တောင်ပိုင်းနမ့်စန်ဆိုတာ ကျော် တို့လိုရန်ကုန်အခြေစိုက်ခရီးသွားချင်သူတွေအတွက် မထင်မရှားနေ ရာလေးပါ။ ဒါပေမဲ့ အဲဒီမထင်မရှားနေရာလေးကပဲ အံအားသင့်လောက်အောင်ဆွဲဆောင်မှုကောင်းစေ ခဲ့ပါတယ်။
နမ့်စန်မြို့ကိုသွားကြမယ်
ရန်ကုန်ကနေ နမ့်စန်ကိုတိုက်ရိုက်ကားရှိပါတယ်။ ဒါပေမဲ့ ကျော်တို့ကတော့ ရန်ကုန်ကနေတောင်ကြီး ကိုအရင်သွားပြီး အဲဒီကနေမှတစ်ဆင့် နမ့်စန်ကိုသွားခဲ့ကြတာပါ။ တောင်ကြီးကနေ နမ့်စန် ၇၅ မိုင်ရှိပါ တယ်။ ဒီအချိန်ဆိုရင်လမ်းမှာ ပန်းနှမ်းတွေပွင့်နေပြီမို့ ပန်းခင်းထဲဓါတ်ပုံရိုက်လို့ရတယ်ဗျ (အပင်တော့ တက်မနင်းမိစေနဲ့ပေါ့နော့)။ ပန်းခင်းမကသေးဘူး တောင်တန်းကြီးနောက်ခံထားပြီးရိုက်လို့လည်းရ တယ်။ ပြီးတော့ အစိမ်းရောင်၊ အဝါရောင် အကွက်လိုက်အကွက်လိုက်အထပ်ထပ်ဖြစ်နေတဲ့စိုက်ခင်း ပြင်ကြီးတွေလည်း ဓါတ်ပုံကောင်းကောင်းရစေပါတယ်။
မြို့ကလေးအကြောင်း
နမ့်စန်မြို့ဟာ ဟိုးအရင်တုန်းကရွာကြီးတစ်ရွာဖြစ်ခဲ့ပြီး ၁၉၄၅ ခုနှစ်မှာ စစ်ဒဏ်ကြောင့်ပျက်စီးခဲ့တယ် လို့သိရပါတယ်။ ၁၉၅၀ ခုနှစ်ရောက်တဲ့အခါ ခရီးသွားကုန်သည်တွေအခြေချရာကနေ ရွာပြန်ပေါ်ခဲ့တာ လို့ဆိုပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်၊ ကျိုင်းတုံ-တာချီလိတ်သွားတဲ့လမ်းမပေါ်မှာ တည်ရှိတာဖြစ်ပြီးမြို့နယ်ဧရိယာ ၁၅၉၄.၁၂ မိုင် နဲ့ မြို့ဧရိယာ ၂.၀၉ မိုင်ရှိပါတယ်။ အရှေ့ဘက်မှာ ကွန်ဟိန်းမြို့နယ်၊ အနောက်ဘက်မှာ လွိုင်လင်မြို့နယ်၊ တောင်ဘက်မှာမိုးနဲမြို့နယ်နဲ့မောက်မယ် မြို့ နယ်၊ မြောက်ဘက်မှာလဲချားမြို့နယ်တို့နဲ့ထိစပ်နေပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၃၁၆၆ ပေမှာ တည်ရှိပါတယ်။
ဘေးပတ်ပတ်လည်မှာ လွယ်ပန်တန်းတောင်တန်း၊ လွယ်မောင်းတောင်တန်း တွေရှိပါတယ်။ ရဟတ် ယာဉ်ကွင်းရှိတဲ့မြို့လေးလည်းဖြစ်ပါတယ်။ ကျော်ကြည့်မိသလောက်ကတော့ ဟိုတယ်တွေ၊ မိုတယ် တွေ၊ အင်းတွေမရှိပါဘူး တည်းခိုခန်းတွေတော့ရှိပါတယ်။ မြို့လေးကအေးချမ်းပြီးဆောင်းတွင်းမှာဆို မနက်ပိုင်းတွေဆို မြူတွေကချစ်စရာကောင်းအောင် ပိတ်နေတတ်ပါတယ်။
နမ့်စန်မှာ လည်စရာ
မက်မွန်မုန်းကျေးရွာအုပ်စု မှာရှိတဲ့ နမ့်တိန်းချောင်းသဘာဝတရားရိပ်သာကိုသွားရောက်လည်ပတ်နိုင် ပါတယ်။ မိဘမဲ့ကလေးတွေ ခိုကိုးရာမဲ့သူတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးထားတဲ့နေရာလေးတစ် ခုဖြစ်ပြီး တောင်တွေတောင်တွေကြားဖြတ်သန်းစီးဆင်းနေတဲ့ချောင်းအလှ၊ မိဘမဲ့ကလေးတွေရဲ့တစ် နေ့တာဖြတ်သန်းရမှုတွေကိုလေ့လာနိုင်ပါတယ်။ အဲဒီမှာတည်းလို့လည်းရတယ်လို့ ဘုန်းဘုန်းကပြော ပါတယ်။ လူမျိုးဘာသာမရွေးကိုစောင့်ရှောက်ထားတာဖြစ်ပြီးကလေးတွေအတွက် ကစားကွင်းလုပ်ပေး ထားတာလည်းတွေ့ရပါတယ်။
နောက်တစ်နေရာကတော့ နောင်ဖာကန်ဖြစ်ပါတယ်။ ဟိုနောင်ကျေးရွာအုပ်စုထဲမှာရှိပါတယ်။ နောင်ဖာ ကန်မှာ ဘုရားရှိပြီး အဲဒီစေတီတည်ထားခဲ့တဲ့သမိုင်းကိုလည်း လေ့လာနိုင်အောင်နေရာလေးလုပ်ပေး ထားပါတယ်။ နောင်ဖာကန်ကိုရောက်တာနဲ့ ကြာပန်းပင်တွေအဆုပ်လိုက်အဆုပ်လိုက်တွေ့ရမှာဖြစ်ပြီး သစ်သားတံတားရှည်ကိုဖြတ်ပြီးဘုရားရှိရာနေရာဆီကိုသွားနိုင်မှာဖြစ်ပါတယ်။ အဲဒီကနေတစ်ဆင့်ကန် ထဲမှာ လှေစီးနိုင်ပါတယ်။ တစ်ယောက်ကိုတစ်ထောင်ပေးရပါတယ်။ အင်းလေးကန်မှာလှေစီးသလိုပဲ နောင်ဖာကန်မှာလှေစီးရင် ကန်ရေပြင်သဘာဝကိုခံစားနိုင်ပါတယ်။ ဒါပေမဲ့ နောင်ဖာကန်ရဲ့အလှက အေးချမ်းတယ်၊ ဆိတ်ငြိမ်တယ်၊ လူရှင်းတော့အေးအေးလူလူရှိပါတယ်။
(၃) ရပ်ကွက်ထဲမှာရှိတဲ့ ဆတိုးဆုတောင်းပြည့်စေတီကိုလည်း သွားရောက်ဖူးမျှော်ဖို့ညွှန်းဆိုချင်ပါ တယ်။ မြို့လေးရဲ့မြင်ကွင်းကိုအဲဒီကနေခြုံပြီးတွေ့နိုင်ပါတယ်။ ကျော်တို့ကတော့ နမ့်စန်စျေးထဲမှာ ရှမ်း ရိုးရာအစားအစာလေးတွေစား လှည့်ပတ်ကြည့်ရှုရင်းဘုရားပေါ်ကိုတက်နိုင်ပါတယ်။ ကွန်ကရစ် လှေ ကားထစ်လေးတွေကိုတက်ရင်း စကားတွေတပြောပြောနဲ့ပေါ့။
နမ့်စန်အနီးတစ်ဝိုက် လည်စရာတွေ
နမ့်စန်အနီးတစ်ဝိုက်လည်စရာနေရာတွေကများပါတယ်။ ပလောင်ရွာတွေ၊ လွယ်ကြံ့တောင်၊ ခွန် ဆမ်လောနဲ့နန်းဦးပြင်တို့နေရာ၊ မိုးနဲ၊ လင်းခေး၊ ကျိုင်းတောင်းရေတံခွန် စုံလို့ပါပဲ။ အခွင့်အခါ သင့်ရင်သွားလည်ကြဖို့ ညွှန်းပါရစေဗျို့။ မေတ္တာရိပ်မှာအေးချမ်းပါစေ။
×××××
