အလုပ်ခေါ်စာတွေမှာ JD တွေကြည့်လိုက်ရင် လန်ပျံထွက်နေအောင်ကောင်း၊ အဆင့်တွေမြင့်ပြီး လစာ ကြည့်လိုက်တော့ နှစ်သိန်း၊ သုံးသိန်းတဲ့ဗျာ။ အဲဒီလစာတွေမြင်ပြီး တကယ်ရင်နာရပါတယ်။ စာရေးတဲ့ သူတွေဟာ အဲဒီလောက်ပဲတန်သလား။ အနည်းဆုံး အင်္ဂလိပ်စာအခြေခံရှိပြီးမှလုပ်ရမယ့်အလုပ်၊ ဘွဲ့ လေးတစ်ခုတော့ အနည်းဆုံးရပြီးမှလုပ်ရမယ့်အလုပ်၊ ဒီဂျစ်တယ်ရေစီးကြောင်းကို တီးမိခေါက်မိရှိမှ လုပ်ရမယ့်အလုပ်၊ စာပေနယ်ပယ်မှာ အတွေ့အကြုံရှိပြီးမှ လုပ်ရမယ့်အလုပ်၊ ကုမ္ပဏီ Trend ကိုနားလည်မှလုပ်ရမယ့်အလုပ်က အဲဒီလောက်ပဲတန်သလားဗျာ။
တစ်ခုတော့ရှိတာပေါ့။ Content Writer လို့ ကိုယ့်ကိုယ်ကိုယ်ခံယူထားပြီး Copy Writer နဲ့ Content Writer ကို သဲသဲကွဲကွဲမသိတဲ့သူ၊ စာလုံးပေါင်းတွေမှန်အောင်မရေးတတ်တဲ့သူ၊ ကိုယ်ရေး တဲ့ Content Focus ကို မပြတ်သားသေးသူ၊ Ethic ဆိုတာလည်းမရှိ Engagement တက်ဖို့ ဆိုရင် မောင်နှမ သားအမိမဖတ်သင့်တဲ့ 21 + စာတွေရေးပြီး Content Writer ခံယူထားသူဆိုရင်တော့ တစ်မျိုးပေါ့ ဗျာ။ ဘာသာလေးပြန်တတ်၊ မြန်မာစာလေးသတ်ပုံမမှားရုံအောင်ရေးတတ်ရုံနဲ့တော့မလုပ်စေချင်ပါဘူး။ စျေး ကွက်လည်းပျက်ပါတယ်။ Content Writer တစ်ယောက်ရဲ့လစာက အနည်း ဆုံး (၄) သိန်းကနေ ဒေါ် လာထောင်ချီရသင့်ပါတယ်။ စာရေးတဲ့အလုပ်ဟာ တစ်လ တစ်သိန်း နှစ်သိန်းလောက်အထိမပေါဘူး လို့ ကျွန်တော်သတ်မှတ်လို့ပါ။
လစာ နှစ်သိန်းခွဲလောက်နဲ့ Content Writer လိုချင်တဲ့အလုပ်ရှင်တွေကိုလည်း တော်တော်လေးစိတ် ပျက်မိပါတယ်။ ဒီအလုပ်က အဲဒီလောက်ကြီးစျေးပေါသလားဗျာ။ စျေးပေါပေါနဲ့ လုပ်တဲ့ ၀ါသနာရှင် အဆင့်တွေကိုလည်းစိတ်ပျက်မိပါတယ်။ ၀ါသနာပါရင် အလကားသာလုပ်ပေးပြီး တစ်နှစ်လောက် အတွေ့အကြုံရတဲ့အခါမှသာ အဆင့်တစ်ခုရှိတဲ့လစာကိုယူစေချင်ပါတယ်။ ဒီလိုပြောလို့ ကျွန်တော်က ဆရာကြီးလား ဘယ်လောက်သိ ဘယ်လောက်တတ်လို့လဲဆိုတော့ တကယ်မသိမတတ်ပါဘူး။ ဒါပေမဲ့ စာရေးတဲ့အလုပ်ကို ကျွန်တော်တန်ဖိုးထားပါတယ်။ Content ပဲရေးရေး Copy ပဲရေးရေး ဘယ်လိုအ ခြေအနေမျိုးပဲဖြစ်ဖြစ် စာရေးတယ်ဆိုတာ စိတ်နှစ်ကိုယ်နှစ်ပြီး ဖတ်မှတ်လေ့လာပြီးမှရေးရတဲ့အလုပ်ပါ။ ပြီးစလွယ် ရေးတတ်ရုံနဲ့တော့ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုကိုလုပ်ဖို့မဖြစ်နိုင်ပါဘူး။ တန်ဖိုး ထားစေချင်လို့ပါ။
လစာဘယ်လောက်ရသင့်လဲဆိုတဲ့မေးခွန်းနောက်ကွယ်မှာတော့ အရည်အချင်းဘယ်လောက်ရှိသလဲ ဆိုတာရှိတာအသေအချာပါပဲ။ အရည်အချင်းရှိတဲ့ Content Writer တွေ အဆင့်အတန်းမြင့်တဲ့လစာ ရစေချင်ပါတယ်။ အပေါ်မှာပြောခဲ့သလို မြန်မာစာလုံးပေါင်းတောင်သေချာမပေါင်းတတ်၊ ဘာသာလေး ပြန်တတ်ရုံနဲ့တော့ အဲဒီအလုပ်ကိုမလုပ်စေချင်ပါဘူးခင်ဗျာ။ Professional စျေးကွက်တစ်ခု ပျက်နေ သယောင်မြင်မိလို့ပါ။ မြင်ရတွေ့ရတာ စိတ်မကောင်းဖြစ်လွန်းလို့ ရေးမိတာဖြစ်ပါတယ်။ ကျေးဇူးပါ။
မေတ္တာရိပ်မှာအေးချမ်းပါစေ။
×××××