးလူ လူလာကြည့်မယ်ပေါ့။
အဲဒီမှာ ကျွန်တော် လမ်းစလည်တော့တာပါပဲ။ ကျွန်တော်တည်းရမယ့်အခန်းကအဲဒီနားတစ်ဝိုက်ဆို တာတော့ သိတယ်။ ဒါပေမဲ့ MBK စင်တာရှိတဲ့ဘက်မှာလား၊ ဒီဘက်က Central World ဘက်မှာ လားဆိုတာသိပ်မသဲကွဲဘူး။ လိပ်စာမှာလည်း လမ်းနာမည်၊ အမှတ်တွေကရေးထားပါရဲ့။ ဆိုင်းဘုတ် ကရှာမတွေ့ပြန်ဘူး။ ဖုန်းနဲ့မြေပုံထောက်ရှာဖို့ကလည်းအလုပ်ကရှုပ်ဦးမယ်ဆိုတော့ နီးစပ်ရာလူတစ် ယောက်ကိုမေးမိလိုက်တာပါပဲ။
“အိုကေ ကြည့်ပါရစေ”
လမ်းမေးခံရတဲ့အမျိုးသမီးက ကျွန်တော့်လက်ထဲကလိပ်စာစာရွက်ကိုဖျတ်ခနဲယူပြီးကြည့်တယ်။ ပြီး တော့ ကျွန်တော့်ကိုတစ်ချက်ကြည့်ပြီးလမ်းကိုညွှန်ပြတယ်။
“ရှင်သွားရမယ့်နေရာက Phetchaburi လမ်းမနဲ့နီးတယ်၊ အဲဒီတော့ အရှေ့တည့်တည့်သွား ဘယ်ဖက် ကိုချိုး၊ ပြီးရင်တည့်တည့်လျှောက်အဲဒီမှာ Platinum Fashion Mall တွေ့လိမ့်မယ်၊ အဲဒီမောလ်ရဲ့မျက် နှာချင်းဆိုင်ဖက်ကိုလမ်းကူး၊ ပြီးရင်…..”
“ဟုတ်ကဲ့၊ ကျွန်တော် Platinum Fashion Mall ရှိတဲ့နေရာကိုသိရင်သွားတတ်ပြီ၊ ကျေးဇူးပါဗျ”
“ဒါနဲ့ ဘယ်ကလာတာလဲ”
ထိုင်းအမျိုးသမီးလား၊ ဗီယက်နမ်လားတစ်ခုခုပဲလု့ိ ကျွန်တော်အကဲခတ်လိုက်စဉ်မှာပဲ ကျွန်တော့်ကိုမေး ခွန်းမေးတယ်။ ကျွန်တော်ပြန်ဖြေဖို့ အမျိုးသမီးရဲ့မျက်နှာကိုကြည့်လိုက်တော့ ရင်းနှီးနေသလိုခံစားရ တယ်။ ဘယ်မှာမြင်ဖူးပါလိမ့်။
“ကျွန်တော် စင်ကာပူကလာတာပါ”
ဘန်ကောက်ရောက်တိုင်း ကျွန်တော့်ကိုဘယ်ကလာတာလဲလို့မေးရင် မြန်မာနိုင်ငံကလို့ ကျွန်တော် မဖြေရဲဘူးညို။ အဲဒီကိစ္စနဲ့ပဲ ညိုနဲ့ကျွန်တော်စကားအချေအတင်တစ်ခါဖြစ်ဖူးသေးတယ်လေ။ မှတ်မိရဲ့ လား။ ဟုတ်တယ်ညို။ ထိုင်းလူမျိုးတွေက မြန်မာနိုင်ငံကလာတာပါလို့ဆိုလိုက်တာနဲ့မျက်နှာတွေရှုံ့ရှုံ့ သွားတတ်ကြတာကျွန်တော်ရင်မဆိုင်ရဲဘူး။ ထားပါတော့လေ။ ထိုင်းလူမျိုးတိုင်းအဲဒီလိုတော့ မဟုတ် ဘူးဆိုပေမယ့် များသောအားဖြင့်အဲဒီလိုဆက်ဆံပြုမှုတတ်ကြတာကိုတော့ စိတ်ထဲမေ့ဖျောက်ထားဖို့ နည်းနည်းတော့ခက်မိတယ်။ အဲဒါကြောင့်မို့ အခုလိုဖြေလိုက်တာပါညို။
“တကယ်”
အမျိုးသမီးကလေးက ကျွန်တော့်ကိုမယုံသလိုကြည့်တော့ အကြည့်ချင်းဆုံသွားကြတယ်။ အဲဒီမှာပဲ ကျွန်တော်မှတ်မိစပြုခဲ့တယ်။ ဒါပေမဲ့ နောက်ကျသွားခဲ့ပြီညိုရေ။
ကောင်မလေးက ကျွန်တော့်လက်ထဲကိုလိပ်စာစာရွက်ပြန်ပေးပြီး ကျွန်တော်တစ်ခြားလက်တစ်ဖက်မှာ ကိုင်ထားတဲ့ ပိုက်ဆံအိတ်နဲ့ပါတ်စ်ပို့ကိုဖျတ်ခနဲဆွဲလုလိုက်တယ်။ ပြီးတော့လစ်ပြေးပြီ။
“ဟာ”
လုံးဝထင်မှတ်မထားတာမို့ ကျွန်တော်စက္ကန့်ပိုင်းမျှလောက်ကြောင်ငေးသွားခဲ့ရတယ်။ ပြီးတာ့မှအော် ဖို့ပြင်လိုက်တယ်။
“သူခိုး၊ အဲ ခါးပိုက်နှိုက်”
ကျွန်တော် မြန်မာလိုရေရွတ်အော်ဟစ်ပေမယ့် ဘယ်သူနားလည်မှာလဲ။ ကိုယ်ကိုတိုင်တောင်မှနှစ်ခွန်း သုံးခွန်းလောက်အော်အပြီးမှ ဒါမြန်မာနိုင်ငံမဟုတ်မှန်းသိလို့ မနည်းဘရိတ်အုပ်လိုက်ရတယ်။ ကျွန် တော့်အသံကြောင့် လူတစ်ချိူ့ပြူတစ်ပြူတစ်ကြည့်သွားကြတယ်။
“ဒုက္ခပဲ”
ကျွန်တော်ဘာလုပ်ရမလဲမသိတော့ဘူးညို။ ပြေးလိုက်ပေမယ့် တွေဝေနေတာနဲ့မမီတော့ဘူး။ ကောင်မ လေးက လူတွေများတဲ့နေရာဆီကိုပြေးဝင်ပျောက်ကွယ်သွားခဲ့ပြီ။ သေပြီလေ။
“ဘာဖြစ်လို့လဲ”
ကျွန်တော်မြန်မာလိုအော်လိုက်တာကိုမြန်မာတစ်ယောက်ကကြားသွားပြီး ဗမာစကားနဲ့လာမေးတော့ အသက်ရှုနည်းနည်းချောင်သွားသလိုခံစားရတယ်။ ဒါပေမဲ့ ရင်ထဲမှာတော့လေးလံနေတာပေါ့။
“ကျွန်တော့် Passport စာအုပ်နဲ့ပိုက်ဆံအိတ် လုသွားလို့”
“ဟင်၊ ဘယ်လိုဖြစ်တာလဲ၊ ခုနကကောင်မလေးလား”
“ဟုတ်တယ်”
“ဟာ ပြသနာပဲ၊ ရဲတိုင်ဖို့လုပ်ရမယ်လေ၊ လာ ကျွန်တော်လိုက်ပြပေးမယ်၊ နီးစပ်ရာကိုအရင်တိုင်ထားဖို့ လိုတယ်”
“ဟာ ဟင့်အင်း၊ ကျွန်တော်ဒီအတိုင်းကြီးမသွားချင်ဘူး၊ အဲလိုရုံးရောက်ဂတ်ရောက်တစ်ခါမှလည်းမဖြစ် ဖူးဘူး”
“ဟောဗျာ၊ အဲဒါဆိုဘယ်လိုသွားချင်တာတုန်းဗျ၊ ဘယ်သူကရော ရုံးရောက်ဂတ်ရောက်ဖြစ်ချင်ပါ့မလဲ၊ အခုလိုသူများနိုင်ငံမှာဆိုပိုဆိုး”
“ဟို ကျွန်တော့်သူငယ်ချင်းနဲ့အရင်တွေ့ပြီးမှပဲ တိုင်ပင်တော့မယ်”
ကျွန်တော် တစ်ခုခုကိုစိုးရိမ်နေတာမှန်း အစ်ကိုကြီးကသဘောပေါက်လိုက်တယ်။
“ကောင်းပါပြီ၊ ကျွန်တော်က မြန်မာအချင်းချင်းမို့ကူညီတာပါ၊ ကဲ အဲဒါဆိုလည်းတည်းမယ့်နေရာတော့ ရောက်အောင်ပြန်တတ်တယ်မှလား၊ လိုက်မပို့တော့ဘူးနော်၊ သူငယ်ချင်းနဲ့တွေ့ရင်လည်းရဲမတိုင်ရင် တော့ မြန်မာသံရုံးကိုသွားပြီး အကျိုးအကြောင်းပြောပြလုပ်သင့်တာလုပ်လိုက်ဦးဗျ၊ ကျွန်တော်သွား တော့မယ်”
“ဟုတ်ကဲ့ အစ်ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ”
စိတ်ပျက်လက်ပျက်နဲ့ပဲ Platinum Fashion Mall ရှိရာဖက်ကိုလာခဲ့လိုက်တော့တယ်။ အမှန်တော့ တစ်ခြားနေရာတွေသာကောင်းကောင်းမသွားတတ်တာ၊ ဒီဈေးဝယ်ဧရိယာတစ်ဝိုက်ကတော့ကျွန်တော် ကောင်းကောင်းသွားတတ်ပါတယ်။ အမှတ်တမဲ့မျက်စိမှောက်ပြီးလမ်းလည်တာကလွဲရင်ပေါ့။ ကျွန် တော့်ကိုကျွန်တော် သတ်ပစ်ချင်လောက်အောင်မုန်းသွားမိတယ်။ ဘယ်လိုဖြစ်မှန်းကိုမသိပါဘူးညိုရာ။ ကျွန်တော် လူအရမ်းရှုပ်လို့ရှောင်တဲ့နေရာကိုသွားရင်းအခုလိုခဏခဏလမ်းလည်တတ်တာကိုတော့ စိတ်ပျက်မိတယ်။ ဒါပေမဲ့လည်းအမှတ်မရှိသွားနေတုန်းပါပဲ။
လူကျိတ်ကျိတ်တိုးတဲ့နေရာရောက်လိုက်၊ လမ်းဘေးဈေးထွက်နေတဲ့နေရာကိုရောက်လိုက်၊ လမ်းမ တွေကိုဖြတ်လိုက်နဲ့ လိပ်စာတည်နေရာကိုလာခဲ့တယ်။ အရေးထဲလမ်းမှာ ရေဘဝဲကင်ရောင်းတဲ့အ သည်ကိုတွေ့တော့ သွားရည်တမျှားမျှားကျလာတော့တယ်။ ပိုက်ဆံအိတ်ကလည်းခါးပိုက်နှိုက်မ လက် ထဲပါသွားပြီဆိုတော့ စားချင်စိတ်ကိုမနည်းအောင့်အည်းထားရတာပေါ့။ ရေဘဝဲကောင်အကြီးကြီးတွေ ကို အနေတော်ပိုင်းပြီး တံစို့နဲ့ထိုး တန်းစီကင်ထားတဲ့မွှေးရနံ့တထောင်းထောင်းကလည်း စိတ်ကိုထပ်ပြီး ဆွဲဆောင်နေပြန်တယ်။
မနေနိုင်တော့တဲ့အဆုံးအကျီၤအိတ်၊ ဘောင်းဘီအိတ် ဟိုစမ်းဒီစမ်းလုပ်ရင်းနဲ့ပဲ ဘောင်းဘီအိတ်ထဲက ဘတ်တစ်ရာတန်တစ်ရွက်ထွက်လာတယ်။ တော်သေးတာပေါ့ညို။ ရေဘဝဲကင်စားနေတဲ့အခိုက်မှာ ခါးပိုက်နှိုက်မ အဖြစ်ကိုခဏမေ့သွားတယ်။ ဒါပေမဲ့မကြာပါဘူး။ ငါ Passport မရှိဘဲ ရန်ကုန်ကိုဘယ် လိုပြန်ရပါ့မလဲ။ အလုပ်တွေလဲများရတော့မယ်ဆိုတာတွေးမိပြီးတော့ စိတ်ညစ်သွားပြန်တယ်။
Platinum Fashion Mall ရဲ့အနောက်ဘက်ဆီကိုရောက်လာပြီး ဟိုမေးဒီမေးနဲ့အခန်းရှိရာဆီကိုရောက် လာခဲ့တယ်ညို။ အခန်းတံခါးကပွင့်လျက်သား။ ဟိုကောင် အောင်သက်ပိုင်ရှိနေတယ်ပေါ့။
“အောင်မလေးဗျာ၊ မင်းပိုင်ဇေ မင်းရောက်လာသေးတယ်ပေါ့၊ ဟူး ငါစိတ်ပူနေတာ၊ ဘယ်ရောက်လို့ ဘယ်ပေါက်နေသလဲမသိ၊ ရန်ကုန်ကကောင်တွေကိုအွန်လိုင်းပေါ်မှာမေးကြည့်တော့ မင်းထွက်သွား တာမနက်ရှစ်နာရီဖလိုက်နဲ့ဆို၊ ထုံးစံအတိုင်း မင်း သင်္ဘောသီးထောင်းသွားစားနေပြန်ပြီပေါ့၊ အေး ပစ္စည်းတွေများများစားစားမပါလို့တော်သေးတာပေါ့၊ ကျောပိုးအိတ်ကတော့ကျောမှာလွယ်ထားလို့မ ပျောက်တာ၊ ပတ်စ်စပို့နဲ့ပိုက်ဆံအိတ်ပျောက်တာတောင်နည်းသေး”
“ဟင်”
ဒီကောင်တရစပ်ပြောနေတဲ့စကားတွေကို ကျွန်တော်မှင်းသက်စွာငေးမိရင်း။
“မင်း ငါပိုက်ဆံအိတ်ပျောက်တာဘယ်လိုလုပ်သိလဲ”
“မင်းပိုင်ဇေတို့များ ဘန်ကောက်မြေကိုခြေချတာပဲရှိသေးတယ်၊ စမွှေတော့တာပဲလေ၊ မသိဘဲနဲ့ဘယ် နေပါ့မလဲကွာ၊ ဒီမှာကြည့်”
“ဟောဗျာ”
ကျွန်တော်ကြောင်သွားပြန်တယ်။ အောင်သက်ပိုင်လက်ထဲမှာ ကျွန်တော့်ပိုက်ဆံအိတ်နဲ့ Passport စာ အုပ်နီနီလေးက ကျွန်တော့်ကိုအခန့်သားကြိုဆိုနေလေရဲ့။
“မင်း လက်ထဲအဲဒါတွေကဘယ်လိုလုပ်ရောက်နေတာလဲ”
ကျွန်တော်ကျောပိုးအိတ်ကိုပစ်ချလိုက်ရင်း ဒီကောင့်လက်ထဲကဟာတွေကိုဆွဲလုယူလိုက်တာပေါ့။
“နေပါဦး မင်းပိုင်ဇေရ၊ ဘန်ကောက်လာတာ တစ်ညအိတ်ခရီးများအောက်မေ့နေလား၊ အဲဒီကျောပိုး အိတ်တစ်လုံးတည်းနဲ့လာရတယ်လို့ကွာ၊ ဘာလဲ တစ်ခြားအထုတ်အပိုးတွေလည်းခါးပိုက်နှိုက်ခံရပြန် တာလား”
“မဟုတ်ပါဘူး၊ လျှော့ဈေးရာသီရောက်ပြီလေကွာ၊ ဒီမှာပဲအကျီၤတွေဝယ်တော့မယ်လို့ဆုံးဖြတ်ပြီးဘာမှ ကိုမယူလာတော့တာ၊ ထားပါ၊ ပြောဦး ငါ့ပစ္စည်းတွေကဘယ်လိုလုပ်အိမ်တိုင်ရာရောက်ရောက်နေတာ လဲ၊ ပိုက်ဆံတွေလည်းမလျော့ဘူး”
“အေး ဟုတ်တယ်၊ ကောင်မလေးတစ်ယောက်လာပေးသွားတာ”
“ဘယ်ကောင်မလေးလဲ”
“မင်းအသိဆို၊ မင်းပိုင်ဇေရဲ့ပရိတ်သတ်ပါတဲ့”
“ဖွတ် ငါကမင်းသားမှမဟုတ်တာ ငါ့ရဲ့ပရိတ်သတ်ဆိုတာက”
“သူကတော့အဲလိုပြောတာပဲ၊ အဲကောင်မလေးကငါ့အသိပါ”
“ဟင်၊ မင်းနဲ့လည်းသိသွားပြန်ပြီ နေပါဦး အဲဒီကောင်မလေးကဘယ်လိုပုံစံလဲ”
အဲဒီတော့မှ ကျွန်တော်သေသေချာချာစဉ်းစားလိုက်မိပြီ။ သေချာပြီပေါ့ ဘယ်မှမြင်ဖူးသလဲဆိုတာ ကောင်းကောင်းမှတ်မိပြီ။ ကျုံထော်ရေတံခွန်မှာတွေ့တဲ့ကောင်မလေးပဲ။ ဟုတ်တယ် အသေအချာပဲ။
“ဟုတ်ပြီ အဲဒီငနာမလေးပဲ၊ ငါနဲ့ ကျုံထော်ရေတံခွန်မှာတွေ့ခဲ့တဲ့ငနာမလေးပဲ၊ ဟောဗျာ ငါ့ကိုထိုင်းမ ယောင်ဆောင်ပြီးတော့လမ်းညွှန်ပြပြီးနောက်သွားပြန်ပြီ”
“မင်းကမှသူ့ကိုမမှတ်မိတာကိုကွ ခံရတာနည်းတောင်နည်းသေး”
“အေး မြင်ဖူးပါတယ်လို့တော့စဉ်းစားနေခဲ့သား၊ တောက်….ဒီတစ်ခါလည်းငါ့ကိုဗျင်းသွားပြန်ပြီ”
“သူကမင်းကိုမြင်တော့မြန်မာလိုနှုတ်ဆက်မလို့ပဲတဲ့ ဒါပေမဲ့မင်းက ဆဝါဒီခပ်တွေဘာတွေလုပ်လာ တော့လည်း ရောယောင်ပြီးနောက်ဖို့အကြံပေါ်သွားတာ”
“တော်တော်အကုသိုလ်ပေးတဲ့ငနာမလေးပဲ၊ ယောင်္ကျားလေးသာဆိုရှိတဲ့နေရာကိုရောက်အောင်သွား ပြီးဆွဲထိုးပစ်တယ်၊ တကယ်မျိုးရိုးဗီဇမကောင်းတဲ့မိန်းကလေး၊ လူတစ်ဖက်သားကိုစာနာစိတ်မရှိ ကိုယ် စချင်နောက်ချင်စိတ်တစ်ခုတည်းကိုပဲဦးစားပေးတတ်တဲ့အပေါစားမိန်းမကွာ၊ တောက် ”
“ဟာ လဒ၊ မင်းအဲလောက်တော့မပြောနဲ့လေကွာ၊ ပေါ့ပေါ့နေတဲ့သူကိုပေါ့ပေါ့ပဲတွေးလိုက်ပါ၊ မင်းပ စ္စည်းတွေပြန်ရပြီမှာလား၊ အေး တော်တော့၊ ပြောမနေနဲ့တော့”
“ငါ မကျေနပ်ဘူးကွာ၊ မင်းအသိဆို ငါ့ကိုအဲကောင်မလေးရှိတဲ့နေရာကိုရောက်အောင်ခေါ်သွားပေး၊ ငါ သူ့ကို သင်ခန်းစာတစ်ခုခုတော့ပေးသင့်ပြီထင်တယ်”
“သူနဲ့ဆက်ပြီးဇာတ်လမ်းမရှည်တော့ရင်ကောင်းမယ်မင်းပိုင်ဇေ၊ သူရှိတဲ့နေရာကိုတော့ မင်းမပြော လည်းညကျရင်ငါခေါ်သွားဖို့စဉ်းစားထားပြီးသားပါ၊ အဲဒီကောင်မလေးဟာ ငါတို့မင်းတို့လိုရိုးရိုးသား သားအလုပ်လာလုပ်တဲ့သူတွေအတွက် မပတ်သက်သင့်တဲ့မိန်းကလေးပါ၊ မင်းသူ့ကိုမြင်ရင်သဘော ပေါက်မှာပါ”
အောင်သက်ပိုင်ပြောသလိုဆို အဲဒီကောင်မလေးဟာ။ ကျွန်တော်နဲ့ရေစက်ပါလာတဲ့မိန်းကလေး။ ကျွန် တော့်ကို စိတ်ဒုက္ခပေးတဲ့ကောင်မလေး။ ကျွန်တော်တွေ့ပြီး ဂလဲ့စားချေသင့်ပါရဲ့လား၊ ဒါမှမဟုတ် အောင်သက်ပိုင်ပြောသလို ဆက်ပြီးမပတ်သက်သင့်တော့တဲ့သူလား။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီကောင် မလေးဟာ ဘန်ကောက်မှာဘယ်လိုအသက်မွေးဝမ်းကျောင်းပြုနေသလဲဆိုတာကိုတော့ ကျွန်တော် သိချင်ဇောနဲ့ရောက်သွားခဲ့မိတယ်ညို။ အဲဒီမှာ။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဆက်ပါဦးမည်။