ချင်းမိုင်ဆိုရင်တော့ ထိိုင်းနိုင်ငံရဲ့မြောက်ပိုင်းမှာရှိတဲ့တောင်ပေါ်မြို့၊ ပြင်ဦးလွင်လိုရာသီဥတုကိုပိုင်ဆိုင် ထားတဲ့မြို့၊ ကားမကြပ်၊ လူမပိတ်တဲ့သီးသန့်မြို့လေးဆိုပြီး လူသိများတာပေါ့လေ။ မိုးတွင်းပေမယ့် ပူတယ်ဆိုတော့ ရာသီဥတုအေးစိမ့်စိမ့်လေးရှိတဲ့ ပြည်ပတစ်နေရာကိုသွားဖို့စိတ်စား ထားတယ်ဆိုရင်တော့ ချင်းမိုင်ကိုစိတ်ကူးယဉ်လိုက်ပါတယ်။ မြန်မာနိုင်ငံနဲ့အနီးဆုံးရှိတဲ့မြို့ ရှမ်းပြည် နယ်နဲ့ ကပ်ရက်မြို့လေးမှာ မြန်မာအငွေ့အသက်တွေနဲ့ပြည့်နှက်နေတာပေါ့။ လည်စရာတွေလည်းပေါ၊ စားစရာတွေလည်းပေါ၊ စျေးလည်းအရမ်းမကြီးတာမို့ ချင်းမိုင်ဟာ သဘောကျ စရာတွေနဲ့ပါပဲ။
သွားဖို့အတွက် လေယာဉ်လက်မှတ်ကလည်း စျေးမကြီးပါဘူး။ ဘတ်ဂျက်လိုင်းဆိုရင် အသွားအပြန် နှစ် သိန်းတောင်မပြည့်ဘူးရယ်။ သွားရတဲ့ခရီးကလည်း တစ်နာရီကျော်ကျော်ပဲရှိတာမို့ ခရီးပန်းမှာမစိုးရိမ် ရပါဘူး။ ချင်းမိုင်ကိုရောက်တော့လည်း သွားရလာရကထင်ထားတာထက်ပိုအဆင်ပြေပါတယ်။ အဲ….ဒါ ပေမဲ့ ဘန်ကောက်မှာလို MRT လိိုင်း၊ ဘတ်စ်ကားလိုင်းတွေမရှိတာမို့ တက္ကစီတားသလိုကားတားတတ် ဖို့တော့လိုတာပေါ့။
သွားလာရေးအတွက် ကားအနီလေး
>>>>>>>>>>>>>>>>>>>
ဘန်ကောက်မဟုတ်တဲ့အခြားနယ်မြို့လေးတွေမှာလိုပါပဲ။ ကိုယ်သွားချင်တဲ့နေရာကိုသွားဖို့ ကား ဂိတ်ရှိရာဆီ၊ ရထားဘူတာဆီတကူးတကသွားစရာမလိုပါဘူး။ တည်းတဲ့နေရာကနေ လမ်းရှိရာကိုထွက် ဟိုငေးဒီငေးကြည့်လိုက်ရင် ကားအနီလေးတွေကိုတွေ့ရပါလိမ့်မယ်။ အဲဒါ ကိုယ်ပိုင်ကားပဲ။ အဲဒီကားကို လှမ်းတားပြီး ကိုယ်သွားချင်တဲ့နေရာကိုပြောပြလိုက်ရင် သူတို့က ဘယ်လောက်ကျတယ်ဆိုတာပြော ပါလိမ့်မယ်။ တက္ကစီလိုပါပဲ ဒါပေမဲ့ စျေးမကြီးတဲ့အများစီးတက္ကစီပေါ့။ ဘယ်သွားသွား ဘတ် ၃၀ ကနေ ခရီးအနီးအဝေးအပေါ်မူတည်ပြီး ဘတ် ၅၀ ၊ ၁၅၀ တွေလည်းကျသင့်နိုင်ပါတယ်။ ကားပေါ်မှာ ချင်းမိုင် ရဲ့အချက်အချာနေရာဓါတ်ပုံတွေကပ်ထားပြီး အဲဒီနေရာတွေကိုသွားလည်ဖို့ ကားအနီတွေကိုပြောပြ နိုင်ပါတယ်။ ကိုယ်ကလည်စရာနေရာတွေမသိဘူး၊ Google မခေါက်ချင်ဘူးဆိုရင်လည်း အဲဒီကားအနီ လေးတွေမှာကပ်ထားတဲ့ အထင်ကရနေရာတွေကိုလက်ညိုးထိုးညွှန်ပြပြီးကားဆရာကိုလိုက်ပို့ခိုင်းလို့ ရတဲ့အထိ အဆင်ပြေပါတယ်။
အစားအသောက်နဲ့ စျေးဝယ်ဖို့
>>>>>>>>>>>>>>>>
ထိုင်းမြောက်ပိုင်းအစားအစာက စားလို့အကောင်းဆုံးပေါ့။ စျေးလည်းမကြီးဘူး။ အများသူငှားစားနေကျ Street Food ကြက်ဆီထမင်းတစ်ပွဲကို ဘတ် ၄၀ ပဲကျပါတယ်။ ဝက်သားပြားကင်၊ သင်္ဘောသီး ထောင်း အစရှိတဲ့ထို်င်းအစားအစာတွေအကုန်ရပြီိး ဘန်ကောက်မှာပေါပေါလောလောစား ရတဲ့ ပင်လယ်စာကတော့ ချင်းမိုင်မှာ နည်းနည်းရှားပုံရပါတယ်။ စျေးတွေကတော့ ဘန်ကောက်ထက် သက်သာတာတွေ့ရပါတယ်။ စျေးဝယ်ဖို့ဆိုရင်လည်း ညစျေးတွေ ကုန်တိုက်ကြီးတွေ စျေးဝယ်စရာဆိုင် တန်းတွေမှ ပေါလို့။ စျေးတွေကလည်း ဝယ်လို့ကောင်းတဲ့စျေးတွေပဲပေါ့။
လည်စရာ
>>>>>
တောင်ပေါ်မြို့့ဆိုပြီးလည်စရာသိပ်မရှိဘူးလို့ ထင်ထားခဲ့တာ။ အားပါး ဘယ်ဟုတ်မလဲ။ လည်လို့သွား လို့ကောင်းချက်များ တစ်ပတ်နှစ်ပတ်နဲ့မလောက်ပါဘူး။ နေရာတွေအများကြီးမှ အများကြီးရယ်။ ကျွန် တော်ကတော့ နေရာနည်းနည်းပဲရောက်ခဲ့ပါတယ်။ ကျွန်တော်သွားလည်ခဲ့သလောက်ထဲက သဘောကျမိတဲ့နေရာတွေကတော့…
(၁) တောင်ပေါ်ဘုရား (Wat Phra That Doi Suthep)
>>>>>>>>>>>>>>>>>>>>>>>>>>>>>
အရင်ဆုံးဘုရားသွားခဲ့ပါတယ်။ တောင်ပေါ်ကဘုရား၊ မြူတွေဆိုင်းဝေနေတဲ့ဘုရားပေါ့။ ချင်းမိုင်ရောက် ရင် မဖြစ်မနေသွားကြတဲ့ တန်ခိုးကြီးဘုရားလို့လည်းအဆိုရှိပါတယ်။မြတ်စွာဘုရားရဲ့ပခုံးရိုးတော်ကို ဌာပနာထားတယ်လို့ပြောကြပါတယ်။ ရွှေရောင်ဝင်းလက်နေတဲ့စေတီတော်ကိုဖူးမျှော်ပြီး ချင်းမိုင်မြို့ရဲ့ အပေါ်စီးမြင်ကွင်းကို မြူခပ်ဆိုင်းဆိုင်းအနေအထားနဲ့ ကြည့်ခဲ့ပါတယ်။ ဘုရားပေါ်ကို ချစ်စရာကောင်း တဲ့ အုတ်သားရောင်လှေကားထစ်တွေနဲ့ နဂါးအမြီးကြားထဲကနေဖြတ်ခဲ့တာပေါ့။ တိုင်းရင်းသားရိုးရာ ဝတ်စုံတွေဝတ်ဆင်ထားတဲ့ကလေးတွေနဲ့ ဓါတ်ပုံတွဲရိုက်ပြီး ကလေးတွေကို မုန့်ဖိုးပေးလို့လည်းရပါ တယ်။ ကျွန်တော်ရိုက်ခဲ့တဲ့ကလေးလေးကိုဆို ချစ်လွန်းလို့ အခုထိသတိရနေတုန်း။ ဘုရားရင်ပြင် အောက်မှာရှိတဲ့ စျေးဆိုင်တန်းက ပုဝါတွေဆိုရင်လည်းစျေးတန်တယ်ဗျ။ ဘတ် ၁၀၀ ကို သုံးခုရတော့ အိမ်ကအမေတွေ ညီမတွေ အစ်မတွေကို ဂျင်းလို့ကောင်းတယ်လေ။
(၂) ဆင်စခန်း
>>>>>>>>
တစ်ခုမကတဲ့ဆင်စခန်းတွေအများကြီးရယ်။ ထိုင်းဘုရင်တွေဟာ ဆင်တွေအပိုင်များပြီး ထိုင်းရဲ့သင်္ကေ တထဲမှာ ဆင်ပါတာမို့ ဆင်စခန်းတစ်ခုတော့သွားခဲ့ပါတယ်။ ထုံးစံအတိုင်းပေါ့။ ဆင်စခန်းမှာ ဆင်စီးလို့ ရတယ်။ ဆင်လေးတွေရဲ့သရုပ်ပြတာတွေကို ကြည့်လို့ရတယ်။ ဆင်စခန်းသမိုင်းနဲ့ ဆင်တွေကိုအစာ ကျွေးလို့ရပါတယ်။
(၃) ညစျေး
>>>>>>
ညစျေးကတော့ အကြိုက်ဆုံးပဲ။ လည်လို့ကောင်းစားလို့ကောင်း။ စျေးဝယ်စရာအများကြီးရှိပါတယ်။ အ ပေါ်မှာပြောထားသလိုပဲကားအနီလေးကိုတားပြီး Night Bazaar လို့ပြောလိုက်တာနဲ့လိုက်ပို့ပေးပါ တယ်။ လူလေးငါးယောက်ဆိုရင် အကုန်လုံးကို ဘတ် ၁၅၀ တောင်းပါတယ်။ ညစျေးမှာ ခြေအိတ်က အစ ကလစ်၊ အဝတ်အစား၊ ခါးပတ်၊ အသုံးအဆောင်ပစ္စည်းတွေအကုန်ရပါတယ်။ အမယ် နာမည်ကြီး တံဆိတ်နာရီတွေကို စျေးပေါပေါနဲ့ရောင်းနေတာလည်းတွေ့တယ်ဗျ။ Second တွေလားပဲ။ စျေးဝယ်ပြီး တာနဲ့ တစ်ဖက်မှာရှိတဲ့ အစားအသောက်ဆိုင်တွေမှာ လှည့်လည်ဝယ်စားရုံပါပဲ။
(၄) World Insects Museum
>>>>>>>>>>>>>>>>
ပြင်ဦးလွင်အမျိုးသားကန်တော်ကြီးဥယျာဉ်ထဲက လိပ်ပြာပြတိုက်ကိုတောင်သွားသတိရပါသေးတယ်။ အဲဒီ Museum ထဲမှာ လိပ်ပြာမျိုးစိပ်ပေါင်းများစွာ၊ ကမ္ဘာပေါ်မှာတွေ့ရတဲ့ အင်းဆက်ပေါင်းများစွာကို တွေ့ရမှာဖြစ်ပါတယ်။ မှန်ပုံးထဲမှာထည့်ထားတဲ့ ရှားပါးမျိုးစိပ်တွေကို ထူးထူး ဆန်းဆန်းကြိုက်တတ်တဲ့သူတွေလေ့လာလို့အကောင်းဆုံးပေါ့။
(၅) ပန်းမျိုးစုံရှိရာတော်ဝင်ပန်းခြံ (Royal Park Rajapruek)
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အဖြူ၊ အနီ၊ အဝါ အစရှိတဲ့ ရောင်စုံပန်းပေါင်းစုံရှိတဲ့ ပန်းခြံဖြစ်ပါတယ်။ ဆောင်းတွင်းဆိုရင်တော့ ပန်းပိုစုံ တယ်လို့ပြောကြပါတယ်။ ဘယ်အချိန်ဖြစ်ဖြစ် ပန်းတွေနဲ့အလှစုရာပန်းခြံကြီးကတော့ တောင်နံရံနောက် ခံနဲ့ လှချင်တိုင်းလှနေတော့တာပါပဲ။ ဓါတ်ပုံရိုက်ချင်တဲ့ မမ၊ ညီမလေးတွေအတွက်ကတော့ အကြိုက် ဆုံးပဲပေါ့။ ဝင်ကြေး ဘတ် ၁၀၀ ပေးရပါတယ်။
(၆) Local Markets
>>>>>>>>>>
ထိုင်းနိုင်ငံထုတ်ပစ္စည်းတွေရောင်းတဲ့စျေးပေါ့။ ညစျေးနဲ့မတူတာက ပစ္စည်းတွေရောင်းနေကြတဲ့ အပြင် ရိုးရာတွေကိုပါတွဲစပ်မြင်နိုင်တာပါပဲ။ ဥပမာ ထိုင်းရိုးရာဝတ်စုံနဲ့မိန်းကလေးတွေကနေကြတာ၊ She Male တွေက စျေးပတ်ပတ်လည်မှာ က ပြပြီး အလှူငွေကောက်ခံနေတာမျိုးကိုတွေ့ရတဲ့အပြင် ငါးကလေး တွေနဲ့ Fish spa လုပ်တာတွေ ထိုင်းရိုးရာအနိိှပ်ခန်းတွေလည်းရှိပါတယ်။ Local Markets တွေအများ ကြီးရှိပါတယ်။ ကျွန်တော်ကတော့ ထုံးစံအတိုင်းကားအနီလေးကိုတားပြီး Local Market လို့ပြောလိုက် တာပါပဲ။ နာမည်ကြီးတဲ့ နေရာကိုသူတို့လိုက်ပို့တာနဲ့တူပါတယ်။
(၇) စျေးဝယ်စရာကုန်တိုက်တွေ
>>>>>>>>>>>>>>>>>
ချင်းမိုင်မှာလည်း စျေးဝယ်စရာကုန်တိုက်တွေပေါပါတယ်။ ကုန်တိုက်တွေကိုသွားတဲ့လမ်းတစ်လျှောက် မှာလည်း ဇင်းမယ်ထည်ရောင်းတဲ့ဆိုင်တွေ လက်မှုပစ္စည်းတွေရောင်းနေတဲ့ဆိုင်ဒုနဲ့ဒေးပါပဲ။ tesco lotus လိုကုန်တိုက်ကြီးလည်းရှိတာမို့ အေးဆေးဆိတ်ငြိမ်တဲ့မြို့ဆိုပေမယ့် အထင်သေးလို့မရပါဘူး။ နိိုင်ငံခြားသားကိုဆွဲဆောင်စရာတွေများလှပါတယ်။
ပြီးတော့ ချင်းမိိုင်တက္ကသိုလ်အပါအဝင် နာမည်ကြီးတက္ကသိုလ်တော်တော်များများလည်း ချင်းမိုင်မှာ အခြေတည်ပါတယ်။ တက္ကသိုလ်နယ်မြေလို့တောင်ပြောလို့ရသေး။ အခြားလည်စရာနေရာတွေကတော့ ခရီးသွားဘလော့ဂါတွေရေးထားသလိို အများကြီးမှအများကြီးရယ်။ ကျွန်တော်သွားတဲ့နေရာတွေကတော့ ဘတ်ဂျက်ခရီးလည်းဖြစ်တယ်၊ အေးအေးလူလူ ရှင်းရှင်းလင်းလင်းဖြစ်တဲ့နေရာကိုရွေးချယ်သွားတာကြောင့်ရယ်ကြောင့် အများနဲ့တူချင်မှတူပါလိမ့်မယ်လေ။ အခုချိန်သွားလို့ကောင်းတာက ပွင့် လင်းရာသီထက်စာရင်လူရှင်းတယ်၊ လေယာဉ်လက်မှတ်ခလည်းသက်တာတယ်၊ ဟိုတယ်တွေလည်း စျေးသက်သာပါတယ် ဆိုတဲ့အကြောင်း။
မေတ္တာရိပ်မှာအေးချမ်းပါစေ။
>>>>>