သမိုင်းတွေရှိရာ ဂျာကာတာ

အင်ဒိုနီးရှားနိုင်ငံရဲ့မြို့တော်ဂျာကာတာမှာ စိတ်ဝင်စားစရာနေရာတွေအများကြီးပါ။ ဒါပေမဲ့အဲဒီအထဲက မှ သမိုင်းဝင်နေရာကို ကျော် သွားလည်ဖြစ်ခဲ့ပါတယ်။ အလုပ်ကိစ္စသွားတော့ အင်ဒိုနီးရှားသူ အင်ဒိုနီး ရှားသားတွေနဲ့ အုပ်စုဖွဲ့စကားပြောဖြစ်တော့ သူတို့ကိုတစ်ခုမေးလိုက်ပါတယ်။ ငါအခုမှ ဒီကိုရောက်ဖူး တာ ဘယ်ကိုသွားလည်သင့်လဲ ဆိုတော့ အားလုံးကတစ်သံတည်းဖြေကြပါတယ်။ Old Jakarta တဲ့။ အဲဒါနဲ့ ကျော်လည်း ဂျာကာတာမြို့ဟောင်းကိုရောက်ဖြစ်ခဲ့တယ်။ ဘာတွေ့ရသလဲဆိုတော့ဗျာ။

ဂျာကာတာမြို့ဟောင်းမှာ ဘာရှိသလဲ

ဂျာကာတာမြို့ဟောင်း (Jakarta Old Town) ကို Kota Tua လို့လည်းခေါ်ပါတယ်။ မူလမြို့ဟောင်း နေရာပေါ့။ ကျော့်ပုံမှန်အမြင်နဲ့တော့ ဘာမှထွေထွေထူးထူးမတွေ့ရပါဘူး။ မြို့ပျက်ကြီးတစ်ခုကို ဘာမှ ပြင်ဆင်မထားဘဲ ပျက်စီးတဲ့လက်ရာအတိုင်းတွေ့ရတာပါပဲ။ သူတို့အနေနဲ့ကတော့ တော်တော်တန်ဖိုး ထားပါတယ်။ ပါဖော့မန့်တွေပြပြီးဆွဲဆောင်တာ၊ သရဲ၊ အရုပ်ပုံတွေလုပ်ပြီး ဓါတ်ပုံရိုက်စေတာမျိုးတွေစုံ လို့ပါပဲ။ ဒက်ချ်လူမျိုးတွေရဲ့စတိုင်အဆောက်အဦဟောင်းတွေဖြစ်ပြီး ၁၇ ရာစုကာလကလို့ သိရပါ တယ်။ အဲဒီက တရုတ်တန်းကနာမည်ကြီးတယ်ဗျ။ ဂျာကာတာမြို့ဟောင်းရဲ့အချက်အချာမှာရှိပြီး တော်တော်ကျယ်ဝန်းတဲ့တရုတ်တန်းပါ။ ထုံးစံအတိုင်း အမှတ်တရပစ္စည်းတွေဘာညာဝယ်လို့ရတာ ပေါ့။ မြောက်ဂျာကာတာနဲ့ အနောက်ဂျာကာတာကြား ၁.၃ စကွဲကီလိုမီတာရှိတယ်လို့သိရပါတယ်။ ကျော်တို့ကျတော့ ကုလားဖြူတွေ (အင်္ဂလိပ်တွေ) သိမ်းပိုက်လို့သူ့ကျွန်ဘဝကိုကျရောက်ခဲ့သလိုပဲ သူတို့ကိုလည်း ဒက်ချ့်လူမျိုးတွေသိမ်းပိုက်တာကြောင့် အဆောက်အဦတွေက ဒက်ချ့်တွေရဲ့လက်ရာ ဖြစ်နေတာပေါ့။ မြို့ဟောင်းထဲမှာ အဆောက်အဦဟောင်းတွေနဲ့ ရဲတိုက်ကြီးတွေရှိပါတယ်။ ဆိပ်ကမ်းမြို့ကြီးဖြစ်ခဲ့တယ်နဲ့တူပါတယ်။ ဆိပ်ကမ်းနဲ့ပတ်သက်တဲ့အငွေ့အသက်တွေ၊ လက်ရာပစ္စည်း တွေ တွေ့ရပါတယ်။
ဆိုလိုချင်တာက ကိုလိုနီလက်ရာတွေကို ထိန်းသိမ်းထားတဲ့မြင်ကွင်းကို ကြည့်ချင်ရင်တော့ အဲဒီကိုမ ဖြစ်မနေသွားသင့်ပါတယ်ပေါ့ဗျာ။ ဆယ်လ်ဖီဆွဲချင်တာတို့ ဗျုးကောင်းကောင်းတွေ့ချင်တာတို့ဆိုရင် တော့အဆင်မပြေဘူးလေ။ မြို့ဟောင်းနားက စားသောက်ဆိုင်မှာ အင်ဒိုနီးရှားရိုးရာထမင်းတော့သိပ် စားလို့ကောင်းတယ်။

ဂျာကာတာဆိုတာ

အင်ဒိုနီးရှားနိုင်ငံရဲ့မြို့တော် ဂျာကာတာဟာ ဂျားဗားကျွန်းရဲ့ အနောက်မြောက်ဘက် ကမ်းရိုးတန်းပေါ်မှာ တည်ရှိပြီး ၂၅၅ စတုရန်းမိုင် (၆၆၁ စတုရန်းကီလိုမီတာ) ရှိပါတယ်။၂၀၁၀ ခုနှစ် လူဦးရေ စာရင်း အရ လူဦးရေ ၉,၅၈၀,၀၀၀ ဦး နေထိုင်တယ်လို့ ဝီကီပီးဒီးယားမှာဖော်ပြထားပါတယ်။ အဓိကမြို့တော်ဖြစ်တာကြောင့် နိုင်ငံရဲ့ စီးပွားရေး၊ ယာဉ်ကျေးမှုနဲ့ နိုင်ငံရေးဗဟိုဌာနလို့လည်း ဆိုပါတယ်။ အရှေ့တောင်အာရှမှာ လူဦးရေ အများဆုံးမြို့ဖြစ်ပြီး ကမ္ဘာပေါ်မှာ ဒသမမြောက် အကြီးဆုံးမြို့ ဖြစ်ပါတယ်။ အဲဒီမြို့ကို အရင်က ဘာတေးဗီးယားမြို့လို့လည်းခေါ်ပါတယ်။

ဂျာကာတာမှာ လည်စရာ

အင်ဒိုနီးရှားပိုလာဘာလီကျွန်းလေးဝယ် ဘာညာ ဆိုပြီး ဘာလီကျွန်းကိုသွားချင်ပေမယ့် လေယာဉ်တစ် ခါထပ်စီးပြီး ရက်တွေထပ်ကုန်မှာကြောင့် ဂျာကာတာမှာပဲလည်ဖြစ်ခဲ့ပါတယ်။ ကျော်အဓိကလည်ဖြစ် တာကတော့ ရှောပင်းစင်တာတွေပါပဲ။ စျေးအရမ်းသက်သာတယ်။ Ocean Line အကျီင်္တွေကို မြန်မာ ငွေနဲ့တွက်ရင် ခုနစ်ထောင်လောက်ပဲပေးရတယ်။ အစစ်ဟုတ်မဟုတ်တော့မသိဘူးပေါ့လေ။ အဲဒီက ထုတ်တာလည်းဖြစ်နိုင်တာပဲ။ ဝယ်လို့တော့ကောင်းပါတယ်။ မီလျံနာဖြစ်တယ်လေ။ ထမင်းတစ်ခါစား ငါးသောင်းဘာညာပေးရတာဆိုတော့ ပျော်စရာကြီး။ မြန်မာငွေနဲ့တွက်ရင်လေးငါးထောင်တောင်မကျ ဘူး။
ဂျာကာတာမှာ ပြတိုက်ပေါင်း ၁၄၂ ခုရှိပါတယ်။ အဲဒီတော့ သမိုင်းကိုစိတ်ဝင်စားတဲ့သူတွေအနေနဲ့ ပြ တိုက်တွေကိုသွားလေ့လာတာနဲ့တင်အချိန်ကုန်မြန်တာပေါ့။ စျေးဝယ်စင်တာပေါင်း မြောက်မြားစွာ ရှိတယ်လို့ ဒေသခံသူငယ်ချင်းတွေကပြောပါတယ်။ သူတို့တောင်အကုန်မရောက်ဖူးဘူးဆိုပဲ။ ပလာဇာ အင်ဒိုနီးရှား၊ Grand Indonseia စျေးဝယ်မြို့တော်၊ Senayan City and Pacific Place, Ciputra World Jakarta တို့ကထင်ရှားပါတယ်။ စျေးဝယ်စင်တာတွေမှာ ရောင်းနေတဲ့အရောင်းစာရေးမလေး တွေကို သူတို့ရဲ့လစာအကြောင်းမေးကြည့်တော့ တစ်လကို အင်ဒိုနီးရှားငွေ သိန်းငါးဆယ်ကျော်ရ တယ်ဆိုပဲ။ ဒါပေမဲ့ အဲဒါက စားသောက်လို့လောက်ရုံပါတဲ့။ ငွေကြေးဖောင်းပွတာများပြောပါတယ်။ မ ဖြစ်မနေရောက်သင့်တဲ့ နေရာကိုညွှန်းပါဆိုရင်တော့ သူတို့ရဲ့နာမည်အကြီးဆုံး Landmark ဖြစ်တဲ့ National Monument ပါပဲ။ ၁၃၂ မီတာ ရှိတဲ့အထိမ်းအမှတ်ကျောက်တိုင်ကိုသွားရောက်ကြည့်ရှု စေ ချင်ပါတယ်။ ကျော်တို့ဆီက လွတ်လပ်ရေးကျောက်တိုင်လိုပါပဲ။

ဂျာကာတာမြို့တင်ပဲဆိုရင်တောင်လည်စရာများပါတယ်။ မဖြစ်မနေညွှန်းဆိုချင်တဲ့အခြားနေရာတွေက တော့ Ancol Dreamland (ပျော်မယ်ပါးမယ်ဆိုရင်ပေါ့)၊ National Museum၊ National Monument, National Gallery နဲ့ Jakarta Arts Theater တို့ပဲဖြစ်ပါတယ်။ ပါတိတ်တွေဝယ်ဖို့လည်းမမေ့ပါနဲ့ဦး။ အင်ဒိုနီးရှားပါတိတ်တွေက ကွာလတီအရမ်းကောင်းပါတယ်။ ဒါပေမဲ့ စျေးကြီးတယ်ဗျ။

အရှေ့တောင်အာရှရဲ့အကြီးဆုံးဗလီ

အရှေ့တောင်အာရှရဲ့အကြီးဆုံးဗလီဖြစ်တဲ့ (Istiqlal Mosque) ဟာ ဂျာကာတာမြို့တော်ထဲမှာတည်ရှိ ပါတယ်။ သူတို့ဘာသာရဲ့ အထွဋ်အမြတ်နေရာဖြစ်တာကြောင့် ဘာတွေထူးခြားမှုရှိသလဲဆိုတာကို လည်း လေ့လာသင့်တာပေါ့နော့။ ၁၉၇၈ ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှာပြန်လည်ပြင်ဆင် ခဲ့ရသေးတယ်လို့သိရပါတယ်။ တည်ဆောက်စဉ်ကာလက ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၂ သန်းရှိတယ်တဲ့။ ၉၉.၆၆ မီတာ (၃၁၇.၁ ပေ) အမြင့်ရှိပြီး စကျင်ကျောက်တွေနဲ့တည်ဆောက်ထားတာ ဖြစ်တာမို့ အရမ်းခမ်းနားပါတယ်။ လာရောက်လေ့လာသူတွေလည်း တော်တော်များများတွေ့ရပါတယ်။
ဂျာကာတာမြို့ရဲ့ ကိုလိုနီခေတ် အဆောက်အဦတွေစာရင်းကို ဝီကီထဲက အဲဒီ လင့်ခ်မှာကြည့် လို့ရတယ်ဗျ။
https://en.wikipedia.org/wiki/Colonial_architecture_in_Jakarta

မေတ္တာရိပ်မှာအေးချမ်းပါစေ။
တိမ်တိုက်ထွန်း။
×××××