မိုးယွင်းကြီးအင်း မှာ ငှက်တွေသွားကြည့်ရအောင်လား

ရန်ကုန်နဲ့နီးတဲ့တစ်နေရာမှာ ဆောင်းခိုငှက်တွေကြည့်လို့ရတဲ့နေရာရှိတယ်။ အခုချိန်တောင်နောက် ကျတယ်လို့ဆိုလို့ရပါပြီ။ မိုးယွင်းကြီးအင်းဟာ ဆောင်းခိုငှက်တွေသိပ်ပေါတဲ့နေရာပေါ့။ ကျော့်အထင် ဒီဇင်ဘာလထဲ မှာသွားလို့အကောင်းဆုံးပဲဗျ။ ငှက်မျိုးစိတ်တွေတစ်မျိုးပြီးတစ်မျိုးရောက်လာတဲ့အချိန် ပေါ့။ တကယ်လို့ငှက်ကြည့်တာဝါသနာမပါဘူး၊ အပျော်သွားချင်တယ်ဆိုရင်လည်း သွားလို့ကောင်းတဲ့ နေရာပါ။ ငှက်ပဲကြည့်ချင်တယ်ဆိုရင်တော့ ငှက်အကြောင်းသိတဲ့ ငှက်သွားကြည့်တတ်တဲ့ဆရာတွေနဲ့ လိုက်သွားသင့်ပါတယ်။ အဲဒါမှ ငှက်တွေရဲ့အကြောင်းကို ကိုယ်သိတာထက်ပိုသိနိုင်မယ်လေနော့။

မိုးယွင်းကြီးအင်းအကြောင်း

၁၈၇၈ ခုနှစ်မှာ ပဲခူး-စစ်တောင်းတူမြောင်းထဲ နွေရာသီဖောင်မျှောဖို့အတွက် မိုးယွန်းကြီးရေလှောင်တမံ အဖြစ်တည်ဆောက်ခဲ့ပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ သဘာဝအင်းအဖြစ်ပြောင်းလဲခဲ့ပြီးနောက် ၁၉၈၈ ခုနှစ်မှာ မိုးယွင်းကြီးအင်းဘေးမဲ့တောအဖြစ်သတ်မှတ်ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့အရေးကြီးထိန်းသိမ်းရမယ့်ရေတိမ်ဒေသ (Ramsar Site) အဖြစ် ပထမဦးဆုံးအသိအမှတ်ပြု ထားတဲ့နေရာလည်းဖြစ်ပါတယ်။ ပဲခူးတိုင်း၊ ပဲခူးမြို့နယ်နဲ့ဝေါမြို့နယ် မှာရှိပါတယ်။ စတုရန်းမိုင် (၄၀)၊ ၂၅၆၀၀ ဧကရှိပါတယ်။

ဘာတွေရှိသလဲ

သဘာဝကိုခံစားလိုသူတွေအတွက်တော့ သွားလို့ကောင်းတဲ့နေရာတစ်ခုပေါ့။ မိုးယွင်းကြီးအင်းမှာ စစ္စလီ၊ မယ်ညို အစရှိတဲ့ ငှက်မျိုးစိတ် (၅၃) မျိုး၊ ကုန်းတွင်းပိုင်းငှက်တွေဖြစ်တဲ့ ချိုးလည်ပြောက်၊ လင်ကောင်ပိုး၊ ဇီးကွက်၊ ပုဇင်းထိုး၊ စွန်တောင်နက်၊ ဆောင်းခိုငှက်တွေဖြစ်တဲ့ ခရုတုန်၊ မြစ်တွေး၊ ဇင်ယော်၊ တောဝမ်းဘဲ၊ ခရုစုပ်၊ လင်းယုန် အစရှိတဲ့ မျိုးစိပ်ပေါင်း (၃၅) မျိုးရှိတယ်လို့သိရပါတယ်။ ဒါ တင်မကသေးဘူး။ ငါးမျိုးစိပ်တွေ၊ ဖားမျိုးစိတ်တွေ၊ လိပ်ပြာမျိုးစိပ်တွေလည်းတွေ့ရပါတယ်။ မြွေ လည်း မျိုးစိတ်ပေါင်း (၁၅) မျိုးလောက်တွေ့ရတယ်လို့ပြောတယ်ဗျ။ ခြုံထဲတောထဲမသွားဖို့တော့ပြောချင် ပါတယ်။ ကျော်ကတော့ မြွေအရမ်းကြောက်။

ဘာတွေလုပ်လို့ရသလဲ

စက်လှေအပျော်စီးလို့ရပါတယ်။ အရမ်းပျော်ဖို့ကောင်းတယ်။ နားနေဆောင်တွေမှာ ငှားရမ်းအပန်း ဖြေလို့ရတယ်၊ အင်းရဲ့သဘာဝအနေအထား ဘာညာတွေကို လေ့လာလို့ရတယ်။ အဲဒီမှာည အိပ် တည်းခိုလို့ရပါတယ်။ ရှစ်ယောက်ကနေ (၁၆) ယောက်အထိတည်းခိုနိုင်တဲ့အခန်းတွေရှိပါတယ်။ စာသောက်ဆိုင်တွေလည်းရှိတယ်ဗျ။ ဥယျာဉ်အတွင်း ငှက်ကြည့်တာ၊ ရုက္ခဗေဒ၊ သတ္တဗေဒ စတဲ့ ဘာသာရပ်အထူးပြုဆိုင်ရာသုတေသနလုပ်ငန်းတွေလေ့လာတာမျိုးလုပ်နိုင်ပါတယ်။

ဘယ်လိုသွားရလဲ

လိုင်းကားနဲ့သွားဖို့မလွယ်ဘူးဗျို့။ ကိုယ်ပိုင်ကားလေးနဲ့ သူငယ်ချင်းအုပ်စုလိုက်တင်ပြီးသွားသင့်ပါ တယ်။ စားစရာသောက်စရာလေးတွေအပြည့်သယ်ပြီး အုပ်စုလိုက် ခွီလို့အကောင်းဆုံးပေါ့။ ပဲခူး အကျော်မှာရှိတာမို့သိပ်မဝေးပါဘူး။ လမ်းကတော့ ဟိုမေးဒီမေးနဲ့ရောက်သွားတာပါပဲ။ အဲဒီကအ ခန်း ခတွေလည်းစျေးကြီးတယ်လို့ပြောလို့မရပါဘူး။ အဲဒီတော့ ပိတ်ရက်မှာ ရက်တိုလေးပဲသွားမယ်ဆို ရင်တော့ သွားသင့်တဲ့နေရာလေးတစ်ခုပေါ့ဗျာ။
မေတ္တာရိပ်မှာအေးချမ်းပါစေ။ တိမ်တိုက်ထွန်း။
×××××