လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁၁)

ဒုတိယ လှိုင်း

(၁၁)
တကယ်တော့ နိုနိုဟာသိပ်ချစ်စရာကောင်းတဲ့မိန်းကလေးတစ်ယောက်လို့ ကျွန်တော်တွေးထားခဲ့တာ။ ပြီးတော့ အရာရာကိုနားလည်ခွင့်လွှတ်ပေးနိုင်မယ်လို့လည်းထင်ထားတာ။ လက်တွေ့မှာတော့ ကျွန် တော့်အတွက် စိတ်ရှုပ်စရာတွေကို ယူဆောင်ပေးလာမယ်မှန်းသိရင် ဘယ်လိုုလုပ်ချစ်ခဲ့မှာလဲ။ မြတ် နိုးနဲ့လမ်းခွဲပြီးနောက်ပိုင်း မှာ နိုနိုနဲ့စတင်တွေ့ရှိခဲ့တာပါ။ နိုနို့ကိုကျွန်တော် ကုမ္ပဏီတစ်ခုရဲ့ပစ္စည်းမိတ် ဆက်ပွဲမှာ စတင်မြင်ဖူးသည်။ နိုနိုတို့မိသားစုကုမ္ပဏီမို့ ကျွန်တော်တို့နှစ်ယောက်ကုန်ပစ္စည်းတွေနဲ့ပတ် သက်ရင် အဆက်အသွယ်ရှိလာသည်။

နည်းပညာဂျာနယ်တွေရဲ့စာမျက်နှာမှာ အိုင်တီကုန်ပစ္စည်းအသစ်မိတ်ဆက်စာမျက်နှာထည့်ရတာမျိုး ဂျူနီယာတွေအတွက် ပစ္စည်းသစ်တွေအကြောင်းကိုယူပေးရင်း နိုနိုနဲ့အထိအတွေ့များလာကာနောက် ဆုံးချစ်သူတွေဖြစ်သွားခြင်းပင်။ မြတ်နိုးတုန်းကတော့ အရာရာကိုမပွင့်မလင်း၊ မြုံစိစိလုပ်နေခဲ့လို့စိတ် တွေညစ်ခဲ့ရသည်။ နိုနိုကျတော့ အရာရာပွင့်လင်းသွက်လက်တာမို့ ချစ်သူနှစ်ဦးအရေးမှာ မြတ်နိုးတုန်း ကထက်အဆင်ပြေမယ်လို့ထင်ထားခဲ့ခြင်းပင်။
တကယ်တော့ မိန်းကလေးတွေရဲ့စိတ်ကအကြမ်းဖျင်းအားဖြင့်အားလုံးတူတူပါပဲ။ စိတ်ဆိုးစိတ်ကောက် တတ်တာ၊ သဝန်တိုလွန်းတတ်တာ၊ အရာရာကိုချုပ်ချယ်တတ်တာတွေချည်းပါပဲ။ အဲဒါလေးကိုပဲ ကျွန် တော်တို့ယောကျင်္ားလေးတွေက သာယာတတ်ကြတာမဟုတ်လား။ ဒါပေမဲ့ အရာရာတိုင်းမှာ ကန့် သတ်ချက်ဆိုတာ ရှိထားတော့ တော်တန်ရုံလောက်ပဲဖြစ်သင့်တာပါ။
နိုနို အဲဒီလောက်ထိ ကျွန်တော့်အပေါ်အနိုင်ယူတတ်ခဲ့မယ်မှန်းသိရင် ဘယ်ချစ်ခဲ့ပါတော့မလဲ။
“ကို ရှင်အခုရောက်နေတဲ့ဟိုတယ်ရှေ့မှာ နိုနိုရောက်နေတယ်၊ ပွဲပြီးတဲ့အထိမနေရဘူး၊ နောက်ဆယ်မိ နစ်ကြာရင်ထွက်ခဲ့တော့ ၊ အိမ်နားအထိလိုက်ပို့မယ်”
နည်းပညာသတင်းထောက်တွေရဲ့သတင်းရစ်မြစ်က အခြားသတင်းထောက်တွေလိုမများလှပါ။ ရန် ကုန်မြို့နဲ့မန္တလေးတစ်ဝိုက်မှာရှိတဲ့ အိုင်တီလုပ်ငန်းရှင်တွေ၊ ပြည်တွင်းအော်ပရေတာတွေနဲ့ ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးဌာနလောက်ပဲ ရှိတာ။ တစ်ခါလာလည်းဒီလူတွေ တစ်ခါလာလည်းဒီလူတွေနဲ့ ပဲ တွေ့ရတာဆိုတော့ အားလုံးကမိသားစုတွေလိုရင်းနှီးနေခဲ့ပြီ။ ဘော်ဒါအပေါင်းအသင်းတွေလိုဖြစ်နေခဲ့ ပြီ။ အဲဒီတော့ ကုမ္ပဏီကအခမ်းအနားတစ်ခုလုပ်ပြီဆိုရင် မလာမနေရဖိတ်သည်။
လုပ်ငန်းခွင်ပတ်သက်မှုအရသွားရလာရတာမျိုးတွေရှိတော့ ညဖက်မိုးချုပ်တတ်လာခဲ့သည်။ ည ၉ နာရီ လောက်ဆိုရင် အိမ်ပြန်ရောက်ရမယ်ဆိုပြီး နိုနိုက ကျွန်တော့်ကိုကန့်သတ်ထားတော့ဘယ်အလုပ်ဖြစ် ဖြစ် ည ကိုးနာရီအထိမလုပ်ဘဲ အိမ်အရောက်ပြန်ရသည်။
“အိမ်ရောက်ရင် ဗီဒီယိုကော ခေါ်မှာနော်၊ လိမ်ဖို့တော့မကြိုးစားနဲ့” ဆိုပြီးတော့လည်းခြိမ်းခြောက် တတ်သည်။ ချစ်သူစိတ်ချမ်းသာပါစေဆိုပြီး ကျွန်တော်လိုက်လျောခဲ့ပါသည်။ ဒါပေမဲ့ တစ်ခါတစ်လေ ဆိုတာမျိုးရှိလာတော့ နိုနိုက ကျွန်တော့်ကိုခွင့်မလွှတ်တော့။ ကျွန်တော်ရှိနေတဲ့နေရာကိုအရောက်လာ ပြီး ခေါ်ထုတ်တတ်သည်။
နိုနိုရောက်နေပြီဆိုတာသိရင် ကျွန်တော့်မှာပျာလို့။ စားသောက်လက်စတွေအားလုံးကိုထားခဲ့ရကာအ ပြေးတစ်ပိုင်းထွက်ခဲ့ရတော့သည်။
“တစ်ခါတစ်လေတော့ လည်း အလုပ်ကိစ္စဆိုတာရှိတယ်လေနိုနိုရဲ့၊ ကိုယ်မဟုတ်တာဘာမှမလုပ်ပါဘူး၊ စိတ်ချပါ”
လေပြေနဲ့နားလည်အောင်ပြောပြတော့လည်း နားမလည်ခဲ့ပါ။
“တော်၊ တစ်ခါတစ်လေလည်းမရပါဘူး၊ ကိုယ်စားလွှတ်လို့ရတာပဲ၊ ရှင့်အကြောင်းမသိရင်ခက်မယ် မြတ်မင်းဒီပါ၊ ပြစမ်း ရှင် သောက်လာတာလား”
ကျွန်တော့်နှုတ်ခမ်းနားကိုကပ်ပြီး အရက်န့ံရသလား အနံ့ခံတတ်ပြန်သည်။
“ဟုတ်တယ်၊ ကိုယ် ဘီယာနည်းနည်းသောက်လာတယ်”
“လုပ်ပြီကွာ၊ မကြိုက်မှန်းသိရက်နဲ့လုပ်ပြန်ပြီ၊ ရှင့်ကို ကျွန်မပြောထားတယ်လေ၊ မသောက်ရပါဘူး ဆိုနေ”
“သူငယ်ချင်းတွေလည်းဆုံ၊ အတင်းလည်းတိုက်တာနဲ့”
“ဘယ်သူငယ်ချင်းလဲ၊ သူများရည်းစားကို ဘီယာအတင်းလိုက်တာတာ၊ ပြ ကျွန်မကိုလိုက်ပြ၊ ပါးသွား ရိုက်ပစ်မယ်ကြည့်နေ…”
“ဟာ၊ အဲလောက်ထိမလိုဘူးလေ၊ ဒါလေးကိုဘာလို့အဲလောက်တောင်စိတ်ဆိုးရတာလဲနိုနိုရာ၊ ကိုယ် မင်း မကြိုက်တာဆင်ခြင်နေတာပဲ”
“ဘာဆင်ခြင်တာလဲ၊ ဘာဒါလေးလဲ၊ နိုနိုမကြိုက်တာမှန်သမျှ ရှင်မလုပ်ရဘူးလို့ပြောထားတယ်လေ၊ ပြီး တော့မလုပ်ဘူးလို့လည်း ရှင်ကတိပေးထားတယ်လေ၊ အဲဒါနဲ့များ ရှင်လုပ်ရက်တယ်၊ ရှင် နိုနို့ကိုအလေး အနက်မထားဘူး”
ဒေါသတွေထွက်ပြီး ကျွန်တော့်ကိုပြောဆိုနေရတာတင်မဟုတ်ဘဲ မျက်ရည်တွေပါပိုးပိုးပေါက်ပေါက်ကျ လာတော့ ကျွန်တော်ပျာပျာသလဲဖြစ်ရတော့သည်။
“အိုး မငိုလိုက်ပါနဲ့ဗျာ၊ မလုပ်ပါနဲ့၊ လူတွေမြင်ကုန်ပြီ ရှက်စရာကြီး၊ ကိုယ်နောက်မသွားတော့ဘူး၊ ဘယ် ပွဲမှာမတက်တော့ဘူး၊ ဟုတ်ပြီလား၊ ကဲ ကဲ ကားပေါ်တက် ကားပေါ်တက်”
“မရဘူး၊ ပြော ကို့ကိုဘယ်သူဘီယာအတင်းတိုက်တာလဲ၊ အဲဒီလူကို တစ်ခါတည်းသွားပြောထားမယ်”
“ဟာ နိုနိုရယ်၊ ဒါက ညစာစားပွဲလေကွာ၊ ဘီယာကအော်တိုပါပြီးသား”
“ဒါဆို အတင်းတိုက်တယ်ဆိုတာ သပ်သပ်အကြောင်းပြတာပေါ့”
“အင်း ဟုတ်တယ်၊ ကိုယ်သောက်ချင်လို့သောက်တာပါ၊ တစ်ခါတည်းပါကွာ နော်”
“အော် ရှင်ကလိန်ကကျစ်ကျပြီးတော့ တစ်ခါတည်းပါပြောလို့ရမလား၊ မရဘူး ကိုယ့်ဟာကိုယ်လမ်း လျှောက်ပြန်၊ ဒါမှမဟုတ်ကားငှားပြန်တော့ ကျွန်မရှင့်ကိုလိုက်မပို့နိုင်တော့ဘူး၊ နောက်တစ်နာရီကျရင် ဖုန်းဆက်လိုက်မယ်၊ ဒါပဲ”
ကားပေါ်တက်ခါနီးဆဲဆဲ ကျွန်တော့်ကိုတွန်းဖက်လိုက်ကာ သူကားပေါ်တက်ဖို့ပြင်သည်။
“ပြီးရော၊ လမ်းလျှောက်ပြန်မယ်၊ မပြန်ခင် ပွဲထဲပြန်ဝင်ပြီး နှစ်ခွက်လောက်ထပ်သောက်ဦးမှပါ”
မျက်စောင်းတစ်စုံ ကျွန်တော့်ဆီကိုရောက်လာကာ ကားထဲအတင်းတွန်းထည့်တာခံလိုက်ရသည်။
“မောင်း၊ အဲမှာ”
ချစ်သူရဲ့လိုအင်ဆန္ဒကိုလိုက်လျောပေးရင်း သူ့အတ္တတွေကြားထဲမှာသာယာတတ်ခဲ့သည်။ ပျော်ရွှင် ချမ်းမြေ့ခဲ့ရသည်။ ဒါပေမဲ့ ဒါဟာခဏတာမှန်းတစ်ဖြည်းဖြည်းနဲ့သိလာသည်။ နိုနိုကျွန်တော့်အပေါ်ပြု မှုတာတွေဟာ ချစ်သူတစ်ယောက်တားမြစ်ချက်ထက်ပိုလာသည်။
မသွားရ၊ မလုပ်ရ ဆိုတာမှန်သမျှလိုက်လျောပေးခဲ့သည်။ အဲဒီလိုလိုက်လျောရတာကို ကျွန်တော်က နှစ်သက်ခဲ့သလို အရာရာတိုင်းကိုအားနာတတ်တဲ့အကျင့်ကလည်း ရှိခဲ့လေတော့ နိုနိုပြုသမျှနုတဲ့အဖြစ် ကို ရောက်ရှိခဲ့တော့သည်။
“မင်းစော်က မင်းအပေါ်အနိုင်ယူနေသလိုပဲ”
သူငယ်ချင်းတွေကပါ ကြားကမနေနိုင်လို့ဝင်ပြောရတဲ့အထိရောက်ခဲ့သည့် တိုင်ကျွန်တော် နိုနို့အပေါ် လိုက်လျောဆဲ။
“အင်း ချစ်တော့လည်း အလိုလိုက်ရတာပေါ့ကွာ”
“အေးပါကွာ၊ အဆင်ပြေရင်ပြီးတာပဲ၊ ငါတို့မျက်လုံးထဲမှာ အရမ်းများကန့်လန့်ဖြစ်နေသလားလို့ပြောရ တာဟေ့၊ ဆေးလိပ်မသောက်၊ အရက်မသောက် မြတ်မင်းဒီပါတို့တော့ ကန့်သတ်ချက်တွေကြားထဲမှာ ပျော်နေရှာပြီ”
“ဒါက ချစ်တာကိုးကွ၊ ပြီးတော့သူတားတာမှန်သမျှက မလုပ်သင့်တဲ့အရာတွေချည်းပဲဆိုတော့ လိုက်နာ ရတာပေါ့လေ”
“ဟားဟား အေးပါ၊ အေးပါ ဘယ်လောက်အထိကြာမလဲ စောင့်ကြည့်ကြတာပေါ့”
အရင်တုန်းက တစ်နေ့ကိုဆေးလိပ်တစ်ဘူးနီးပါးအထိသောက်တတ်ခဲ့တဲ့ကျွန်တော် အခုတစ်နေ့နေ လို့ တစ်လိပ်တောင်မသောက်ဖြစ်ခဲ့တော့ပါ။ တစ်ပတ်ကိုတစ်ခါ ဘော်ဒါတွေနဲ့သွားဝိုင်းရမှကျေနပ်နေခဲ့တာ အခု ဘီယာဝိုင်းမသွားလို့ အဆီတွေတောင်ကျလို့။
ဒါတွေအားလုံးကို ကျွန်တော်ကျေနပ်ခဲ့သည်။ လက်ခံလို့ရသည်။ ချစ်သူမိန်းကလေးတစ်ယောက်က သူ့ချစ်သူကောင်လေးအပေါ်တားမြစ်ခွင့်ရှိသည် လို့ပဲကျွန်တော်ယူဆထားခဲ့သည်။ ကျွန်တော့်ခန္စာ ကိုယ်မှာ ရှာဖွေရင်း ဆေးလိပ်တစ်လိပ်တွေ့သွားတဲ့အခါ ဖြစ်သွားတဲ့နိုနို့အမူအရာတွေကို ကျွန်တော် မမြင်ရက်။ ချစ်သူက ကျွန်တော့်အပေါ်အရာရာလိုက်လံတားမြစ်နေရတာတွေများတော့ သူ့ကိုအားနာ လာသည်။ သူ့စိတ်တိုင်းကျမနေပေးနိုင်တဲ့ကောင်ဆိုပြီး ကိုယ့်ကိုကိုယ်အပြစ်တင်တတ်ခဲ့သည်။
ဒါပေမဲ့ ဒါတွေဟာပုံမှန်အဆင့်ထက်ပိုမှန်းမသိပိုလာခဲ့တော့သည်။
×××××××××××××××××××××××
ဆက်ပါဦးမည်။