၆၁ ဘတ်စ် (ဝတ္ထုတို)

“ဖုန်းနှိုက်သွားပြီ”

ကျွန်တော့်နောက်မှ အမျိုးသမီးငယ်၏ အာမေဋိတ်ကြောင့် ဘတ်စ်ကားတစ်စီးလုံး၏ အာရုံကသူ့ထံကို ရောက်သွားခဲ့လေသည်။ အသက် ၂၀ စွန်းစွန်းသာရှိမည့်မိန်းကလေး။ အလုပ်သွား သည့်ပုံစံပေါက်သည်။ ကျောပိုးအိတ်ကိုဘေးတစ်ဖက်ချပြီးလွယ်ကာ ထမင်းဘူးကိိုလက်တစ်ဖက်မှ ကိုင်ထားသည်။ ဆံပင်ကို သေသေသပ်သပ်ဖြီးလာပုံရသော်လည်း ကားပေါ်မှာလူကြပ်သည်ကြောင့် နားသပ်စများ ဖွာလန်ကြဲ ထွက်နေကာ တစ်ကိုိယ်လုံးချွေးသီးချွေးပေါက်များကျလျှက်ရှိနေသည်။ သူတင် ပဲလားဆို တော့မဟုတ် ပါ။ တစ်ကားလုံး ရေနွေးငွေ့ပေါင်းခံစက်ထဲကိုရောက်နေသကဲ့သို့အပူရှိန်အဟုန် က ဟုန်းခနဲ ဟုန်းခနဲ။ Continue reading “၆၁ ဘတ်စ် (ဝတ္ထုတို)”

မိနီ ဖရဲသီးဗန်းမှောက်တော့မည်

(၁)

“ဟော ဟော ဟိုမှာ ဟိုကောင်မလေးသနားပါတယ်၊ စျေးဗန်းတစ်ခုလုံးမှောက်ကျသွားလို့ငိုနေတယ်”

မိနီတို့အတွက်တော့ ထိုစကားသံမှာမဆန်းတော့ပါ။ ဖရဲသီးဗန်းမှောက်ချထားရာနေရာကို သူတို့လာကြည့် လိမ့်မည်။ မိနီကိုသနားလိမ့်မည်။ အနည်းဆုံး တစ်ထောင်တန် နှစ်ရွက် အများဆုံးတစ်သောင်းတန်တစ် ရွက်ပေးခဲ့ကြလိမ့်မည်။ ထိုရည်ရွယ်ချက်သည်ပင်လျှင် မိနီလုပ်သည့်အလုပ်မဟုတ်ပါလား။ Continue reading “မိနီ ဖရဲသီးဗန်းမှောက်တော့မည်”

မြို့ပြ RS

“ချစ်ခဲ့တဲ့ နှစ်နှစ်ကျော်ကိုသေချာပြန်စဉ်းစား၊ သုံးသပ်လိုက်လေနော့၊ အဆင်မပြေရင်လည်းအဆုံး သတ်ကြ တာပေါ့”

ချစ်သူရည်းစား ရန်ဖြစ်စကားများတိုင်းထိုစကားလုံးများအတိုင်းမဟုတ်သည့်တိုင် လမ်းခွဲခြင်းဆီကိုဦးတည်သည့် အဓိပ္ပါယ်မျိုးကို ကျွန်တော်တို့ ချစ်သူနှစ်ဦးပြောကြမြဲ။ ကျွန်တော်ကပိုပြီးပြောမြဲပင်။ သူက တော့ ဆယ်ခါတစ်ခါ လောက်မှပြောတတ်ပါသည်။ သူထိုသို့ပြောလာသည့်အခါ အင်မတန်ခံစားရပါသည်။ ဒေါသပဲထွက်သလား၊ ဝမ်းပဲနည်းသလား မဝေခွဲတတ်။ သေချာသည်ကတော့ လုပ်လက်စအ လုပ်ကို ဆက်မလုပ်ချင်၊ လျှောက်လက်စ လမ်းလည်း ဆက်မလျှေက်ချင်၊ ဘာမျှကို မလုပ်ချင်မကိုင်ချင် တွေဝေနေမိသည့်ခံစားမှုက ချစ်သူနှင့် အဆင် မပြေခြင်းနောက် ကပ်၍ပါလာလေသည်။

ကျွန်တော်တို့မတွေ့ဖြစ်သည်မှာ နှစ်ပတ် Continue reading “မြို့ပြ RS”

ရန်ကုန်နဲ့ သိပ်မဝေးတဲ့ နေရာက ……အိုအေစစ်လေး

ရန်ကုန်ကနေ လေးနာရီလောက်ကားစီးသွားလိုက်ရင် တောင်တွေပတ်ပတ်လည်ဝန်းရံနေတဲ့စိမ်းလဲ့လဲ့ မြစ်တစ်စင်းကိုရောက်မယ်။ ကြည်လင်အေးမြနေတဲ့ရေပြင်ကိုကိုင်တွယ်ထိတွေ့ခွင့်ရမယ်၊ မြစ်ပြင်ကျယ် မှာ ဇိမ်ကျကျလှေစီးခွင့်ရမယ်၊ ပြီးတော့ တောင်တက်ခရီးကိုနင်ရမယ်၊ မျက်စိတစ်ဆုံးရှုမငြီးနိုင်တဲ့အိုအေ စစ်ရှုခင်းတွေကိုမြင်ရမယ်၊၊ ဒါတင်ပဲလားဆိုတော့လည်း မဟုတ်သေးပါဘူး။ ရေတံခွန်စိမ့်စိမ့်လေးမှာ ရေ ကစားလို့ရမယ်၊ ကမ်းခြေတို့ တံငှာရွာတို့ကိုရောက်နေသလိုပဲ ငါးကင်၊ ပုစွန်ကင်တွေကို ဇိမ်ကျကျထိုင် စားနိုင်ဉီးမယ်၊ တန်ခိုးကြီးဘုရားဖူး ဒေသထွက်အစားအစာတွေလည်း မြည်းစမ်းဝယ်ယူနိုင်ပါဉီးမယ်။ Continue reading “ရန်ကုန်နဲ့ သိပ်မဝေးတဲ့ နေရာက ……အိုအေစစ်လေး”

တစ်ချို့သော အကြောင်းအရာတွေက ရုပ်ရှင်နဲ့ အပြင်လောက လုံးဝပြောင်းပြန်ကွာခြားပါတယ်

ကုလားကားတွေကြည့်ရင် လာဘ်စားတဲ့အခန်းတွေတော်တော်များများပါတယ်။ အပြင်လောကမှာကော ဘယ်လိုရှိသလဲ သေချာမသိပေမယ့်အတွေ့အကြုံတစ်ခုကိုအခုထိအမှတ်ရနေတုန်းပဲ။

တစ်ခါတုန်းကပေါ့။ အိန္ဒိယသံရုံးအဆက်အသွယ်နဲ့ ကျွန်တော်တို့တွေ IIMC (India Institute of Mass Communication) မှာ ဂျာနယ်လစ်ဇင် သင်တန်းသွားတက်ရတယ်။ မြန်မာက ၈ ယောက်၊ လာအို ၄ ယောက်၊ ဗီယက်နမ် က ၆ ယောက်၊ ကမ္ဘောဒီယားက ၄ ယောက် ပါတယ်။ တနင်္လာ ကနေ သောကြာ အထိကိုစာသင်ပြီးတော့ ပိတ်ရက်ဆိုရင်တော့ တက်ချ်မဟာရှိတဲ့ အာဂရာမြို့တို့ ဒေလီမြို့ဟောင်းတို့ အစရှိတဲ့ အထင်ကရမြို့တွေ အားလုံးကိုလိုက်ပို့ပေးပါတယ်။ ဗုဒ္ဓဂါယာကိုတောင်လေယာဉ် ခရီးစီစဉ်ပေးပြီး ပန်းစည်းပေး လာကြိုတဲ့အဖွဲ့ တွေဘာတွေနဲ့ အံမယ် ကောင်းစားခဲ့တာများလေ။ Continue reading “တစ်ချို့သော အကြောင်းအရာတွေက ရုပ်ရှင်နဲ့ အပြင်လောက လုံးဝပြောင်းပြန်ကွာခြားပါတယ်”