ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၂)

(၂)

စကားပြောသံအမျိုးမျိုးကို ကျွန်တော်ကြားနေရပေမယ့်သိပ်မသဲကွဲလှပါ။ တစ်ကိုယ်လုံးလေပေါ်မှာပဲဝဲ ပျံနေသလိုလို၊ အိပ်မှုန်စုံဖွားနဲ့ကယောင်ကတမ်းလျှောက်သွားနေမိသလိုလိုနဲ့ အရာရာတိုင်းဟာဝိုးတဝါး ဖြစ်လို့နေလေသည်။

“ဟေ့လူ၊ ဟေ့လူ ခင်ဗျားကြားရဲ့လားဟင်၊ အသက်ရှိသေးလားဟင်” Continue reading “ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၂)”

ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁)

(၁)

အလုပ်ခန့်အပ်ခြင်းခံရတဲ့လူစာရင်းကို တိုးဝှေ့ကြည့်အပြီးမှာတော့ ကျွန်တော့်စိတ်တွေက ဟိုးအောက် ဆုံးကို ရောက်ရှိသွားလေသည်။ သွားပြန်ပြီ။ ဒီတစ်ခါလည်းအလုပ်မရပြန်ဘူး။ အရမ်းကြီးကိုမျှော်လင့် ထားခဲ့တာ။ နောက်ဆုံးလက်နက်အဖြစ်ဒီအလုပ်ကိုအားကိုးထားတာ။ အခုတော့ဝေးပြီပေါ့။ Continue reading “ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁)”

တန်းမစီတဲ့ မိတ်ဆွေအသစ်

လူအုပ်က တိုးဝှေ့နေကြသည်။ သေချာရေတွက်ကြည့်လိုက်သည့်အခါ ကျွန်တော်အပါအဝင် ခြောက် ယောက်မျှသာ။ သို့သော်လည်း စာအုပ်ဆိုင်၏ ငွေရှင်းကောင်တာက ကျဉ်းမြောင်းလှသည်မို့ လူအုပ်ကြီး ပြုံတိုးနေသည့်ပမာမြင်ရလေသည်။

“တွေ့ပြန်ပြီ တစ်နေရာ” Continue reading “တန်းမစီတဲ့ မိတ်ဆွေအသစ်”

ကျွန်တော်နှင့် ဒရမ်မာ (၁) / ကားဆရာ နှင့် ယာဉ်ပိုင်ကြီး

ရခိုင်ပြည်နယ်ကိုကယ်တင်ရမယ့်အထဲမှာ ခရီးသွားကားဂိတ်တွေလည်းပါတယ်။ အခြားဒေသကို သွားတဲ့ဟိုင်းဝေးကားနဲ့ ရခိုင်ပြည်နယ်ဖက်ကိုသွားတဲ့ ဟိုင်းဝေးကား ကွာပါတယ်။ ဘာကွာလဲဆိုတော့ စေတနာကွာပါတယ်။

မနှစ်ကပေါ့။ ဒီလိုအချိန်မှာ ကျွန်တော်နဲ့မိတ်ဆွေအချို့ ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းကို ခရီးထွက်ခဲ့ကြ ပါတယ်။ ပိတ်ရက်ရှည်ခံနေတာကြောင့် ပြန်တဲ့သူများလို့ဟိုင်းဝေးကားတွေ လူပိုတင်တော့မယ်ဆိုတာ တော့သိလိုက်တယ်။ ဒါပေမဲ့ အဲလောက်ဆိုးရွားမယ်လို့မထင်ထားခဲ့ဘူး။ Continue reading “ကျွန်တော်နှင့် ဒရမ်မာ (၁) / ကားဆရာ နှင့် ယာဉ်ပိုင်ကြီး”

သံစဉ်လေးတွေလွဲ….တိမ်ပြိုခဲ့ရတယ်

“သံသယဆိုတာရှိတတ်ကြပါတယ်။ ကိုယ်ထင်တဲ့ သံသယကိုမှန်၊ မမှန် အသေအချာဆန်းစစ်ဖို့ တော့ လိုအပ်တာပေါ့၊ ဒါမှ လွဲချော်မှုဆိုတာဖြစ်မလာနိုင်ဘူးလေ”

>>>>>

(၁)

အလုပ်သင်ဆရာဝန်အဖြစ် အင်းစိန်ဆေးရုံတွင် House Surgeon ဆင်းပြီးဆယ်ရက်တိတိပြည့်သောနေ့။ မနက်စာလား၊ နေ့လည်စာလားပြောမပြတတ်သော meal တစ်ခုအပြီးအချိန်ပိုဆယ့်ငါးမိနစ်အတွင်း၌ သူရောက်လာခဲ့ပါသည်။

“မနေ့ကဘယ်သွားတာလဲ” Continue reading “သံစဉ်လေးတွေလွဲ….တိမ်ပြိုခဲ့ရတယ်”