ကျုံထော်မှာ ပျော်စရာကြီးဗျာ

ရေတံခွန်ခရီးလေးမသွားချင်ဘူးလား။ ကျုံထော်ကိုညွှန်းချင်တာဗျ။ ကျော်တို့လို ရန်ကုန်မှာနေတဲ့သူ တွေအတွက်တော့ သွားလို့အဆင်ပြေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ ရေတံခွန်ခရီးစဉ်ဆိုပြီးသပ် သပ်သွားစေချင်ပါတယ်။ ခရီးသွားလုပ်ငန်းတွေကတော့ ဘားအံကိုဘုရားဖူးပြီး ကျုံထော်နဲ့တစ်ပါ တည်း သွားကြတယ်။ ဒါပေမဲ့ ကျော်ကတော့ ဟိုဝင်ဒီထွက်မလုပ်စေချင်ဘူး။ အပန်းဖြေသပ်သပ်ပဲ သွားစေချင်တာပါ။

ဘာလို့ကျုံထော်ကိုသွားသင့်တာလဲ

သွားတဲ့လမ်းတစ်လျှောက်မှာ တောတွေ တောင်တန်းတွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေကိုမြင်ရပြီး ကျေး လက်သဘာဝရနံ့တွေကို တသီကြီးရတာမို့ သွားသင့်တာပေါ့ဗျာ။ ရေတံခွန်ပေါ်ကကျလာတဲ့ရေတွေက အရမ်းကိုကြည်တယ်၊ အေးတယ်။ လူကိုလန်းဆန်းစေတယ်။ ရေစိမ်လို့ကောင်းတယ်။ ရေကအရမ်း ကြီးမနက်ဘူး။ ဒါပေမဲ့ သိပ်လည်းမတိမ်ဘူး။ အနေတော်ပဲ။ ကြည်လင်အေးမြတဲ့ရေကိုစိမ်၊ တဝေါဝေါ ကျနေတဲ့ ရေတံခွန်အလှကိုခံစား အိုး ဘယ်လောက်တောင်သာယာလိုက်သလဲ။

ဘာတွေလုပ်လို့ရသေးလဲ

အဲဒီနေရာက သက်သက်လွတ်နယ်မြေမို့ ကြက်သားအတု၊ ငါးအတု ဟင်းတွေနဲ့စားသောက်လို့ရနိုင် ပါတယ်။ သစ်ခွအပါအဝင်တောပန်းတွေဝယ်လို့ရတယ်။ အခုနောက်ပိုင်းဆို ဆိုင်တွေပိုတောင်ပေါသေး တယ်။ ကျေးလက် Shopping လုပ်လို့ရတယ်။ လမ်းမှာ မြိုင်ကြီးငူကိုဝင် ဘရသေ့ကျောင်းကိုသွား လည်လို့ရတယ်။ အဲဒီကျောင်းက လျက်ဆားကနာမည်ကြီးပဲ။ ရောဂါကင်းတယ်။ လာလည်တဲ့သူတိုင်း ကို လျက်ဆားနဲ့ရေနွေးဧည့်ခံပါတယ်။ ပြီးတော့ နှစ်လုံးဂ ဏန်း၊ သုံးလုံးဂဏန်းလည်းတောင်းလို့ရ ပါသေးတယ်။

ဘယ်လိုသွားကြမလဲ

ရန်ကုန်ကနေ ဘားအံ၊ ဘားအံကနေမှ ကျုံထော်ရေတံခွန်ကိုသွားကြပါတယ်။ ဘားအံမှာ ဘုရားဝင်ဖူး၊ ဟိုသွားဒီသွားလုပ်မယ်ဆိုရင်တော့ အချိန်သိပ်ရမှာမဟုတ်ပါဘူး။ ဒီတော့ ကျုံထော်ကိုတန်းတန်းသွား တာကောင်းပါတယ်။ လမ်းမှာရွှေဂွန်းဆိုတဲ့ရွာလေးရှိတယ်။ ရွာပေမယ့် အထင်မသေးလိုက်ပါနဲ့။ ထိုင်း ကထွက်တဲ့ပစ္စည်းတွေပေါတယ်ဗျ။ စျေးထဲမှာ Shopping လုပ်လို့တောင်ရသေး။ အဲဒီမှာဝက်အူ ချောင်းကောင်းတယ်ဗျ။ ကွေ့တီယိုလည်းကောင်းတယ်။ နယ်ဆိုပေမယ့် စည်စည်ကားကားလေးပါပဲ။ ဆိုတော့ကာ ကျုံထော်မှာ ပျော်ကြပါလို့။
မေတ္တာရိပ်မှာအေးချမ်းပါစေ။ တိမ်တိုက်ထွန်း။
×××××