ခွန်ဆန်လောနဲ့ နန်းဦးပြင် တို့မြေက ကျိုင်းတောင်း ရေတံခွန်သို့

အားပြင်းပြင်းနဲ့စီးကျနေတဲ့ ရေတံခွန်အရှိန်က အမြှောင်းလိုက်အမြှာင်းလိုက်ကြီး။ လှတာတော့ တော်တော်လှပြီးကြည့်လို့ကောင်းပါတယ်။ လာရတာလဲမပြောနဲ့လေ အဝေးကြီးမှအဝေးကြီးရယ်။ ရှမ်း ပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ကျိုင်းတောင်းမြို့ကနေ ၁၈ မိုင်အကွာမှာ ကျိုင်းတောင်းရေတံခွန် ရှိပါတယ်။ Continue reading “ခွန်ဆန်လောနဲ့ နန်းဦးပြင် တို့မြေက ကျိုင်းတောင်း ရေတံခွန်သို့”

ရင်းငြိမ် သို့မဟုတ် တစ်သက်လုံးအမှတ်ရနေမယ့်ရွာ

အခုနေ အဲဒီရွာကလူတွေနေကောင်းကျန်းမာရဲ့လား။ အလုပ်အကိုင်အဆင်ပြေရဲ့လားလို့ မကြာခဏ သတိတရတွေးမိပါရဲ့။ လူတွေအများကြီးကိုအုပ်စုလိုက်ခွဲပြီးတည်းခိုခွင့်ပေးခဲ့တဲ့ရွာလေး။ ဘီယာကြိုက် တဲ့ ကျွန်တော်တို့အဖွဲ့ကို နေ့စဉ်မပျက်ဧည့်ဝတ်လာကျေတဲ့ဒေသခံ၊ အားနာမှန်းသိလို့ တိတ်တိတ်လေး လာ မသိမသာခေါ်ကျွေးမွေးတဲ့ချစ်စရာရွာသူရွာသားတွေ နေကောင်းပါစေ။ Continue reading “ရင်းငြိမ် သို့မဟုတ် တစ်သက်လုံးအမှတ်ရနေမယ့်ရွာ”

Passport ရုံးထဲက မှန်ခန်းလေးကို ရောက်ဖူးပါသလား

“ဗုဒ္ဓဂါယာကိုဖူးချင်လွန်းလို့သာ မဟုတ်ရင် လှည့်ပြန်ပစ်လိုက်ပါပြီ စိတ်တွေညစ်လွန်းလို့”

အသက် ၅၀ ကျော်ခန့်ရှိမည့် အန်တီကြီး၏ ညည်းချက်အား ကျွန်တော်သက်ပြင်းချကာကြည့် နေမိလေ သည်။ “ခရီးသွားအေဂျင်စီက ကောင်လေးကိုပြောလိုက် ငါဒီအခန်းထဲကိုရောက်နေတယ်လို့” ဆိုပြီးဖုန်း ပြောနေသည့် အမျိုးသမီးကြီးကတစ်မျိုး၊ မှန်ခဲ့ထဲသို့ရောက်နေကြောင်း ဘာလုပ်ရမှန်းမသိကြောင်း အမျိုးသားကိုဖုန်းဆက်အကြောင်းကြားနေသည့် အစ်မကြီးကတစ်မျိုးဖြင့် သူတို့၏ပြသနာအရပ်ရပ်ကို ကြည့်ကာ ကိုယ့်ပြသနာကိုတောင်မေ့ထားရသည့်အဖြစ်။ Continue reading “Passport ရုံးထဲက မှန်ခန်းလေးကို ရောက်ဖူးပါသလား”

Zombie မြို့ Wuhan ရဲ့စျေးမှာရောင်းတဲ့ အကောင်တွေအကြောင်း

လက်ရှိမှာ ဇွန်ဘီမြို့ ဖြစ်နေပြီး တစ်မြို့လုံးအဝင်အထွက်ပိတ်ထားတဲ့ ဝူဟန်မြို့ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူးပေပြည်နယ်ရဲ့ မြို့တော်ဖြစ်ပါတယ်။

လူဦးရေ ၁၁ သန်းကျော်နေထိုင် ပြီး လွန်ခဲ့သောနှစ်ပေါင်း ၃၅၀၀ ကတည်းက မြို့သမိုင်းကြောင်းစတင်ခဲ့တာမို့အစဉ်အလာကြီးမားခဲ့တဲ့ မြို့တော်လို့ဆိုရမှာပါ။ Continue reading “Zombie မြို့ Wuhan ရဲ့စျေးမှာရောင်းတဲ့ အကောင်တွေအကြောင်း”

“မှတ်ပုံတင်ပျောက်ရင် ဒီနည်းအတိုင်းသာလုပ်ကြည့် တစ်ရက်တည်းနဲ့ရတယ်ဗျ”

ပိုက်ဆံလည်းပေးစရာမလိုဘူး။ တော်တော်များများကအလုပ်ရှုပ်တော့မယ် အစိုးရရုံးဆိုမသွားချင်ဘာ ညာနဲ့စိတ်ရှုပ်မိကြတယ်။
အရမ်းမလွယ်ပေမယ့် အရမ်းမခက်ခဲပါဘူး။ တစ်နေ့တည်းနဲ့ရနိုင်ပါတယ်။ တကယ်ပါ မှတ်ပုံတင်လုပ် တာတစ်နေ့တည်းနဲ့ရခဲ့ပါတယ်။ အရင်ကလိုရက်အကြာကြီး လချီစောင့်ရတာမျိုးတွေ မရှိတော့တာ တော်တော်ကံကောင်းသွားပါတယ်။ Continue reading ““မှတ်ပုံတင်ပျောက်ရင် ဒီနည်းအတိုင်းသာလုပ်ကြည့် တစ်ရက်တည်းနဲ့ရတယ်ဗျ””