စင်ပေါ်မှာ စကားပြောရမှာကြောက်နေလား…..ဒီနည်းတွေသုံးပြီး အကောင်းဆုံးတင်ဆက်လိုက်ပါ

စကားဝိုင်းတစ်ခုမှာဆွဲဆောင်မှုရှိအောင်ပြောဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ စင်ပေါ်မှာ အားလုံးရဲ့စိတ်ဝင်စားမှုကိုခံရတဲ့ အစီအစဉ်တင်ဆက်သူကောင်းတစ်ယောက်အဖြစ်တင်ဆက်ဖို့ဆိုတာ က ပိုတောင်မလွယ်ကူပါသေးတယ်။ စင်ပေါ်မှာ အကောင်းဆုံးဘယ်လိုတင်ဆက်သင့်လဲဆိုတာကို အကြံပေးဖော်ပြလိုက်ပါတယ်။

(၁) ဘယ်အချိန်မှာဘာပြောမယ်ဆိုတာ ကြိုတင်ချမှတ်ပါ
××××××××××××××××××××××××××××××

ကြိုတင်ပြင်ဆင်မှုက ဘယ်နေရာမှာပဲဖြစ်ဖြစ် မဖြစ်မနေပြုလုပ်ရမယ့်အရာဖြစ်ပါတယ်။ တင်ဆက်သူ ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုကောင်းကောင်းလိုတာပေါ့။ ကိုယ်တင်ဆက်ရ မယ့်အကြောင်းအရာရဲ့ အဓိကအချက်ကဘာလဲ၊ ဘယ်လောက်အနေအထားအထိအောင်မြင်အောင် ပြုလုပ်မလဲဆိုတာတွေကို တွေးပြီးကြိုတင်ပြင်ဆင်မှုပြုလုပ်ရမှာဖြစ်ပါတယ်။ တင်ဆက်သူရဲ့ပြောစ ကားထဲက ၁၀ ရာခိုင်နှုန်းကိုသာ ပရိတ်သတ်ကမှတ်မိနိုင်တာမို့ စကားတွေဖောင်းပွမနေအောင် ဂရုစိုက် ရမှာဖြစ်ပါတယ်။ ကိုယ်အလုပ်တွဲရမယ့်သူနဲ့ အစည်းအဝေးပြုလုပ်တာမျိုး ဖုန်းအဆက်အသွယ်လုပ် တာမျိုးချိတ်ဆက်ပြီးအရာအားလုံးကို ရှင်းရှင်းလင်းလင်းသိအောင်ပြင်ဆင်သင့်ပါတယ်။

(၂) အဖွင့်အမှာစကားပြောနည်း
×××××××××××××××××

အရေးအကြီးဆုံးသောအကြောင်းအရာက အဖွင့်လှစေဖို့ဖြစ်ပါတယ်။ စင်အောက်မှာထိုင်နေကြတဲ့ လူကြီးမင်းတွေအားလုံးရဲ့အာရုံကိုဖမ်းစားနိုင်ဖို့အတွက် တင်ဆက်သူရဲ့လှုပ်ရှားမှုတိုင်းဟာအရေးပါ ပါတယ်။ ဒါကြောင့် အဖွင့်မှာ လိုတိုရှင်းနဲ့ ထိထိမိမိတင်ဆက်ဖို့ကအဓိကဖြစ်ပါတယ်။ အဖွင့်လှစေဖို့ အတွက် ဒီအချက်လေးတွေကိုအစဉ်လိုက်ပြုလုပ်သင့်ပါတယ်။

(က) ကိုယ့်ကိုယ် ကိုယ်မိတ်ဆက်ခြင်း
(ခ) ကိုယ်ပြောမယ့်အကြောင်းအရာကိုရှင်းပြခြင်း
(ဂ) သင်ဘာပြောမလဲ၊ ဘယ်လို ပုံစံတင်ဆက်မလဲဆိုတာကိုရှင်းပြခြင်း
(ဃ) သင့်တင်ဆက်မှုကို နားထောင်တဲ့သူတွေအနေနဲ့ ဘယ်လို အကျိုးရလာဒ်တွေရမလဲ ဆိုတာကို ပြောပြခြင်း
(င) နားထောင်နေတဲ့ ပရိတ်သတ်တွေဆီကနေ တင်ဆက်သူကဘာတွေပြန်လိုချင်သလဲဆိုတာကို ပြောပြခြင်း တို့ဖြစ်ပါတယ်။

အဲဒီ (၅) ချက်ကိုအစီအစဉ်အလိုက်ပြုလုပ်ပြီး အမှားအယွင်းမရှိအောင်၊ မမေ့အောင် စာရွက်၊ Notes တွေနဲ့ မှတ်ထားပြီးယူဆောင်ထားသင့်ပါတယ်။

(၃) အကောင်းဆုံးဘယ်လိုတင်ဆက်မလဲ
××××××××××××××××××××××

အဖွင့်မိတ်ဆက်စကားပြောပြီးရင်တော့ သင်ဟာ အရေးပါဆုံးသောပုဂ္ဂိုလ်အဖြစ် စင်ပေါ်မှာ အစီအစဉ် တွေကိုတင်ဆက်ရတော့မှာဖြစ်ပါတယ်။ သင်ရဲ့တင်ဆက်မှုဟာ အချက် (၅) ချက်နဲ့ညီရမှာဖြစ်ပါတယ်။ အဲဒီအချက်တွေကတော့ ဒီလိုပါ။

(က) ယုံကြည်မှုတည်ဆောက်ပါ
တင်ဆက်သူက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိရင် အောက်မှာနားထောင်နေသူတွေလည်း စိတ်ဝင်တ စားရှိမှာမဟုတ်ပါဘူး။ ဒီတော့ အရေးအကြီးဆုံးကတော့ ယုံကြည်မှုရှိရှိတင်ဆက်နိုင်ဖို့ပါ။ စိတ်ကိုတည် ငြိမ်အောင်ထားတာမျိုး၊ အသက်ဝဝရှုတာမျိုး လုပ်ပြီး ယုံကြည်မှုကိုတည်ဆောက်လိုက်ပါ။

(ခ) မျက်လုံးချင်းစကားပြောပါ
စင်အောက်မှာရှိနေတဲ့ပရိတ်သတ်နဲ့ မျက်လုံးချင်းဆိုင်ပြီး စကားပြောကြည့်ပါ။ အစီအစဉ်တင်ဆက်သူ က အဝေးတစ်နေရာကိုကြည့်ရင်းဖြစ်ဖြစ် အခြားတစ်နေရာကိုကြည့်ရင်းဖြစ်ဖြစ် စကားပြောတင်ဆက် နေရင် စိတ်ဝင်စားမှုနည်းပါလိမ့်မယ်။ ဒီတော့ လူတစ်ချို့နဲ့ မျက်လုံးချင်းဆိုင်ပြီး တင်ဆက်ပါ။

(ဂ) ပရိတ်သတ်အာရုံကိုရယူပါ
ကိုယ်ပြောနေတဲ့စကားလုံးကို ပရိတ်သတ်အာရုံရစေဖို့ ပရိတ်သတ်နဲ့အချိတ်အဆက်ပြုလုပ်ဖို့လိုပါ တယ်။ ဥပမာ အိပ်ငိုက်နေတဲ့သူတစ်ယောက်ကို အမှတ်မထင်မေးခွန်းမေးလိုက်တာမျိုး၊ ဖုန်းပွတ်နေ တဲ့သူတွေကို စကားလှမ်းပြောလိုက်တာမျိုးတို့လုပ်ဖို့လိုအပ်ပါတယ်။

(ဃ) အသံရှင်းလင်းပြတ်သားဖို့ ဂရုပြုပါ
စကားသံရှင်းလင်းပြတ်သားဖို့လိုပါတယ်။ အဲဒါဟာအရေးအကြီးဆုံးပါပဲ။ စကားသုံးလုံးထွေးနေတယ် ဆိုရင် ဘယ်သူကမှနားထောင်ချင်မှာမဟုတ်ပါဘူး။ အားလုံးကြားနိုင်မယ့်လေသံနဲ့ပြောဖို့ လည်း လို အပ်ပါတယ်။

(င) လှုပ်လှုပ်ရှားရှားရှိပါစေ
တစ်နေရာတည်းမှာရပ်ပြီး ကျောက်ရုပ်လိုတင်ဆင်နေမယ်ဆိုရင်တော့ ဆွဲဆောင်မှုရှိမှာမဟုတ်ပါဘူး။ ဒီတော့ ဟိုလျှောက်လိုက်ဒီသွားလိုက်နည်းနည်းစီလုပ်ပြီး လှုပ်လှုပ်ရှားရှားလေးတင်ဆက်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။

(၄) နိဂုံးချုပ်နည်း
×××××××××

နိဂုံးချုပ်ရင်ပြီးပြီဆိုပြီး သဘောထားလို့မရပါဘူး။ နိဂုံးဟာ ပွဲတစ်ခုလုံးရဲ့အသက်ဖြစ်ပါတယ်။ အဲဒီအချိန် ဟာ အစီအစဉ်တင်ဆက်သူကို ပရိတ်သတ်ကအမှတ်ပေးဖို့အရေးအကြီးဆုံးအချိန်လည်းဖြစ်ပါတယ်။ ဒါကြောင့် နိဂုံးလှလှလေးဖြစ်အောင် သင်ပြောဆိုတင်ဆက်ခဲ့သမျှအားလုံးကို အကောင်းဆုံးအကျဉ်းချုပ်ပေးဖို့လိုပါတယ်။ ဒီအချက်လေးတွေထည့်သွင်းသင့်ပါတယ်။

(က) ကျင်းပခဲ့တဲ့ အခမ်းအနားကိုခြုံငုံခြင်း
(ခ) အဓိကအချက်ကိုတင်ပြခြင်း
(ဂ) ပြောပြချင်တဲ့အချက်တွေကို ထုတ်ဖော်ခြင်း
(ဃ) ပရိတ်သတ်ဆီက ထင်မြင်ယူဆချက်များတောင်းခံခြင်း တို့ဖြစ်ပါတယ်။

အကောင်းဆုံးအစီအစဉ်တင်ဆက်သူအဖြစ်ဘယ်လိုတင်ဆက်မလဲဆိုတဲ့ ခေါင်းစဉ်ကိုWorkshop တစ်ခုမှာသင်ကြားဆွေးနွေးခဲ့တာဖြစ်ပါတယ်။ အဲဒီကနေပြန်လည်ဝေမျှလိုက်တာပါ။ မေတ္တာရိပ် မှာအေးချမ်းပါစေခင်ဗျာ။
×××××