(၁၄)
စာအမှတ်(၇)
သို့/
ဟန်နီ
ရေးရတာ အခက်ဆုံးပုံစံတစ်မျိုးကို ပြောပြမယ်။ မင်း သိပြီးသားဖြစ်ချင်လည်းဖြစ် မှာပေါ့လေ။ ကိုယ်တို့နိုင်ငံမှာတော့ ဒီရေးသားနည်းက တစ်ခြားရေးသားနည်းနဲ့ ယှဉ်ရင်ရှား တယ်။
“သရော်စာ” (Satire) တဲ့။ ရေးရတာခက်ပြီး ဖတ်လို့ကောင်းတယ်လို့ ဆရာက အဆိုရှိခဲ့တယ်။ ကိုယ်ပြောပြချင်တဲ့ အချက်အလက်တွေကို ဟာသပုံစံ၊ သရော်တဲ့ ပုံစံနဲ့ စာဖတ်သူကို ချပြတာပေါ့လေ။ ဖျော်ဖြေမှုတစ်ခုအသွင်လည်း ဆောင်တယ်။ ဆရာက တော့ အခုလို ရေးပြတယ်။
Satire : Aims to bring to tell the news in satiric or funnys way, that reder is enteratained but as well get in the information and opinion of author. တဲ့လေ။
အောင်မြင်ပါစေ ဟန်နီ။ I Love You.
ဒါလင်
“ကဲ… ဘယ်လိုလဲ”
စာဖတ်အပြီး သူမက ကျွန်တော့်ဆီက အထင်လှမ်းတောင်းသည်။
“ဘာကိုလဲ”
“ဘာထူးခြားနေသလဲလို့ မေးတာ”
ကျွန်တော်ပခုံးတွန့်ပြလိုက်၏။
“I Love You လို့ ရေးထားတာ မတွေ့ဘူးလား”
“ဒါ မဆန်းပါဘူး သူနင့်ကို အစကတည်းက ချစ်နေလို့ ဒီလို စာတွေတကူးတကပို့ တာနေမှာပေါ့”
“သင်တန်းစတက်ခါစကတည်းကလေ၊ ငါတို့တွေဆုံပြီး သိပ်မကြာဘူး၊ အင်း … ရက် ပိုင်းပဲရှိတဲ့ ကာလမှာ သူက င့ါကိုချစ်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား၊ ခဏလေးအတွင်းမှာ လေ”
“Love at first Sight ဆိုတာရှိတာပဲ Hoa၊ ဖြစ်နိုင်ပါတယ်။ ငါကတော့ ယုံတယ်။ အချစ်ဆိုတာ အချိန်ကာလကြာရှည်မှုနဲ့ မဆိုင်ပါဘူး။ တဒင်္ဂအတွင်းမှာလည်း ဖြစ်တတ်ပါ တယ်”
သူမနဲ့ ကျွန်တော့်ကိုပဲကြည့်.. အချိန်တိုအတွင်းမှာ အရင်းနှီးဆုံးလူတွေဖြစ်ခဲ့ကြပြီ။ ဘာလုပ်လုပ်၊ ဘယ်သွားသွား သူမရဲ့တိုင်ပင်ဖက်ဟာ ကျွန်တော်ဖြစ်နေပြီ။ ကိုယ့်နိုင်ငံသား၊ ကိုယ့်လူမျိုးအချင်းချင်းထက် သူများနိုင်ငံက သူငယ်ချင်းကို ပိုခင်တွယ်တာကမဆန်း။ သူမ ဘာပြောပြော ကျွန်တော်နားထောင်မည်။ အကြံပေးမည်။ သူမ ပြောချင်သမျှ အတင်းအ ဖျင်း ကျွန်တော်သိပေမယ့် သင်တန်းကာလအတွင်းမှာပဲ ဒါတွေဟာ ပျောက်ကွယ်သွား မည်။ ကိုယ့်နိုင်ငံရောက်ရင် ပြန်ပြောစရာအကြောင်း မရှိ။ သတင်းတွေပွစရာ အကြောင်း မရှိ။ ကိုယ့်နိုင်ငံသား အချင်းချင်းဆိုရင်တောင် ပြန်ရောက်ရင်ဖွနိုင်သေးသည်။
သေချာတာကတော့ Va ခြေထောက်မှာ အမာရွတ်တွေ့ပြီးနောက်ပိုင်း သူမနဲ့ ကျွန်တော်ဆက်ဆံရေးဟာ အရင်ကလောက်မနွေးထွေးတော့တာအမှန်ပင်။ စကားတွေ တော့ ပုံမှန်ပြောပေမယ့် ရင်ထဲမှာတော့ နည်းနည်းဝေးသွားသလို ခံစားရ၏။
“စာတွေလည်း ပုံမှန်အတိုင်းပဲ ရောက်နေတယ်ဆိုတော့ နင် Va ကို မမေးကြည့်ဘူး လား၊ စာတွေပို့တာ Va လားလို့”
“ငါမပြောချင်သေးဘူး”
“ဘာလို့လဲ”
“စာတွေကို စောင့်ကြည့်ချင်သေးတယ်။ မပြီးသေးဘူးလေ။ သူဘယ်လိုဆက်လှုပ် ရှားမလဲပေါ့၊ ဒီကြားထဲ မသိချင်ယောင်ဆောင်နေတာပဲကောင်းပါတယ်။ နင်လည်း ငါ့ကို ပေးထားတဲ့ ကတိအတိုင်းပဲနော်၊ Va နဲ့ ငါ့ကွယ်ရာမှာ ဘာစကားမှ မပြောမိပါစေနဲ့။ ငါပြော သလိုပဲနေ”
“ဟင်း … နားမလည်တော့ဘူးဟာ”
ကျွန်တော်နားမလည်တာတော့ တကယ်အဆုံးစွန်ထိနားမလည်တာပါ။ သူမ ကျွန် တော့်ကို စကားပြောတာတွေကလည်း အရင်ကလို ပွင့်လင်းမှုမရှိတော့သလို ပြီးတော့ အဆိုးဆုံးက ကျွန်တော့်ထက် Va ကိုပိုပြီး အရေးပေးသွားသလို ခံစားရသည်။ ဟုတ်ပါ တယ်။ Va အနားကိုပဲ သူမ ကပ်နေတာပါ။
ကျွန်တော်ရယ်၊ လာအိုက Pao ရယ်၊ Va ရယ်၊ သူမရယ် ထိုင်နေကျအတိုင်းထိုင် ပေမယ့် ကျွန်တော်နဲ့ သိပ်စကားမပြောဖြစ်တော့။ သင်ခန်းစာတွေလုပ်ရင်လည်း Va ကိုပဲ တိုင်ပင်သည်။ သူမနဲ့ စကားအများကြီး မပြောဖြစ်တော့လို့ ကျွန်တော်ခံစားရတာကို သူမ မသိချင်ယောင်ဆောင်နေသလို။
ကျွန်တော်ကလည်း အတတ်နိုင်ဆုံးဟန်ဆောင်ထားမိသည်။ ကျွန်တော့် အမူအရာ ကို မြန်မာက သူငယ်ချင်းတွေနဲ့အတူ ရိပ်မိသူမှာ Pao ပင်ဖြစ်လေသည်။
“မင်း ဘာဖြစ်နေလဲဆိုတာ ငါသိတယ် နောင်နောင်”
ကျွန်တော် ဘာဖြစ်နေတာလဲ။ Pao ကို ပြုံးပြမိရုံမှတစ်ပါး ကျွန်တော်ဘာမှ ပြန်မ ပြောမိပါ။ အခန်းပြန်ရောက်ရင်လည်း ညီညီက မသိချင်ယောင်ဆောင်နေပေးပါသည်။
Pao က ကျွန်တော့်ကို ကိုယ်ချင်းစာတာလားတော့မသိ သူမနဲ့ ကျွန်တော်အဆင်မ ပြေဖြစ်တဲ့နေ့ကစပြီး Happy Hour သွားဖို့ လာခေါ်တတ်ပါသည်။ ပြီးတော့ ကျွန်တော်တို့ နှစ်ယောက်အတူသောက်ကြသည်။
Hoa ကိုရော၊ Va ကိုရော Happy Hour မှာမတွေ့ရတတ်ပါ။ Happy Hour အခန်း ရှေ့ကဝရံတာဘောင်လေးမှာ လက်ရန်းကိုမှီပြီး စကားတွေပြောနေတတ်ကြတာကိုတော့ တစ်ခါတလေ သတိထားမိပါသည်။
ကျွန်တော် ဘာလုပ်ရမလဲ။
ဟင့်အင်း။ ကျွန်တော်ကိုယ်တိုင်လည်း မသိတော့။ Pao နဲ့အတူတူ Cheer လုပ်ရုံ မှတစ်ပါး ကျွန်တော်ဘာမှမပြောတော့။ ကျွန်တော် စိတ်ညစ်ရင် Pao က ကျွန်တော့်ကို အမူးတိုက်သည်။ ကျွန်တော် သိပ်မသောက်နိုင်ရင် မင်းက ဒါလေးတောင် မသောက်နိုင် ဘူးဆိုပြီး ကျွန်တော့်ကို စကားနာထိုးသည်။
“မင်းတို့နိုင်ငံမှာ အမြဲတမ်းသောက်ဖြစ်လား”
“အင်း … တစ်ပတ်ကို နှစ်ခါ၊ သုံးခါလောက်တော့ သောက်ဖြစ်ပါတယ်။ ငါက alcoholic လေ၊ ပုံမှန်သွားဖြစ်တယ်။ မင်းရော…အင်း၊ မင်းပုံစံကြည့်ရတာ သိပ်မသောက် တတ်တဲ့ပုံပဲ”
“ဟုတ်တယ်၊ ငါက ဘီယာလောက်ပဲ သောက်ဖြစ်တယ်”
Pao စပ်ပေးသော အရက်အရသာကို ကျွန်တော်တစ်ခါမှ မခံစားဖူးပါ။ ချိုပြင်းပြင်း ဖြစ်သည်။ သုံးခွက်လောက်သောက်ရင် ကျွန်တော်မှောက်တော့မလိုဖြစ်ပြီ။ ကျွန်တော် ယိုင် တိုင်တိုင်ဖြစ်တဲ့အခါ သူက ကျွန်တော့်အခန်းအထိတွဲကူလိုက်ပို့ပေးပါသည်။ သုံးရက် လောက် ဆက်တိုက်ဖြစ်လာတဲ့အခါမှာတော့ ညီညီက သည်းမခံနိုင်တော့ပါ။ ကျွန်တော့်အ ပေါ် ငြိုငြင်တော့သည်။
“နယူးဒေလီဆိုတာ သတိရောထားမိရဲ့လား နောင်နောင်၊ ဒါ ရန်ကုန်မဟုတ်ဘူး၊ ငါတို့ဒီကို ဘာအတွက်လာတာလဲ။ မင်းခေါင်းထဲထည့််ထားလေ။ သောက်ဖို့စားဖို့အတွက် လာတာမဟုတ်ဘူး၊ ပညာသင်ဖို့လာတာ၊ ဒီကလည်း ငါတို့ကို ပညာသင်ဖို့ခေါ်တာ၊ ပြီးတော့ မင်းလုပ်နေတာ မီဒီယာအလုပ်နော် … သိဦး”
ကျွန်တော် ပြန်မပြောနိုင်ပါ။
ညီညီပြောသမျှ မှန်နေတာပဲလေ။
“နေပါဦး မင်း Hoa ကို ဖွင့်မပြောရဲတာလား၊ ဘာကို မပြတ်မသားဖြစ်နေတာလဲ”
“ငါ”
“အေး၊ ငါ ဖွင့်ပြောပေးမယ်၊ Hoa ကို နောင်နောင် ချစ်နေတာပါလို့”
“ မဟုတ်ဘူး၊ မဟုတ်ဘူး”
“ဒါဆို ဘာလဲ ၊ ဘာဖြစ်ချင်တာလဲ ပွင့်ပွင့်လင်းလင်းပြောလေ၊ မင်းနဲ့ငါနဲ့က လျှိုထား ရမယ့် လူတွေလား”
“မဟုတ်ဘူး ညီညီ၊ ငါ…ငါ့ကိုယ်ငါ မကျေမနပ် ဖြစ်နေတဲ့ သဘောပါ။ Hoa ကို ငါဖွင့် မပြောရဲတာလဲမဟုတ်ဘူး။ ငါ… အရက်သောက်တယ်ဆိုတာကလည်း ဘာသဘောနဲ့မှ မဟုတ်ပါဘူ၊ အိုကေ… ငါ ဆင်ခြင်ပါ့မယ်ကွာ”
ညီညီကတော့ ကျွန်တော့်အပေါ် နားမလည်နိုင်တော့ဘူးလို့ဆိုသည်။ ဘယ်လိုပဲ စိမ်းကား စိမ်းကား Hoa ကတော့ အဲဒီ စာတွေရောက်တိုင်း ကျွန်တော့်ကို ပေးဖတ်လေ သည်။
x x x x x