ပြည်မြို့တစ်ခွင် စားကောင်းသောက်ဖွယ်နဲ့ စိတ်ဝင်စားစရာအလည်အပတ်ခရီးများ

ရန်ကုန်နဲ့ ၅ နာရီခွဲသာသာလောက်မောင်းရတဲ့ပြည်မြို့မှာ စိတ်ဝင်စားစရာလည်ပတ်မယ့်နေရာတွေ အရသာအရမ်းရှိတဲ့အစားအသောက်တွေပါပါတယ်။ ဘုရားထီးတော်နှစ်ထပ်ရှိတဲ့တန်ခိုးကြီးရွှေဆံ တော်ဘုရား၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာ အစီချီတဲ့နေရာတွေကနေ တောလက်ဖက်၊ ကြက်သောက်ဆမ်း အဆုံးအစားအသောက်၊ အလည်အ ပတ်စုံတဲ့အကြောင်းကြောင့် ပြည်ကိုနှစ်တိုင်းလိုလိုရောက်ဖြစ်ပါတယ်။ အဲဒီနောက်တော့ စိတ်ဝင်စားစ ရာနေရာ၊ စားစရာတွေကိုိမြည်းစမ်းဖြစ်ပါတယ်။

ကြက်သောက်ဆမ်း
>>>>>>>>>>

ပြည်မြို့လို့ပြောလိုက်ရင် ဖျတ်ခနဲမြင်လိုက်တဲ့အထဲမှာ ကြက်သောက်ဆမ်းကထိပ်ဆုံးပါပါတယ်။ အခုဆိုရင် ပြည်မြို့မှာ ကြက်သောက်ဆမ်းဆိုင်တွေပေါမှပေါ။ ကိုယ်သွားတဲ့လမ်းတစ်လျှောက်စိတ်မှန်း နဲ့ရေကြည့်တာတောင် ၁၀ ဆိုင်ထက်မနည်းဘူးရယ်။ ဒါတောင်ကားလမ်းပေါ် ကနေတွေ့တဲ့ဆိုင် တွေ နော်။ ကိုယ်မသိတဲ့နေရာတွေမှာဆို ဘယ်လောက် တောင်ရှိဦးမလဲ မသိဘူးရယ်။

ကြက်သောက်ဆမ်းကို စစားဖူးတာ နဝဒေးတံတားထိပ်ကဆိုင်မှာပါ။ အာပူရွက်တွေနိုင်းချင်းထည့်ထား ပြီးချက်ထားတဲ့ ဗမာကြက်သောက်ဆမ်းရယ်၊ ဘူးသီးနဲ့ကြက်သားအချိုချက်သောက်ဆမ်းရယ် တွေက အဓိကအ လည်တည်ဟင်းပွဲကြီးတွေပေါ့။ အဲဒီကြက်သောက်ဆမ်းဟင်းပွဲကြီးနှစ်ပွဲကို စားပွဲဝိုင်းအလယ်မှာထား ကျန်တဲ့ ဟင်းခွက်သေးသေးလေးအမယ်ဆယ်မျိုး လောက်ကို ဘေးပတ်ပတ်လည်မှာဝိုင်းရံပြီးစားရတဲ့ ကြက်သောက်ဆမ်းကို ပထမစစစားမိတဲ့အချိန်မှာပဲ စွဲလန်းသွားပါတယ်။ ဆွဲဆောင်မှုအကောင်းဆုံးက တော့ ကိုယ်စားတဲ့ဟင်းပွဲနည်းနည်းလျော့သွားတာနဲ့ လာလာထပ်ဖြည့် ပေးတဲ့ဝန်ဆောင်မှုပေါ့။ စားလေမကုန်လေ စားလေမကုန်လေဆိုတော့ အဝစားဆိုတာထက်တောင် ပိုပါသေးတယ်။ ဟင်းပွဲသေးသေးလေးတွေထဲမှာ ငါးခြောက်ကြော်၊ ပဲနှပ်၊ ကြက်အသဲအမြစ်ချက်၊ ကြက် သားငါးပိချက်၊ အသီးအရွက်ကြော်၊ တို့စရာ အစရှိတဲ့ ဟင်းအမယ်လေးတွေပါပါတယ်။ အဓိကတော့ ကြက်သားနဲ့နွယ်ပြီးချက်ထားတဲ့ဟင်းတွေပေါ့။ မှတ်မှတ်ရရ ကြက်အသဲအမြစ်ကို ငါးပိချက်ချက်ထား တာအရမ်းစားကောင်းတယ်။

ကျော်စစားတုန်းက တစ်ယောက်ကို ၂၅၀၀၊ အခုကတော့ ၃၅၀၀ ဖြစ်သွားပြီ။ ဆိုင်တိုင်းလိုလိုစျေး အတူတူပါပဲ။ တစ်ခေါက်မှာတော့ ဆရာရဲက ကြက်သောက်ဆမ်းစတင်ဖြစ်ပေါ်လာတဲ့ဆိုင် ကိုလိုက်ကျွေးမယ်ဆိုတာနဲ့ ရွှေဘုံသာမုနိဘုရားဖူးပြီး ဆိုင်ရှိရာဆီကိုဦးတည်ခဲ့ကြပါတယ်။ ပြည်မြို့ အထွက် အကောက်တောင်သွားတဲ့လမ်း၊ ပန်းတောင်းမြို့နယ်ထဲမှာရှိပါတယ်။ နီးတယ်လို့ ဆရာရဲက ပြောပေမယ့် တကယ်တမ်းဝေးပါတယ်။ ၂၅ မိနစ်လောက်မောင်းရတယ်။ လမ်းမှာ တောတောင်သဘာ ဝအငွေ့အသက်လေးတွေကိုရတယ်၊ ဇီးပင်တွေအုံ့ဆိုင်းတဲ့နေရာ၊ လယ်ခင်းတွေမှာ စပါးရွှေဝါဝင်းနေ တာ၊ ငှက်ပျောခင်း၊ သစ်ပင်တန်းတွေ စသည်ဖြင့် စိတ်အေးချမ်းစေပါတယ်။

ဒေါင်းမြတ်နားကျေးရွာဆိုတာကိုရောက်ပြီးတဲ့နောက်မှာတော့ ဒေါင်းမြတ်နားကြက်သောက်ဆမ်းဆိုင် ဆိုတာကိုတွေ့လိုက်ရပါတယ်။ အဲဒါ ကြက်သောက်ဆမ်းစခဲ့တဲ့နေရာပဲ လို့ ဆရာရဲကညွှန်ပြတာနဲ့ ဆိုင်ကို တစ်ချက်ရှိုးလိုက်ပါတယ်။ ပြည်မှာရှိတဲ့ ကြက်သောက်ဆမ်းဆိုင်တွေနဲ့ကွာတယ်ဗျ။ သိပ်ပြီး သပ်သပ်ရပ်ရပ်မရှိလှဘူးရယ်။ ဆိုင်ထဲကိုရောက်တော့လည်း ထိုင်ခုံညစ်နွမ်းနွမ်းလေးတွေချထား တယ်။ သဘောမကျဆုံးက ဘေးနားကဘီယာဆိုင်က ဘီယာတွေမှာပြီး ဒီဖက်ဆိုင်မှာရောင်းပေးနေတဲ့ ဝန်ဆောင်မှုပါပဲ။ ဆိုင်ဖွင့်တာဘယ်လောက်ကြာပြီလဲမေးတော့ နှစ် ၂၀ ကျော်ပြီတဲ့။ အင်းလေ။ သစ် သားထိုင်ခုံတွေညစ်နွမ်းနေတာမဆန်းပါဘူး။ သူ့ခုံတွေက ကျွန်းခုံတွေလို့တော့ပြောတာပါပဲ။

စားမယ်ဆိုတော့ ဟင်းပွဲတွေလာချပါတယ်။ ကြက်ကဗမာကြက်မဟုတ်တော့ပါဘူး။ စီပီကြက်ကိုဘူးသီး နဲ့ရောချက်ထားတာပါ။ ပြည်မှာလို အလည်တည်ဟင်းပွဲနှစ်ပွဲမဟုတ်ဘူး။ တစ်ပွဲတည်းတယ်။ ချိုလည်း ချိုတယ် နည်းနည်းလည်းစပ်တဲ့အရသာမို့ အဲဒီကြက်သောက်ဆမ်းကပဲအဓိကစားစရာဖြစ်ပါတယ်။ ဟင်းအရံကလည်း ပြည်မှာလောက်မများဘူးရယ်။ ပဲသီးကြော်၊ ကြက်သားဆီပြန်ချက်၊ အသဲအမြစ်ငါး ပိချက်၊ တို့စရာတွေကတော့ အရံဟင်းပွဲလေးတွေပေါ့လေ။ အရသာကတော့ ကောင်းပါတယ်။ ပြည်မြို့ ကဆိုင်တွေနဲ့ယှဉ်ရင်တော့ မကြိုက်ပါဘူး။ ဒါပေမဲ့ မူလအရသာကိုတော့ မြည်းစမ်းခွင့်ရခဲ့တာပေါ့လေ။ ရောက်တုန်းရောက်ခိုင်းသွားစားကြည့်သင့်ပါတယ်။

ပြည်မြို့ရဲ့ အထင်ကရစားစရာ တောလက်ဖက်
>>>>>>>>>>>>>>>>>>>>>>>>

ပြည်မြို့ကိုရောက်ရင် မဖြစ်မနေစားသင့်တဲ့အစားအစာများစွာရှိပါတယ်။ အဲဒီအထဲကမှာ ကျော်စတင် ရင်းနှီးပြီးခိုက် သွားတဲ့အစားအစာတစ်မျိုးကတော့ တောလက်ဖက်ပါပဲ။ တောလက်ဖက်ဆိုပါလား ဘာများလဲဆိုပြီးစိတ်ကူးကြည့်တယ်။ လက်ဖက်ပင်အရိုင်းတွေကနေခူးထားတဲ့အရွက်တွေလားပေါ့။ အဲဒီနောက် အစ်မတစ်ယောက်ရဲ့မိတ်ဆက်ပေးမှုနဲ့ တောလက်ဖက်ကိုမြင်ခွင့် စားခွင့်ရခဲ့ပါတယ်။

ကားဂိတ်တွေ၊ စျေးတွေမှာ တောလက်ဖက်ဗန်းတွေကိုအလွယ်တကူမြင်ရပါတယ်။ အင်ဖက်တွေနဲ့ ကောက်ညှင်းထုတ်လိုပုံစံထုတ်၊ ၀ါးနှီးကလေးနဲ့သေချာချည်ထားတဲ့ တောလက်ဖက်ထုတ်တွေဟာ ချစ် စရာကောင်းနေပါတယ်။ စျေးကလည်းအလကားနီးပါးလောက်ကိုသက်သာသေးတယ်ဗျ။ တစ်ထုတ်ကို နှစ်ရာတဲ့။ ငါးရာဖိုးသုံးထုတ်တောင်ရတယ်။ ပြည်သူပြည်သားတွေကတော့ပြောပါတယ်။ ကြိုက်မှာ မဟုတ်ဘူး၊ မစားနဲ့ အနံ့ပြင်းတယ်တဲ့။ အဲဒါနဲ့ နည်းနည်းပဲစမ်းဝယ်ကြည့်ပြီး ပြည်ကအစ်မကိုသုပ်ပေး ဖို့ အကူအညီတောင်းလိုက်ပါတယ်။ အင်ဖက်တွေကိုဖြည်လိုက်တာနဲ့ တောလက်ဖက်အသားတွေကို စ မြင်ရပါတယ်။ လက်ဖက်လိုပဲစိမ်းစိမ်းလေး ဒါပေမဲ့သူ့အစိမ်းကနည်းနည်းဖျော့တယ်။ အန့ံကတော့ နည်းနည်းပြင်းပေမယ့် သူ့အန့ံကသင်းသားပဲလို့ပြောမိပါတယ်။ ကျော်ကတော့ကြိုက်တယ်ဗျ။ နိုင်ငံခြား သားတွေအတွက်တော့ ငါးပိကနံတယ်ဆိုပေမယ့် မြန်မာ တွေအတွက်တော့ ငါးပိဖုတ် အန့ံကမွှေး တယ်လေ။ ဆိုတော့ ကျော့်အတွက်ကလည်း တောလက်ဖက်ကမွှေးမွှေးလေးရယ်။

တကယ်တော့ တောလက်ဖက်ဆိုတာ တောထဲမှာအလေ့ကျပေါက်တဲ့မိုးကျလက်ဖက်ရွက်တွေကို ခူးဆွတ်ပြီး လက်ဖက်နှပ်သလိုပြုလုပ်ထားတဲ့အရာပါ။ နိဗ္ဒိနလက်ဖက်လို့လည်းသူတို့ကခေါ်ကြတယ်ဗျ။ တောလက်ဖက်ထုပ်တွေကို သီလရှင်ဆရာလေးတွေက အစပြုထုပ်ခဲ့ကြတာလို့ပြောကြပါတယ်။ ဆရာ လေးတွေက သူတို့ကျောင်းကိုလာရင် သူတို့ကိုယ်တိုင်ပြုလုပ်ထားတဲ့တောလက်ဖက်နဲ့ဧည့်ခံလေ့ရှိပါ သတဲ့။ အဲဒီကနေပြီး တောလက်ဖက်ကိုတွင်တွင်ကျယ်ကျယ်စားသုံးလာကြတာပါ။ မိုးကျလက်ဖက် ရွက်ကိုခူး ရေစင်အောင်ဆေး၊ ရေနွေးနဲ့ပြုတ်ပြီး ဖက်နဲ့ထုတ်ကာ နှီးလေးတွေနဲ့စည်းနှောင်ထားတာပါ။ လက်ဖက်လို ဆိုးဆေးတွေဘာတွေလည်းမထည့်ဘူး၊ သဘာဝအတိုင်းပဲမို့ သိပ်အကြာကြီးထားလို့မခံ ပါဘူး။ ရန်ကုန်ကိုသယ်ရင်တောင်အိမ်ရောက်ရင် ရေခဲသေတ္တာထဲ ထည့်ထားရင်ထည့်ထား ၊ မထည့် ရင် ရေစိမ်ထားခိုင်းပါတယ်။

လက်ဖက်သုပ်စားသလိုမျိုးပါပဲ။ ဒါပေမဲ့ သူကတော့ ကြက်သွန်နီနဲ့သုပ်ရတာပါ။ ကျော်ကတော့ မသုပ် ဖူးပေမယ့် အစ်မ သုပ်တာကိုတော့သေသေချာချာကြည့်ထားပါတယ်။ တောလက်ဖက်ထုတ်ကိုဖြည်၊ ရေပြောင်အောင်ဆေး ရေပြောင်အောင်လက်နဲ့ညှစ်ပြီး ပဲဆီ၊ နှစ်ပြန်ကြော် စတဲ့ လက်ဖက်သုပ်မှာ ထည့်တဲ့အမယ်တွေနဲ့ရောသုပ်တာပါ။ ကြက်သွန်နီကိုပါးပါးလှီှးထည့်တာကတော့မဖြစ်မနေပေါ့နော်။ ကြက်သွန်နီများလေ ပိုစားကောင်းလေပဲ။ သံပုရာသီးလေးညှစ်ထည့်၊ ငရုတ်သီးစိမ်းလေးညှပ်ထည့်၊ အန့ံကလည်းမွှေးမွှေး အရသာကလည်း လက်ဖက်လိုမဖန် ဘူး၊ ချွဲတဲတဲလေး။ ပြည်တောလက်ဖက်က ဗိုက်မနာဘူး၊ ဗိုက်မအောင့်ဘူး၊ အမှတ်တရဒေသထွက် အစားအစာလည်းဖြစ်တော့ ပြည်ရောက်ရင်တော့မဖြစ်မနေဝယ်စားကြည့်သင့်တယ်ဗျို့။

ပြည်ထမင်းသုပ်
>>>>>>>>
ထမင်းသုပ်ကတော့ပြောမနေနဲ့တော့ဗျို့။ နေရာတိုင်းဆိုင်တိုင်းမှာစားတယ်။ ကောင်းတယ်။ ထမင်း ကို အရွက်တွေအစုံနဲ့သုပ်တာဆိုတော့ အရသာစုံ၊ စားလို့လည်းကောင်းတယ်။ ကျွန်တော်ကြိုက်တာက ထမင်းသုပ်နဲ့ဆိတ်သားကြော်ပဲ။ အခြားငါးဖယ်ကြော်၊ အမဲသားကြော်၊ ကြက်သားကြော်၊ ဆိတ်သားလုံး တို့နဲ့လည်းတွဲစားကြပါတယ်။

ပြည်ပလာတာ
>>>>>>>>

ပြည်မှာပလာတာကောင်းတယ်လို့ဆိုကြပါတယ်။ အကောင်းဆုံးဆိုင်လည်းရှိပါတယ်။ ကျွန်တော်က တော့ ပလာတာမကြိုက်တဲ့သူမို့ အရသာကို သိပ်မသိဘူးရယ်။ ကွာလတီကောင်းတဲ့ပ လာတာကို အာလူးအနှစ်ရည်ပျစ်ပျစ်လေး၊ သံပုရာသီးလေးညှစ်ပြီးဆွဲကြတာမို့ စားတော့စားချင်စရာပါ။

ဆိတ်ကြောချက်နဲ့ အကြော်စုံ
>>>>>>>>>>>>>>>

ပြည်ချောင်းသာကိုသွားရင်တော့ ကမ်းနဖူးဘေးက ဆိတ်ကြောချက်နဲ့အကြော်စုံစားဖြစ်အောင်စား စေချင်တယ်။ ရေနွေးခွက်လေးတော့ ပြောင်အောင်ဆေး ပေးဖို့ တောင်းဆိုရတယ်။ ဆိတ်ကြောတစ်ထုတ်ထုတ်လေးကိုဝါးရင်း အကြော်လေး ကိုကိုက်ရင်းနဲ့ ညနေခင်းအလှကိုငေးနိုင်ပါတယ်။ ဘီယာလေးနဲ့ဆိုပိုအဆင်ပြေပေမယ့် ရေနွေးကြမ်း ဆိုင်ဆိုတော့ကာ။

မဖြစ်မနေသွားကြည့်သင့်တဲ့ သုံးပန်လှကျောင်း
>>>>>>>>>>>>>>>>>>>>>>>>

ပြည်မြို့ကိုရောက်လို့ အချိန်နည်းနည်းပိုနေတယ်ဆိုရင်တော့ သွားဖြစ်အောင်သွားလိုက်ပါလို့ ညွှန်းကြ တဲ့ နေရာကိုရောက်ခဲ့ပြန်ပါတယ်။ သုံးပန်လှကျောင်းတဲ့။ နှစ်ပေါင်း ၁၃၀ သက်တမ်းရှိတဲ့ အဆောက် အဦတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ရှေးလက်ရာအတိုင်း ဒဏ္ဍာရီဆန်ဆန်တွေ့ရတာမို့ တစ်မျိုးတစ်ဘာသာ ဆန်းကြယ်နေပါတော့တယ်။

သရေခေတ္တရာရှေးဟောင်းဇုန်အထဲမှာရှိပြီး လက်သည်းရေကန်ရှေးဟောင်းအုတ်ကျောင်းတိုက်လို့ခေါ် ကြပါတယ်။ ကျော်တို့ကတော့ အလွယ်အခေါ် သုံးပန်လှကျောင်းလို့ပဲခေါ်လိုက်တယ်။ ကိုလိုနီခေတ် လက်ရာကျောင်းပျက်ကြီးဆိုပေမယ့် သေသေချာချာခိုင်ခိုင်မာမာ ဆောက်ထားတဲ့ အုတ်တံတိုင်းအကာ အရံ တွေကိုတွေ့ရပါတယ်။ နှစ်ပေါင်း ၁၃၀ မ တိုင်ခင်တုန်းက သစ်သားကျောင် းဆောင်ဖြစ်ပြီး ကျော်တို့ငယ်ငယ်တုန်းက စာထဲမှာသင်ရတဲ့ စာဆို ရှင်မဟာရဌသာရ (ကုန်းဘောင်ခေတ်) သီတင်းသုံးနေထိုင်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက်ပို်င်း အလှူရှင်တွေက အုတ်ကျောင်းအဖြစ်ဖန်တီးလှူဒါန်းခဲ့တာဖြစ်ပါတယ်။ အုတ်လှေကား အုတ်နံရံအကာ အကွယ်အပြိုအပျက်တွေပေါ်မှာတင်နေတဲ့ ရေညှိမည်းမည်းတွေ၊ အဲဒီ ရေညှိမည်းမည်းထူထူတွေေ ပါ်မှာပေါက်နေတဲ့ မြင်ပင်နွယ်ပင်တွေက ပျက်စီးခြင်းမှာတော့လှနေတဲ့ ဆွဲ ဆောင်မှုပါပဲ။ ကျောင်းပေါ်ကိုအုတ်လှေကားအကျိုးအပဲ့တွေကနေတစ်ဆင့်တက်ကြည့်တော့လည်း ဘာမှထွေထွေထူးထူးမတွေ့ရပါဘူး။ ရှေးခေတ်လက်ရာ ကနုတ်၊ ရွှေဆိုင်း နည်းနည်းပါးပါးတော့ကျန် နေပါသေးတယ်။ အဓိကတော့ ကျောင်းကြီးရဲ့ပုံပန်းသဏ္ဍာန် အရှေ့မျက်နှာစာကနေ ဓါတ်ပုံရိုက်ရင် တစ်အားလှတာပါပဲ။ ကျောင်းကိုစဆောက်တုန်းကတောင်ပိုင်း ရွှေမြင်းတင်ကျောင်းလို့ နာမည်တွင်ခဲ့ေ ပမယ့်လည်း သရေခေတ္တရာ ခေတ် သုံးပန်လှမင်းသမီးအပိုင်စားရရှိတဲ့ သုံးပန်လှရွာရယ် မင်းသမီးရဲ့ လက်သည်းနဲ့ယက်တူးခဲ့တဲ့ လက်သည်းရေကန်ရယ်ကြောင့် လက်သည်းကန်ကျောင်းတိုက်လို့ လက်ရှိခေါ်ဆိုကြပါတယ်။

လက်သည်းကန်
>>>>>>>>>

ပြည်ကနေအထွက် မိနစ် ၂၀ လောက်ပဲအကြာမောင်းရတဲ့ အဲဒီနေရာမှာ သုံးပန်လှရှေး ဟောင်းအုတ် ကျောင်းတစ်ခုတည်းတင်ရှိတာမဟုတ်ပါဘူး။ ခုနကပြောတဲ့ လက်သည်း ကန်ဆိုတာရှိပါတယ်။ မနက်အလှတစ်မျိုး နေ့လည်အလှတစ်မျိုး ညနေကျတော့အလှတစ်မျိုးနဲ့ သုံး မျိုးသုံးစားရက်ရက်စက်စက်လှတဲ့ သုံးပန်လှမင်းသမီးရဲ့ လက်သည်းတွေနဲ့ယက်ပြီးတူးထားတဲ့ရေကန် ပါတဲ့။ အခုအချိန်အထိ ကြာပန်းတွေဖူးပွင့်ဝေဆာနေတုန်းပါပဲ။ ရေကန်ကသိပ်အကြီးမဟုတ်ဘူး။ ရေ ကန်ဘေးမှာ ဘုရားလေးတစ်ဆူရှိတယ်။ ပြီးတော့ မျက်စိတစ်ဆုံးလှနေတဲ့ လယ်ကွင်းပြင်စိမ်းစိမ်းတွေ လည်းရှိပါတယ်။

သဘဝရှုခင်းကိုငေးပြီး မြို့ပြနဲ့ဝေးရာအခိုက်အတန့်ကို အပြည့်အဝခံစားမိမှာအသေအချာပါပဲ။ ဆိုတော့ သရေခေတ္တာမြို့ဟောင်းကိုသွားလည်ရင်း သုံးပန်လှကျောင်းကိုဝင် နှစ်ပေါင်း ၁၃၀ သက်တမ်းရှိတဲ့ လက်ရာကိုကြည့်၊ ဒဏ္ဍာရီတွေနဲ့စိတ်ဝင်စားစရာ ရေကန်ကိုခံစား၊ သဘာဝအလှကိုရှုမျှော် လို့ရတယ် ဆိုတာ ပြောကြည့်ချုင်တာပါ။

နှစ် ၁၀၀၀ သက်တမ်းရှိ မန်ကျဉ်းပင်
>>>>>>>>>>>>>>>>>>>

မန်းကျဉ်းပင်သက်တမ်းအရင့်ဆုံးဆယ်စုနှစ် နှစ်ခုသုံးခုစာလောက်ပဲတွေ့ဖူးနေကျမှာ ဒီတစ်ခါတော့ သက်တမ်းထောင်ချီတဲ့ မန်ကျဉ်းပင်တစ်ပင်တွေ့ရပါပြီ။ မန်ကျဉ်းပင်ဟာ သက်တမ်းနုလည်းအသုံးဝင် တယ်၊ သက်တမ်းရင့်ရင်လည်းပြောစရာမရှိတော့ပြီလေ။

မန်ကျဉ်းခေါက်ကဆေးဖက်ဝင်တယ် မန်ကျဉ်းသီးမှည့်ကိုဟင်းချက်စရာလုပ်စားတယ် မန်ကျဉ်းသီးဆပ် ပြာဆိုပြီးစျေးကြီးပေးဝယ်ရတယ် မန်ကျဉ်းနုလေးတွေကို ဟင်းချက်စားကြတယ်။ ဒါ တင်ဘယ်ကမလဲ မကျဉ်းပင်ရဲ့အရိပ်အာဝါသကအခြားအပင်တွေထက်အေးလို့ အရိပ်ခိုလို့သိပ်ကောင်း ပါတယ်။ ကျွန်တော်တို့တွေ့ခဲ့တဲ့ နှစ်ထောင်ချီသက်တမ်းမန်ကျဉ်းပင်က ရွှေဘုံသာမုနိဘုရားဝင်ထဲမှာ ရှိတာဖြစ်ပါတယ်။

ပင်စည်မှာ သက်တမ်း နှစ် ၁၀၀၀ ခန့်ရှိ ရှေးဟောင်းမန်ကျဉ်းပင်ဆိုပြီးရေးထားပါတယ်။ အပင်ရဲ့လုံးပတ် က ၂၆.၆ ပေပါတဲ့။ လူကြီးတစ်ယောက်လက်နဲ့ဖက်ရင် သုံးလေးဖက်စာလောက်တောင်မကဘူးထင်ပါ ရဲ့။ အခေါက်ထူထူမည်းမည်းကြီးတွေက အပင်ရဲ့သက်တမ်းဘယ်လောက်ရင့်နေသလဲဆိုတာကိုသက် သေထူပါတယ်။ ပြည်မြို့အထွက် နဝဒေး တံတားကျော်ပြီး ရွှေဘုံသာမုနိဘုရားဖူးသွားကြတဲ့သူတွေ ဒုနဲ့ဒေးပါပဲ။ ဘုရားဝင်း အတွင်းအပြင်မှာ ဒေသထွက် စားစရာဆိုင်တွေ အမှတ်တရပစ္စည်းလေးတွေပုံလို့ပင်လို့ပါပဲ။ ဘုရားဖူးလာသူတော်ကောင်း အပေါင်းလည်း အခါကြီးရက်ကြီးကိုစည်ကားနေတတ်ပါတယ်။ ပုံမှန်ရက် တွေဆိုရင်တော့ အေးအေးလူလူနဲ့ဘုရားရိပ်တရားရိပ်မှာ လွမ်းဆွေးစရာကောင်းနေလေရဲ့ အဲဒီခံစားမှုမှာ သက်တမ်းရင့်မန်ကျဉ်းပင်ကြီးရဲ့အရိပ်အာဝါသထပ်ပေါင်းလိုက်တော့ ပြောဖွယ်ရာမရှိ တော့ပြီလေ။

မန်ကျဉ်းပင်ကြီးရဲ့အောက်မှာ သနပ်ခါးကျောက်ပျဉ်ကြီးတစ်ချပ်နဲ့ သနပ်ခါးတုံးတွေထားပေးထား ပါတယ်။ ဘုရားဖူးလာအပေါင်းသွေးလိမ်းကြ ကလေးတွေဆို တစ်ယောက်ကိုတစ်ယောက်လိမ်းပေး ကြနဲ့ ကြည်နူးစရာကောင်းပါရဲ့။ ပြီးတော့ မန်ကျဉ်းပင်ကြီးရဲ့အရိပ်အာဝါသကိုခိုပြီး ပါလာတဲ့စားစရာ သောက်စရာတွေကိုဝိုင်းဖွဲ့စားသောက်နေကြတာအားရစရာကြီး။ ဘုရားဝင်းနဲ့ မန်ကျဉ်းပင်က ပနံရနေ ပါတယ်။ တကယ်လို့များ ပြည်ကိုရောက်ခဲ့လို့ ရွှေဘုံသာမုနိဘုရားသွားဖူးခဲ့ရင် နှစ် ၁၀၀၀ ဝန်းကျင် သက်တမ်းရှိတဲ့ မန်ကျဉ်းပင်အိုကြီးရဲ့အရိပ်အာဝါသအောက်မှာ ခဏတာခိုလုံခဲ့လှည့်ပါလို့ ဆိုချင်ပါ တယ်။

ပြည်မြို့အနီးက ဆင်စခန်း
>>>>>>>>>>>>>

တစ်ရက်တော့ပြည်မြို့မှာ ဆင်စခန်းအသစ်ရှိတယ်ဆိုလို့ သွားကြည့်ခဲ့ကြတယ်။ မင်္ဂလာဆောင် သွားရင်း သပ်သပ်တစ်ရက်စီစဉ်ပြီးသွားခဲ့တာမို့ အေးအေးလူလူပါပဲ။ ပြည်ကနေ နာရီဝက်လောက် တောင်မကြာဘူးရယ်။ သုံးဘီးငှားရင် ၈ ယောက်ဆံ့လောက်ကိုမှ ၃၀၀၀ ပဲပေးရတယ်။ ဆင်စခန်းမှာ နားနားနေနေ နေလို့ရတယ်ဆိုတာနဲ့ စျေးထဲမှာ စားစရာသောက်စရာ တွေဝယ် အထုတ်တွေတစ်ပွေ့ တစ်ပိုက်ကြီးနဲ့ ပျော်ပွဲစားထွက်သလိုပါပဲ။

ကျော်တို့ရောက်ခဲ့တာ နတ်မှော်ဆင်စခန်းဖြစ်ပါတယ်။ ကြီးကျယ်ခမ်းနားတဲ့နေရာမဟုတ်ပေမယ့် ချစ်စ ရာကောင်းတယ်။ ဆင်လေးသုံးကောင်ရှိပြီး နားဖို့နေရာတွေ ဓါတ်ပုံရိုက်ဖို့နေရာတွေနဲ့ ဆင်အေ ကြာင်း တွေကို သိဖို့ ပြခန်းလေးလည်းဖွင့်ထားပါတယ်။ ဝန်ထမ်းတွေက ဆက်ဆံရေးအရမ် းကောင်းကြပြီး အဲ ဒီဆင်စခန်းထဲမှာပဲနေကြပါတယ်။ ဆင်စခန်းဆိုလို့ တောကြီးမျက်မည်းထဲ မှာရှိတာမဟုတ်ပါဘူး။ ကားလမ်းဘေးလေးတင်ပါ။ နေ့စဉ် နံနက် ၉ နာရီကနေ ညနေ ၆ နာရီအထိဖွင့်
ပြီး ၁၂ နာရီကနေ ၃ နာရီမှာ ထမင်းစားချိန်နားတတ်ပါတယ်။ ကျော်တို့သွားတော့ ၁၂ နာရီဝန်းကျင်ရှိပေမယ့် သဘော ကောင်းစွာဖွင့်ပေးပါတယ်။ အပတ်စဉ် တနင်္လာနေ့တိုင်းတော့ ပိတ်တယ်ဗျ။ ဝင်ကြေး တစ်ယောက်ကို ၅၀၀ ပေးရတယ်။ ဆင်စီးမယ်ဆိုရင်တော့ တစ်ယောက်ကို ၂၀၀၀ ထပ်ပေးရပါတယ်။ နိုင်ငံခြားသားဆို ရင်တော့ ဆင်ပဲစီးစီး ဝင်ကြေးပဲဖြစ်ဖြစ် တစ်ယောက်ကို ၂၀၀၀၀ ကျပ်ပါ။

ဆင်စခန်းထဲကိုဝင်လိုက်တယ်ဆိုတာနဲ့ သဘောကောင်းတဲ့ဝန်ထမ်းတွေက အပြုံးချိုချိုနဲ့ကြိုဆိုနေကြ ပါတယ်။ နားခိုစရာနေရာလေးတွေမှာ ပစ္စည်းတွေချပေး၊ ဧည့်ဝတ်ပြုပေးတာ ချစ်စရာကောင်းလိုက်ကြ တာဗျာ။ နားစရာ ထိုင်ခုံလေးတွေနဲ့ ပေါင်းမိုးအုပ်တဲလေးတွေရှိပါတယ်။ အဲဒီကနေလှမ်းကြည့်ရင် သဲ သောင်ပြင်ထူထူကြီးနဲ့ မြစ်တန်းရှည်ကြီးကိုမြင်ရပါတယ်။ ဧရာဝတီမြစ်ထင်ပါရဲ့။ သင်္ဘောလေးတွေရပ် ထားတာကိုလည်းတွေ့ရပြီး မြစ်တစ်ဖက်ဆီမှာတော့ တောင်တန်းပြာပြာတွေကို လွမ်းမောဖွယ်တွေ့ရ ပါတယ်။ သစ်ပင်တွေမှာ ရုပ်သေးရုပ်လေးတွေချိတ်ဆွဲအလှဆင်ထားပြီး ဓါတ်ပုံရိုက်လို့ကောင်းအောင် လုပ်ပေးထားသေးတယ်ဗျ။

စားသောက်ဆိုင်တွေတော့မရှိတာမို့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ယူလာလို့တော်သေးတာပေါ့။ ဆင်စီးမယ် လို့ဆိုတော့ ဆင်ပျိုလေးဆီကိုခေါ်သွားပါတယ်။ အရင်တုန်းကဆို ဆင်စီးလေ့စီးထမရှိပေမယ့် ဆင်မစီး ရင် သစ်လုံးဆွဲဖို့တောကိုခေါ်သွားမှာမို့ တောထဲမှာ သစ်ဆွဲရတာထက်စာရင် ကိုယ်တွေစီးတာကပို သက်သာပါတယ်လေ ဆိုပြီးစီးဖြစ်ပါတယ်။ ဆင်စခန်းပတ်ပတ်လည်ကို တစ်ငြိမ့်ငြိမ့်နဲ့သွားပေးပါတယ်။ သိပ်အကြာကြီးတော့မဟုတ်ဘူး။ မိနစ် ၂၀ လောက်ပဲစီးလိုက်ရတယ်။ ဆင်စီးတာအပြင် ဆင်ကိုအစာ ကျွေးတာ၊ ဆင်လေးတွေရဲ့ Skill ပြတာ၊ ဆင်ရေချိုးတာ တွေကိုလည်းကြည့်လို့ရပါတယ်။ အကြိုက် ဆုံးကတော့ ဆင်သမိုင်းပြခန်းပါပဲ။

အဲဒီမှာ ဆင်တစ်ကောင်ရဲ့အရိုးအဆစ်ပုံစံ၊ ဆင်ဦးစီးတွေရဲ့ဓလေ့သဘာဝ၊ သစ်တောကြိုးဝိုင်းမှာ အလုပ်လုပ်တဲ့ပုံစံ၊ ဆင်တွေရဲ့ကြင်အန်လက္ခဏာ၊ ဆင်ဖြူတွေမှာရှိသင့်တဲ့ အင်္ဂါရပ် အစရှိသည်ဖြင့် ဆင်နဲ့ပတ်သက်တာတွေကို အကုန်ရှင်းပြပေးပါတယ်။ ဆင်စခန်းမှာသုံးတဲ့ပစ္စည်းတွေကိုလည်းကိုင် ကြည့်လို့ရတယ်ဗျ။ တကယ်လို့ ပြည်ကိုရောက်လို့အချိန်ပိုလေးရှိခဲ့မယ်ဆိုရင်တော့ သွားလည်ပြီးချစ်စ ရာဆင်လေးတွေကို အစာကျွေးခဲ့ပါဗျို့။

သရေခေတ္တရာ
>>>>>>>>

ပျူမြို့ဟောင်းသရေခေတ္တရာက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်မို့ ပြည်ကိုရောက်တဲ့သူတိုင်းမဖြစ်မနေ သွားလေ့ရှိပါတယ်။ပြတိုက်ထဲမှာ ပျုခေတ်လက်ရာအရိုးအိုး၊ ပုတီး အစရှိတဲ့ ယဉ်ကျေးမှုပစ္စည်းတော် တော်များများကိုလေ့လာနိုင်ပါတယ်။ မှော်ဇာရွာတစ်ဝိုက်မှာရှိတဲ့ အခြားတူး ဖော်ဆဲ တူးဖော်ပြီး အုတ်တံတိုင်းတွေကိုလည်းလေ့လာနိုင်ပါတယ်။ ဘောဘောကြီးဘုရားကိုလည်း အေးချမ်းဆိတ်ငြိမ်တဲ့ နေရာပတ်ဝန်းကျင်နဲ့အတူလေ့လာခဲ့ပါသေးတယ်ဗျို့။

ထီးတော်နှစ်ထပ် ရွှေဆံတော်ဘုရား
>>>>>>>>>>>>>>>>>>>

ရွှေဆံတော်ဘုရားကိုရောက်ရင် ထီးတော်ကိုသေချာကြည့်ပါ။ ထီးနှစ်ထပ်ရှိပါတယ်။ မွန်မြန်မာ နှစ် ၄၀ စစ်ပွဲတုန်းက မွန်ဘုရင်တွေနဲ့မြန်မာဘုရင်တွေအပြိုင်အဆိုင်ထီးတင်ထားကြတာပါတဲ့။ ပြည်မြို့ဟာ စစ်မြေပြင်တစ်ထောက်အချက်အချာဖြစ်တော့ စစ်အောင်နိုင်ရေးအတွက် ရွှေဆံတော်ဘုရားမှာ ထီးတင်လေ့ရှိိပါတယ်။ တစ်ဖက်ကထီးတင်တော့ ကျန်တဲ့တစ်ဖက်ကလည်းတင်ချင်၊ ဒါပေမဲ့ ဘုရားထီး ဆိုတော့ ဖြုတ်မချကောင်းတာမို့ နှစ်ထပ်တင်ထားတဲ့ ထီးဖြစ်ပါတယ်။

ဘုရားမာ
>>>>>

သရေခေတ္တရာမြို့ဟောင်းကိုရောက်ခဲ့ရင် ဘုရားမာကိုလည်းဖူးမျှော်နိုင်ပါတယ်။ သမားရိုးကျဘုရား ပုံစံမဟုတ်ဘဲ ကျောက်တောင်ကြီးထိုးထွက်နေတဲ့ပုံဖြစ်ပါတယ်။ အနီးအနားပတ်ဝန်းကျင်မှာစျေးဆိုင် တန်းတွေမရှိ၊ လူတွေမရှိဘဲ လယ်ကွင်းပြင်တွေအစိမ်းရောင်တောအုပ်တွေဝိုင်းရံထားတာမို့ ဘုရားရိပ် တရားရိပ်အစစ်အမှန်ပါပဲ။

ပြည်ချောင်းသာ
>>>>>>>>>

နဝဒေးတံတားအောက်မှာ သောင်ထွန်းတဲ့အချိန်ဆိုရင်တော့ အဲဒီနေရာကိုပြည်ချောင်းသာလို့ခေါ်ပြီး အပေါင်းအသင်းရောင်းရင်းတွေသွားလည်တတ်ကြပါတယ်။ သောင်ပြင်မှာဓါတ်ပုံရိုက်၊ သဲတွေနဲ့ဆော့ ပျော်ပါးလို့အရမ်းကောင်းပါတယ်။ ရှုခင်းလည်းတော်တော်လှပါတယ်။

မေတ္တာရိပ်မှာအေးချမ်းပါစေ။
×××××