ရန်ကုန်မြို့မှာ တက်သင့်တဲ့ ပညာဒါန အင်္ဂလိပ်စာ သင်တန်း (၇) ကျောင်း

အင်္ဂလိပ်စာတက်ချင်တဲ့သူအတွက် သင်တန်းကျောင်းတွေ ရန်ကုန်မှာအများကြီးပါ။ ဒါပေမဲ့ အဲဒီအထဲ က လူတက်အများဆုံး အထိရောက်ဆုံးကျောင်းတွေကတော့ ကျော်ရှာဖွေထားတဲ့ကျောင်းတွေလို့ရဲရဲ ကြီးဆိုချင်ပါတယ်။ အခြားသင်တန်းကျောင်းတွေလည်းရှိပါတယ်။ ဒါပေမဲ့ (၇) ကျောင်းကိုပဲရွေးချယ် ဖော်ပြချင်တယ်နော်။ ရွေးချယ်ထားတဲ့ အချို့ကျောင်းတွေကတော့ ပညာဒါနမဟုတ်ပါဘူး။ ဒါပေမဲ့ ပညာဒါနနီးပါးကိုသင်တန်းကြေးချိုသာတာမို့ပါ။ အင်္ဂလိပ်စာခြေလှမ်းအတွက် အဲဒီခုနစ်ကျောင်းထဲက နှစ်ခုလောက်တက်ဖြစ်ပြီး တစိုက်မတ်မတ်လုပ်မယ်ဆိုရင် ပရိုဖြစ်နိုင်တယ်ဆိုတာပြောပါရေစေ။

(၁) ဘုန်းကြီးကျောင်းက အင်္ဂလိပ်စာ

မြောက်ဥက္ကလာဘုန်းကြီးလမ်းက အင်္ဂလိပ်စာသင်တန်းဆိုရင်တော့ ပညာဒါနတက်တဲ့သူတွေကြားထဲ မှာ ရေပန်းစားပါတယ်။ ဘုန်ကြီးလမ်းကနေ အထဲထဲကိုတော်တော်ဝင်ရပါသေးတယ်။ WBMI ဘုန်း ကြီးကျောင်းပါ။ ဘာသာစကားအစုံသင်ပါတယ်။ ကျော်သိသလောက်ကတော့ အင်္ဂလိပ်စာအပြင် ဂျပန်၊ တရုတ်၊ ထိုင်းတွေပါသင်ပါတယ်။ ပညာဒါနသင်တန်းမို့ လူလည်းများပါတယ်။ တစိုက်မတ် မတ်တက်မယ်ဆိုရင် အဲဒီဘုန်းကြီးကျောင်းကပညာတွေဟာ ရတနာသိုက်ကြီးတစ်ခုလိုပါပဲ။ စာသင် ချိန်အမျိုးမျိုးရှိပါတယ်။ စနေ တနင်္ဂနွေ၊ ကြားရက် စသည်ဖြင့် ကိုယ်အားတဲ့အချိန်ကိုရွေးတက်လို့ရတာ ပေါ့။

(၂) မနောရမ္မပညာဒါန

စမ်းချောင်း ဓါတ်ဆီဆိုင်အနီးက မနောရမ္မပညာဒါနသင်တန်းကျောင်းမှာတော့ နာမည်ကြီးအထင်ကရ ဆရာတွေ ပညာဒါနလာသင်တတ်ပါတယ်။ ဆရာကြီးတွေကိုယ်တိုင်မလာနိုင်ရင်လည်း ဆရာကြီးတွေ ရဲ့ အတော်ဆုံးတပည့်စီနီယာတွေလာသင်ပေးပါတယ်။ အဲဒီကနေ အင်္ဂလိပ်စာတက်ရင်း နာမည်ကြီး ကုမ္ပဏီတွေမှာ အလုပ်ရသွားတဲ့သူတွေ အင်္ဂလိပ်စာဘိုးတော်ဖြစ်သွားသူတွေ မျက်ဝါးထင်ထင်ရှိပါ တယ်။ လာသင်တဲ့ဆရာ၊ ဆရာမတွေလည်း အရမ်းလေးစားဖို့ကောင်းပါတယ်။ ကိုယ့်ဖက်ကအချိန်ပဲ သေသေချာချာပေးဖို့လိုပါတယ်။ အားတဲ့အချိန်တက်လို့ရအောင် သင်ပေးချိန်တွေများပါတယ်။

(၃) ဦးမြကြိုင်

ဆရာဦးမြကြိုင်သင်တန်းကတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ စာသင်ယူနေရင်းဆရာရဲ့စေတနာတွေ ကိုမြင်နေရတတ်ပါတယ်။ 4 Skills လုံးသင်ပြီး သင်တန်းကြေးကလည်းထောင်ဂဏန်းသာရှိတာမို့ပညာ ဒါနသင်တန်းလိုပါပဲ။ စာကြည့်တိုက်ကလည်း စာအုပ်တွေငှားဖတ်လို့ရပါတယ်။ ဆရာဦးမြကြိုင်သင် တန်းကို အချိန်ပေးပြီးခြောက်လလောက်သာတက်ကြည့် အင်္ဂလိပ်စာအခြေခံကောင်းကောင်းပိုင်နိုင် မယ်ဆိုတာရဲရဲကြီးပြောရဲပါတယ်။ ကမာရွတ်မြို့နယ်၊ ဆင်ရေတွင်းမှတ်တိုင်နားမှာ ဆရာရဲ့သင်တန်း လေးရှိပါတယ်။

(၄) UFL

နိုင်ငံခြားဘာသာတက္ကသိုလ် (UFL) မှာဖွင့်တဲ့ ညနေပိုင်းတန်း အင်္ဂလိပ်စာသင်တန်းဖြစ်ပါတယ်။ တစ်ပတ်မှာ တနင်္လာ၊ ဗုဒ္စဟူး၊ သောကြာ နေ့တွေတက်ရတာဖြစ်ပြီး သင်တန်းကာလသုံးလကြာမြင့်ပါ တယ်။ သင်တန်းကြေးသုံးသောင်းဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်မြင်သူတွေ အင်္ဂလိပ်စာရဲ့ အခြေခံအပြောတတ်ချင်သူတွေအတွက် သင့်တော်တယ်လို့ဆိုချင်ပါတယ်။ ညနေ ၅ နာရီခွဲကနေ ၇ နာ ရီအထိတက်ရတာမို့ ရုံးချိန်လည်းလွတ်ပါတယ်။ 4 Skills လုံးသင်တာဆိုပေမယ့် အပြောကိုပို တယ်လို့ ကျော်ကသုံးသပ်ပါတယ်။

(၅) Global English

အင်္ဂလိပ်ဘာသာစကားအမျိုးသားဗဟိုဌာနနဲ့ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနတို့ပူးပေါင်းဖွင့်လှစ် တာဖြစ်ပါတယ်။ ဝင်ခွင့်ပုံစံကိုအွန်လိုင်းကနေလျှောက်ထားရတာဖြစ်ပြီး ဝင်ခွင့်တွေကိုသတင်းစာကနေ ကြေညာတတ်ပါတယ်။ Level အမျိုးမျိုးရှိပြီး အခြေခံကနေစတက်ရမှာပါ။ တက္ကသိုလ်ကဘွဲ့တစ်ခုခုရ ရှိတဲ့သူတိုင်းတက်ရောက်နိုင်ပါတယ်။ ဒါပေမဲ့ ဝင်ခွင့်ဖောင်လျှောက်ထားတာကတော့ တော်တော်လေး ကြိုးစားရပါတယ်။ အွန်လိုင်းပေါ်ကနေ သတ်မှတ်ချိန်တစ်ခုပေးပြီး အဲဒီအချိန်အတွင်းမှာရအောင် လျှောက် ထားကြတာပါ။ ကျော် နှစ်ခါလောက်ကြိုးစားဖူးတယ်။ မရဘူး။ လူအရမ်းများတယ်။ ရုံးချိန်လည်းလွတ်ဒီပလိုမာဘွဲ့လည်းပေးတာမို့ မိုက်တယ်လို့ဆိုချင်ပါတယ်။

(၆) SEMIO CHAT

Semio Chat အကြောင်းပြောရရင်တော့ ပြောလို့ပြီးမယ်မထင်ပါဘူး။ တက်သင့်တဲ့သင်တန်းတစ်ခုလို့ ပဲ ပြောပါရစေ။ ဒီပလိုမာသင်တန်းမို့ တက်တဲ့သူအရမ်းအရမ်းများပါတယ်။ သူလည်းပဲ အွန်လိုင်းကနေ လျှောက်ထားရတဲ့သင်တန်းတစ်ခုဖြစ်ပါတယ်။ နိုင်ငံပိုင်သတင်းစာတွေကနေတစ်ဆင့် ခေါ်တတ်ပြီး သတ်မှတ်ချိန်တစ်ခုအတွင်းမှာ ချပေးတဲ့ လင့်ခ်အတိုင်းဒေါင်းလုပ်ဆွဲလျှောက်ထားရတာ ပါ။ အဲဒီစနစ်ပြောင်းလိုက်တာ သိပ်တော့မကြာသေးပါဘူး။ အချိန်ရရင်တော့ Join စေချင်ပါတယ်။ တစ် နှစ်မရလည်းနောက်တစ်နှစ်ပေါ့နော့။

(၇) ဦးဝင်းနိုင်

ဆရာဦးဝင်းနိုင်အင်္ဂလိပ်စာဆိုရင်တော့ လှည်းတန်းတစ်ဝိုက်မှာ နာမည်ကြီးပါတယ်။ နာမည်ကြီးသ လောက်လည်းဆရာစာသင်တာသိပ်ကောင်းပါတယ်။ အခြေခံကနေစပြီးပိုင်နိုင်ချင်သူ တွေအတွက် တက်သင့်တဲ့သင်တန်းလို့ဆိုချင်ပါတယ်။ ကျော်တို့ခေတ် တုန်းကအဆိုရှိတယ်ဗျ။ အင်္ဂလိပ်စာ သင်တန်းဆို ဦးဝင်းနိုုင်နဲ့ ဦးမြကြိုင် တက်ဖူးရမယ်တဲ့။ တကယ် လည်းဆရာတွေရဲ့စေတနာတွေကို စာသင်ရင်းသိနိုင်မှာပါ။
မေတ္တာရိပ်မှာအေးချမ်းပါစေ။
×××××