ရင်နှင့်အမျှ အပိုင်း (၂၄)

(၂၄)
“ဆရာမ သူ့အခြေအနေက ဘယ်လိုရှိသလဲခင်ဗျ”
စာအုပ်တစ်အုပ်ကို ကိုင်ဖတ်လျက်် ကျွန်တော့်ကို အရေးတယူမရှိလှသော သူမကို ကျွန်တော်လည်း ဂရုမစိုက်သေးပါ။ ခေါင်းအုံးမှီထိုင််ခြေဆင်းလျက် အေးအေးလူလူရှိနေ သော မေမြသွယ်ရဲ့ဘေးကစားပွဲခုံပေါ်မှာ စားစရာ၊ သောက်စရာအပြည့်။ စပယ်ရှယ်နာ့စ် ကလည်း ရှိသေးသည်။
ကျွန်တော်… သူမအတွက် ဝယ်လာပေးသော စားစရာတစ်ချို့ကို စားပွဲခုံပေါ်တင် လိုက်သည််။ ဆရာမကို အခြေအနေမေးလိုက်ခြင်းဖြစ်ပါသည်။ သူမက ကျွန်တော့်ကို စကား စမပြောသလို ကျွန်တော်စပြောဖို့လည်း စိတ်ကူးမရှိ။
“ဒဏ်ရာ အခြေအနေအပေါ်ကြည့်ပြီး နောက်တစ်ပတ်လောက်တော့ အနည်းဆုံးနေ ရဦးမယ်။ အဲဒါပြီးရင်တော့ အိမ်ပြန်နားလို့ရပါပြီ”
ခေါင်းညိတ်ကာ ကျေးဇူးတင်စကားပြောလိုက်ပြီး ပြန်ဖို့ပြင်၏။ ကျွန်တော် ဒီနေရာမှာ ဆက်နေစရာ အကြောင်းမရှိတော့။ ကားနဲ့ မတော်တဆတိုက်မိတာဆိုပေမယ့် ကျွန်တော့် ကံကြမ္မာက သူမရဲ့ကျေနပ်ချက် မကျေနပ်ချက်အပေါ်မှာ မူတည်နေတာမို့ ကျေနပ်ဖို့ တောင်းပန်ရအောင် ကျွန်တော်စိတ်မကူးမိပါ။ ထို့အတူ ကျေနပ််ကြောင်းပြောပြီး ကျွန်တော့် ကို ဘာအရေးမှမယူစေခဲ့သည့် သူမရဲ့ စကားတွေကြားသိခဲ့ရသည့်အတွက် ကျေးဇူးတင်ဖို့ လည်း စိတ်မကူးမိပါ။
“သော်မင်းနောင်”
ပြန်ခါနီးမှ လှမ်းခေါ်တော့ မထူးဆန်းသော ပုံစံနဲ့ ကြည့်မိလိုက်သည်။
“ကျွန်မကြောင့် ရှင်ဘာအမှုမှ မဖြစ်စေရဘူး”
ဖြစ်မှဖြစ်ရလေ။ ဒါနဲ့ပဲ ကျွန်တော်က ဦးညွတ်မတတ်ဖြစ်ရတော့မှာလား။
“ကျွန်တော်က ခင််ဗျားကို ကျေးဇူးတင်ရမှာပေါ့လေ”
ပြဿနာတစ်ရပ်ကို သူမ ကိုယ်တိုင်ဖန်တီးပြီး ပြန်လည်ဖြေရှင်းပေးသယောင်ဆောင် တာကို ကျွန်တော်က ကျေးဇူးတင်ရမှာလား။
“ရှင် ကျွန်မကို တော်တော်မုန်းနေလား”
“ပြောစရာလိုသေးလား”
သေချာတာကတော့ ကျွန်တော့်ဆီမှာရော သူမဆီမှာရော အပြန်အလှန်နားလည်မှု မရှိလို့ အခုလို ပြဿနာဖြစ်ခဲ့ရပြီမှလား။ ကျွန်တော့်ကို နည်းနည်းကလေးမှ သုခ မပေးတဲ့၊ ရန်လိုနေတဲ့ မိန်းမတစ််ယောက်အပေါ်နားလည် သဘောထားကြီးနိုင်ဖို့ ကျွန်တော့်မှာ အ ရည်အချင်းမရှိပါ။
“ပြိုလဲနေတဲ့ လုပ်ငန်းအခြေအနေမှာ ဒီလိုပုံစံဖြစ်ရတာ ကျွန်မဘက်ကလည်း နစ်နာ တာပေါ့။ ဒါပေမဲ့ ကျွန်မရဲ့ ဂုဏ်သိက္ခာ……”
“တော်တော် မေမြသွယ်။ ခင်ဗျားဆက်မပြောရင်ကောင်းမယ်၊ အဲဒီဂုဏ်သိက္ခာဆို တာချည််း မပြောပါနဲ့တော့”
“အို… ပြောရမှာပဲ။ ကျွန်မဘာအတွက် အခုလိုမျိုးလုပ်နေရတာလဲဆိုတာ ရှင် သဘောပေါက်အောင် စိတ်ထဲမှာသိနေအောင် ပြောရမှာပဲ”
“ကျွတ်…”
သူမကို စူးရဲရဲကြည့်မိသည်။
ကျွန်တော်တို့နှစ်ယောက် အကြည့်ချင်းဆုံမိကြပြန်သည်။ ဘုရား… ဘုရား။ အမုန်း တရားတွေ။ တစ်ယောက်အပေါ် တစ်ယောက်မနှစ်မြို့မှုတွေ အပြန်အလှန်မြင်နေရသည််။
မေမြသွယ်ဖြစ်စေချင််တာကို ကျွန်တော်လုံးဝမလိုက်လျောနိုင်ပါ။
”ကျွန်မလိုချင်တာ ရှင့််တောင်းပန်မှု၊ လူသိရှင်ကြားတောင်းပန်မှု၊ ကျွန်မရဲ့ ဂုဏ် သိက္ခာအတွက် ရှင်တောင်းပန်ပါ သော်မျိုးနောင်။ အဲဒါမှ မဟုတ်ရင်် ရှင့်အပေါ်ဘယ်နည်းနဲ့ မှ ကျေနပ်နိုင်မှာ မဟုတ်ဘူး”
လူသိရှင်ကြားတောင် တောင်းပန်ရမတဲ့လား။
မဖြစ်နိုင်လိုက်တာ။
”ကျွန်တော် ခင်ဗျားကို ထပ်ခါတလဲလဲ မပြောနိုင်ဘူး”
ကျွန်တော်… မေမြသွယ်နဲ့ ပတ်သက်ပြီး ပူလောင်ကောင်းပူလောင်နေပါလိမ့်မည်။ ဒါပေမယ့် သူမကပိုနေမလားမသိ။ ကျွန်တော့်စိတ်ထဲမှာ ရှုပ်ထွေးနေတာတော့အမှန်။ သူမ မျက်ဝန်းထဲမှာ ဒေါသ၊ မောဟတွေ တောက်လောင်နေပါသည်။
“သော်မင်းနောင်”
ခေါ်သံက ပုံမှန်ထက်ကျယ်လောင်နေပါသည်။
“ရှင် ဘာဆက်လုပ်မှာလဲ”
အမှန်တော့ အဲဒါကျွန်တော်က သူမကို မေးရမှာဖြစ်သည်။
“ကျွန်တော်ပြောပြီးပြီ မေမြသွယ်။ ကျွန်တော််က စာနယ်ဇင်းသမားတစ်ယောက်ပါ။ ကျွန်တော့်အလုပ် ကျွန်တော် လုပ်ခဲ့တာ။ သမားရိုးကျသတင်းတစ်ပုဒ်ကို ရေးခဲ့တယ်။ အဲဒီ သတင်းက အမှားအယွင်းမရှိဘူးလို့လည်း ခံယူထားတယ်။ အဲဒီအပေါ် သတင်းရင်းမြစ်ဖြစ် တဲ့ ခင်ဗျားက မကျေနပ်လို့တောင်းပန်ခိုင်းတယ်။ လက်တုန့်ပြန်တယ်။ ဒါ ကျွန်တော် ဘယ်လိုမှ မတတ်နိုင်တဲ့ကိစ္စပဲ”
“ရှင် ဘာကို မတတ်နိုင်တာလဲ”
“ကျွန်တော် ခင်ဗျားကို တောင်းပန်ရင် ကျွန်တော့်သတင်းမှားတယ်လို့ အများက ထင်သွားမှာပေါ့။ မှန်နေတာကို မပြင်ပေးနိုင်ဘူး”
“ဒါဆို ဒီအခြေအနကို လက်ခံတယ်ပေါ့”
တောက်။ ကျွန်တော် ဒီအမျိုးသမီးကို ဘယ်လိုပြောရမလဲ နားမလည်တော့ပါ။
“ကျွန်တော် ပုံမှန်အတိုင်းနေတယ်”
“တောက်…”
“ခင်ဗျား ကျွန်တော့်ကို တောက်ခေါက်ရလောက်အောင် ဘာအမှားမှ မလုပ်ဘူး မေမြသွယ်”
ကျွန်တော် တာဝန်ကျေအောင်နေသည်။
သူမကို ပုံမှန်လာကြည့်သည်။ လုပ်ပေးနိုင်တဲ့ အနေအထားတစ်ခုအထိလုပ်ပေး သည်။ ဒါပေမဲ့ လုံးဝမတောင်းပန်နိုင်ပါ။ ကျွန်တော့်ဂုဏ်သိက္ခာအတွက်…။ သတင်းသမား တွေရဲ့ ဂုဏ်သိက္ခာအတွက်၊ ကျွန်တော့် အယ်ဒီတာတွေရဲ့ ဂုဏ်သိက္ခာအတွက်။
မှားနေတာဆိုရင်တော့ ပြန်ပြင်ပေးဖို့ ဝန်မလေးပါ။ အခုဟာက ဘယ်လိုလုပ်ဖြစ်နိုင် မှာလဲ။ သူမလိုချင််တာက တောင်းပန်မှုတဲ့လေ။
”ရှင်က ရှင့်ရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထားသလို ကျွန်မကလည်း သိက္ခာကို တန်ဖိုး ထားတဲ့ လူတစ်ယောက်ပါ။ ကျွန်မဖက်ကိုလည်း ရှင်ငဲ့ညှာသင့်တယ်”
ကျွန်တော်နဲ့ စကားပြောချင်လှတယ်နဲ့တူပါရဲ့။
မဖြစ်နိုင်တာတွေ။
“ခင်ဗျားကိုငဲ့ညှာတာနဲ့တင် ကျွန်တော်က လူသိရှင်ကြား တောင်းပန်ပေးရမတဲ့လား မေမြသွယ်။ ဝေးပါသေးတယ်”
သူမ… အားခနဲ တစ်ချက်အော်ကာ ဘေးနားကစားပွဲပေါ်မှာရှိတဲ့ ပစ္စည်းတွေကို ကြမ်းပြင်ပေးသို့ကြဲချပစ်လိုက်သည်။ ခေါင်းအုံးတွေကို နံရံဆီသို့ပစ်ပေါက်သည်။ ဒေါသ ထွက်နေတယ်ပေါ့လေ။
“ရှင် ကျွန်မကို ကားနဲ့တိုက်တာ သက်ဆိုင်ရာက အရေးမယူအောင် ကျွန်မလုပ်ပေး ခဲ့တာပဲ”
လုပ်ပြန်ပြီ။
“ရှင့််ကို ကျွန်မ အချိန်မရွေး အရေးယူလို့ရတယ်”
“ယူလေ”
ကျွန်တော် အားနာနေလို့မဖြစ်တော့။
“ဘာ”
“ကျွန်တော် ဂရုမစိုက်ဘူး မေမြသွယ်။ ခင်ဗျားကျွန်တော့်ကို အရေးယူချင်တယ်ဆို ရင် ကြိုက်သလိုယူလို့ရတယ်။ တိုင်ချင်ရာတိုင်၊ လုပ်ချင်သလိုလုပ်၊ အေး… အတိုင်းအတာ တစ်ခုအထိထက် ကျော်လွန်လာရင်တော့ ကျွန်တော်သည်းခံမှာမဟုတ်ဘူးနော်။ ခင်ဗျား ကိုခြိမ်းခြောက်တာတော့မဟုတ်ဘူး။ ကျွန်တော်နောက်မှာ အမှန်တရားအသင့်ရှိနေတယ်၊ ကျွန်တော်ကအမှန်တရားကိုမြတ်နိုးတတ်တဲ့မီဒီယာထဲကလူတစ်ယောက်ဖြစ်တယ် ဆိုတာ ခင်ဗျားသိထားစေချင်တယ်”
“ရှင်တို့ မီဒီယာကို ကျွန်မက ဘာလုပ်ရမှာလဲ”
“ဘာဗျ”
တော်တော် စော်ကားလွန်းနေပြီ။
“ခင််ဗျား ဆက်မပြောနဲ့တော့ မေမြသွယ်။ ကျွန်တော်လုပ်နေတဲ့အလုပ်၊ လုပ်ဖော် ကိုင်ဖက်တွေကို စော်ကားမယ့်စကားတစ်ခွန်းမှ ပါမလာစေနဲ့။ ကျွန်တော်သည်းခံမှာမဟုတ် ဘူး။ ခင်ဗျားဂရုမစိုက်တဲ့ သတင်းထောက်တွေ၊ လူအထင်သေးစရာကောင်းတဲ့ အမူအကျင့် တွေရှိတဲ့ သတင်းထောက်တွေရှိကောင်းရှိနိုင်ပါတယ်။ အကုန်လုံးအပြစ်ကင်း တယ်ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ၀ါးလုံးရှည်နဲ့တော့ မရမ်းမိပါစေနဲ့”
ပိတ်ပြောပစ်လိုက်သည်။
“ကျွန်မအတွက် ရှင်ကောင်းကျိုးပေးလို့လား”
“ဒီမှာ… မေမြသွယ်… ကျွန်တော်ရေးခဲ့တဲ့သတင်းကို ခင်ဗျားဦးနှောက်နဲ့စဉ်းစားပြီး သေချာဖတ်ကြည့်ပါ။ ခင်ဗျားဖတ်လို့သဘောမပေါက်ရင် လူ ၁၀ ယောက်လောက်ကို ဖတ် ခိုင်းကြည့်ပါ။ အဲ့ဒီသတင်းက ခင်ဗျားအကျိုးစီးပွား၊ ဂုဏ်သိက္ခာပျက်စီးရာပျက်စီးကြောင်းကို ဦးတည်ပြီး ရေးသားထားလားလို့ မေးကြည့်လိုက်ပါ။ အများစုက နိုးဆိုတဲ့အဖြေပဲ ထွက် လာလိမ့်မယ်”
“ဒါက ရှင့်အမြင်လေ၊ ကျွန်မပတ်ဝန်းကျင်က အဲဒီလိုမပြောဘူး။ မေမြသွယ်လက် ထက်ကျမှ ဒီလိုပြဿနာတွေရှိတာဆိုတဲ့ မျက်လုံးတွေနဲ့ တောက်လျှောက်ကြည့်နေကြတာ ကို ရှင်မသိဘူးမှလား”
ခပ်ရိုင်းရိုင်းပြောရရင် ကျွဲပါးစောင်းတီးဆိုတာ ဒီအမျိုးသမီးကို ပြောတာနေမှာ၊ ဘယ် လိုပြောပြော သဘောမပေါက်ပါလား။
“ခင်ဗျား ကိုယ်တိုင်ကိုက စိတ်ထဲမှာ အဲဒီလိုဖြစ်နေတာလေ၊ ပြုပြင်လို့မရတဲ့အစွဲကြီး ရှိနေသရွေ့တော့ ခင်ဗျား ပကတိကို မြင်နိုင်မှာမဟုတ်ဘူး”
ဆက်မငြင်းချင်တော့။
“သော်မင်းနောင်… ရှင်နဲ့ကျွန်မ ဘယ်လိုမှညှိနှိုင်းလို့ရမှာမဟုတ်လောက်ဘူးနော်၊ ကျွန်မရော ရှင်ရော အစွန်းရောက်နေကြသလား မသိဘူး”
လေသံကပျော့သယောင်ထင်ရပေမယ့် အဲဒီရဲ့နောက်ကွယ်မှာ ကြောက်စရာ ကောင်းလောက်တဲ့ တစ်စုံတစ်ရာရှိနေပါသည်။ ဒီအမျိုးသမီး ကျွန်တော့်ကို ဘာဒုက္ခတွေ ဆက်ပေးဦးမလဲ။
“ခင်ဗျား မှန်တယ်ထင်လို့ အခုလို အဖြစ်အပျက်တွေ ဖန်တီးနေတာမှလား”
မျက်မှောင်ကြုတ်လျက် ကျွန်တော့်ကိုကြည့်သည်။
“ဟုတ်တယ်၊ ကျွန်မအဲဒီလိုပဲယူဆတယ်။ ဘယ်တော့မှလည်း နောက်ဆုတ်မှာ မဟုတ်ဘူး။ ဆက်လုပ်နေဦးမှာပဲ။ ရှင့်ဘက်က မလိုက်လျောသရွေ့…”
ကျွန်တော်က လိုက်လျောရမတဲ့လား။
သူမ ဖြန့်ကြဲထားသောပစ္စည်းတွေ တစ်ခန်းလုံး နေရာအနှံ့ပြန့်ကြဲနေလေသည်။ မနက်စာ သွားစားပုံရသော ဆရာမလေးပြန်ရောက်လာတော့ ကျွန်တော်တို့အဖြစ်အပျက် ကို မျက်လုံးပြူးသွားသည်။
ကျွန်တော် ပြန်သင့်ပြီ။
“ခင်ဗျားနဲ့ ကျွန်တော်စကားဆက်ပြောလဲအပိုပဲ။ ဘာမှထူးလာမှာ မဟုတ်ဘူး”
“ဟုတ်ပြီလေ၊ မပြီးသေးတဲ့ ဇာတ်ကိုဆက်က ကြသေးတာပေါ့”
“ဒါပေမဲ့ ခင်ဗျားအခုလို အဓိပ္ပာယ်မရှိတာလျှောက်လုပ်လို့ ဘာမှအရာထင်မှာမဟုတ် ဘူး။ မေမြသွယ်က ကျွန်တော့်ကို ဘာအမှုမှ မဖွင့်ဘူး။ စိတ်ဒုက္ခပေးတယ်၊ ဒါနဲ့ပဲပြီးသွားမှာ ပဲ။ အချိန်တန်ရင် ခင်ဗျား ဆေးရုံကဆင်းမယ်၊ ဒဏ်ရာသက်သာသွားမယ်၊ ပြီးပြီပေါ့”
“မပြီးသေးဘူး”
ကျွန်တော် အခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။ ပြန်မှဖြစ်တော့မည်။
“ရှင် နောင်တရပြီး မတောင်းပန်သရွေ့…”
“ဘယ်တော့မှ ဖြစ်လာမှာမဟုတ်လို့ ဆက်မပြောတာပဲကောင်းမယ် မေမြသွယ်”
အခန်းရဲ့ အပြင်ကို ထွက်လာခဲ့သည်။

x x x x x